×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 09 January 2019

အမြဲတမ်း ပျော်နေရင် ဘာဖြစ်တတ်သလဲ

ဘော်ဘော်တို့သူငယ်ချင်းတွေထဲမှာ ခဏခဏဆိုသလို ရယ်နေတတ်တဲ့သူတွေ ရှိလား။

ပျော်ပျော်နေတတ်တာကောင်းတယ် ဆိုပေမယ့် အမြဲတမ်းလိုလို ဆိုရင်တော့ အထင်လွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘာတွေက ပြဿနာလဲဆိုတာတော့ အောက်မှာ ဖော်ပြထားပါတယ်နော်။

(၁) တစ်ဖက်လူ စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။

ကိုယ်က ဘာရယ်မဟုတ် ပျော်ပျော်နေတတ်တာကြောင့် ရယ်စရာလေးတွေ စွက်ပြီးပြော တတ်ပေမဲ့ တစ်ဖက်လူက လေးလေးနက်နက်စကားပြောနေချိန်မှာ အပျော် သဘော သွားမလုပ်သင့်ပါဘူး။ သူက သင့်ကို ပေါ့ပျက်ပျက်နိုင်တယ်လို့ အထင်လွဲသွားတတ်ပါတယ်။

(၂) သင်ဟာဦးစားပေး မဖြစ်နိုင်တော့ပါဘူး။

တကယ်လို့များ ကိစ္စတစ်ခုခုကြောင့် သင်ဟာအများနည်းတူ ဝမ်းနည်းနေတယ်ဆိုရင်တောင် တစ်ဖက်လူက သင့်ကိုဂရုပြုမိမှာ မဟုတ်ပါဘူး။ သင်ဟာပျော်ပျော်နေ တတ်တာကြောင့် ဝမ်းနည်းနေရင်တောင် ကိုယ့်ကိုယ်ကို ထိန်းနိုင်တယ် ဆိုပြီးတော့ နှစ်သိမ့်ပေးကြမှာ မဟုတ်ပါဘူး။

(၃) အရေးပေးမခံရပါဘူး။

ပျော်ပျော်နေတတ်တဲ့သူကို လူတိုင်းနှစ်သက်တယ်ဆိုပေမယ့် အလုပ်တစ်ခုလုပ်တဲ့အခါ လူတွေက သင့်ကိုရိုသေလေးစားမှာ မဟုတ်ပါဘူး။ သင်နဲ့ဆက်ဆံတဲ့အခါ သာမန်ကာလျှံကာဆက်ဆံလို့ရတယ်ဆိုပြီး ပေါ့ပေါ့ တန်တန် သဘောထား တတ်ပါတယ်။

(၄) သင်ဟာအနုပညာကောင်းတွေ ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။

အနုပညာဖန်တီးတဲ့အခါ အလွမ်းဓာတ်ခံ ရှိတဲ့သူတွေဟာ  ပိုအောင်မြင်ကြပါတယ်။ ဥပမာ အသည်းကွဲလို့ သီချင်းပဲရေးရေး၊ ကဗျာပဲစပ်စပ် ရသပိုမြောက်ပါတယ်။ ပျော်နေတတ်တဲ့သူတွေကတော့ တစ်ချိန်လုံး ပျော်စရာတွေပဲ တွေးနေရမှာမို့ ဒါတွေကို သတိတောင် ပြုမိမှာ မဟုတ်ပါဘူး။

ကဲ ဘော်ဘော်တို့ရေ ကိုယ်က ပျော်ပျော်နေတတ်တယ် ဆိုပေမဲ့လည်း မိန်းကလေးပီပီ ဟန်ကိုယ့်ဖို့လေးတော့ ထားဦးမှ  လူရိုသေရှင်ရိုသေ ဖြစ်မှာမလား။ အမြဲတမ်းပျော်နေချင်တဲ့ မိန်းကလေးတွေကလည်း ဘာ့ကြောင့်ပျော်ချင်တာ လဲဆိုတာ ကွန်မန့်မှာ ရေးလို့ရတယ်နော်။

source: For Her Myanmar

Read times Last modified on Wednesday, 29 January 2020 10:56
Rate this articles
(2 votes)