×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 04 July 2019

"အဆင့်မြင့် အင်္ဂလိပ်စကား အသုံးအနှုန်းများ"

"အဆင့်မြင့် အင်္ဂလိပ်စကား အသုံးအနှုန်းများ" google.com

ဒီတစ်ကြိမ်မှာတော့ ကျနော်နှစ်သက်မိတဲ့ နိုင်ငံတကာ စကားပုံလေးတွေကို တင်ဆက်လိုက်ပါတယ်။

နိုင်ငံတကာစကားပုံများဆိုသော်လည်း Reader’s digest မဂ္ဂဇင်းကနေ အင်္ဂလိပ်လို ထုတ်ဝေပြီးသား ဖြစ်တဲ့အပြင် တိုက်ရိုက် လုံးချင်း ဘာသာပြန်ပြီး နားလည်နိုင်တဲ့အတွက် အခွင့်သင့်တဲ့အခါ သူ့အတိုင်းပဲ သုံးလို့ရပါတယ် ။ သို့သော် ကျနော်က စေတနာမိုးတွေ သွန်းဖြိုးလိုက်ချင်သေးတဲ့အတွက် ၀ါကျလေးတွေနဲ့ ချိတ်ဆက်ပြပေးထားလိုက်ပါတယ် ။

သူ့မူလ Idea လေးရယ် ကျနော်တို့ထပ်ပေါင်းချင်တဲ့ Idea လေးရယ်ကို ချိတ်ဆက်ပြီး လိုသလို တိုးချဲ့ အသုံးပြုနိုင်စေချင်တဲ့အတွက် နမူနာလုပ်ပြတဲ့သဘော ဖြစ်ပါတယ်။



(1) “Fall seven times, stand up eight.” —Japanese proverb
ခုနှစ်ကြိမ်လဲကျလျှင် ရှစ်ကြိမ်ပြန်ထပါ
.
~ FALL SEVEN TIMES, STAND UP EIGHT. It’s time for you to put this wisdom into action.
ခုနှစ်ကြိမ်လဲကျလျှင် ရှစ်ကြိမ်ပြန်ထပါ ၊ ဒီသဘောတရား ဒီအသိပညာကို မင်းရဲ့ ဘ၀မှာ လက်တွေ့အကောင်အထည်ဖော် အသုံးပြုရမယ့် အချိန် ပါပဲ ။



(2) “Coffee and love taste best when hot.” —Ethiopian proverb
ကော်ဖီနဲ့ အချစ်ဟာ ပူနေတုန်းမှာ အရသာ အရှိဆုံးပါ
..
~ IT IS SAID THAT COFFEE AND LOVE TASTE BEST WHEN HOT, but you always make my heart beat too fast.
ကော်ဖီနဲ့ အချစ်ဟာ ပူနေတုန်းမှာ အရသာ အရှိဆုံးလို့ ဆိုပါတယ် ၊ ဒါပေမယ့် မင်းကတော့ အမြဲတန်း ကိုယ့်ကို ရင်ခုန်သံတွေ မြန်လွန်းအောင် လုပ်နိုင်စွမ်းသူလေးပါကွယ်။

 

(3) “It takes a whole village to raise a child.” —African proverb
ကလေးတစ်ယောက် လုံခြုံအေးချမ်းစွာ လူလားမြောက် ကြီးပြင်းလာဖို့ ဆိုတာဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ တာဝန်ဖြစ်ပါတယ်။
..
A whole village ဆိုတာကို community အဖြစ် တိုးချဲ့ပြီး နားလည်ရမှာဖြစ်ပါတယ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖတ်ရှုနိုင်ပါတယ်။
It takes a village to raise a child is an African proverb that means that an entire community of people must interact with children for those children to experience and grow in a safe and healthy environment. ITS UPBRINGING BELONGS TO THE COMMUNITY.
(upbringing (noun): ကြီးပြင်းလာရခြင်း)
..
~ IT TAKES A WHOLE VILLAGE TO RAISE A CHILD and it’s important that we see all the children as our children.
ကလေးတစ်ယောက် လုံခြုံအေးချမ်းစွာ လူလားမြောက် ကြီးပြင်းလာဖို့ ဆိုတာဟာ လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ တာဝန်ဖြစ်ပြီးတော့ ကလေးငယ်အားလုံးဟာ ကျနော်တို့ရဲ့ သားသမီးများအဖြစ် ရှုမြင်ကြဖို့ဟာလည်း အရေးကြီးပါတယ်။

 


Credit : Win Naing Oo

အင်္ဂလိပ်ဘာသာစကား သင်ကြားပေးသော ဆရာ၊ ဆရာမများကို တစ်နေရာထဲမှာ လွယ်လွယ်ကူကူနဲ့  စုံစုံလင်လင် ရှာဖွေချင်ရင် တော့

ဤလင့်ခ် Languages, Academics လေးကိုသာ နှိပ်လိုက်ပါ။ အဲ့ဒီ လင့်ခ်ထဲမှာ အင်္ဂဘသာ စကား သင်ကြားပေးသော ဆရာ၊ ဆရာမများ၏ ကိုယ်ရေး အချက်အလက်အစုံအလင်ရှိပါတယ်။

 

Read times Last modified on Thursday, 04 July 2019 10:27
Rate this articles
(0 votes)