×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 07 October 2019

"(၇) နှစ်ကြာ သုတေသန ပြုလုပ်ပြီးမှ သိရှိခဲ့တဲ့ အောင်မြင်မှုရဲ့ လျို့ဝှက်ချက်များ"

"(၇) နှစ်ကြာ သုတေသန ပြုလုပ်ပြီးမှ သိရှိခဲ့တဲ့ အောင်မြင်မှုရဲ့ လျို့ဝှက်ချက်များ" google.com

<<< Unicode >>>

Richard St. John ဟာ တစ်နေ့မှာ TED Conference တစ်ခုကို တက်ရောက်ဖို့အတွက် လေယာဉ်စီးပြီး သွားခဲ့ပါတယ်။

သူ့ရဲ့ ဘေးနားမှာတော့ ဆယ်ကျော်သက် ကျောင်းသူလေး တစ်ဦး ထိုင်နေပါတယ်။ သူမက အရမ်းဆင်းရဲတဲ့ မိသားစု တစ်ခုက ဆင်းသက်လာပုံရပြီး သူမရဲ့ ဘဝမှာ ထူးခြားတဲ့ အရာတွေကို လုပ်လိုစိတ် ရှိပါတယ်။ သူမက အလွန်ရိုးရှင်းတဲ့ မေးခွန်းတစ်ခု မေးပါတယ်။ “ ဘာက အောင်မြင်မှုကို ရရှိစေနိုင်တာလဲ “ တဲ့။ Richard St. John တော်တော်လေး စိတ်ကျဉ်းကြပ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမကို အကောင်းဆုံး အဖြေတစ်ခု မပေးနိုင်ခဲ့တဲ့အတွက်ပါ။

လေယာဉ်ပေါ်က ဆင်းလာပြီးတဲ့နောက်မှာ TED Conference ကို သွားခဲ့တယ်။ သူဟာ နောက်ဆုံး အောင်မြင်တဲ့သူတွေချည်းရှိနေတဲ့ အခန်းကြီးရဲ့ အလယ်ကို ရောက်နေပါပြီ။ ဒါကြောင့် သူတို့ကို ဘာက အောင်မြင်မှု ရစေခဲ့တာလဲဆိုတာ မေးမြန်းဖို့ အတွေးရသွားခဲ့ပါတယ်။

အင်တာဗျုးပေါင်း ( ၅၀၀ ) ကျော်ကို ( ၇ ) နှစ်ကျော် ကာလအတွင်းမှာ သူ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဘယ်အရာတွေက လူတစ်ယောက်ကို အောင်မြင်မှု ရရှိစေနိင်သလဲ ဆိုတာ သူ သိရှိခဲ့ရပါတယ်။


(၁) အချက်ကတော့ Passion ပါ

အလုပ်တစ်ခုကို ပိုက်ဆံရဖို့သက်သက် မလုပ်ပါနဲ့။ ကိုယ်တစ်ကယ် ဝါသနာပါပြီး တစ်ကယ်လုပ်ချင်စိတ် ရှိမှသာ လုပ်ပါ။ တကယ် တစိုက်မတ်မတ်သာ လုပ်ရင် ငွေက သူ့အလိုလို ဝင်လာပါလိမ့်မယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ မိမိလုပ်ချင်တာကို လုပ်နေရတဲ့အတွက် အလုပ်လုပ်နေတယ်လို့ မတွေးမိတော့ပဲ အမြဲ ပျော်ရွှင်နေပါလိမ့်မယ်။


(၂)အချက်ကတော့ Work ပါ

ဒါပေမဲ့ Rupert Murdoch က ပြောပါတယ်။ “ ဘယ်အလုပ်ပဲဖြစ်ဖြစ် အနည်းနဲ့အများ ပင်ပန်းတာချည်းပါပဲ၊ ဘယ်အရာကမှ လွယ်လွယ်လေး ရတာမရှိပါဘူး။ ဒါပေမဲ့ အလုပ်လုပ်ရင်းနဲ့ ပျော်ရွှင်စရာတွေ ဖန်တီးပါ။ ငါဆို အမြဲတမ်း အလုပ်လုပ်တဲ့အခါ ပျော်နေရပါတယ် “ တဲ့။

 

(၃)အချက်ကတော့ Good ပါ

ဘယ်အရာမဆို ဘယ်အလုပ်မဆို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ ဒီနေရာမှာ ထူးထူးခြားခြား ဘာမျက်လှည့်မှ မရှိပါဘူး။ အမြဲတမ်း ကျွမ်းကျင်မှု ရှိအောင်သာ လေ့ကျင့်ယူပါ။ ပြီးတော့ အကောင်းဆုံးတွေ လုပ်ဆောင်ပါ။

Recommended For You >>> "အလုပ်နဲ့ပတ်သတ်ပြီး လူငယ်တွေမှားယွင်းစွာ လက်ခံထားတဲ့ အယူအဆများ"


(၄) အချက်ကတော့ Focus ပါ

“ အလုပ်တစ်ခုထဲပေါ်မှာပဲ မင်းကိုယ်မင်း အာရုံစိုက်ပြီး လုပ်ပါ။ “ လို့ Norman Jewison က ပြောဖူးပါတယ်။ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် လုပ်နေမယ့်အစား အတတ်ပညာ သို့ အသိပညာ တစ်ခုခုကို သေချာ ကျွမ်းကျင်ပြီး သိနားလည်အောင် လုပ်ထားတာက အကောင်းဆုံးပါ။


(၅) အချက်ကတော့ Push ပါ

ငါမလုပ်နိုင်သေးဘူး၊ ငါမတော်လာသေးဘူး စသဖြင့် အမြဲတွေးပြီး ပိုမို လေ့လာ သင်ယူပါ။ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပါ။ ဥပမာ - ကိုယ်က ကွန်ပျူတာပညာရပ်ကို ကျွမ်းကျင်ချင်တယ်ဆိုရင် နေ့တိုင်း အပျင်းစိတ် မဝင်လာအောင် တွန်းအားပေးပြီး လေ့လာပါ။


(၆) အချက်ကတော့ Serve ပါ

လူငယ်တော်တော်များများက မီလျံနာ ဖြစ်ချင်ကြတယ်။ အိုကေ။ ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်။ မင်းတို့အတွက် မင်းတို့ အလုပ်မလုပ်ရဘူး။ အခြားသူတွေကို တန်ဖိုးတစ်ခုခု ပေးရမယ်၊ ဝန်ဆောင်မှု ပေးရမယ်။ အဲဒါကသာ မင်းတို့ကို တကယ် ချမ်းသာစေမယ့် နည်းလမ်း ဖြစ်ပါတယ်။

 

(၇) အချက်ကတော့ Ideas ပါ

Bill Gates က ပြောတယ်။ “ ငါ့မှာ အိုင်ဒီယာတစ်ခုရှိတယ်၊ အဲဒါကတော့ ပထမဦးဆုံး Micro-Computer Software ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ပါပဲ “ တဲ့။ တကယ်ကို ကောင်းတဲ့ အိုင်ဒီယာတစ်ခု ဖြစ်ခဲ့တာကြောင့် သူဟာ အောင်မြင်တဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ အိုင်ဒီယာကောင်းတစ်ခု ရဖို့ဆိုရင် လေ့လာပါ၊ သင်ယူပါ၊ သိလိုစိတ် ပြင်းပြပါ၊ မေးခွန်းမေးပါ၊ ပြဿနာတွေကို ဖြေရှင်းပါ၊ မပုန်းရှောင်ပါနဲ့။


(၈) နောက်ဆုံးတစ်ချက်ကတော့ Persist ပါ

ခံနိုင်ရည်ရှိခြင်းဟာ အောင်မြင်ခြင်းရဲ့ နံပါတ်တစ် အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်လို့ Joe Kraus က ပြောပါတယ်။ အမှန်ပါပဲ။ အရှုံးတွေကို ကြံ့ကြံ့ခံနိုင်မှသာ သင့်ကို အောင်မြင်မှုနဲ့ နီးစေမှာပါ။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://bit.ly/2EbNTuO မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

<<< Zawgyi >>>

(၇) ႏွစ္ၾကာ သုေတသန ျပဳလုပ္ျပီးမွ သိရွိခဲ့တဲ႔ ေအာင္ျမင္မႈရဲ႕ လ်ိဳ႕ဝွက္ခ်က္မ်ား
Richard St. John ဟာ တစ္ေန႔မွာ TED Conference တစ္ခုကို တက္ေရာက္ဖို႔အတြက္ ေလယာဥ္စီးျပီး သြားခဲ႔ပါတယ္။


သူ႔ရဲ႕ ေဘးနားမွာေတာ႔ ဆယ္ေက်ာ္သက္ ေက်ာင္းသူေလး တစ္ဦး ထိုင္ေနပါတယ္။ သူမက အရမ္းဆင္းရဲတဲ႔ မိသားစု တစ္ခုက ဆင္းသက္လာပံုရျပီး သူမရဲ႕ ဘဝမွာ ထူးျခားတဲ႔ အရာေတြကို လုပ္လိုစိတ္ ရွိပါတယ္။ သူမက အလြန္ရိုးရွင္းတဲ႔ ေမးခြန္းတစ္ခု ေမးပါတယ္။ “ ဘာက ေအာင္ျမင္မႈကို ရရွိေစနုိင္တာလဲ “ တဲ႔။ Richard St. John ေတာ္ေတာ္ေလး စိတ္က်ဥ္းၾကပ္သြားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ႔ သူမကို အေကာင္းဆံုး အေျဖတစ္ခု မေပးနိုင္ခဲ႔တဲ႔အတြက္ပါ။

ေလယာဥ္ေပၚက ဆင္းလာျပီးတဲ႔ေနာက္မွာ TED Conference ကို သြားခဲ႔႔တယ္။ သူဟာ ေနာက္ဆံုး ေအာင္ျမင္တဲ႔သူေတြခ်ည္းရွိေနတဲ႔ အခန္းၾကီးရဲ႕ အလယ္ကို ေရာက္ေနပါျပီ။ ဒါေၾကာင့္ သူတို႔ကို ဘာက ေအာင္ျမင္မႈ ရေစခဲ႔တာလဲဆိုတာ ေမးျမန္းဖို႔ အေတြးရသြားခဲ႔ပါတယ္။

အင္တာဗ်ဳးေပါင္း ( ၅၀၀ ) ေက်ာ္ကို ( ၇ ) ႏွစ္ေက်ာ္ ကာလအတြင္းမွာ သူ လုပ္ေဆာင္ခဲ႔ျပီးတဲ႔ေနာက္ ဘယ္အရာေတြက လူတစ္ေယာက္ကို ေအာင္ျမင္မႈ ရရွိေစနိင္သလဲ ဆိုတာ သူ သိ႐ွိခဲ့ရပါတယ္။


(၁) အခ်က္ကေတာ႔ Passion ပါ

အလုပ္တစ္ခုကို ပိုက္ဆံရဖို႔သက္သက္ မလုပ္ပါနဲ႔။ ကိုယ္တစ္ကယ္ ဝါသနာပါျပီး တစ္ကယ္လုပ္ခ်င္စိတ္ ရွိမွသာ လုပ္ပါ။ တကယ္ တစိုက္မတ္မတ္သာ လုပ္ရင္ ေငြက သူ႔အလိုလို ၀င္လာပါလိမ္႔မယ္။ ဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ၊ မိမိလုပ္ခ်င္တာကို လုပ္ေနရတဲ႔အတြက္ အလုပ္လုပ္ေနတယ္လို႔ မေတြးမိေတာ႔ပဲ အျမဲ ေပ်ာ္ရႊင္ေနပါလိမ္႔မယ္။


(၂)အခ်က္ကေတာ့ Work ပါ

ဒါေပမဲ႔ Rupert Murdoch က ေျပာပါတယ္။ “ ဘယ္အလုပ္ပဲျဖစ္ျဖစ္ အနည္းနဲ႔အမ်ား ပင္ပန္းတာခ်ည္းပါပဲ၊ ဘယ္အရာကမွ လြယ္လြယ္ေလး ရတာမရွိပါဘူး။ ဒါေပမဲ႔ အလုပ္လုပ္ရင္းနဲ႔ ေပ်ာ္ရႊင္စရာေတြ ဖန္တီးပါ။ ငါဆို အျမဲတမ္း အလုပ္လုပ္တဲ႔အခါ ေပ်ာ္ေနရပါတယ္ “ တဲ႔။

 

(၃)အခ်က္ကေတာ့ Good ပါ

ဘယ္အရာမဆို ဘယ္အလုပ္မဆို အေကာင္းဆံုးျဖစ္ေအာင္ လုပ္ပါ။ ဒီေနရာမွာ ထူးထူးျခားျခား ဘာမ်က္လွည္႔မွ မရွိပါဘူး။ အျမဲတမ္း ကၽြမ္းက်င္မႈ ရွိေအာင္သာ ေလ႔က်င့္ယူပါ။ ျပီးေတာ႔ အေကာင္းဆံုးေတြ လုပ္ေဆာင္ပါ။


(၄) အခ်က္ကေတာ႔ Focus ပါ

“ အလုပ္တစ္ခုထဲေပၚမွာပဲ မင္းကိုယ္မင္း အာရံုစိုက္ျပီး လုပ္ပါ။ “ လို႔ Norman Jewison က ေျပာဖူးပါတယ္။ ဟိုဟာလုပ္လိုက္ ဒီဟာလုပ္လိုက္ လုပ္ေနမယ္႔အစား အတတ္ပညာ သို႔ အသိပညာ တစ္ခုခုကို ေသခ်ာ ကၽြမ္းက်င္ျပီး သိနားလည္ေအာင္ လုပ္ထားတာက အေကာင္းဆံုးပါ။

Recommended For You >>> "အလုပ္နဲ႔ပတ္သတ္ၿပီး လူငယ္ေတြမွားယြင္းစြာ လက္ခံထားတဲ့ အယူအဆမ်ား"

 


(၅) အခ်က္ကေတာ့ Push ပါ

ငါမလုပ္နိုင္ေသးဘူး၊ ငါမေတာ္လာေသးဘူး စသျဖင့္ အျမဲေတြးျပီး ပိုမို ေလ႔လာ သင္ယူပါ။ ကိုယ္႔ကိုယ္ကိုယ္ တြန္းအားေပးပါ။ ဥပမာ - ကိုယ္က ကြန္ပ်ဴတာပညာရပ္ကို ကၽြမ္းက်င္ခ်င္တယ္ဆိုရင္ ေန႔တိုင္း အပ်င္းစိတ္ မ၀င္လာေအာင္ တြန္းအားေပးျပီး ေလ႔လာပါ။

 


(၆) အခ်က္ကေတာ့ Serve ပါ

လူငယ္ေတာ္ေတာ္မ်ားမ်ားက မီလ်ံနာ ျဖစ္ခ်င္ၾကတယ္။ အိုေက။ ဒါေပမဲ႔ တစ္ခုေတာ႔ ရွိပါတယ္။ မင္းတို႔အတြက္ မင္းတို႔ အလုပ္မလုပ္ရဘူး။ အျခားသူေတြကို တန္ဖိုးတစ္ခုခု ေပးရမယ္၊ ၀န္ေဆာင္မႈ ေပးရမယ္။ အဲဒါကသာ မင္းတို႔ကို တကယ္ ခ်မ္းသာေစမယ္႔ နည္းလမ္း ျဖစ္ပါတယ္။

 

(၇) အခ်က္ကေတာ႔ Ideas ပါ

Bill Gates က ေျပာတယ္။ “ ငါ႔မွာ အိုင္ဒီယာတစ္ခုရွိတယ္၊ အဲဒါကေတာ႔ ပထမဦးဆံုး Micro-Computer Software ကုမၸဏီတစ္ခု တည္ေထာင္ဖို႔ပါပဲ “ တဲ႔။ တကယ္ကို ေကာင္းတဲ႔ အိုင္ဒီယာတစ္ခု ျဖစ္ခဲ႔တာေၾကာင့္ သူဟာ ေအာင္ျမင္တဲ႔သူတစ္ဦး ျဖစ္ခဲ႔ပါတယ္။ အိုင္ဒီယာေကာင္းတစ္ခု ရဖို႔ဆိုရင္ ေလ႔လာပါ၊ သင္ယူပါ၊ သိလိုစိတ္ ျပင္းျပပါ၊ ေမးခြန္းေမးပါ၊ ျပႆနာေတြကို ေျဖရွင္းပါ၊ မပုန္းေရွာင္ပါနဲ႔။

 


(၈) ေနာက္ဆံုးတစ္ခ်က္ကေတာ႔ Persist ပါ

ခံနိုင္ရည္ရွိျခင္းဟာ ေအာင္ျမင္ျခင္းရဲ႕ နံပါတ္တစ္ အေၾကာင္းရင္းတစ္ခု ျဖစ္ပါတယ္လို႔ Joe Kraus က ေျပာပါတယ္။ အမွန္ပါပဲ။ အရႈံးေတြကို ၾကံ႕ၾကံ႕ခံနိုင္မွသာ သင့္ကို ေအာင္ျမင္မႈနဲ႔ နီးေစမွာပါ။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://bit.ly/2EbNTuO မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

sayar.com.mm

Read times Last modified on Monday, 07 October 2019 17:20
Rate this articles
(2 votes)