×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 03 January 2018

Working Visa နဲ႕ ဂ်ပန္သြားၾကတဲ့အခါ

Working Visa နဲ႕ ဂ်ပန္သြားၾကတဲ့အခါ google.com

ခုခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ားက အဂၤလိပ္ျပီးရင္ ဒုတိယဘာသာစကားတစ္ခုအေနျဖင့္ ဂ်ပန္စာကို ေလ့လာေနၾကတဲ့သူေတြမ်ားပါတယ္။ တခ်ိဳ႕ကလည္း ဂ်ပန္မွာ အလုပ္သြားလုပ္ဖို႔ တခ်ိဳ႕ကလည္း ျမန္မာနိုင္ငံမွာပဲ ဂ်ပန္ကုမၸဏီေတြမွာ အလုပ္ဝင္ဖုိ႔ တခ်ိဳ႕က ေက်ာင္းသြားတက္ဖို႔ ရည္ရြယ္ခ်က္အမ်ိဳးမ်ိဳးနဲ႕ သင္ယူၾကပါတယ္။

 

ခုတေလာအေမးမ်ားတဲ့ ေမးခြန္းေလးပါ။ ဂ်ပန္ကို working visa နဲ႕သြားမယ္ဆိုရင္ ဘယ္လုိအလုပ္မ်ိဳးကို လုပ္ရမွာလဲ ဘာအလုပ္ေတြရွိလဲဆိုတာပါ။ လြယ္လြယ္ေျပာရမယ္ဆိုရင္ အဆင့္ျမင့္ပညာ လိုအပ္တဲ့အလုပ္ ပဲလုပ္လို႔ရပါမယ္။ ဘယ္သူမဆိုလုပ္နိုင္ျပီး အဆင့္ျမင့္ပညာမပါတဲ့အလုပ္မ်ိဳးဆိုရင္ေတာ့ working visa မရနိုင္ပါဘူး။

ဂ်ပန္နိုင္ငံသြားျပီး အလုပ္လုပ္ခ်င္တဲ့ ျမန္မာနိုင္ငံကလူငယ္ေတြအတြက္ working visa ရနိုင္တဲ့အလုပ္ အမ်ိဳးအစား ကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) IT အင္ဂ်င္နီယာ
(Software development, network, security, AI, Robot programming, SE)

(၂) သက္ႀကီးရြယ္အိုေစာင့္ေရွာက္ေရးပညာရွင္

(ဂ်ပန္အစိုးရကစစ္တဲ့စားေမးပြဲေအာင္ၿပီးလက္မွတ္ရမွအလုပ္လုပ္ႏိုင္တယ္)

(၃) သူနာျပဳဆရာ/ဆရာမ

(ဂ်ပန္အစိုးရကစစ္တဲ့စားေမးပြဲေအာင္ၿပီးလက္မွတ္ရမွအလုပ္လုပ္ႏိုင္တယ္)

Recommended for you - ဘီလ်ံနာဆိုတာ ဂဏန္းေပါင္းစက္နဲ႔ တြက္ခ်က္မႈ သက္သက္ပါဗ်ာ

(၄) ေဆာက္လုပ္ေရး CAD designer

(၅) ကား/စက္ပစ္စည္း CAD designer

(၆) လွ်ပ္စစ္ပတ္လမ္း designer

(၇) သြားဖက္ဆိုင္ရာပညာရွင္

(ဂ်ပန္အစိုးရကစစ္တဲ့စားေမးပြဲေအာင္ၿပီးလက္မွတ္ရမွအလုပ္လုပ္ႏိုင္တယ္)

(၈) ေဆးဖက္ဆိုင္ရာပညာရွင္

(ဂ်ပန္အစိုးရကစစ္တဲ့စားေမးပြဲေအာင္ၿပီးလက္မွတ္ရမွအလုပ္လုပ္ႏိုင္တယ္)

(၉) အင္ဂလိပ္စကားေျပာသင္တန္းဆရာ/ဆရာမ

(၁၀) ျမန္မာ/ဂ်ပန္ဘာသာျပန္နဲ႔စကားျပန္

Recommended for you - အသံုးဝင္မယ့္ Daily English Idioms ေလးေတြပါ

(၁၁) ရံုးဝန္တမ္း
(ကုန္သြယ္ရး/စီမံအုပ္ခ်ဳပ္ေရး/အေရာင္းတာဝန္ခံ) 
ဂ်ပန္စကား N1 နဲ႔ အဂၤလိပ္စကားေျပာကြ်မ္း မွရမယ္။

(၁၂) ဘဏ္ဝန္တမ္း
အရမ္းညဏ္ရည္ေကာင္းမွရမယ္။

(၁၃) ျမန္မာစားေသာက္ဆိုင္မွာစားဖိုမႉး

(၁၀ႏွစ္ေက်ာ္အေတြ႕အၾကံဳလိုတယ္)

(၁၄) ကားျပင္ဆရာ

(ဂ်ပန္အစိုးရကစစ္တဲ့စားေမးပြဲေအာင္ၿပီးလက္မွတ္ရမွအလုပ္လုပ္ႏိုင္တယ္)

================================

Working visa မရႏိုင္တဲ့အလုပ္အမ်ိဳးအစား

(၁) စားေသာက္ဆိုင္/ အရက္ဆိုင္/ convini ဆိုင္/ေစ်းဆိုင္ ဝန္တမ္း

(၂) စက္ရံုအလုပ္သမား

(၃) သန္႔ရွင္းေရး

(၄) ကားေမာင္း

(၅) လံုျခံဳေရး

(၆) ေဆာက္လုပ္ေရးအလုပ္သမား

(၇) ဆံပင္ၫွပ္/ အလွျပင္

(၈) အိမ္အေရာက္ပို႔ေဆာင္ေရး

(၉) ထမင္းခ်က္အကူ

Source: winjapanese

[Unicode Version]

ခုချိန်မှာ တော်တော်များများက အင်္ဂလိပ်ပြီးရင် ဒုတိယဘာသာစကားတစ်ခုအနေဖြင့် ဂျပန်စာကို လေ့လာနေကြတဲ့သူတွေများပါတယ်။ တချို့ကလည်း ဂျပန်မှာ အလုပ်သွားလုပ်ဖို့ တချို့ကလည်း မြန်မာနိုင်ငံမှာပဲ ဂျပန်ကုမ္ပဏီတွေမှာ အလုပ်ဝင်ဖို့ တချို့က ကျောင်းသွားတက်ဖို့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သင်ယူကြပါတယ်။

ခုတလောအမေးများတဲ့ မေးခွန်းလေးပါ။ ဂျပန်ကို working visa နဲ့သွားမယ်ဆိုရင် ဘယ်လိုအလုပ်မျိုးကို လုပ်ရမှာလဲ ဘာအလုပ်တွေရှိလဲဆိုတာပါ။ လွယ်လွယ်ပြောရမယ်ဆိုရင် အဆင့်မြင့်ပညာ လိုအပ်တဲ့အလုပ် ပဲလုပ်လို့ရပါမယ်။ ဘယ်သူမဆိုလုပ်နိုင်ပြီး အဆင့်မြင့်ပညာမပါတဲ့အလုပ်မျိုးဆိုရင်တော့ working visa မရနိုင်ပါဘူး။

ဂျပန်နိုင်ငံသွားပြီး အလုပ်လုပ်ချင်တဲ့ မြန်မာနိုင်ငံကလူငယ်တွေအတွက် working visa ရနိုင်တဲ့အလုပ် အမျိုးအစား ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) IT အင်ဂျင်နီယာ
(Software development, network, security, AI, Robot programming, SE)

(၂) သက်ကြီးရွယ်အိုစောင့်ရှောက်ရေးပညာရှင်

(ဂျပန်အစိုးရကစစ်တဲ့စားမေးပွဲအောင်ပြီးလက်မှတ်ရမှအလုပ်လုပ်နိုင်တယ်)

(၃) သူနာပြုဆရာ/ဆရာမ

(ဂျပန်အစိုးရကစစ်တဲ့စားမေးပွဲအောင်ပြီးလက်မှတ်ရမှအလုပ်လုပ်နိုင်တယ်)

Recommended for you - ဘီလျံနာဆိုတာ ဂဏန်းပေါင်းစက်နဲ့ တွက်ချက်မှု သက်သက်ပါဗျာ

(၄) ဆောက်လုပ်ရေး CAD designer

(၅) ကား/စက်ပစ်စည်း CAD designer

(၆) လျှပ်စစ်ပတ်လမ်း designer

(၇) သွားဖက်ဆိုင်ရာပညာရှင်

(ဂျပန်အစိုးရကစစ်တဲ့စားမေးပွဲအောင်ပြီးလက်မှတ်ရမှအလုပ်လုပ်နိုင်တယ်)

(၈) ဆေးဖက်ဆိုင်ရာပညာရှင်

(ဂျပန်အစိုးရကစစ်တဲ့စားမေးပွဲအောင်ပြီးလက်မှတ်ရမှအလုပ်လုပ်နိုင်တယ်)

(၉) အင်ဂလိပ်စကားပြောသင်တန်းဆရာ/ဆရာမ

(၁၀) မြန်မာ/ဂျပန်ဘာသာပြန်နဲ့စကားပြန်

Recommended for you - အသုံးဝင်မယ့် Daily English Idioms လေးတွေပါ

(၁၁) ရုံးဝန်တမ်း
(ကုန်သွယ်ရး/စီမံအုပ်ချုပ်ရေး/အရောင်းတာဝန်ခံ)

ဂျပန်စကား N1 နဲ့ အင်္ဂလိပ်စကားပြောကျွမ်း မှရမယ်။

(၁၂) ဘဏ်ဝန်တမ်း
အရမ်းညဏ်ရည်ကောင်းမှရမယ်။

(၁၃) မြန်မာစားသောက်ဆိုင်မှာစားဖိုမှူး

(၁၀နှစ်ကျော်အတွေ့အကြုံလိုတယ်)

(၁၄) ကားပြင်ဆရာ

(ဂျပန်အစိုးရကစစ်တဲ့စားမေးပွဲအောင်ပြီးလက်မှတ်ရမှအလုပ်လုပ်နိုင်တယ်)

================================

Working visa မရနိုင်တဲ့အလုပ်အမျိုးအစား

(၁) စားသောက်ဆိုင်/ အရက်ဆိုင်/ convini ဆိုင်/စျေးဆိုင် ဝန်တမ်း

(၂) စက်ရုံအလုပ်သမား

(၃) သန့်ရှင်းရေး

(၄) ကားမောင်း

(၅) လုံခြံုရေး

(၆) ဆောက်လုပ်ရေးအလုပ်သမား

(၇) ဆံပင်ညှပ်/ အလှပြင်

(၈) အိမ်အရောက်ပို့ဆောင်ရေး

(၉) ထမင်းချက်အကူ

Source: winjapanese

Read times Last modified on Friday, 03 January 2020 10:29
Rate this articles
(1 Vote)