စဥ္းစားၾကည့္ဖူးပါတယ္။ ကိုယ့္တစ္ေနရာစာ ဖယ္ၿပီးေတာ့ေပါ့။ ကိုယ္သာ ေန႔စဥ္က်င္လည္ေနတဲ့ ပတ္၀န္းက်င္အသိုင္းအ၀ိုင္းက ကြယ္ေပ်ာက္သြားရင္ ဘာေတြမ်ားထူးျခားသြားႏိုင္မလဲဆိုၿပီး…
ကိုယ့္သူငယ္ခ်င္းေတြ ? ကိုယ္မရွိလည္း ခဏတာ စိတ္မေကာင္းျဖစ္ရံုကလြဲလို႔ က်မလို သူငယ္ခ်င္းအသစ္ေတြ ထပ္ရၾကဦးမွာပဲ …
ကိုယ့္မိသားစု ? ကိုယ္မရွိလည္း ခဏတာ စိတ္မေကာင္းျဖစ္ရံုကလြဲလို႔ စား၀တ္ေနေရးအတြက္ အရင္လို၊ အခုလို ႀကိဳးစားေနၾကဦးမွာပဲ၊ လည္ပတ္ေနၾကဦးမွာပဲ …
ခ်စ္သူ၊ ရည္းစား ? ကိုယ္မရွိလည္း ခဏတာ စိတ္မေကာင္းျဖစ္ရံုကလြဲလို႔ သူဆက္ရွင္သန္ေနဦးမွာပဲ… က်မလို သူတစ္ေယာက္ထပ္ေတြ႔ရင္လည္း ခ်စ္မိသြားဦးမွာပဲ … သူလည္း ပုထုဇဥ္ပဲေလ…
အဲဒီလိုပဲ…သူတို႔ေတြထဲက တစ္ေယာက္ေယာက္ ဒါမွမဟုတ္ ကုိယ္တန္ဖိုးထားတဲ့ အရာတစ္ခုခု ကြယ္ေပ်ာက္သြားမယ္ဆိုရင္ေရာ ?
တန္ဖိုးထားရတဲ့သူေတြ တန္ဖိုးထားရတဲ့အရာေတြ ဆံုးရွံဳးသြားလား ႏွေျမာတာေပါ့ စိတ္မေကာင္း ျဖစ္တာေပါ့ ဒါေပမယ့္ တစ္သက္လံုး အဲ့တိုင္းပဲစိတ္မေကာင္းျဖစ္ေနမွာလား။ မဟုတ္ပါဘူး…
ကုိယ့္ရဲ႕ ရွင္သန္မႈေတြ ရပ္တန္႔မသြားသေရြ႕ ကိုယ့္ရွင္သန္မႈအတြက္၊ အနာဂတ္အတြက္ လိုက္ေလ်ာညီေထြစြာ ဆက္လက္ရပ္တည္ ေနၾကဦးမွာပဲ…
Recommended for you - အဂၤလိပ္စာအေရးအသား တိုးတက္ဖို႕အတြက္ ကိုယ္ပိုင္ဂိမ္းေလးေတြဖန္တီးျပီး ကစားၾကည့္ရေအာင္
ေလာကၾကီးမွာ ရွင္သန္ေနထိုင္တဲ့အခါ အစြဲအလမ္းဆိုတာကို နည္းနိုင္သမွ်နည္းေအာင္ ထားရမယ္။ အရာရာတိုင္းက မတည္ျမဲပါဘူး။ ဒီေန႔ကိုယ္ပိုင္ဆိုင္ေနေပမယ့္ မနက္ျဖန္မွာ ဆံုးရွံုးသြားနိုင္ ပါတယ္။
ေလာကမွာ သူမရွိရင္ မျဖစ္ေတာ့ဘူးဆိုတာမ်ိဳး …. က်မကေတာ့ အရမ္းစိတ္ညစ္တယ္ ကိစၥေတြက ျပန္ျပင္လို႔ မရေတာ့ဘူးဆိုတာမ်ိဳး …. ဘာဆက္လုပ္ရမွန္းမသိေတာ့ဘူး သတ္ေသခ်င္တယ္ ဆိုတာမ်ိဳး ….
သူမရွိေတာ့ရင္ ဘာဆက္လုပ္မလဲ ? ကိုယ့္ဘ၀ကိုယ္ ပိုေကာင္းတဲ့ အေျခအေနေရာက္ေအာင္ ဆက္ၾကိဳးစားမယ္၊ သူ႔ထက္ကိုယ့္အေပၚေကာင္းတဲ့သူ တစ္ေယာက္ေယာက္ထပ္ေပၚလာဦးမွာပဲ …
ရွင္သန္ေနသေရြ႕ လူအသစ္ အသစ္ေတြနဲ႔ ထပ္ေတြ႔ေနရဦးမွာပဲေလ … ဘယ္သူမွ ထပ္မရွိေတာ့ဘူးဆိုရင္ေရာ ? ဘာမွ စိတ္ပူစရာမရွိဘူး။ ေလာကမွာ မိမိကိုယ္သာကိုးကြယ္ရာပဲ။
ငိုပါ။ လူတစ္ေယာက္ဟာ ငိုပိုင္ခြင့္ရွိလို႔ ဖန္ဆင္းရွင္ေတာင္ မ်က္ရည္ေတြကို တစ္ပါတည္း ဖန္ဆင္းေပးခဲ့ေသးတာပဲ။ ငိုၿပီးရင္ သင္ခန္းစာယူတတ္ဖို႔၊ လဲက်ရင္ ျပန္ထတတ္ဖို႔ပဲလိုတာ….
Credit: မိန္းမသားတို႕ရင္ဖြင့္ဖို႕
[Unicode Version]
စဉ်းစားကြည့်ဖူးပါတယ်။ ကိုယ့်တစ်နေရာစာ ဖယ်ပြီးတော့ပေါ့။ ကိုယ်သာ နေ့စဉ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကွယ်ပျောက်သွားရင် ဘာတွေများထူးခြားသွားနိုင်မလဲဆိုပြီး…
ကိုယ့်သူငယ်ချင်းတွေ ? ကိုယ်မရှိလည်း ခဏတာ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ကျမလို သူငယ်ချင်းအသစ်တွေ ထပ်ရကြဦးမှာပဲ …
ကိုယ့်မိသားစု ? ကိုယ်မရှိလည်း ခဏတာ စိတ်မကောင်းဖြစ်ရုံကလွဲလို့ စားဝတ်နေရေးအတွက် အရင်လို၊ အခုလို ကြိုးစားနေကြဦးမှာပဲ၊ လည်ပတ်နေကြဦးမှာပဲ …
ချစ်သူ၊ ရည်းစား ? ကိုယ်မရှိလည်း ခဏတာ စိတ်မကောင်းဖြစ်ရုံကလွဲလို့ သူဆက်ရှင်သန်နေဦးမှာပဲ… ကျမလို သူတစ်ယောက်ထပ်တွေ့ရင်လည်း ချစ်မိသွားဦးမှာပဲ … သူလည်း ပုထုဇဉ်ပဲလေ…
အဲဒီလိုပဲ…သူတို့တွေထဲက တစ်ယောက်ယောက် ဒါမှမဟုတ် ကိုယ်တန်ဖိုးထားတဲ့ အရာတစ်ခုခု ကွယ်ပျောက်သွားမယ်ဆိုရင်ရော ?
တန်ဖိုးထားရတဲ့သူတွေ တန်ဖိုးထားရတဲ့အရာတွေ ဆုံးရှုံးသွားလား နှမြောတာပေါ့ စိတ်မကောင်း ဖြစ်တာပေါ့ ဒါပေမယ့် တစ်သက်လုံး အဲ့တိုင်းပဲစိတ်မကောင်းဖြစ်နေမှာလား။ မဟုတ်ပါဘူး…
ကိုယ့်ရဲ့ ရှင်သန်မှုတွေ ရပ်တန့်မသွားသရွေ့ ကိုယ့်ရှင်သန်မှုအတွက်၊ အနာဂတ်အတွက် လိုက်လျောညီထွေစွာ ဆက်လက်ရပ်တည် နေကြဦးမှာပဲ…
Recommended for you - အင်္ဂလိပ်စာအရေးအသား တိုးတက်ဖို့အတွက် ကိုယ်ပိုင်ဂိမ်းလေးတွေဖန်တီးပြီး ကစားကြည့်ရအောင်
လောကကြီးမှာ ရှင်သန်နေထိုင်တဲ့အခါ အစွဲအလမ်းဆိုတာကို နည်းနိုင်သမျှနည်းအောင် ထားရမယ်။ အရာရာတိုင်းက မတည်မြဲပါဘူး။ ဒီနေ့ကိုယ်ပိုင်ဆိုင်နေပေမယ့် မနက်ဖြန်မှာ ဆုံးရှံုးသွားနိုင် ပါတယ်။
လောကမှာ သူမရှိရင် မဖြစ်တော့ဘူးဆိုတာမျိုး …. ကျမကတော့ အရမ်းစိတ်ညစ်တယ် ကိစ္စတွေက ပြန်ပြင်လို့ မရတော့ဘူးဆိုတာမျိုး …. ဘာဆက်လုပ်ရမှန်းမသိတော့ဘူး သတ်သေချင်တယ် ဆိုတာမျိုး ….
သူမရှိတော့ရင် ဘာဆက်လုပ်မလဲ ? ကိုယ့်ဘဝကိုယ် ပိုကောင်းတဲ့ အခြေအနေရောက်အောင် ဆက်ကြိုးစားမယ်၊ သူ့ထက်ကိုယ့်အပေါ်ကောင်းတဲ့သူ တစ်ယောက်ယောက်ထပ်ပေါ်လာဦးမှာပဲ …
ရှင်သန်နေသရွေ့ လူအသစ် အသစ်တွေနဲ့ ထပ်တွေ့နေရဦးမှာပဲလေ … ဘယ်သူမှ ထပ်မရှိတော့ဘူးဆိုရင်ရော ? ဘာမှ စိတ်ပူစရာမရှိဘူး။ လောကမှာ မိမိကိုယ်သာကိုးကွယ်ရာပဲ။
ငိုပါ။ လူတစ်ယောက်ဟာ ငိုပိုင်ခွင့်ရှိလို့ ဖန်ဆင်းရှင်တောင် မျက်ရည်တွေကို တစ်ပါတည်း ဖန်ဆင်းပေးခဲ့သေးတာပဲ။ ငိုပြီးရင် သင်ခန်းစာယူတတ်ဖို့၊ လဲကျရင် ပြန်ထတတ်ဖို့ပဲလိုတာ….
Credit: မိန်းမသားတို့ရင်ဖွင့်ဖို့