×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 18 July 2019

"ကျောင်းသားလူငယ်တွေ ဘာကြောင့်ခရီးသွားသင့်လဲ"

"ကျောင်းသားလူငယ်တွေ ဘာကြောင့်ခရီးသွားသင့်လဲ" pexels

ကျောင်းသား လူငယ်တွေအနေနဲ့ ကျောင်းစာသင်ရင်း ကျောင်းစာအပြင် ပြင်ပ ဗဟုသုတ၊ ဒေသန္တာရ ဗဟုသုတ အတွေ့အကြုံတွေရအောင် ခရီးသွားလည်း သွားသင့်ပါတယ်။

ဒါကြောင့်မို့လို့ ကျောင်းသား လူငယ်တွေ ခရီးသွားရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

 

(၁) ယဉ်ကျေးမှု

pexels-photo-1117808.jpeg

 

ကျောင်းသား လူငယ်တွေအနေနဲ့ ခရီးထွက်တဲ့အခါမှာဆိုရင် ပြင်ပကမ္ဘာကြီးနဲ့ ပိုမိုထိတွေ့ ဆက်ဆံခွင့် ရပါတယ်။ ဒီအချက်ဟာ လူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုပြဿနာတွေကို ထိတွေ့နိုင်ဖို့ အခွင့်အရေးဖြစ်သလို မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လေ့လာနိုင်ဖို့ နည်းလမ်းကောင်းပါပဲ။

 

(၂) ယုံကြည်မှု

hiker-travel-trip-wander-163688.jpeg

 

နေအိမ်ထဲကနေ ထွက်ပြီး ခရီးသွားတဲ့အခါမှာ ကျောင်းသား လူငယ်တွေအဖို့ကတော့ စိန်ခေါ်မှု အမျိုးမျိုးကိုရင်ဆိုင်ရမှာဖြစ်သလို ကိုယ့်ကိုယ်ကို ယုံကြည်စိတ်လည်း ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။

 

(၃) အင်တာနက်

pexels-photo-297755.jpeg

 

အုပ်စုနဲ့ပဲဖြစ်ဖြစ် Program တခုကနေပဲဖြစ်ဖြစ် နိုင်ငံတကာကို ခရီးသွားရတဲ့ ကျောင်းသား လူငယ်တွေအဖို့ အဓိက အားထားစရာဟာ အင်တာနက်ပါ။ အင်တာနက်က လမ်းညွှန်တွေကို ကြည့်ခြင်းအားဖြင့် ကိုယ်လိုရာခရီးကို အလွယ်တကူ သွားရောက်နိုင်မှာ ဖြစ်တဲ့အတွက် အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ခြင်းကလည်း ခရီးထွက်တဲ့ ကျောင်းသား လူငယ်တွေအဖို့ အရေးပါပါတယ်။

"အင်္ဂလိပ်စာလေ့လာရာတွင် ဝေါဟာရစကားလုံးကြွယ်ဝအောင် ဘယ်လိုလုပ်မလဲ"

 

(၄) အတွေးအမြင်

pexels-photo-1252500.jpeg

 

ခရီးထွက်တဲ့ ကျောင်းသာ လူငယ်တွေ အဖို့ကတော့ မြင်ရသမျှအရာရာဟာ အထူးအဆန်း ဖြစ်နေမှာပါပဲ။ ကြုံရသမျှ အရာရာကို မေးခွန်းထုတ်လာပါလိမ့်မယ်။ ဒါဟာ ကောင်းမွန်တဲ့ကိစ္စတရပ်ပါ။ ဒီအခြေအနေတွေကနေ တဆင့် မတူကွဲပြားတဲ့ အတွေးအမြင်တွေကို ရရှိလာပါလိမ့်မယ်။

 

(၅) တိုးတက်မှုနဲ့လွတ်လပ်မှု

pexels-photo-1371360.jpeg

 

ခရီးသွားခြင်းဟာ လွတ်လပ်မှုတခုဖြစ်ပြီး ကိုယ်ဘာလုပ်နိုင်သလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်သိစေနိုင်ပါတယ်။ သူတပါး အကူအညီ သိပ်မဝင်တော့တဲ့အတွက် လွတ်လပ်သလို ကိုယ့်ကိုယ်ကို ပိုမို တိုးတက်လာစေပါလိမ့်မယ်။

 

(၆) သူငယ်ချင်းအသစ်များ

pexels-photo-1574650.jpeg

 

ခရီးသွားခြင်းဟာ ဆက်ဆံရေး အသစ်တခုကို ထူထောင်တာဖြစ်သလို ဘာသာစကား အတားအဆီးကို ကျော်ဖြတ်ရတာပါ။ မတူညီတဲ့ ဘာသာစကား အသီးသီးနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ထိတွေ့ ဆက်ဆံရမှာဖြစ်တဲ့အတွက် ခရီးထွက်တဲ့ ကျောင်းသား လူငယ်တွေအဖို့တော့ ခင်မင်စရာ သူငယ်ချင်းတွေ ထပ်ပြီး တိုးလာပါလိမ့်မယ်။

"ကျောင်းပြီးတာနဲ့ လစာကောင်းတဲ့အလုပ်ရဖို့ ဒါတွေသိဖို့ လိုပါတယ်"

 

 

Ref : worldstrides

sayar.com.mm

ကျောင်းသားများအနေနဲ့  မိမိသင်ယူလိုသောဘာသာရပ်များကို သင်ကြားပေးသော ဆရာ၊ ဆရာမများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ၊ စုံစုံလင်လင်စုံစမ်းသိရှိချင်ရင်တော့

sayar.com.mm မှာရှိတဲ့ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။

 

 

Read times
Rate this articles
(0 votes)