×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 20 April 2018

ကမ္ဘာမှာ အထူးဆန်းဆုံး ပုစ္ဆာတစ်ပုဒ်ဖြစ်စေခဲ့သော လူဆယ်ဦး

ကမ္ဘာမှာ အထူးဆန်းဆုံး ပုစ္ဆာတစ်ပုဒ်ဖြစ်စေခဲ့သော လူဆယ်ဦး google.com

၁. D.B. Cooper

d.p.cooper

နိုဝင်ဘာလ ၂၄ ရက်နေ့ ၁၉၇၁ ခုနှစ်မှာ သူ့ကိုယ်သူ Dan Cooper လို့ခေါ်ဝေါ်တဲ့ လူတစ်ယောက်ဟာ ဘိုးရင်း ၇၂၇ လေယာဉ်ကို အပိုင်စီးပြီး သူ့မှာ ဗုံးကို သယ်ဆောင်လာတယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ ပါတယ်။ သူ့အတွက် ဒေါ်လာ နှစ်သိန်းနဲ့ လေထီးလေးခုပေးဖို့ တောင်းဆိုပြီး တောင်းဆိုမှုရတဲ့ ညသန်းခေါင်မှာ လေယာဉ်ပေါ်ကနေ လေထီးနဲ့ ခုန်ချပျောက်ကွယ်သွားပါတယ်။ သူ့ကို ဘယ်တော့မှ ထပ် မတွေ့ရတော့ပါဘူး။ ဒါ့အပြင် သူဟာ ဘယ်မှာမွေးတယ်၊ ဘယ်သူ စသဖြင့်ကိုလည်း စုံစမ်းလို့မရပဲ လျှို့ဝှက် ဆန်းကြယ်တဲ့ လူတစ်ယောက်အဖြစ်နဲ့ ရှိနေပါတော့တယ်။

၂. Babushka Lady

babushka

၁၉၆၃ ခုနှစ်တုန်းက သမ္မတကနေဒီ လုပ်ကြံခံရတဲ့ နေရာနဲ့ အနီးတဝိုက်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ကို တွေ့ရှိခဲ့ရပါတယ်။ ဓာတ်ပုံထဲမှာတော့ သူမဟာ ခေါင်းစည်းပဝါနဲ့ ဖြစ်ပြီး၊ လုပ်ကြံမှုကို သူမရဲ့ ကင်မရာနဲ့ မှတ်တမ်းတင်နေတာကို တွေ့ရပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်မှာတော့ သူမဟာ လူအုပ်ကြားထဲ ပျောက်ကွယ်သွားပြီး၊ ဘယ်တော့မှ မတွေ့ရတော့ပါဘူး။ ဒီအမျိုးသမီးကို FBI က ရှာဖွေခဲ့ ပေမယ့် သူမကို လုံးဝရှာမတွေ့တော့ပါဘူး။ သူမပါဝင်တဲ့ ဓာတ်ပုံ ဒါမှမဟုတ် မှတ်တမ်းရုပ်ရှင်တွေတိုင်းမှာ သူမရဲ့ မျက်နှာကို မမြင်ရပဲ သူမရဲ့ မျက်နှာကို သူမကင်မရာက အမြဲလိုလို ဖုံးအုပ်ထားပါတယ်။ ဒါကြောင့် သူမဟာ ဘယ်သူလဲဆိုတဲ့ မေးခွန်းဟာ ယနေ့ထိ ရှိနေပါတယ်။

၃. The Man from Taured

the man

၁၉၅၄ ခုနှစ်တုန်းက တိုကျိုနိုင်ငံတကာလေဆိပ်မှာ ဒီအမျိုးသားရောက်ရှိလာပြီး လုံခြုံရေးတွေက သူလာခဲ့ တဲ့ နိုင်ငံကို မြေပုံမှာ ဖော်ပြစေခဲ့ပါတယ်။ အမျိုးသားဟာ Andorra နိုင်ငံကို ဖော်ပြခဲ့ပေမယ့် နိုင်ငံရဲ့ နာမည် ကိုတော့ Taurus လို့ဆိုခဲ့ပါတယ်။ တကယ်တော့ Taurus ဆိုတာဟာ Andorra နိုင်ငံကို လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ခေါ်ဝေါ်တဲ့အမည်ဖြစ်ပြီး လုံခြုံရေးတွေက ဒီနာမည်ကို မသိကြပါဘူး။ အဲ့ဒီလိုပဲ အမျိုးသားဟာ Taurus ကို Andorra ရယ်လို့ သိမနေပြန်ပါဘူး။ သူ့ရဲ့ပတ်စပို့၊ ကားလိုင်စင်နဲ့ ချက်စာအုပ် တွေနဲ့ သူ့နောက်ကြောင်းကို စုံစမ်းပေမယ့်လည်း ဘာမှမသိရပါဘူး။ အရာရှိတွေဟာ သူ့ကို အနီးဆုံး ဟိုတယ်ကို ပို့ပေးခဲ့ပြီး စောင့်ကြည့်ဖို့ စုံထောက်နှစ်ယောက် ထားထားခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက် တစ်နေ့မနက်မှာ သူထွက်သွားတာကို ဘယ်သူမှ မတွေ့လိုက်ရပဲ၊ ပျောက်ဆုံးသွားခဲ့ပါတယ်။

၎. Jack the Ripper

jack the ripper

၁၈၈၈ ခုနှစ်က ပြည်တန်ဆာ ငါးဦးဟာ စိတ္တဇလူသတ်သမားတစ်ဦးရဲ့ သတ်ဖြတ်မှုနဲ့ သေဆုံးခဲ့ပါတယ်။ လူသတ်သမားဟာ သူတို့ရဲ့လည်ချောင်းနဲ့ ဝမ်းဗိုက်ကို ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ယူဆောင်သွားခဲ့ပါတယ်။ ဒါကြောင့်မို့ လူသတ်သမားဟာ ခန္တာဗေဒပညာရှင် သို့မဟုတ် ခွဲစိတ်ပညာကို နားလည်သူတစ်ဦးလို့ သတ်မှတ်မှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်က ရှာဖွေဖော်ထုတ်သူတွေ၊ ရဲ့နဲ့ မီဒီယာ တွေဟာ Jack the ripper ဆိုတဲ့ ကိုယ့်ကိုယ်ကို လူသတ်သမားပါလို့ဆိုသူဆီကနေ စာပေါင်းများစွာ လက်ခံ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူဟာ ဘယ်သူလဲ၊ ဘာကြောင့်မို့ ပြည့်တန်ဆာတွေကို သတ်ဖြတ်ခဲ့တာ လဲဆိုတာကိုတော့ ဒီအချိန်ထိ ဘယ်သူမှ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

Recommended for you - သင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးဆိုတာ သေချာစေတဲ့အချက် (၉) ချက်

၅. Green Children of Woolpit

green

၁၂ ရာစုနှစ်တွေတုန်းက sunffolk က Woolpit ကျေးရွာမှာ အစိမ်းရောင် အသားအရေနဲ့ ကလေးငယ် မောင်နှမနှစ်ယောက် ရုတ်တရက်ပေါ်လာခဲ့ဖူးပါတယ်။ သူတို့ဟာ ဘယ်သူမှနားမလည်တဲ့ ထူးဆန်းတဲ့ ဘာသာစကားကို ပြောဆိုကြပြီး ပဲသီးတစ်မျိုးကိုပဲ စားပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ဟာ အင်္ဂလိပ် ဘာသာစကားကို သင်ကြားခဲ့ပြီး၊ အခြားသော အစားအစာတွေကိုလည်း စားသုံးလာကြပါတယ်။ အဲ့ဒီအချိန် မှာ သူတို့ခန္တာကိုယ်က အစိမ်းရောင်ဟာလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားပါတယ်။ ကောင်လေးဟာ ဖျားပြီး သေဆုံးသွားခဲ့ပေမယ့် ကောင်မလေးကတော့ သူတို့ဟာ မြေအောက်ကမ္ဘာမှာ ရှိတဲ့ St Martin’s Land ကလာတာလို့ ဆိုပါတယ်။ သူတို့ရဲ့ မူလနေရာဟာ ဘယ်နေရာဆိုတာ ဘယ်သူမှ ရှာမတွေ့သေးပါဘူး သူတို့ဟာ အခြားကမ္ဘာက လူသားတွေများလား? ဘယ်သူမှ မဖြေရှင်းနိုင်သေးပါဘူး။

၆. Kaspar Hauser

kaspar

၂၆ မေလ ၁၈၂၈ ခုနှစ်တုန်းက နုယင်ဘတ်လမ်းပေါ်မှာ ကောင်လေးတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူ ဟာ ရှေးယန္တာရားတပ် ၆၊ တပ်ဖွဲ့ ၄ ရဲ့ captain အတွက်စာတစ်စောင်နဲ့ အတူပေါ်လာတာပါ။ ဒီကလေး ငယ်က သူ့နာမည်ဟာ Kasper ဖြစ်တယ်လို့ဆိုပြီး သူဟာ အမှောင်နဲ့ဆက်နွယ်တဲ့ဆဲလ်နဲ့ ကြီးပြင်းလာတာ ဖြစ်ပြီး ဒီဆဲလ်ဟာ ၂ မီတာရှည်လျားပြီး ၁ မီတာကျယ်ကာ မီတာဝက်လောက်မြင့်တယ်လို့ ဆိုပါတယ်။ ဒီကလေးငယ်ဟာ သူ့ရဲ့အတိတ်နဲ့ ပက်သက်ပြီး ဘာမှမမှတ်မိပဲ သူ့အဖေဟာ စစ်သားတစ်ယောက်ဖြစ် တယ်ဆိုတာကိုပဲ သိပါတယ်။ ကလေးငယ်ဟာ ပေါင်မုန့်မည်းနဲ့ ရေကိုသာစားသုံးပြီး အလင်းရောင်ကို ကြောက်လန့်ပါတယ်။ သူနဲ့ပက်သက်ပြီး အခြားသော ဇာတ်လမ်းတွေလည်း ပြောမဆုံးအောင် ရှိပါသေးတယ်။

၇. Agent 355

agent

အမေရိကန်တော်လှန်ရေးကာလ ဂျော့ခ်ျဝါရှင်တန်လက်ထက်တုန်းက အမျိုးသမီးစပိုင်တစ်ဦးရဲ့ နာမည်တု ပါ။ သူမဟာ အရမ်းတော်တဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပေမယ့် သူမကို ဗြိတိသျှစစ်သင်္ဘောတစ်စီးက ဖမ်းမိ ခဲ့ပြီး ထောင်ထဲမှာပဲ သေဆုံးခဲ့ပါတယ်။ သူမသေဆုံးသွားပေမယ့် သူမရဲ့ တကယ့်အစစ်အမှန်နာမည်နဲ့ အခြားသောအချက်အလက်တွေကို ရှာမတွေ့ခဲ့ပါဘူး။

၈. The Man in the Iron Mask

Iron Mask

၁၆၆၉ တုန်းက ထောင်သားတစ်ဦးကို ဖမ်းမိခဲ့ပြီး၊ သူ့ကို အထူးထိန်းသိမ်းထားခဲ့ပါတယ်။ သူဟာ ထောင်ထဲ မှာ ၃၄ နှစ်တောင်နေခဲ့ရပေမယ့် သူ့မျက်နှာကို ဘယ်သူကမှ မမြင်ဖူးပါဘူး။ ဘာလို့လည်းဆိုတော့ သူ့ မျက်နှာကို အနက်ရောင်ကတ္တီပါစနဲ့ အမြဲတမ်းဖုံးအုပ်ထားလို့ပါပဲ။ နိုဝင်ဘာလ ၁၉ ရက်နေ့ ၁၇၀၃ ခုနှစ်မှာ သူဟာ Marchioly နာမည်နဲ့ သေဆုံးခဲ့ပါတယ်။ သူနဲ့ပက်သက်ပြီး ပြောဆိုမှုဇာတ်လမ်းတွေ အများအပြား ရှိနေပေမယ့် သူ့ရဲ့ တကယ့်အစစ်အမှန်ကိုယ်ရေးအချက်အလက်နဲ့ မျက်နှာဖုံးနောက်ကွယ်က သူ့မျက်နှာ ကိုတော့ ဘယ်သူမှ မသိပါဘူးတဲ့။

၉. Tank man

tank man

၁၉၈၉ ခုနှစ်တုန်းက တီယန်မင်ရင်ပြင် ဆန္ဒပြပွဲမှာ ဒီလူငယ်လေးဟာ တရုတ်စစ်တပ်ရဲ့ တင့်ကားရှေ့မှာ ရပ်ပြီး ဆန္ဒပြနေပုံကို ရိုက်ကူးထားတာပါ။ သတင်းစာတွေက သူ့နာမည်ဟာ Wang Weillin ဖြစ်ပြီး ကျောင်း သားတစ်ဦးလို့ ဆိုကြပေမယ့် ကွန်မြူနစ်ပါတီကတော့ ဒီသတင်းကို ငြင်းဆိုထားပါတယ်။ ပါတီက ဒီအမျိုး သားကို ဖမ်းဆီးခြင်းမရှိခဲ့ပဲ မသိဘူးလို့ ငြင်းဆိုထားပါတယ်။ သူနဲ့ပက်သက်ပြီး ဘာသတင်းအချက်အလက် မှ ခုချိန်ထိ တိတိကျကျ မရှိသေးတာ အမှန်ပါပဲ။

၁၀. The Isdal Woman

Isdal Woman

၁၉၇၀ ခုနှစ်တုန်းက Bergen က Death Valley မှာ ဘယ်သူမှန်းမသိတဲ့ အမျိုးသမီးအလောင်းတစ်ခု တွေ့ခဲ့ ပါတယ်။ သူမဟာ ကိုယ်တုံးလုံးနဲ့ ဖြစ်နေပြီး ရဲတွေက မီးလောင်ထားတဲ့ သူမရဲ့ နိုင်ငံကူးလက်မှတ်နဲ့ အိပ် ဆေးလုံးတွေကို တွေ့ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့အခါမှာတော့ သူမဟာ ကိုယ်ရေးအချက် အလက်အတု ကိုးခုကို အသုံးပြုပြီး ဥရောပတစ်လွှား ခရီးသွားနေသူမှန်း သိခဲ့ရပါတယ်။ သူမဟာ အိပ်ဆေး တွေ အလွန်အကျွံသောက်သုံးပြီး သေဆုံးခဲ့ရတာဖြစ်ပြီး ၊ သူမဟာ ကိုယ့်ကိုယ်ကို သတ်သေတာ ဖြစ် ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အချို့လူတွေကတော့ သူမဟာ အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပြီး သူမရဲ့ ကိုယ်ရေးအချက်အလက်အမှန်ကိုလည်း ဘယ်သူမှ မသိကြပါဘူး။

သင့်ရည်မှန်းချက်တွေနဲ့အတူ သင်လိုချင်တဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် သင့်ကိုယ်တိုင်ကလည်း အရည်အချင်းတွေ ပြည့်ဝနေဖို့လိုပါတယ်။ စီးပွားရေးလောကမှာ ကျင်လည်ဖို့အတွက် လိုအပ်တဲ့ skill ၊ နိုင်ငံတကာနဲ့ communication လုပ်နိုင်ဖို့အတွက် ဘာသာစကားလိုအပ်ချက် ဒါတွေကို သင့်ဘက်က ဖြည့်ထားဖို့လိုပါတယ်။

ဒီအတွက် စိတ်မပူပါနဲ့ sayar.com.mm တွင်ရှိသော ဆရာ ဆရာမများက ကူညီနိုင်ပါတယ်။ သင်ကိုယ်တိုင်ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Source: healthcare

Recommended for you - လူငယ်များသိသင့်သည့် ဘဝအောင်မြင်ရေးနည်းလမ်းများ

Read times Last modified on Wednesday, 08 January 2020 11:27
Rate this articles
(0 votes)