×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 31 May 2019

"Adjective နဲ့ Adverb ပုံစံတူတဲ့အခါ ရှုပ်ထွေးတတ်လို့ သတိထားပြီးမှတ်သားပါ"

"Adjective နဲ့ Adverb ပုံစံတူတဲ့အခါ ရှုပ်ထွေးတတ်လို့ သတိထားပြီးမှတ်သားပါ" google.com

တချို့သော အင်္ဂလိပ်စာလုံးများဟာ adj နဲ့ adv ပုံစံတူပါတယ် ၊ အဲလို ပုံစံတူဖြစ်နေတယ်ဆိုတာကို သိထားရပါမယ် ၊ အဲဒီထက် ပိုပြီး ရှုပ်ထွေးတာက နောက်ထပ် adj, adv ပုံစံကွဲတွေ ထပ်ရှိနေပြီးတော့ အဓိပ္ပါယ်တွေက ပုံမှန်ထင်ရတဲ့ အဓိပ္ပါယ်တွေ မဟုတ်လို့ မှားတတ်ပါတယ်။

အဲဒါတွေကို တွေ့ရှိသလောက်.. ဗဟုသုတလေးတွေ လက်ဆင့်ကမ်းတင်ဆက်သွားလိုတာ ဖြစ်ပါတယ် .. ရှင်းလင်းချက်ကို ဖတ်ပြီး မရှင်းသေးဘဲ ဖြစ်နေလိမ့်မယ်လို့ထင်ပါတယ် သူ့သဘာဝကိုက ရှုပ်ထွေးနေလို့ပါ ။ .. နမူနာလေးတွေ ကြည့်ပြီးတဲ့အခါ ရှင်းသွားမှာပါ ။
ကွဲကွဲပြားပြား ခွဲခွဲခြားခြားနဲ့ မှတ်မှတ်သားသား ရှိစေချင်လို့ အဓိပ္ပါယ် တစ်ခုစီကိုသာ နမူနာထုတ်ပြီး ရေးလိုက်ခြင်းဖြစ်ပါတယ် .. အခြားသော အဓိပ္ပါယ်များအတွက် အဘိဓါန်များမှာ ဆက်ကြည့်ပါလို့ ။
..
(1.a) late (adj) နောက်ကျသော 
The train was late. 
ရထားက နောက်ကျတယ်
.
(1.b) late (adv 1) နောက်ကျမှ
He arrived late. 
သူ နောက်ကျမှ ရောက်တယ်
......
(1.c) lately (adv 2) ခုတလော
I haven’t seen him lately. 
ကျနော် သူ့ကို ခုတလော မတွေ့မိဘူး
(lately ကို နောက်ကျစွာ ၊ နောက်ကျပြီးမှ ..စသည်ဖြင့် ထင်မိလျှင် လွဲသွားလေပြီ)
...........................................
(2) hard (adj) ကြိုးစားသော
He is a hard worker. (adj)
သူက ကြိုးစားတဲ့ လုပ်သားတစ်ယောက်ပါ
.
(2.b) hard (adv 1) ကြိုးကြိုးစားစား 
He works hard. 
သူက ကြိုးကြိုးစားစား လုပ်ပါတယ်
.
(2.c) hardly (adv 2) မ..သလောက်ပဲ ၊ မ..နိုင် 
( မူလစာလုံးနဲ့ အဓိပ္ပါယ် ဆက်စပ်မှု ဝေးသွားတာကို သိလိုက်ပါ)
..
I hardly know her. 
ကျနော် သူ့ကို ကောင်းကောင်းမသိပါ (သိပေမယ့် ..မသိသလောက်ပါပဲ)
The thief can hardly have got very far. 
သူခိုးက အဝေးကြီးကို မရောက်နိုင်သေးဘူး
.............
(3.a) like (adj 1) ဆင်တူသော
They are not twins, but they are very like!
သူတို့က အမွှာတွေ မဟုတ်ပါဘူး ဒါပေမယ့် သိပ်တူတယ်နော်

(3.b) like (adv 1) သလိုပါပဲ ၊ သလိုမျိုးပေါ့
It was, like, weird.
အဲဒါက ထူးဆန်းနေသလိုပဲ
It's really hard. Like I have no time for my own work.
အဲဒါက တကယ့်ကို ခက်ခဲပါတယ် ၊ ကျနော့်ကိုယ်ပိုင်အလုပ်အတွက် အချိန်မရှိသလိုမျိုးပါပဲ
(ဒီမှာကျတော့ hard က ခက်ခဲသော..လို့ ယူရပြန်တယ်)
..
(3.c) likely (adj 2) ဖြစ်နိုင်ဖွယ်ရှိသော
It’s likely to rain. 
မိုးရွာနိုင်ခြေရှိတယ်
.
(3.d) likely (adv 2) ..ဖို့ဖြစ်နိုင်
We will likely stay home this evening.
ကျနော်တို့ ဒီညနေအိမ်မှာရှိဖို့ ဖြစ်နိုင်ပါတယ် 
(ဒီ likely ကို တချို့က adverbial လို့ခေါ်ကြတယ်.. adverb အစစ်မဟုတ်သော်လည်း adverb နေရာမှာထားပြီးသုံးတဲ့ စာလုံးတွေပေါ့.. တချို့ကတော့ အပြတ်ပဲ adv စာရင်းမှာထည့်ထားပါတယ်)

 

Credit; sayar Win Naing Oo

https://bit.ly/30WkbDF  ဤလင့်တွင် အင်္ဂလိပ်စာ သင်ကြားပေးသောဆရာ၊ ဆရာမများ ကို ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။

 

Read times
Rate this articles
(0 votes)