×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 07 August 2019

"ကလေးငယ်တွေအတွက် ဘာသာရပ်တစ်ခုလိုသင်ကြားပေးသင့်တဲ့ သီချင်း၊ ဂီတ"

"ကလေးငယ်တွေအတွက် ဘာသာရပ်တစ်ခုလိုသင်ကြားပေးသင့်တဲ့ သီချင်း၊ ဂီတ" pexels

ဂီတဆိုတာ ကျွန်တော်တို့ အားလုံးနဲ့ အနီးဆုံးနေရာမှာရှိပါတယ်။ တစ်ချို့ က သီချင်းဆိုတာ ကိုနှစ်သက်ကြတယ်။

တစ်ချို့ က ဂီတ တူရိယာ တစ်ခုခု တီးခတ် တာကို နှစ်သက်ကြတယ်၊ တစ်ချို့ကြတော့ သီချင်းနဲ့အတူ ကခုန်ရတာကိုနှစ်သက်ကြတယ်။ အမျိုးမျိုးပေါ့။ ဂီတဆိုတာ စိတ်အပန်းပြေစေတယ်၊ စိတ်ကိုပျော်ရွှင်စေတယ်။

အထူးသဖြင့် ကလေးသူငယ်တွေအတွက် ဂီတ ကို ဘာသာရပ်တစ်ခုအနေဲ့ သင်ပေးသင့်ပါတယ်။ ရှင်းရှင်းပြောရရင် ကလေးတွေ ကို ဂီတနဲ့ ရင်းရင်းနှီးနှီး ထားသင့်ပါတယ်။

သီချင်းဆိုတာနဲ့ ကတာတွေ ပြုလုပ်လေ့ရှိတဲ့ ကလေးတစ်ယောက်ဟာ ကြီးလာတဲ့ အခါ သူတို့ ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ဘာသာ စကားကျွမ်းကျင်မှု၊ ပေါင်းသင်းဆက်ဆံရေးတို့ တွင့်  များစွာ အထောက်ကူပြုပြီး တိုးတက်ကောင်းမွန် တာကိုတွေ့ ရပါတယ်။

ဒါ့အပြင် နောက်ထပ် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတော့................


(၁) မှတ်ဥာဏ်နဲ့ နားထောင်မှုစွမ်းရည်ကိုတိုးတက်စေတယ်
ကလေးငယ်တွေကို ငယ်စဉ်ကတည်းကဂီတနဲ့ မိတ်ဆက်ပေးထားမယ်ဆိုရင် အာရုံစူးစိုက်မှု ကောင်းလာခြင်း၊ မှတ်ဥာဏ်တိုးတက်လာခြင်းနဲ့ နားထောင်မှု စွမ်းရည်မြင့်တက်လာနိုင်ပါတယ်။

သီချင်းစာသားတွေက စကားပြောတတ်ခါစ ကလေးငယ်တွေကို စကားလုံးတွေ တိုးလာစေပါတယ်။စကားလုံးတွေကို ဘယ်နေရာမှာ အသုံးပြုရမယ်ဆိုတာ သိလာပါတယ်။


(၂) ကိုယ်လက်လှုပ်ရှားမှုတွေကို တိုးတက်လာစေတယ်
ကလေး တွေအနေနဲ့  သီချင်းနားထောင်ပြီး ကခုန်ခြင်းတွေပြုလုပ်မယ်ဆိုရင် ခန္ဓာကိုယ် နဲ့ ဦးနောက်ကြား ဆက်သွယ် မှုတွေ ကို တိုးတက်စေပါတယ်။

နားထောင်နိုင်စွမ်းတိုးလာတာကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်ပြေပြေ ဆက်သွယ်လာနိုင်ပါတယ်။ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သီချင်းလေးတွေကို မကြာခဏ ဖွင့်ပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်ရဲ့ အသက်အရွယ်အလိုက် သင့်တော်တဲ့ သီချင်းလေးတွေကိုလည်း ရွေးချယ်ပေးဖို့ မမေ့ပါနဲ့။


(၃) ဖန်တီးနိုင်မှုစွမ်းရည်ကိုတိုးတက်လာစေတယ်
သီချင်းက ဦးနှောက်ကို လှုံ့ဆော်ပေးတာကြောင့် သင်ယူနိုင်စွမ်း နဲ့ အာရုံစူးစိုက်မှုတို့ကိုတိုးမြင့်လာစေပါတယ်။သိချင်စိတ်ပြင်းထန်လာတာနဲ့ ဖန်တီနိုင်စွမ်းတွေ တိုးလာစေပါတယ်။


(၄) ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေတယ်
သီချင်းနောက်ကနေလိုက်ပြီး ကခုန်ခြင်း၊ သရုပ်ဆောင်ခြင်းပြုလုပ်လေ့ရှိတဲ့  ကလေးတစ်ယောက်ဟာ အသက်ကြီးလာတဲ့အခါ သာမန်ကလေးတယောက်ထပ်ပိုပြီး ကိုယ့်ကိုယ်ယုံကြည်မှုရှိစေပါတယ်။

ယုံကြည်မှုရှိတဲ့အတွက် လူမှုပေါင်းသင်း ဆက်ဆံရေးတွေလည်း တိုးတက်ကောင်းမွန်စေပါတယ်။

 

 

Sayar.com.mm

Read times Last modified on Wednesday, 07 August 2019 15:50
Rate this articles
(0 votes)