×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 18 February 2019

ဘ၀မှာ ဆေးခါးကြီးသောက်ရတဲ့ အခိုက်အတန့်ကို အကောင်းဆုံးကျော်ဖြတ်နည်း

ဘ၀မှာ ဆေးခါးကြီးသောက်ရတဲ့ အခိုက်အတန့်ကို အကောင်းဆုံးကျော်ဖြတ်နည်း google

သင်တို့ဘ၀မှာ ဆေးခါးကြီးသောက်ရတဲ့ အခိုက်အတန့်ရှိဖူးမှာပါ။ ပြောချင်တာက ဆေးခါးကြီးဆိုတာ နေမကောင်းတဲ့အချိန် သောက်ရတဲ့ဆေးခါးကြီးလိုပေါ့ မသောက်ပြန်ရင်လည်း ရောဂါပျောက်မှာ မဟုတ်ဘူး။ ကိုယ်မကြိုက်တဲ့ ဆေးခါးကြီးဖြစ်နေပင်မဲ့လည်း သောက်ခဲ့ရသလိုမျိုးပါပဲ

ကိုယ်ဝါသနာမပါတဲ့အလုပ် ကိုယ်မလုပ်ချင်တဲ့အလုပ်တွေ လုပ်ခဲ့ရမှာပါ။ အရင်ကလည်း ကိုယ်မကြိုက်တဲ့အရာတွေကို လုပ်ရင်လုပ်ခဲ့ရမယ်၊ အခုလည်းလုပ်နေရနိုင်သလို နောင်လည်းလုပ်ချင်လုပ်ရနိုင်ပါတယ်။ ဒီလိုအခိုက်အတန့်တွေ ကြုံလာရပြီဆိုရင် ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို ဆရာမိုးရှင်းရေးတဲ့ သူစိတ်ဓာတ်ကျသူတိုင်းဖတ်ဖို့ စာအုပ်မှ စာစုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

“သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့” စာအုပ်ထဲမှာ Steve Jobs 
ရဲ့မိန့်ခွန်းကို ဘာသာပြန်ပြီး ထည့်ပေးခဲ့ဖူးတယ်။ အဲ့ဒီထဲက
Connecting the dots… ဆိုတဲ့ အကြောင်းလေးကို ဒီနေ့
သတိရမိတယ်။ “ပထမဆုံးအဖြစ်အပျက်ကတော့ဘဝရဲ့ 
အဖြစ်အပျက်တွေကိုပြန်လည် ဆက်စပ်ခြင်းပါ” ဆိုတဲ့ 
အပိုဒ်ပါ။

Steve Jobs က သူကောလိပ်ကထွက်ပြီး Calligraphy 
(လက်ရေးလှ) သင်တန်းကိုတက်ခဲ့တယ်။ ကောလိပ်
တက်နေတုန်းက သူလုပ်ချင်တာတွေ မလုပ်ခဲ့ရဘူး။
သူစိတ်မဝင်စားတဲ့ အတန်းတွေလည်း တက်ခဲ့ရပြီး 
တကယ်စိတ်ဝင်စားတဲ့ အရာတွေကို လုပ်ဖို့ သူ့မှာ
အချိန်နည်းခဲ့တယ်။ ကောလိပ်ကနေ ထွက်လိုက်ရပြီး
နောက်ပိုင်းမှာ သူအားလိပ်ချိန်ပိုရပြီး သူတက်ချင်တဲ့
သင်တန်းကို တက်ခွင့်ရခဲ့တယ်။ နောင်တစ်ချိန်
မှာ အဲ့ဒီသင်တန်းက သူ့အတွက် ပြန်အသုံးဝင်လာ
ခဲ့တယ်။

“ဒီလို လေ့လာခဲ့တာက အဲ့ဒီအချိန်တုန်းက ကျွန်တော့်
ဘဝမှာ လက်တွေ့တစ်ခါမှ အသုံးမဝင်ခဲ့ပါဘူး။ ဒါပေ
မယ့် ၁၀နှစ်ကြာတဲ့အချိန် ကျွန်တော်တို့ ပထမဆုံး 
Macintosh Computerကို စတင်ဒီဇိုင်း ရေးဆွဲ
တဲ့အချိန်မှာတော့ အဲ့ဒီလေ့လာမှုတွေက ကျွန်တော့်
ခေါင်းထဲကို အစီအရီ ပြန်ဝင်လာပါတယ်။ ပြီးတော့ 
အဲ့ဒီအရာတွေကို ကျွန်တော် Macတီထွင်တဲ့နေရာ
မှာထည့်သုံးခဲ့ပါတယ်။ အဲ့ဒီတုန်းကကျွန်တော်တို့ 
တီထွင်တဲ့ကွန်ပျူတာက စာရေးသားရာမှာ အလှ
အပဆုံး ကွန်ပျူတာ ဖြစ်ခဲ့ပါတယ်” လို့ ပြောခဲ့တယ်။

ဒီနေရာမှာ Steve Jobs ကောလိပ်ကထွက်သလို
ထွက်ဖို့ ပြောချင်တာ မဟုတ်ပါဘူး။ ဘဝမှာ 
အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးခဲ့ရတဲ့ အခိုက်အတန့်
တွေ ရှိတယ်။ ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး
လို့ ထင်ခဲ့တဲ့အရာတွေလည်း ရှိလိမ့်မယ်။ 
ဒါပေမယ့် လုပ်ချင်လို့ပဲ ဖြစ်ဖြစ် ၊ မလုပ်ချင်လို့
ပဲ ဖြစ်ဖြစ် မဖြစ်မနေ လုပ်ရပြီဆို အကောင်းဆုံး
လုပ်တာ ကောင်းပါတယ်။ အဲ့ဒီအတွေ့အကြုံ
တွေက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ
တစ်နေ့မှာ ကိုယ့်အတွက်ပြန်အသုံးဝင်တတ်ပါ
တယ်။

“ခင်ဗျားအနေနဲ့ အနာဂတ်ကိုမျှော်နေတုန်းအချိန်မှာ 
ခင်ဗျားဘဝရဲ့ အစိတ်အပိုင်းတွေကို ဆက်ဖို့ လွယ်ကူ
မှာ မဟုတ်ပါဘူး။ တကယ် ခင်ဗျားဘဝရဲ့ အစိတ်အပိုင်း 
တွေကို ဆက်လို့ရတဲ့ အချိန်က ခင်ဗျား ဘဝကိုနောက်ပြန်
လှည့်ကြည့်တဲ့အချိန်ပါပဲ။” လို့ Steve Jobs ကပြောခဲ့
တယ်။ အဲ့ဒီစကားကလည်း တကယ်မှန်တယ်။ 
တစ်ချိန်တုန်းက အပျော်လုပ်ခဲ့တဲ့အရာတွေ၊ တစ်ချိန်
တုန်းက စိတ်မပါပေမယ့် အကောင်းဆုံးလုပ်ခဲ့တဲ့အရာ
တွေဟာ ဒီနေ့ဒီအချိန်မှာ အားလုံး ဆက်စပ်မိလာတယ်။
၆တန်းတုန်းက ကျွန်တော် အတန်းထဲမှာ သိုင်းဝတ္ထုရေး
လေ့ရှိတယ်။ တစ်ရွက်ပြီးသွားတိုင်း သူငယ်ချင်းတွေက
အမြဲ အဲ့ဒီတစ်ရွက်ကို အလုပ်အယက် ယူဖတ်လေ့ရှိတယ်။ 
အဲ့ဒီတုန်းက စာရေးတာဟာ Career တစ်ခု ဖြစ်နိုင်
တယ်လို့ မထင်ခဲ့ဘူး။ ဝါသနာပါလို့သာ ရေးတာ။
စာရေးတာ၊ ပန်းချီဆွဲတာဟာ ထမင်းငတ်မယ့်အလုပ်
လို့ပဲ အများပြောတာ ကြားခဲ့ဖူးတယ်။ စာရေးတာ၊
ပန်းချီဆွဲတာတွေမှာ ဘဝအတွက် အခွင့်အလမ်း
တွေ ရှိနေကြောင်း ဘယ်သူကမှ မပြောပြခဲ့ကြဘူး။
ဒီအတွက်လည်း ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း နောက်ပိုင်း စာမရေး
ဖြစ်ခဲ့ဘူး။ ဒါပေမယ့်စာဖတ်တာတော့ အမြဲရှိခဲ့တယ်။

နောက်ပိုင်း ရေကြောင်းသိပ္ပံတက်ခဲ့တယ်။ ပထမနှစ်
မှာ စစ်သားတွေ နေသလို နေရတယ်။ ကျောင်းက
ပေးတဲ့အဆောင်မှာနေရတယ်။ စစ်သားတွေလောက် 
မတင်းကျပ်ရင်တောင် တော်တော်လေးတော့ 
တင်းကြပ်တဲ့ကျောင်း တစ်ကျောင်းဖြစ်ခဲ့တယ်။ 
မနက် စောစောထရတယ်။ ကွင်း (၁၀) ပတ်လောက်
ပြေးရတယ်။ အခန်းကို သေချာပြင်ရတယ်။ အမြဲတမ်း
Inspection ရှိတယ်။ အခန်းဖုန်ရှိရင်၊ အိပ်ရာမညီရင်၊
ဖိနပ်မပြောင်ရင်၊ ခါးပတ်မပြောင်ရင် ဂျွမ်းထိုးရတယ်။
ဆေးလိပ်တို တစ်ခု ဝရံတာမှာတွေ့ပြီး ဘယ်သူ့
ဆေးလိပ်တိုလဲလို့ မေးတဲ့ အချိန်မှာ လုပ်တဲ့သူက
ဝန်မခံရဲရင် အဲ့ဒီအဆောက်အဦးဘက်ခြမ်းမှာနေတဲ့
အခန်းအားလုံးက ကျောင်းသားတွေ ဒိုက်ထိုးရတယ်။
ထမင်းစားရင်မြန်မြန်စားရတယ်၊အသံမထွက်ရဘူး။ 
ရေမြန်မြန်ချိုးရတယ်။ ညဘက်ကင်းစောင့်ရတယ်။
အဲ့ဒီလိုလုပ်ရတာတွေဟာ အဓိပ္ပါယ်မရှိတဲ့အလုပ်
တွေလို့ ထင်ခဲ့တယ်။

ဒါပေမယ့် တကယ်တမ်း သင်္ဘောပေါ်ရောက်သွားတဲ့အခါ 
အဲ့ဒီလို လုပ်ခဲ့ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို သဘော
ပေါက်လာတယ်။လူတစ်ယောက်ရဲ့ အမှားဟာ တစ်ခါ
တစ်လေ သင်္ဘောတစ်စီးလုံးပေါ်က လူတွေရဲ့အသက်နဲ့
တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာ သဘောပေါက်
လာတယ်။ တာဝန်ခံခြင်း၊ တာဝန်ယူခြင်း အကြောင်း
တွေကိုသဘောပေါက်လာတယ်။ သင်္ဘောသား အလုပ်ကို
စိတ်မပါခဲ့ဘူး။ ဒါပေမယ့်အကောင်းဆုံး ကြိုးစားခဲ့တယ်။ 
ကျွန်တော်မခိုဘူး။မကပ်ဘူး။ ဝါသနာတော့မပါဘူး။ 
ဒါပေမယ့်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံးလုပ်တယ်။
ရေကြောင်းသိပ္ပံတုန်းကလည်း စာတွေကို စိတ်မဝင်စား
ခဲ့ဘူး။ ဒါပေမယ့် ဖြေရမယ့် စာမေးပွဲကို အကောင်းဆုံး 
ကြိုးစားပြီးဖြေတယ်။ သင်္ဘောသား အလုပ်ကို
မကြိုက်ခဲ့ပေမယ့် အဲ့ဒီအလုပ်ကနေ အကျိုးကျေးဇူး
တွေ အများကြီးရခဲ့တယ်။ ရေကြောင်း သိပ္ပံကို
မကြိုက်ခဲ့ပေမယ့်အဲ့ဒီကနေလည်းသင်ခန်းစာတွေ
အများကြီးရခဲ့တယ်။ ငယ်ငယ်တုန်းက စာရေး၊ စာဖတ်
ခဲ့တာတွေကလည်းနောက်တစ်ချိန် Career Change 
တဲ့အခါမှာ အသုံးဝင်လာခဲ့တယ်။

ဘဝဆိုတာ အမြဲတမ်း ဒိုးနပ်နဲ့KFC ပဲ ကျွေးနေမှာ 
မဟုတ်ဘူး။တစ်ခါတစ်လေ ခါးခါးသက်သက်အရသာတွေ 
ကိုယ့်ဘဝထဲကို ပစ်ထည့်ပေးတတ်တယ်။ အဲ့ဒါ
တွေကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့လိုတယ်။ 
ကိုယ်စိတ်မဝင်စား၊ မကြိုက်တဲ့အရာတွေကိုတောင်
ကောင်းကောင်း ရင်ဆိုင်နိုင်သွားရင် ကိုယ်ကြိုက်တဲ့
အရာတွေဆိုရင် ဘယ်လောက်တောင် လုပ်ပြနိုင်မလဲ။
တစ်ခါတစ်လေ ကိုယ်မကြိုက်ပဲလုပ်ရတာတွေ
ရှိမယ်။ ဒါပေမယ့် မဖြစ်မနေလုပ်ရပြီဆိုရင် အကောင်း
ဆုံး ကြိုးစားသင့်ပါတယ်။ တစ်နေ့ နောက်ပြန်လှည့်
ကြည့်တဲ့ အချိန်တွေမှာ အရင်က ဆိုးခြင်း၊ ကောင်းခြင်း
တွေ အားလုံးက အသုံးဝင်တဲ့ အတွေ့အကြုံတွေ
ဖြစ်နေလိမ့်မယ်။ တစ်ခါတစ်လေ ဆေးခါးကြီး
သောက်ရတဲ့ အခိုက်အတန့်တွေလည်း လောကကြီး
မှာ ရှိတတ်ပါတယ်။

Credit - မိုးရှင်း (I.M.T)

sayar.com.mm

 

မြန်မာလူမျိုးတွေ စေတနာကောင်းပေမဲ့ ဘာကြောင့် ဆင်းရဲနေကြသလဲ

The People of Myanmar posing women in market s

Read times Last modified on Thursday, 30 January 2020 15:28
Rate this articles
(2 votes)