×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 06 August 2019

တက္ကသိုလ်မှာ ရည်းစားထားသင့်ရဲ့လား?

တက္ကသိုလ်မှာ ရည်းစားထားသင့်ရဲ့လား? pexels

ကျောင်းပြီးမှ နောင်တရမိတာ တစ်ခုပဲရှိတယ် ရည်းစားမထားခဲ့မိဘူး။ 
အခုမှ စဉ်းစားမိတာက တက္ကသိုလ်ကျောင်းသားဘဝမှာ ရည်းစားထားသင့်တယ်။


ဒါပေမယ့် အခု လူငယ်တွေဖြစ်နေတဲ့ပုံစံမျိုးနဲ့တော့မထားသင့်ဘူး။
ကျွန်တော်ရည်စားမထားတာကလည်း အဲ့ဒါမျိုးတွေကို စိတ်ပျက်လို့။
နေ့တိုင်းလည်းကျောင်းမှာ တွေ့နေကျတယ် အဲ့ဒါကို ကျောင်းကပြန်ရောက်တာမှ မကြာဘူး ဖုန်းပြောကြတာ သန်းခေါင်ကျော်ထိ မပြီးတော့ဘူး ..အလုပ်ပျက်အကိုင်ပျက်ကိုပြောတာ ဖြစ်သင့်ရဲ့လား ။
ပြီးရင် အကျိုးရှိမည့် workshopတွေ meeting တွေ ရည်းစားလေးနဲ့တူတူသွားပေါ့။
အဲ့လိုကျ ခေါ်မရဘူး မသွားကျဘူး။ ပိတ်ရက်ဆို ပန်းခြံသွားတယ်၊ မဟုတ်ရင်ရုပ်ရှင်ကြည့်တယ် မဟုတ်ရင် ဈေးဝယ်သွား မုန့်စား ဒီလောက်နဲ့ပြီးနေကျတ။
ပြီးရင် ရည်းစားရပြီဆိုတာနှင့် ဘေးက သူငယ်ချင်းတွေ ကျောင်းကိစ္စတွေအကုန်မေ့ပြီး နှစ်ယောက်တစ်ကမ္ဘာတည်….တကယ်ကို ရည်းစားရပြီဆိုတာနှင့် လူ့ဘောင်အပြင်ဘက်ရောက်သွားကျတယ်
ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်လည်း…
ကျွန်တော်ဖြစ်စေချင်တာက ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းလည်းလုပ် ပျော်လည်းပျော် ဘယ်သွားသွားအဖော်လေးတစ်ယောက်ပါတော့ရဲလည်းရဲတာပေါ့…ပြီးရင် အကန့်တွေခွဲထား..
ရည်းစားကတစ်ကန့် သူငယ်ချင်းကတစ်ကန့် ကျောင်းကတစ်ကန့် သူ့အကန့်လေးနဲ့သူနေပေါ့
ကိုယ့်ရဲ့ personal life လေးတော့ချန်ထားပေါ့ အခုတော့ ရည်းစားရတာကိုဂုဏ်တွေယူပြီး အကုန်မေ့သွား..
ရည်းစားနဲ့လည်းကွဲရော အသည်းတွေကွဲပြီး မသိရင် တစ်ကမ္ဘာလုံးကပဲသူ့ကိုလျစ်လျူရှူထားသလို သူငယ်ချင်းတွေကပဲ သူ့ကိုပစ်ပြီးထားခဲ့သလို…အမြင်တွေကပ်လိုက်တာဆိုတာ…
အဲ့ဒါမျိုးတွေမုန်းလို့ကို ရည်စားမရှာတော့တာ…
အခုဖြစ်နေကျတာတွေက မမြင်ဖူးတော့ မူးကို မြစ်ထင် ဆိုသလိုပဲ….
အဲတော့ တက္ကသိုလ်ကျောင်းသားတွေကို အကြံပေးချင်တာက ကျောင်းတက်တုန်း ရည်းစားထားခဲ့ပါ ။…ဘယ်လိုထားရမလည်းဆိုတာ ကတော့............

 

၁။ တိုးတက်ဖို့အတွက် ရည်းစားထားပါ

pexels-photo-2174656.jpeg

 

ရည်စားထားမှ ဆုတ်ယုတ်သွားလို့မရပါဘူး နှစ်ယောက်ဖြစ်ရင် နှစ်ဆတိုးရမှာပါ။

အရင်တုန်းက တစ်ယောက်တည်းမလို့အတန်းမမှန်ရင် အခုက နှစ်ယောက်ဆိုတော့ပိုမှန်ရပါမယ်။

ရည်းစားနဲ့တွေ့ဖို့ကျောင်းတော့လာပါရဲ့ အတန်းတော့မတက်ဘူးဆိုရင်လည်း မဟုတ်သေးပါဘူး။
တစ်ယောက်နဲ့တစ်ယောက်ထိန်းကျောင်းပေးပါ…လမ်းမှန်တည့်ပေးပါ။
နောင် ကိုယ့်ဘဝတိုးတက်ဖို့အတွက်လုပ်စရာရှိတာတွေကိုနှစ်ဆလုပ်ပေးပါ။
ဖုန်းပြောနေတာ ရန်ဖြစ်နေတာ စိတ်ကောက်နေတာတွေနဲ့ပဲ အချိန်မကုန်ပါစေနှင့်
ရည်းစားရပြီးမှ နှစ်ယောက်ပေါင်းပြီး ကျောင်းပြေးမနေပါနဲ့။

 

၂။ လူကြီးဆန်ဆန်ရည်းစားထားပါ

pexels-photo-1483024.jpeg


အကန့်တွေရောပစ်တဲ့ ကလေးအထာတွေမလုပ်ပါနဲ့။
လူကြီးလူကောင်းဆန်ဆန်ရည်းစားထားရပါမယ်။
အလုပ်ကတစ်ကန့် သူငယ်ချင်းကတစ်ကန့် ကျောင်းကိစ္စကတစ်ကန့်..သူ့ဟာနဲ့သူထားပါ။

ရည်စားရသွားကာမှ မျက်စိလည်းမမြင် နားလည်းမကြား ဖြစ်သွားတတ်ပါတယ်။
အမြဲတမ်း တပူးပူးတတွဲတွဲနဲ့ ခွာမရအောင်ဖြစ်နေတာက ကလေးကွက်တွေပါ။
အဲ့လိုဖြစ်နေရင် အမြန်သာရှောင်ပါ …ကိုယ့်ကို ပျက်စီးစေပါလိမ့်မယ် စိတ်ညစ်စရာတွေပေးလာပါလိမ့်မည်။
ကိုယ့်ရဲ့ personal life သူ့ရဲ့ personal life အပြန်အလှန်နားလည်ပါ။

 

၃။ ချစ်ရုံသာချစ်ပါ။ မစွဲလန်းပါစေနှင့်

pexels-photo-38870.jpeg


အဓိကက စွဲလန်းသွားကျတာပဲ
ဖုန်းပြောရတာလေး စွဲလန်းသွားတာမျိုး..အထိအတွေ့ကို စွဲလန်းသွားတာမျိုးတွေက ပြဿနာ..
မတွေ့ရ မနေနိုင်တွေဖြစ်…အသံလေးမကြားရရင် ရူးမလိုတွေဖြစ်…အလုပ်ပျက် အစားပျက်..
အကုန်ပျက်..တာ စွဲလန်းလွန်သွားလို့ပါ..အဲ့ဒါကို သတိထားရပါမယ်။

မစွဲလန်းအောင် ရည်းစားထားပါ..ရည်းစားနဲ့ကွဲလို့ စာမကျက်နိုင်တွေဖြစ် စာမေးပွဲတွေကျ..
Depression တွေဝင် လူမမာရုပ်ကိုပေါက်လို့
ကိုယ့်ဆန္ဒကို သိက္ခာနဲ့ထိန်းရပါမည် လုပ်စရာရှိတာကို ဆက်လုပ်နေရပါမည် အသည်းကွဲတာအကြောင်းပြပြီး လမ်းချော်သွားလို့မရပါဘူး။

 

၎။ အဖော်ရအောင် ရည်းစားထားပါ

pexels-photo-1415131.jpeg


ဆက်ဆံရေးတစ်ခုတည်ထောင်ရင် နှစ်ဦးနှစ်ဖက်အကျိုးရှိဖို့လိုပါတယ်။
သူ့မှာ တက်စရာ workshop ရှိလည်း လိုက်သွား ကိုယ့်မှာသွားစရာရှိရင်လည်းခေါ်
စိတ်တူကိုယ်တူရည်းစားလေးဆိုရင်တော့ ပိုကောင်းတာပေါ့ ။
ဘယ်သွားသွား ဘာကိုပဲသင်ယူသင်ယူ အဖော်ရတာပေါ့။
နှစ်ယောက်ပေါင်းပြီး ကောာင်းတာတွေပိုလုပ်လို့ရတော့ နှစ်ယောက်လုံး အကျိုးရှိတာပေါ့။

 

၅။ သင်ယူဖို့အတွက် ရည်းစားထားပါ

pexels-photo-2532245.jpeg


ရည်းစားထားရင်း သင်ယူလို့ရတာတွေအများကြီးပါ။
Management skill တက်လာပါလိမ့်မယ်။
ကိုယ့်ရဲ့ အချိန်ကိုလည်း စီမံခန့်ခွဲတက်လာပါလိမ့်မည်။
သူငယ်ချင်းတွေနဲ့ရည်းစားကြား ဘယ်လိုညှိမလည်း စကားကိုဘယ်လိုအဆင်ပြေအောင်ပြောရမလည်း

ကျောင်းကိစ္စ ရည်းစားကိစ္စ သူငယ်ချင်းကိစ္စပေါင်းဆုံကို အဆင်ပြေအောင် တစ်ဘက်ဘက်မှာ အားနည်းမသွားအောင် အကုန်လုပ်ဆောင်တတ်ဖို့သင်ယူရပါမယ်။
ရည်းစားရှိရင် ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာအောင် စီမံခန့်ခွဲတတ်အောင် လူအကြောင်းနာလည်လာအောင် အများကြီး သင်ယူလို့ရပါတယ်။

 

 

Sources : Live The Dream

Sayar.com.mm

 

 

Read times Last modified on Tuesday, 06 August 2019 17:39
Rate this articles
(2 votes)