×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Thursday, 11 April 2019

စိတ်ခွန်အားဖြစ်စေဖို့ နားထောင်ပေးသင့်တဲ့ ဂီတ ၅ မျိုး

စိတ်ခွန်အားဖြစ်စေဖို့ နားထောင်ပေးသင့်တဲ့ ဂီတ ၅ မျိုး google

ဂီတဆိုတာ ဖျော်ဖြေရေးသက်သက်မဟုတ်ပါဘူး။ သင့်ရဲ့ စိတ်နဲ့ ခန္ဓာကို အသစ်လို

ဖြစ်သွားစေနိုင်တဲ့ ထူးခြားမှုတွေကို ဂီတကနေ ဆွဲယူနိုင်ပါတယ်။ သီချင်းနားထောင်ရင်း ဘဝကို ပိုကောင်းအောင် လုပ်နိုင်မယ့်နည်းလမ်းတွေ ရှာလို့ ရတယ်ဆိုတာ သိပ္ပံနည်းကျ သုတေသနတွေကိုယ်တိုင်က သက်သေပြထားတာတွေ ရှိပါတယ်။ ဒါကြောင့် စိတ်ရော လူပါ ခွန်အားသစ်တွေ မွေးထုတ်နိုင်ပြီး ကိုယ့်ရဲ့ စွမ်းရည်ကို မြှင့်တင်ရာမှာ အထောက်အကူဖြစ်စေမယ့် ဂီတပုံစံတစ်ချို့ကို နားထောင်ပေးသင့်ပါတယ်။

(၁) Classical

လူငယ်တွေအနေနဲ့ ဂန္တဝင်ဂီတပုံစံမှာ စိတ်ဝင်စားမှု နည်းကောင်းနည်းနိုင်ပေမယ့် Classical ဂီတဟာ ငြိမ်းအေးမှုနဲ့ အာရုံစူးစိုက်မှုကို အများကြီး အထောက်အကူပြုတယ်ဆိုတာ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ ရေဒီယိုလောဂျစ် ၈ ဦးရဲ့ သုတေသနအရ ဘာ့ခ်ျ ၊ ဟန်ဒယ်နဲ့ ဗီဗယ်ဒီတို့ လို Composer တွေ စီကုံးထားတဲ့ သံစုံတီးဝိုင်းကြီးတွေ ၊ ပီယာနိုဆက်ရှင်တွေနားထောင်ပြီး အလုပ်လုပ်တဲ့ လူတွေဟာ စိတ်ပိုငြိမ်သလို ဖန်တီးမှု စွမ်းအားလည်း ပိုမြင့်လာတယ်လို့ ဆိုပါတယ်။
Source: Food Matters

(၂) သဘာဝသံစဉ်

Nature Music ပုံစံထဲမှာ ညင်သာတဲ့ ရေစီးသံ ၊ လှိုင်းပုတ်သံ ၊ ငှက်တွန်သံလိုမျိုး သဘာဝလောကထဲက သံစဉ်တွေ ပါဝင်ပါတယ်။ ဒီသံစဉ်ဟာ စိတ်ရှုပ်ထွေးနေသူတွေအတွက် စိတ်ငြိမ်ဆေးတမျှ အစွမ်းထက်ပြီး အလုပ်ခွင်အတွင်း အာရုံစူးစိုက်မှု မြှင့်စေသလို မှတ်သိမှုပိုင်းလည်း တိုးတက်လာအောင် ကူညီနိုင်ပါတယ်။
Source: Shutterstock

(၃) Epic Music

ရှင်သန်တက်ကြွတဲ့ ရသကို ပေးနိုင်ပြီး Motivation ဖြစ်စေဖို့ နားထောင်သင့်တဲ့ ဂီတတစ်ခုက Epic ဂီတပုံစံပါ။ မြူးကြွလန်းဆန်းပြီး သံစဉ်ချည်းသီးသန့် ပါတဲ့ ဂီတပုံစံဖြစ်လို့ စိတ်ရဲ့ အလုပ်လုပ်မှုကို စူးစိုက်နှိုးဆွပေးနိုင်ပါတယ်။ နောက်တစ်ခုက Lyric မပါတဲ့ Instrumental ဂီတတွေဟာ နောက်ခံသံမကြားရလို့ အာရုံ ဟိုရောက်ဒီရောက် မဖြစ်စေအောင် စုစည်းပေးနိုင်ပါတယ်။ ဒီဂီတကတော့ အလုပ်ပင်ပန်းနေချိန်မှာ ၊ စိတ်ပါဝင်စားမှု နည်းနေချိန်မှာ နားထောင်သင့်တဲ့ ဂီတလည်း ဖြစ်ပါတယ်။
Source: talkspace.com

(၄) Video Game Music

ဒါကတော့ လူငယ်တွေအတွက် တကယ်အကျိုးရှိတဲ့ သံစဉ်ပါ။ ဂိမ်မာမဟုတ်လည်း ဒီနေ့ ခေတ်မှာ လူငယ်တိုင်း ဗွီဒီယိုဂိမ်းတီးလုံးတွေ နားထောင်ဖို့ မခက်ပါဘူး။ ဗွီဒီယိုဂိမ်းအတွက် ရေးဖွဲ့တဲ့ ဂီတသံစဉ်ဟာ တက်ကြွလှုပ်ရှားမှုကို လှုံ့ဆော်ပေးသလို အာရုံစိုက်မှုအတွက်ပါ ရည်ရွယ်ထားလို့ နားထောင်သင့်တဲ့ ဂီတထဲမှာ ပါဝင်ပါတယ်။
Source: Ironhorsetrading


(၅) Ambient Soundtracks

အလုပ်မှာ ဖိအားရှိနေတယ်ဆိုရင် ဒီဂီတမျိုး နားထောင်သင့်ပါတယ်။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်က သဘာဝအတိုင်း ကြားရတဲ့ အသံတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး နောက်ပိုင်း ဒီဂီတပုံစံမှာ နိုက်ဂလပ်အကသမားတွေအတွက် သီးသန့် ဒီဇိုင်းဆွဲထားတဲ့ ဂီတပုံစံပါ ပါလို့ လူငယ်တွေ ပိုပြီး နှစ်သက်လာကြပါတယ်။ ဒီ Music ကတော့ အနားရဖို့နဲ့ စိတ်ခွန်အားရဖို့ နားထောင်နိုင်ပါတယ်။
အလုပ်လုပ်နိုင်တဲ့ စွမ်းရည်ကို မြှင့်ပေးနိုင်မယ့် ဂီတပုံစံတွေထဲမှာ တရားထိုင်ရာမှာ သုံးတဲ့ Meditation Music ၊ ဘလူးနဲ့ ဂျက်ဇ် ဂီတပုံစံတွေဟာလည်း ခွန်အားနဲ့ စိတ်ငြိမ်းချမ်းမှု ပေးနိုင်တဲ့ ဂီတတွေအနေနဲ့ ရှိထားလို့ ဒီ Music တွေကိုလည်း အလျင်းသင့်သလို နားထောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

crd;kwee

Read times Last modified on Monday, 17 February 2020 16:30
Rate this articles
(1 Vote)