×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 19 June 2019

"တခြားသူတွေ ထင်ထားတာထက်ပို ပြီး သင်ဟာ ဥာဏ်ပိုကောင်း၊ ပိုအောင်မြင်နိုင်ခြေများကြောင်း ပြသနေတဲ့အချက် (၉) ချက်"

"တခြားသူတွေ ထင်ထားတာထက်ပို ပြီး သင်ဟာ ဥာဏ်ပိုကောင်း၊ ပိုအောင်မြင်နိုင်ခြေများကြောင်း ပြသနေတဲ့အချက် (၉) ချက်" google.com

လောကကြီးမှာ ဥာဏ်ရည်မြင့်မားပြီး ထူးချွန်ကြတဲ့ လူတော်တွေအများကြီးပါ။ အဲ့ဒီအထဲမှာမှ ကြိုးစားလို့တော်လာတဲ့သူနဲ့ မွေးရာပါဗီဇအရတော်တဲ့သူဆိုပြီး ရှိပါတယ်။

သင်ကရော ဘယ်လိုလူတော်မျိုးထဲမှာပါသလဲဆိုတာ ကိုယ့်ကိုယ်ကိုသိပါသလား။ ဒီအချက်တွေနဲ့ တိုက်ဆိုင်နေရင်တော့ မွေးရာပါဗီဇအရ တော်တဲ့၊ ထက်မြက်တဲ့သူတစ်ယောက်ဆိုတာ လက်ခံလိုက်ပါတော့။


(၁) ခံစားချက်အတက်အကျမြန်ရင်

pexels photo 256658


စိတ်ပညာမှာ ခံစားချက်အတက်အကျမြန်ခြင်းဟာ ဦးနှောက်ရဲ့တုံ့ပြန်မှုအားကောင်ခြင်းကြောင့်ဖြစ်ပြီး ဉာဏ်ကောင်းတဲ့သူတွေမှာအဖြစ်များတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ကိုယ့်ရဲ့ခံစားချက်အတက်အကျမြန်တာကို ကိုယ်တိုင်လည်းကောင်းကောင်းထိန်းချုပ်နိုင်ကြပါတယ်။


(၂) တစ်ယောက်တည်းနေရတာကြိုက်နှစ်သက်ရင်ရင်

pexels photo 274662


လူတော်တော်များများက ကိုယ့်ဘေးမှာတစ်ယောက်ယောက်မရှိရင် စိတ်မပျော်တာမျိုး၊ အားငယ်တာမျိုးဖြစ်တတ်ကြပါတယ်။ တကယ်လို့ အဲ့လိုမဟုတ်ဘဲ တစ်ယောက်တည်းနေရတာ သဘောကျတယ်၊ ပျော်တယ်ဆိုရင် သင်က မွေးရာပါ ထက်မြက်တဲ့သူမို့ပါ။


(၃)တစ်ယောက်တည်း ကိုယ့်ကိုကိုယ် စကားပြောနေရတာကို နှစ်သက်သူ

vulnerability1


ခံစားချက်နဲ့ အတွေးတွေကို တစ်ယောက်တည်း ကိုယ့်ကိုကိုယ် ပြောမိနေခြင်းဟာ ဥာဏ်ကောင်းခြင်းရဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။
တကယ်လို့ အထက်ပါအချက်တချို့ကို နေ့စဉ်လုပ်မိနေတယ်ဆိုရင် သင်ဟာ ဥာဏ်ကောင်းတဲ့လူတစ်ယောက် ဖြစ်နေတာ သေချာပါတယ်။


(၄)ထူးခြားသူ

Albert Einstein


အာင်မြင်မယ့်သူဟာ တစ်ခြားသူတွေနဲ့ တစ်နည်းနည်း ကွဲပြားနေပါတယ်။ အထူးသဖြင့် သမိုင်းတွင်အောင်အထိ ပေါက်မြောက်ကျော်ကြားသူတွေမှာ သူတို့ရဲ့ ထူးခြားတဲ့ စရိုက်ရှိပါတယ်။ တကယ်လို့ ကိုယ့်မှာ အများနဲ့ မတူတဲ့ ခပ်ကြောင်ကြောင် ကိုယ်ပိုင်ပုံစံရှိနေရင် စိတ်မပူဖို့ပါ။


(၅) ကိုယ်လိုချင်တာကို သိတဲ့သူ

pexels photo 214573


ဘဝမှာ ဘာမှ မရသေးခင်ကတည်းက ကိုယ်လိုချင်တာ ဘယ်လိုအရာမျိုးလဲ ဆိုတာ တိတိကျကျသိတဲ့သူကရှားပါတယ်။ ပန်းတိုင်ကို ရောက်ဖို့ ပထမဆုံး ကိုယ်သွားမယ့်လမ်းအကြောင်းကို ကြေကြေညက်ညက် သိထားတဲ့သူဟာ သူသွားမယ့်လမ်းကို အစီအစဉ်တကျ ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်မှာပါ။

 

(၆) သင်ဟာရယ်စရာကောင်းသူတစ်ယောက်

man person hat fur


သင်ဟာ ဟာသဥာဏ်​ကြွယ်သူတစ်ယောက်ဆိုရင် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါတော့။ ဟာသဥာဏ်ြွကွယ်သူတွေက အရမ်းဥာဏ်ကောင်းတယ်လို့ လေ့လာစမ်းသပ်မှုတွေအရ သိရပါတယ်။ တခြားသူတွေကို ရယ်မောနိုင်အောင် လုပ်ပေးနိုင်တယ်ဆိုရင် သင်က တခြားသူတွေထက်ဥာဏ်ရည်မြင့်တာသေချာနေပါပြီ။ ပျော်ပျော်နေတတ်သူတွေက ဟာသဥာဏ် နဲ့ ဖန်တီးနိုင်စွမ်း ပိုသာတာကြောင့် သူတို့နဲ့စကားပြောလို့ ပျင်းသွားရတယ်ဆိုတာမျိုး မရှိပါဘူး။


(၇) ညဘက်နောက်ကျမှအိပ်ရာဝင်တာကြိုက်နှစ်သက်တဲ့သူ

successful women before bed 022615 624x451


သင့်အနေနဲ့ ညဘက်မှာ တိတ်တိတ်ဆိတ်ဆိတ်တွေးတောရတာကြိုက်တတ်ရင်၊ ညဘက်နောက်ကျမှအိပ်ရာဝင်တတ်ရင်လည်း ဉာဏ်ရည်မြင့်တဲ့သူလို့သတ်မှတ်နိုင်ပါတယ်။ လန်ဒန်အခြေစိုက် Economics and Political Science ကျောင်းတွေမှာလုပ်ခဲ့တဲ့ သုတေသနတွေအရ ညဘက်နောက်ကျမှအိပ်ရာဝင်လေလေ IQ မြင့်လေဆေိုတာကို သိခဲ့ကြပါတယ်။

ဥာဏ်ကောင်းအောင်လို့ ညဘက်နောက်ကျတဲ့ အထိနေဦးမှလို့တော့ မတွေးနဲ့နော်။ ဆိုလိုချင်တာက ညဥ့်နက်မှ အလုပ်လုပ်ရတာ အာရုံစူးစိုက်မှု ကောင်းတယ်ဆိုတဲ့သူတွေနဲ့ ဥာဏ်ရည်မြင့်ခြင်းကြားမှာ ဆက်စပ်မှုရှိနေတာပါ။


(၈) စိတ်သဘောထား ပွင့်လင်းသူ

pexels photo 1015568


စိတ်သဘောထားပွင့်လင်းသူတွေက ဘဝမှာကြုံတွေ့ရသမျှကို မတူညီတဲ့ ရှု့ထောင့် အမျိုးမျိုးကနေ မြင်တတ်ကြတယ်။ ထင်မြင်ချက်အမျိုးမျိုးကိုလည်း လက်ခံနိုင်ပြီး စိတ်ကူးအသစ်တွေကိုရှာဖွေသူတွေလည်းဖြစ်ပါတယ်။
ဥာဏ်ပညာမြင့်တယ်ဆိုတိုင်း ဘယ်သူ့ကိုမှ လူမထင်သလိုဆက်ဆံတဲ့ ဥာဏ်ကျယ် တွေကိုတော့ မဆိုလိုပါဘူး။ တကယ့်ကို ဥာဏ်ရည်မြင့်တဲ့သူတွေက တစ်ပါးသူအပေါ် စာနာစိတ်အပြည့်ရှိပါတယ်။ ဒါကြောင့်မို့လည်း EQ (Emotional Intelligence) ဆိုတာက လူတိုင်းရှိဖို့ မလွယ်တဲ့အရာဖြစ်လာတာပါ။


(၉) မသိနားမလည်တဲ့ အရာကို အရှိအတိုင်းလက်ခံတဲ့သူ

pexels photo 1120344


ဥာဏ်ရည်မြင့်တဲ့သူတွေက တစ်ခုခုကို မသိတဲ့အခါ ဝန်ခံဖို့ မနှောင့်နှေးတတ်ကြပါဘူး။ အရာရာတိုင်းကို သိချင်ယောင်မဆောင်ပါဘူး။ သူတို့မှာရှိတဲ့ ဗဟုသုတကို အရှိအတိုင်း ကျေနပ်လက်ခံသလို အသစ်အသစ်သော အရာတွေကိုလည်း သင်ယူလေ့လာဖို့ အမြဲအဆင်သင့်ရှိကြပါတယ်။
သင်ဟာ ဒီလို အမူအကျင့်တွေရှိတဲ့ သူတစ်ယောက်ဆိုရင်တော့ သင်ဟာ ဥာဏ်ရည်ထက်မြက်သူတစ်ယောက်ပါ။ ဥာရည်ထက်မြက် တဲ့အတွက်လည်း ပိုအောင်မြင်နိုင်ခြေများပါတယ်။ ဒါပေမဲ့ ဥာဏ်ရည်ထက်မြက်တယ်ဆိုပြီး ဒီတိုင်း ထိုင်နေရင်တော့ အောင်မြင်မှာမဟုတ်ပါဘူး။ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ ရှိမှသာအောင်မြင်မှာဖြစ်ပါတယ်။


မိမိရဲ့ အရည်အချင်းတွေကို မြှင့်တင့် ချင်တယ်ဆိုရင်တော့ ဤလင့်ခ် http://bit.do/sayar-subjects မှာ ရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ ဆက်သွယ်လိုက်ပါ။

Read times
Rate this articles
(2 votes)