×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 02 October 2018

စင်ကာပူ၊ အမေရိကန် နှင့် အင်္ဂလန်နိုင်ငံတို့၏ ပညာရေးလမ်းကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

စင်ကာပူ၊ အမေရိကန် နှင့် အင်္ဂလန်နိုင်ငံတို့၏ ပညာရေးလမ်းကြောင်း ဆွေးနွေးပွဲပြုလုပ်မည် Internet

စင်ကာပူ၊ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတို့ရဲ့ ပညာရေးလမ်းကြောင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီထိ ဆူးလေရှန်ဂရီလာဟိုတယ် (တောင်ငူခန်းမ) မှာလည်းကောင်း၊ အောက်တိုဘာလ ၆ ရက် မနက် ၁၀ နာရီမှ ၁၂ နာရီထိ မန္တလေးမြို့ Swan Hotel (Yadanar Room) မှာလည်းကောင်း ကျင်းပမယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံမှ (၁၀) တန်းအောင်မြင်ပြီးသူတွေ၊ GCE ‘O’ Level ပြီးဆုံးထားသူတွေအနေနဲ့ စင်ကာပူနိုင်ငံ MDIS ကျောင်းမှာ မိမိတို့တက်ရောက်လိုတဲ့ ဘာသာရပ်တွေကို International Foundation တန်းမှ စပြီး Bachelor တန်းထိ တက်ရောက် သင်ယူနိုင်တဲ့အကြောင်း၊ မြန်မာနိုင်ငံမှ HND Level ( 5 ) ပြီးဆုံးအောင်မြင်ထား သူတွေအတွက် အင်္ဂလန်နိုင်ငံမှ ပေးအပ်မယ့် ဘွဲ့ဒီဂရီတန်းကို နောက်ဆုံးနှစ်(Top up) ကို ၈ လသာ တက်ရောက်ရယူနိုင်မယ့် အကြောင်းတွေ၊ လက်ရှိလုပ်ငန်းခွင်တွေကို လက်တွေ့ သွားရောက်လေ့လာနိုင်သော အကြောင်းတွေ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။


ဒါ့အပြင် ဟိုတယ်နှင့် ခရီးသွားဘာသာရပ်နဲ့ ပတ်သက်ပြီး ဝင်ငွေလုပ်ခလစာရ Paid Internship (6) လ ပါဝင်တဲ့ အတွေ့အကြုံတွေ၊ အလုပ်လုပ်ခွင့်ရ အလုပ်သင်ကာလတွေ အကြောင်းတွေလည်း ပါဝင်မှာဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ MDIS ကျောင်းမှ တာဝန်ရှိသူ ဖြစ်တဲ့ မမေသိန်းဝင်း (Country Manager) က ဆွေးနွေးပေးမှာဖြစ်ကြောင်း သိရပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း- ၀၉-၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ မန္တလေးရုံး ဖုန်း – ၀၉၄၀၂၅၁၇၅၄၉၊ ၀၉၇၆၇၈၄၇၆၇၃ သို့ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ဂျပန်နိုင်ငံ Young Leaders’ Program (YLP) ပညာသင်ဆု လျှောက်ထားနိုင်

 

Recommended for you - မူကြိုကလေးများ၏ အပြုအမူများနှင့်ပတ်သက်ပြီး သိထားသင့်သော အရာများ

 

Credit; Internet Journal

Read times Last modified on Wednesday, 29 January 2020 10:45
Rate this articles
(1 Vote)