×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 05 June 2019

အင်္ဂလိပ်ဘာသာလေ့လာဖို့ ဘာတွေလိုအပ်ပါသလဲ?

အင်္ဂလိပ်ဘာသာလေ့လာဖို့ ဘာတွေလိုအပ်ပါသလဲ? google.com

(၁) အချိန်
နေ့စဉ် လေ့လာ၊ နားထောင်၊ ပြောဆို၊ ဖတ်မှတ်နေရပါမယ်။


.
(၂) စိတ်ရှည်မှု
ဘာသာစကားလေ့လာမှုအတွက် အတိုင်းအတာတစ်ခုအထိ ကြာမြင့်တဲ့ အချိန်ကာလတစ်ခု လိုအပ်ပါတယ်။
က) ဆန္ဒမစောပါနဲ့။
ခ) လက်မလျှော့ပါနဲ့။
ဂ) မကြောက်ပါနဲ့။


.
(၃) ပျော်ရွှင်မှု။
ဘာသာစကားလေ့လာမှုမှာ ပျော်ပျော်ရွှင်ရွှင် လေ့လာရင် မငြီးငွေ့ဘဲတိုးတက်မှုမြန်ဆန်မှာ ဖြစ်ပါတယ်။ ပျော်စရာလေးတွေ ဖန်တီးယူရမှာ ဖြစ်ပါတယ်။


.
(၄) ဆရာကောင်း၊ သူငယ်ချင်းကောင်း
ဆရာကောင်းကောင်းရှိရင်၊ အင်္ဂလိပ်စကားအပြောကောင်းတဲ့ သူငယ်ချင်းရှိရင် အတော်လေးအထောက်အကူ ရပါလိမ့်မယ်။ တစ်ခါတလေမှာ စာအုပ်တွေ၊ တိတ်ခွေတွေက လိုချင်တဲ့အဖြေကို မပေးနိုင်တာတွေ ကြုံရတတ်ပါတယ်။


.
(၅) လေ့လာဖေါ်လေ့လာဖက်
အင်္ဂလိပ်စာဝါသနာပါသူတွေနဲ့အတူလေ့လာပါ။ ပျော်ရွှင်စရာကောင်းပြီး စိတ်ညစ်ရတာတွေ လျော့နည်းလာပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ သင်တန်းတက်ပြီးဖြစ်ဖြစ် လေ့လာဖက်အုပ်စုလေးဖွဲ့ပါ။


.
(၆) ဝေါဟာရစာအုပ်
စကားလုံးအသစ်တွေကို ချရေးထားပြီးကျက်မှတ်ဖို့အတွက် ဝေါဟာရမှတ်စုစာအုပ်လေးထားရပါမယ်။ ဖြစ်နိုင်ရင် အဓိပ္ပာယ်ကိုဘာသာမပြန်ပါနဲ့။ ပြီးတော့ နည်းလမ်းကောင်းတစ်ခုက တစ်လုံးချင်းမှတ်တာထက် စာကြောင်းလိုက် ကူးရေးထားပြီးအဓိပ္ပာယ်ကိုမှတ်သားတာပါ။


.
(၇) အဘိဓာန်ကောင်းကောင်းတစ်အုပ်
အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကို ဆိုလိုပါတယ်။ ဒါဟာအင်္ဂလိပ် ဝေါဟာရတွေ ပိုပြီးတိုးပွားစေပါတယ်။
.

••• အင်္ဂလိပ်ဘာသာလေ့လာဖို့ ဒီဗီဒီ (သို့) ဗီဒီယိုဖိုင်ကိုသုံးတာ အတော်ကောင်းပါတယ်။ အကောင်းဆုံးနည်းကတော့-
(၁) အင်္ဂလိပ်စကားပြောဒီဗီဒီ (သို့) ဗီဒီယိုဖိုင်ကို စာတမ်းထိုးမပါဘဲ ကြည့်ပါ။
(၂) စာတမ်းထိုးပြီးနောက်တစ်ခေါက်ကြည့်ပါ။
(၃) လိုအပ်ရင် တစ်ချို့အခန်းတွေကို နောက်ပြန်ရစ်ကြည့်ပါ။
(၄) စာတမ်းထိုးမပါဘဲ နောက်တစ်ခေါက်ကြည့်ပါ။
(၅) ကြည့်နေစဉ်မှာစကားလုံးအသစ်တွေ၊ အသုံးအနှုန်းအသစ်တွေကို မှတ်စုစာအုပ်ထဲမှာ ချရေးထားပါ။
.
ဒီလိုနည်းတွေနဲ့ စနစ်တကျ ဇွဲကောင်းကောင်းနဲ့လေ့လာမှတ်သားရင် အင်္ဂလိပ်စာတိုးတက်လာပါလိမ့်မယ်။
.
ဒီလောက်ဆိုရင် အင်္ဂလိပ်စာကို ဘယ်လိုလေ့လာရမလဲဆိုတာ သိလောက်ပါပြီ။

 

 Credit ; Saya Min Myo Thant


တစ်ဦးချင်း အင်္ဂလိပ်စာ သင်ကြားပေးသော ဆရာ၊ ဆရာမ များကို ဤလင့်ခ် sayar.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Read times Last modified on Wednesday, 05 June 2019 17:02
Rate this articles
(2 votes)