×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 21 February 2019

အသေခံမလား အနာခံမလား….?

အသေခံမလား အနာခံမလား….? google

ကျနော်တို့ဘ၀ဖြတ်သန်းမှုတိုင်းမှာ ကောင်းတာရောမကောင်းတာတွေပါ ကြုံရတတ်ပါတယ်။ ဒါဟာသဘာဝပါပဲ။ ဒီလိုကြုံတဲ့အခါမှာ မိမိကိုယ်တိုင်ကလည်း အတွေးအခေါ်အဟောင်းတွေ အယူအဆအဟောင်းတွေကို သိမ်းဆည်းထားတတ်ပါတယ်။

ဒီအတွေးအခေါ်အဟောင်တွေ့ကြောင့် မိမိလိုချင်တဲ့အောင်မြင်မှုတွေကို စိတ်ကူးယဉ်ယုံမျှသာ လေထဲတိုက်ဆောက်ပြီး ပုံဖော်နေတတ်ကြပါတယ်။ အခုပြောပြပေးမယ်အကြောင့်အရာလေးက ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ လင်းယုန်ဌက်တွေရဲ့ ခက်ခဲတဲ့ဘ၀ကြိုဖတ်သန်းပြီး ဘယ်လိုကောင်းမွန်တဲ့ဘ၀သစ်ကို ရရှိလဲဆိုတာကို sayar.com sayar.com ပရိသတ်တွေအတွက် ပြောပြပေးမှာဖြစ်ပါတယ်။

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာအသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက် ၇၀ အထိ အသက်ရှင် ​နေထိုင်နိုင်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်​ နေနိုင်ဖို့အတွက် သူတို့ရဲ့အသက် {၄၀} မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို ချကြရပါတယ်။

သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက် သူ့ရဲ့ လက်သည်းတွေဟာ
စတင် ပျက်စီးလာပါတယ်။

နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင် ရှည်ထွက်​ ကောက်လာပြီး အတောင်တွေကလည်း အရမ်းလေးလာပါတယ် ။

အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက် ပျံရတာလည်း အရမ်း ပင်ပန်းလှပါတယ်။

သူ့မှာ ​ရွေးချယ်စရာ နှစ်လမ် ပဲရှိပါတယ်။ ဒီအတိုင်းနေပြီး ဘာမှ မလုပ်တော့ပဲ အသေခံမလား။

နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီး အသက် ဆက်ရှင်မလား။

မစွန့်စားပဲ ​သေရတာထက်စာရင် စွန့်စားပြီး ​သေရတာက ပိုမြတ်ပါလိမ့်မယ်။

21540302635 41bd371ea1 b

ဒါကြောင့် အလွန်မြင့်တဲ့တောင်တခုဆီ ပျံသန်းသွားပြီး အသိုက်တခု တည်ဆောက်လိုက်ပါတယ်။ ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲ နားနေပါတယ်။ နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ကျော်ဖြတ်ဖို့ အစကနေ-အဆုံးထိ ရက်ပေါင် ၁၅၀ ( သို့ ) နှစ်ဝက် နီးပါး ကြာပါတယ်။

ဒီတော့ သူဟာ ပထမဦးဆုံ သူ့ရဲ့နှုတ်သီးကို​ကျောက်ဆောင်နဲ့ရိုက်ပြီး ဖြုတ်ပြစ်ရပါတယ်။

ပြီးတော့ နှုတ်သီး အသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့ စောင့်ဆိုင်းနေခဲ့ရပါတယ်။

နှုတ်သီးအသစ်ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို တခုပြီး တခု ဆွဲနှုတ်ရပါတယ်။

ခြေသည်းအသစ်တွေ ထွက်လာမှ သူ့ရဲ့အတောင်တွေကို တခုပြီးတခု နှုတ်ပြစ်ရပြန်ပါတယ်။

အတောင်ပံအသစ်တွေ ထွက်လာတော့ သူ့ရဲ့ ခက်ခဲစွာ ဖြတ်သန်းရတဲ့ ရက်ပေါင်းက (၁၅၀) ပါပဲ။

အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့​ ကျော်ကြားလှတဲ့
ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင် (၃၀) မျှ ပြန်လည်
ပြုလုပ်နိုင်ခဲ့ပြီး၊ အသက် (၇၀) ထိ အသက်ရှင် ​နေထိုင်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့(Change) ဆိုတဲ့ ပြောင်းလဲမှုကို ​ပြောချင်တာပါ။

တခါတရံမှ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်​ကြရပါတယ်။

ဘဝကို ​အောင်အောင်မြင်မြင်နဲ့ ဆက်လက် ဖြတ်သန်းချင်ရင်တော့ ကျတော်တို့ရဲ့ အကျင့်ဆိုးတွေ ထုံးစံတွေကို လွှင့်ပစ်ရပါလိမ်မယ်။

ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေကို
စွန့်ပြစ်ရလိမ့်မယ်။

ကိုယ့်ရဲ အစွမ်းအစတွေ ဖော်ထုတ်နိုင်ပြီး၊ လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင် သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါအစိတ်အပိုင်းကို နှုတ်ပယ်နိုင်သေးရင် အသိဥာဏ်ရှိတဲ့ လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား -? ။

 

လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွ ပြောင်းရတာပါ။ လူသားတွေဖြစ်တဲ့ ကျွန်တော်တို့က နာကျင်စရာ မရှိပဲ၊ အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့စရိုက်တွေကို
မစွန့်လွှတ်နိုင်ကြဘူးလား--?
မပြောင်းလဲနိုင်ကြဘူးလား--?
ဒီအတိုင်းဆက်သွားမလား--ဆိုတာ စဉ်းစားစေချင်ပါတယ်။


မောင်စိန်ဝင်(ပုတီးကုန်း)

sayar.com

အသေခံမလား အနာခံမလား….?

ကျနော်တို့ဘ၀ဖြတ်သန်းမှုတိုင်းမှာ ကောင်းတာရောမကောင်းတာတွေပါ ကြုံရတတ်ပါတယ်။ ဒါဟာသဘာဝပါပဲ။ ဒီလိုကြုံတဲ့အခါမှာ မိမိကိုယ်တိုင်ကလည်း အတွေးအခေါ်အဟောင်းတွေ အယူအဆအဟောင်းတွေကို သိမ်းဆည်းထားတတ်ပါတယ်။ ဒီအတွေးအခေါ်အဟောင်တွေ့ကြောင့် မိမိလိုချင်တဲ့အောင်မြင်မှုတွေကို စိတ်ကူးယဉ်ယုံမျှသာ လေထဲတိုက်ဆောက်ပြီး ပုံဖော်နေတတ်ကြပါတယ်။ အခုပြောပြပေးမယ်အကြောင့်အရာလေးက ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ လင်းယုန်ဌက်တွေရဲ့ ခက်ခဲတဲ့ဘ၀ကြိုဖတ်သန်းပြီး ဘယ်လိုကောင်းမွန်တဲ့ဘ၀သစ်ကို ရရှိလဲဆိုတာကို sayar.com sayar.com ပရိသတ်တွေအတွက် ပြောပြပေးမှာဖြစ်ပါတယ်။

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာအသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက် ၇၀ အထိ အသက်ရှင် ​နေထိုင်နိုင်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်​ နေနိုင်ဖို့အတွက် သူတို့ရဲ့အသက် {၄၀} မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို ချကြရပါတယ်။

သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက် သူ့ရဲ့ လက်သည်းတွေဟာ
စတင် ပျက်စီးလာပါတယ်။

နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင် ရှည်ထွက်​ ကောက်လာပြီး အတောင်တွေကလည်း အရမ်းလေးလာပါတယ် ။

အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက် ပျံရတာလည်း အရမ်း ပင်ပန်းလှပါတယ်။

သူ့မှာ ​ရွေးချယ်စရာ နှစ်လမ်း ပဲရှိပါတယ်။ ဒီအတိုင်းနေပြီး ဘာမှ မလုပ်တော့ပဲ အသေခံမလား။

နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီး အသက် ဆက်ရှင်မလား။

မစွန့်စားပဲ ​သေရတာထက်စာရင် စွန့်စားပြီး ​သေရတာက ပိုမြတ်ပါလိမ့်မယ်။

ဒါကြောင့် အလွန်မြင့်တဲ့တောင်တခုဆီ ပျံသန်းသွားပြီး အသိုက်တခု တည်ဆောက်လိုက်ပါတယ်။ ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲ နားနေပါတယ်။ နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ကျော်ဖြတ်ဖို့ အစကနေ-အဆုံးထိ ရက်ပေါင်း ၁၅၀ ( သို့ ) နှစ်ဝက် နီးပါး ကြာပါတယ်။

ဒီတော့ သူဟာ ပထမဦးဆုံး သူ့ရဲ့နှုတ်သီးကို​ကျောက်ဆောင်နဲ့ရိုက်ပြီး ဖြုတ်ပြစ်ရပါတယ်။

ပြီးတော့ နှုတ်သီး အသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့ စောင့်ဆိုင်းနေခဲ့ရပါတယ်။

နှုတ်သီးအသစ်ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို တခုပြီး တခု ဆွဲနှုတ်ရပါတယ်။

ခြေသည်းအသစ်တွေ ထွက်လာမှ သူ့ရဲ့အတောင်တွေကို တခုပြီးတခု နှုတ်ပြစ်ရပြန်ပါတယ်။

အတောင်ပံအသစ်တွေ ထွက်လာတော့ သူ့ရဲ့ ခက်ခဲစွာ ဖြတ်သန်းရတဲ့ ရက်ပေါင်းက (၁၅၀) ပါပဲ။

အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့​ ကျော်ကြားလှတဲ့
ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း (၃၀) မျှ ပြန်လည်
ပြုလုပ်နိုင်ခဲ့ပြီး၊ အသက် (၇၀) ထိ အသက်ရှင် ​နေထိုင်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့(Change) ဆိုတဲ့ ပြောင်းလဲမှုကို ​ပြောချင်တာပါ။

တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်​ကြရပါတယ်။

ဘဝကို ​အောင်အောင်မြင်မြင်နဲ့ ဆက်လက် ဖြတ်သန်းချင်ရင်တော့ ကျတော်တို့ရဲ့ အကျင့်ဆိုးတွေ ထုံးစံတွေကို လွှင့်ပစ်ရပါလိမ်မယ်။

ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေကို
စွန့်ပြစ်ရလိမ့်မယ်။

ကိုယ့်ရဲ့ အစွမ်းအစတွေ ဖော်ထုတ်နိုင်ပြီး၊ လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင် သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါအစိတ်အပိုင်းကို နှုတ်ပယ်နိုင်သေးရင် အသိဥာဏ်ရှိတဲ့ လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား -? ။

လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာ ပြောင်းရတာပါ။ လူသားတွေဖြစ်တဲ့ ကျွန်တော်တို့က နာကျင်စရာ မရှိပဲ၊ အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့စရိုက်တွေကို
မစွန့်လွှတ်နိုင်ကြဘူးလား--?
မပြောင်းလဲနိုင်ကြဘူးလား--?
ဒီအတိုင်းဆက်သွားမလား--ဆိုတာ စဉ်းစားစေချင်ပါတယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)

Read times Last modified on Thursday, 30 January 2020 15:34
Rate this articles
(1 Vote)