×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 10 June 2019

သင့်ရဲ့ English listening ကောင်းအောင် ဘယ်လိုလေ့ကျင့်ရမလဲ???

သင့်ရဲ့ English listening ကောင်းအောင် ဘယ်လိုလေ့ကျင့်ရမလဲ??? pexels

Listening ဆိုတာ လေ့ကျင့်သင်ယူရမည့် အရာတစ်ခုဖြစ်ပါတယ်။ English 4  Skills လုံးဟာ တစ်ခုနဲ့ တစ်ခု ချိန်ဆက်နေတဲ့ အတွက် Listening Skill ကောင်းအောင်လဲ လေ့လာသင့်ပါတယ်။ စကားဝိုင်းတစ်ခုမှာ listening Skill ကောင်းမှ သူတို့ ပြောတဲ့ ဟာကို နားလည်ပြီး ပြန်ပြောနိုင်မှဖြစ်ပါတယ်။  ဒါကြောင့် စနစ်တကျ English listening ကောင်းအောင် ဘယ်လိုလေ့ကျင့်ရမလဲ???


၁. English အသံထွက်ကို နားယဉ်အောင် ပြုလုပ်ရပါ့မယ်


English ရုပ်ရှင်များများကြည့်ပါ။ ကြည့်တဲ့အခါမှာ မြန်မာစာတန်းထိုးတာကို ဖျောက်ကြည့်ပါ။ English subtitle ကိုလည်း ဖျောက်ကြည့်ပါ။ English သီချင်းနားထောင်ပါ။ နားထောင်ဆိုသည့် နေရာမှာ ဘာကို ပြောသွားတယ်ဆိုတာကို နားလည်အောင်ကြိုးစားပါ။ အပြန်ပြန်ဖွင့်ပြီးနားထောင်ကြည့်ပါ။

 


၂. BBC သတင်းတွေ၊ အသံလွှင့်တာတွေနဲ့ ရေဒီယို နားထောင်ပါ

 

English သီချင်းတွေပဲ ထည့်ထားလိုက်တယ်။ English သီချင်းတင်မကပဲ IELTS listening audio file တွေပါ ကူးထည့်ထားလိုက်ပါ။ အချိန်ရတာနဲ့ အဲ့ဒါကိုပဲ နားထောင်ပေးပါ။ ခရီးသွားလည်း အဲ့ဒါကိုပဲ တောက်လျှောက်နားထောင်ပါ။
စစချင်းမှာ တစ်လုံးစ၊ နှစ်လုံးစပဲ နားလည်တယ်။ တဖြည်းဖြည်းနဲ့ စာကြောင်းတစ်ကြောင်းမှာ တစ်ဝက်လောက်နားလည်လာတယ်။ လက်ထဲမှာရေးဖို့ ဘော့ပင်ကို အမြဲမကိုင်ထားနဲ့။ နားယဉ်အောင် နားထောင်ကြည့်မယ်။

 


၃. အင်္ဂလိပ်ပိုင်းအစီအစဉ် ရုပ်သံ TV ကို အမြဲကြည့်မယ်


နိုင်ငံခြားဘာသာသင်သူတွေအနေနဲ့ ကလေးအစီအစဉ်တွေကို ကြည့်သင့်တယ်။ကိုယ်ကြိုက်တဲ့ ပရိုဂရမ်ကို ကိုယ်ရွေးမယ်။ အင်္ဂလိပ်လိုပဲဖြစ်သင့်တယ်။ ရုပ်သံမှာ ဗန်းစကားတွေ ဘယ်လိုပြောတတ်သလဲဆိုတာ မှတ်သားထားမယ်။

 


၎. ရုပ်ရှင်ကြည့်မယ်
ဒီခေတ်မှာ ဗီဒီယိုကားတွေကလည်း ဈေးသက်သာ၊ စာတန်းထိုးတွေကလည်း ပါလာပြီ။ အင်္ဂလိပ်စာတန်းထိုးပါ တဲ့ဇာတ်လမ်းမျိုးတွေ ၀ယ်ကြည့်နိုင်အောင် ကြိုးစားပါ။

 


၅. အင်တာနက်မှာရှာကြည့်ပါ
အင်္ဂလိပ်စာကို အွန်လိုင်းမှာဝင်ပြီး နားထောင်၊ လေ့လာနိုင်ခွင့်တွေ ဒီခေတ်များ အများကြီးရနေပါပြီ။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။


Source: learn English today

 

ဒီထက် ပိုပြီး မိမိရဲ့ အင်္ဂလိပ် စကေးတွေ ကို မြှင့်တင်ချင်ရင်တော့ ဤလင့်ခ် http://bit.do/eUCvd မှာအင်္ဂလိပ်စာ သင်ကြားပေးသော ဆရာ၊ ဆရာမများရှိပါသည်။ ဝင်ရောက်ဆက်သွယ်နိုင်ပါသည်။

Read times
Rate this articles
(0 votes)