×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 28 May 2019

"The Rock ကျင့်သုံးနေတဲ့ ဘဝသင်ခန်းစာ (၇) ချက်"

"The Rock ကျင့်သုံးနေတဲ့ ဘဝသင်ခန်းစာ (၇) ချက်" google.com

ကမ္ဘာ့ရုပ်ရှင်ချစ်ပရိတ်သတ်တွေကတော့ Dwayne Johnson ကို The Rock လို့ ချစ်စနိုးခေါ်ကြပါတယ်။

WWE ကမ္ဘာ့နပန်းဖက်ဒရေးရှင်းမှာ ပြိုင်ပွဲတွေ ဝင်ခဲ့စဉ်က သူ့ရဲ့ နပန်းနာမည်ပြောင်ဟာ The Rock ပါ။ အခုဆို The Rock ဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဟောလီဝုဒ်သရုပ်ဆောင်ဖြစ်နေပါပြီ။The Rock ဘဝဟာ စိတ်ဝင်စားစရာကောင်းသလောက် သူလက်ခံထားတဲ့ ဘဝအမြင်တွေကလည်း ထူးခြားနေပါတယ်။


(၁) ကြိုးစားပါ။ အမြဲပဲ


The Rock ဘဝမှာ ပထမဆုံး Workout လုပ်တာ ၁၃ နှစ်က စတာပါ။ သူ့အဖေဖြစ်တဲ့ ရော့ကီဂျွန်ဆင် Gym ကစားတဲ့ နောက်လိုက်ပြီး ဆော့တာဆို ၅ နှစ် ၆ နှစ်သားပဲ ရှိသေးတာပါ။ ဆိုလိုတာက The Rock ဟာ ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို ပုံသွန်းလောင်းခဲ့သူပါ။ သူ့အဖေဟာ မနက်တိုင်း ၅ နာရီ အိပ်ရာက ထ ၊ ကော်ဖီသောက်ပြီး Gym သွားကစားတဲ့သူ ဖြစ်ပါတယ်။
သူ့အဖေရဲ့ ပုံရိပ်ဟာ သူ့နှလုံးသားထဲမှာ စွဲထင်နေခဲ့ပါတယ်။ သူ့ခေါင်းထဲ အမြဲမှတ်ထားတဲ့ အရာက အမြဲတမ်း ကြိုးစားတဲ့သူဟာ အခွင့်အလမ်း အရှိဆုံးပဲဆိုတာပါ။

 


(၂) ဇွဲတင်းထားပါ


အသက် ၈ နှစ်ကတည်းက သူ့ မိဘတွေဟာ သူ့ကို ဘေ့စ်ဘော ၊ ဘောလုံး ၊ တိုက်ခိုက်ရေးနဲ့ Gym ကစားနည်းတွေမှာ ဝင်ပါခိုင်းခဲ့တာပါ။ တစ်ခါတစ်လေမှာ သူ့ အဖေနဲ့ နပန်းသတ်လေ့ကျင့်ရတာတွေပါ ပါပါတယ်။ သူ့ အဖေလိုပဲ ဝိတ်ပြားအကြီးကြီးတွေကို ကလေးဘဝကတည်းက သေမတတ်မ ခဲ့ရပါတယ်။ သူ့ အဖေ ပြောပြောနေကျစကားက စံချိန်သစ်တင်မလားဆိုတာပါပဲ။

 


(၃) ရည်ရွယ်ချက် ရှိပါ


ဟိုနိုလူလူက တစ်ယောက်အိပ်အခန်းလေးထဲကနေ အိမ်လခ မပေးနိုင်လို့ သတိပေးစာထုတ်ပြီး ဖယ်ရှားခံလိုက်ရတုန်းက သူ့အမေ ငိုတာကို တွေ့ခဲ့တယ်။ Dwayne အသက် ၁၄ နှစ်မှာပါ။ အဲ့ဒီနေ့မှာပဲ သူဟာ သံဓိဌာန်တစ်ခု ချလိုက်တယ်။ နောက်တစ်ခါ ဘယ်တော့မှ အိုးမဲ့ အိမ်မဲ့ မဖြစ်ရဖို့နဲ့ သူ့အမေအခုလို ငိုတာ ဘယ်တော့မှ မမြင်ရဖို့ပါ။
တကယ်က အသက် ၁၄ နှစ်သား ကောင်လေးတစ်ယောက်အနေနဲ့ မိသားစုကို ကယ်တင်ဖို့ သူလုပ်နိုင်တာ မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် သူဟာ ကိုယ်သွားမယ့် လမ်းကို မြင်နိုင်သူပါ။သူ့ ပတ်ဝန်းကျင်မှာ အောင်မြင်ပေါက်မြောက် အရာရောက်တဲ့သူတွေဟာ ဗလကောင်းကောင်းနဲ့ လူတွေပါ။ ဒါကြောင့်ပဲ သူ့ ခေါင်းထဲမှာ Gym ဆက်သွားမယ်။ အရင်ကထက် ပိုကြိုးစားမယ်ဆိုတဲ့ ခံယူချက် ဖြစ်လာခဲ့ပါတယ်။

 


(၄) ထိန်းချုပ်မှု မရှိရင် ကြံ့ခိုင်မှု အားနည်းလာနိုင်တယ်


ရည်ရွယ်ချက်ရှိခဲ့ပါတယ်ဆိုတဲ့ Dwyane ဟာ အသက် ၁၅ နှစ်မှာ ရဲအဖမ်းခံခဲ့ရ ၊ ရန်သတ်လွန်းလို့ ပြဿနာအထပ်ထပ်တက်ခဲ့သူပါ။ ဒါတွေအားလုံးဟာ သူ့ အပေါ် ဂရုစိုက်လာစေဖို့ လုပ်တာလို့ နောက်ပိုင်းမှာ သူ ပြန်ပြောပြပါတယ်။ သူ့မိဘတွေ သူ့ကို ရဲစခန်းကလာပြီး အာမခံနဲ့ ထုတ်ချိန်မှာ အခုလို ပေါက်ကရလုပ်ပြီး အဖမ်းခံရတာတွေ ရပ်အောင် လုပ်ရတော့မယ်လို့ သူ့ ဘာသာသူ ပြန်တွေးမိသွားတယ်လို့ ဆိုပါတယ်။ ဒီထိန်းချုပ်မှုဟာ သူ့ကို အမြင့်တင်ပေးခဲ့ပါတယ်။

 


(၅) ကိုယ့်ဘေးပတ်ပတ်လည်က အချက်ပြတွေ လိုက်ကြည့်ပါ


ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အချက်ပြမှုတွေ ရှိနေပါတယ်။ ဒါက အမြဲတမ်း ရှိနေကြတာဆိုပေမယ့် ကျွန်တော်တို့ အချိန်တော်တော်များများမှာ မမြင်တာ များပါတယ်။ တစ်ခါတစ်လေမှာ ဒါတွေဟာ အကြီးဆုံး သင်ခန်းစာတွေ ဖြစ်နိုင်ပါတယ်။

 


(၆) အခြေခံက သွား ၊ သံသယမဖြစ်နဲ့


Dwayne အထက်တန်းကျောင်းသားဘဝမှာ နိုင်ငံ့လက်ရွေးစင် နောက်ခံလူ ဘောလုံးသမား ၁၀ ဦးထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး မိုင်ယာမီ တက္ကသိုလ်ကနေ စကောလားရှစ်ရခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာသူ့ လက်စွမ်းမပြနိုင်ခဲ့တဲ့ နှစ်နဲ့ ကြုံပြီး စိတ်ဓါတ်တွေကျ ၊ စာသင်ခန်းထဲကနေ ထွက်ခွာခဲ့ပြီး အိမ်ပြန်လာခဲ့ပါတယ်။ တစ်နေ့မှာ မိုင်ယာမီ နည်းပြချက် ဒန်းနစ် အဲရစ်ခ်ဆင်က သူ့ဆီ ဖုန်းဆက်ပါတယ်။

ကျောင်းကို စောစောလာဖို့ပါ။ ကျောင်းရောက်တဲ့အချိန်မှာ သူ့ရဲ့ Ranking ကျတဲ့ အပေါ် အပြစ်တင်မှုတွေ ဝိုင်းလုပ်ပြီး သူ့ကို Workout လုပ်သလိုပဲ Challenge တစ်ခု လုပ်ခဲ့ပါတယ်။ တကယ်လို့ ဒီ Challenge ကို မလုပ်နိုင်ရင် သူရထားတဲ့ စကောလားရှစ် ဆုံးရှုံးရတော့မှာပါ။ သူ့ဘဝကို အစကနေပြန်စဖို့ စာသင်ခန်းထဲမှာ ပြန်သွားရသလို Gym မှန်မှန်သွား ၊ အဖွဲ့လိုက် Meeting တိုင်း တက်ရပါတယ်။

 

 

(၇) အရှုံးကနေ ပါရမီ ဖြစ်စေတယ်


သူ့ဘဝဟာ ချွေးနဲ့ သွေးနဲ့ တည်ဆောက်လာတဲ့ဘဝပါ။ သူကိုယ်တိုင်ဟာ သူ့ဘဝရဲ့ စိန်ခေါ်မှုအများဆုံးအချိန်တွေရဲ့ ထုတ်ကုန်တစ်ခုလို ဖြစ်ခံပါတယ်။ အမြဲတမ်း လဲကရာကနေ ထတတ်သူဟာ သူ့ အတွက် ရပ်ဖို့ နေရာပေးခံရမယ်လို့ သူက ယုံကြည်ထားပါတယ်။

 

Crd; Kwee

Read times
Rate this articles
(1 Vote)