×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 13 June 2019

ကျောင်းသားများ စာကျက်ချိန်အတွင်း အိပ်မငိုက်အောင် ဘာလုပ်ရမလဲ???

ကျောင်းသားများ စာကျက်ချိန်အတွင်း အိပ်မငိုက်အောင် ဘာလုပ်ရမလဲ??? google.com

ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် စာကျက်ချိန်မှာ အိပ်မငိုက်အောင် ဘာတွေလုပ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အစားအစာ ရွေးချယ် စားတတ်ရမယ်။

- မနက်ခင်းစောစောမှာ စာကျက်မယ်ဆိုရင်တော့ မနက်စာ ပေါ့ပေါ့ပါးပါးလေးကို စားသုံးထားပါ။ ကော်ဖီနဲ့  မုန့် နဲ့ဖြစ်ဖြစ်။

- ညနေခင်းနဲ့ ညခင်းမှာ စာကျက်မယ်ဆိုရင်တော့ စာမကျက်ခင်မှာ အစာကျေဖို့ ခက်ခဲတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။

- ပန်းသီး၊ လိမ္မော်ရည်နဲ့ စပျစ်ရည်ကဲ့သို့ အချိုရည်များကို သောက်သုံးထားခြင်းဖြင့်လည်း အိပ်မငိုက်အောင် အထောက်အပံ့ပေးပါတယ်။

 


(၂) စာကျက်မည့် ပတ်ဝန်းကျင် ရွေးချယ်တတ်ရမယ်။

- စာကျက်မည့် အခန်းဟာ အလင်းရောင်ရရှိမယ့် နေရာမျိုးကို ရွေးချယ်ကျက်ပါ။ စာကျက်တဲ့အချိန်မှာ အစားအများကြီး မစားပါနဲ့ ။

- စာလုပ်ရာမှာ လိုအပ်မယ့် စာအုပ်၊ ခဲတံ၊ ပေတံ အစရှိသည်တို့ဟာ သင့်အနီးပတ်ဝန်းကျင်မှာ အဆင်သင့်ရှိနေရပါ့မယ်။

- ပန်ကာကို သင့်မျက်နှာမူရာ တည့်တည့်မှာ မဖွင့်ထားပါနဲ့၊ ပန်ကာလေဟာ သင့်ကို ငိုက်မြည်းစေပါတယ်။

 

(၃) စာကျက်ပုံ မှန်ကန်ရမယ်။

- ကိုယ်ကို မတ်မတ်ထိုင်ပါ။ ခုံဖြင့်ထိုင်ပါက ဆိုဖာခုံပျော့ပျော့ထက် သစ်သားထိုင်ခုံ၊ ပလတ်စတစ်ထိုင်ခုံမျိုးကို ရွေးချယ်ပြီး စာကျက်သင့်ပါ။

- အိပ်ရာပေါ်မှာ စာကျက်ခြင်း၊ လဲလျောင်း၍ စာကျက်ခြင်းတို့ကို ရှောင်ရှားပါ။

- သင်ကျက်မှတ်ရမည့် စာများကို မှတ်စုစာအုပ်ထဲတွင် ရေးမှတ်၍ ကျက်ခြင်းသည် မှတ်ဥာဏ်အား ကောင်းမွန်စေပါတယ်။

- ခေါင်းစဉ်တစ်ခုကို ကျက်မှတ်စဉ် အနည်းငယ် ပျင်းရိလာပါက အခြားခေါင်းစဉ်တစ်ခုကို ပြောင်းကျက်ပါ။

- ထိုင်ပုံကို မကြာခဏပြောင်းလဲခြင်း၊ နာရီဝက်တစ်ခါလောက် လမ်းထလျှောက်ခြင်းတို့ကို ပြုလုပ်ပေးပါ။

- တစ်နာရီကျက်ပြီးတိုင်း ၁၀ မိနစ်ခန့် နားပေးပြီး နားသည့်အချိန်တွင် ရေသောက်ပေးပါ။

 

REF : momolay

သင်အားနည်းနေတဲ့ ဘာသာရပ်တစ်ခုအတွက် တစ်ဦးချင်းသင်ပေးသော ဆရာ၊ ဆရာမများ ဤလင့်ခ် sayar.com.mm တွင်ရှိပါသည်။ ဝင်ရောက်လေ့လာ ဆက်သွယ်နိုင်ပါသည်။

Read times
Rate this articles
(1 Vote)