×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 04 July 2019

"ကြိုးစားချင်စိတ်ဖြစ်ပေါ်လာနိုင်စေမည့်ရုပ်ရှင်ကားကောင်း (၉) ကား"

"ကြိုးစားချင်စိတ်ဖြစ်ပေါ်လာနိုင်စေမည့်ရုပ်ရှင်ကားကောင်း (၉) ကား" google.com

စိတ်ဓာတ်တွေကျနေတယ် ၊ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး ဆိုရင် ဒီကားလေးတွေ ကြည့်လိုက်ပါ။


(1) The Theory of Everything

the theory of everything 554067215d732

 

https://bit.ly/2XmgKbn

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း အကြာင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Amyotrophic Lateral Sclerosis (ALS) ဆိုတဲ့ ရောဂါဆိုးကြီး ကိုခံစားနေရတဲ့ စတီဖင်ဟော့ကင်းဟာ သူ့ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန် တွေကို ဝှီးချဲပေါ်မှ ကုန်ဆုံးခဲ့ရပေမယ့် သူရဲ့ အတွေးတွေဟာ ဝှီးချဲပေါ်မှာ မဟုတ်ဘဲ တခြားဘယ်လူသားမှ မရောက်ဖူးသေးတဲ့ အလင်းနှစ်ပေါင်း ထောင်ချီဝေးတဲ့ ကြယ်တာရာတွေဆီမှာ ရောက်ရှိ အချိန်ကုန်ဆုံးခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

 

(2) Rudy

9135673844019040758

 

https://bit.ly/2RT3mWj

အမေရိကန် Football ကို အရမ်း ဝါသနာပါတဲ့ Rudy တစ်ယောက် Notre Dame ဆိုတဲ့ အင်ဒီယားနားပြည်နယ်မှာ ရှိတဲ့ ကောလိပ် Football Team ကို ဝင်ချင်ပေမယ့် ငွေကြေး ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု မပြည့်စုံတဲ့အခါမှာတော့ ဝင်ခွင့်ရဖို့ကြိုးစားတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။


(3) 3 Idiots

80 806947 3 idiots movie poster idiots 3 1

 

https://bit.ly/2RWrtTN

သူငယ်ချင်းနှစ်ယောက်ဟာ ကွဲကွာသွားတဲ့ သူတို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝက သူငယ်ချင်းကို လိုက်ရှာရင်း တက္ကသိုလ်နေ့စွဲတွေကို ပြန်ပြောင်း သတိရပုံကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ကျန်အတန်းသားတွေက သူတို့ကို ငတုံးတွေလို့ ခေါ်ခဲ့ပေမယ့် သူတို့နှစ်ယောက်ရဲ့ တွေးခေါ်ပုံကို ပြောင်းပေးခဲ့တဲ့ သူငယ်ချင်းကို ရှာလို့ တွေ့သွားလား ဆိုတာတော့ ရုပ်ရှင်ထဲမှာပဲ ဆက်ကြည့်လိုက်တော့နော်။


(4) Rocky

61NNabHpsL._SY550_.jpg

 

https://bit.ly/2XnL3OI

Philadelphia မြို့လေးက ခပ်ထုံထုံ လက်သစ်တန်း လက်ဝှေ့သမားလေးတစ်ယောက်ရဲ့ ဟဲဗီးဝိတ်ချန်ပီယံ အိပ်မက် ခရီးစဉ်လေးကို အားကျ အတုယူဖွယ် တင်ပြထားတာဖြစ်ပါတယ်။ မင်းသားကြီး စတားလုံးကို နာမည်ကြီးစေခဲ့တဲ့ ရုပ်ရှင်ကား တစ်ခုလည်း ဖြစ်ပါတယ်။


(5) Pursuit Of Happyness

the-pursuit-of-happyness-542034d2ac4a7.jpg

 

https://bit.ly/2Jpv4pv

တကယ့် ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး အုပ်ထိန်းသူနေရာကို ရုတ်တရက် ရောက်သွားတဲ့ တခုလပ် အရောင်းသမား ဖခင်တစ်ယောက်ရဲ့ သားလေးအတွက် ရုန်းကန်ရတဲ့ အခက်အခဲတွေကို ပီပီပြင်ပြင် သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။


(6) Freedom Writer

91IwRQlgStL._SL1500_.jpg

 

အတန်းပိုင် ဆရာမက အသားအရောင်ကြောင့် ခွဲခြားဆက်ဆံခံရတဲ့ ခပ်ဆိုးဆိုး ကလေးတွေရဲ့ ဘဝကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးခဲ့ပုံ နဲ့ ကလေးတွေကြောင့် သူမဘဝ ပြောင်းလဲခဲ့ပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။


(7) I am Bolt

IAmBolt_2048x1536.jpg

 

ဂျာမေကာ အိုလံပစ် အပြေးသမား အူစိန်ဘော့ရဲ့ ဘဝမှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ ကြိုးစားခဲ့ရပုံလေးတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူ ကျောင်းလက်ရွေးစင်ဘဝကနေ နိုင်ငံလက်ရွေးစင် အိုလံပစ် ရွှေတံဆိပ်ဆုရှင် ဖြစ်လာပုံတွေအထိ ရှင်းပြထားတဲ့ Documentary ကောင်း တစ်ခု ဖြစ်ပါတယ်။


(8) Flying Colors

Drama-MAX-Flying-Colors-Review-2A.jpg

 

https://bit.ly/2FQRyPx

ရွှေအိုရောင်ဆံပင်ဆိုးထားတဲ့ ခပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်ဟာ သူ့ ဘဝမှာ မကြုံဘူးတဲ့ ကျူရှင်ဆရာကောင်းတစ်ယောက်နဲ့ စာသင်ကြားခွင့်ရပြီး ဂျပန်မှာရှိတဲ့ အကာင်းဆုံး တက္ကသိုလ်ကို တနှစ်ထဲနဲ့ ဝင်ခွင့်ရအောင် ဖြေဖို့ကြိုးစားပါတော့တယ်။

ကျူရှင်ဆရာက သူမ အရင်သူကြုံတွေ့ခဲ့တဲ့ ဆရာတွေ စာသင်သလိုမျိုး သင်ပေးတာမျိုးမဟုတ်ဘဲ သူမဘာသာရပ် အလိုက် အားနည်းချက်တွေကို စနစ်တကျရှာဖွေပေးပြီး အပျင်းကြီးတဲ့ ကောင်မလေးကို Motivation တွေနေ့စဉ်ပေးပြီး လေ့ကျင့်စေခဲ့တာမျိုးကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။


(9) Forrest Gumps

1994-forrest_gump-poster.jpg

 

https://bit.ly/2XprHnI
ဒီဇာတ်ကားမှာတော့ ကျွန်တော်တို ရဲ့  မင်းသားကြီး Tom Hanks က ဦး နှောက် အနည်းငယ် ချို့ ယွင်းနေတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ။

ဘဝက ဘယ်လောက်ခက်ခဲခက်ခဲ ဘာကိုမှ ဂရုမစိုက်ပဲ ကိုလုပ်နေတာကို သေချာလုပ်ရင် အောင်မြင်မှုတွေ ရနိုင်ကြောင်းကို ရိုက်ကူးထားတဲ့ Comedy-Drama ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အရမ်းစိတ်ဝင်စားစရာလည်းကောင်းပါတယ်။

 

Credit :https://www.facebook.com/myanlearn/?ref=br_rs

 

- သင့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။

- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကျောင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမ    များကိုရှာဖွေ နိုင်ပါသည်။

- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် sayar.com.mm လေးကိုသာနှိပ်လိုက်ပါ။

Read times Last modified on Saturday, 06 July 2019 19:03
Rate this articles
(1 Vote)