×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 07 October 2019

"ဘာသာစကားတစ်ခုကို မြန်မြန် တက်ကျွမ်းအောင် သင်ယူဖို့ဆိုရင်"

"ဘာသာစကားတစ်ခုကို မြန်မြန် တက်ကျွမ်းအောင် သင်ယူဖို့ဆိုရင်" google.com

<<< Unicode >>>

ဒီနေ့ခေတ်မှာ ဘာသာစကားကျွမ်းကျင်မှုရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးလာပါပြီ။

အထူးသဖြင့် အင်္ဂလိပ်စာ ၊ အင်္ဂလိပါစကားပေါ့။ ဒါမှမဟုတ်လည်း ဂျပန်၊ ကိုရီးယား စသဖြင့် ကွဲပြားတဲ့ ဘာသာစကားတစ်ခုခုကို တက်ကျွမ်းထားတာဟာ အလုပ်အကိုင် အတွက်ရော၊ တခြား ကဏ္ဍတွေမှာပါ အများကြီးကောင်းကျိုးရှိစေပါတယ်။

မိခင်ဘာသာစကားမဟုတ်ပဲ တခြားဘာသာ စကားတစ်ခုကို သင်ယူတဲ့ အခါ အခက်အခဲကြုံတွေ့ရတတ်တာ ဓမ္မတာပါပဲ။ ဒါပေမဲ့ အခုအကြံပြုချက်တွေကို သတိထားလိုက်နာကြည့် မယ်ဆိုရင်တော့ ဒီအခက်အခဲတွေကို သိသာမြင်သာတဲ့ ပမာဏ တစ်ခုထိလျော့ချ နိုင်မှာ ဖြစ်ပါတယ်။


(၁) စိတ်ရှည်ပါ
ဘာသာစကားမှ မဟုတ်ပါဘူး ဘယ်လို ဆည်းပူးသင်ယုမှုမဆို စိတ်ရှည်ရှည်နဲ့ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်သင့်ပါတယ်။

တစ်ခါတလေ ကိုယ်က ကြိုးကြိုးစားစားနဲ့ စကားလုံးတွေ အလွတ်ကျက်ထားပေမဲ့ အရေးအကြောင်းဆို မေ့နေတာမျိုးတွေလည်းရှိနေတတ်ပါတယ်။ စိတ်ပျက်မသွားပါနဲ့။

ဘာသာစကားတစ်ခုနဲ့ပုံမှန်အချိန်ပေးထိတွေ့နေတဲ့အခါ အဲ့ဒိဘာသာရပ်နဲ့တဖြည်းဖြည်း ယဉ်ပါးလာပါလိမ့်မယ်။

 


(၂) လက်တွေ့အသုံးချပါ
အလုပ်ခွင်မှာ ဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် ကိုယ်သင်ယူထားတဲ့ စကားတွေကိုပြန်ပြောနေပါ။ အလေ့အကျင့်လုပ်ယူပါ။

တစ်နေ့ကို ၁၀ မိနစ်လောက် ပုံမှန်ပြောဆိုနေမယ်၊ နားထောင်နေမယ်ဆိုရင် ရေရှည်မှာထူးထူးခြားခြား တိုးတက်မှုတွေ မြင်လာရပါလိမ့်မယ်။

သင်ယူနေတယ်လို့သဘောမထားပဲ ကိုယ့်ရဲ့ နိစ္စဓူဝ ဖြတ်သန်းမှု တစ်ခုဖြစ်လာတဲ့ အထိ ပြောင်းလဲသင့်ပါတယ်။

 


(၃) ကဏ္ဍစုံလင်ပါစေ
ဘာသာစကားတိုင်းမှာ ယေဘုယျအနေနဲ့ ကျွမ်းကျင်မှုပူံစံလေးမျိုးခွဲခြားထားတတ်ပါတယ်။ အရေး၊ အပြော၊ အဖတ်နဲ့ အကြားစွမ်းရည်တွေပါ။

ဒီထက်ပိုပြီး အနုစိတ်ရင် စကားလုံးကြွယ်ဝမှုနဲ့ သဒ္ဒါတတ်ကျွမ်းမှုတွေကို ပါ ထည့်သွင်းနိုင်ပါသေးတယ်။

ကဏ္ဍတစ်ခုတည်းမှာ စူးစိုက်သင်ယူနေတာမျိုးမဟုတ်ပဲ အားလုံးအတွက် မျှမျှတတ အချိန်ပေးတာကပိုပြီး စနစ်ကျတဲ့ ဘာသာစကားသင်ယူပုံစံမျိုးလို့ယူဆသင့်ပါတယ်။

Recommended For You >>> "စာဖတ်သည့် အလေ့အကျင့်ရစေဖို့ လုပ်ဆောင်နိုင်တဲ့ အချက် (၆) ချက်"

 


(၄) ကြားခံမီဒီယာတွေကို သုံးပါ
အင်္ဂလိပ်စာ လေ့လာနေတယ်ဆိုပါစို့။ အင်္ဂလိပ် သီချင်ေးတွနားထောင်တာ၊ စာသားကြည့်ပြီး လိုက်ဆိုတာတွေက စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ သင်ယူပြီးသားဖြစ်စေပါတယ်။

အင်္ဂလိပ်စကားပြောရုပ်ရှင်တွေကိုကြည့်ပါ။ နားမလည်ရင် အင်္ဂလိပ်စာတန်းထိုးဖတ်ပြီး ပထမတစ်ကြိမ်ကြည့်ပါ။

နောက်တစ်ခေါက် စာတန်းထိုးဖျောက်ပြီး ဒုတိယတစ်ခေါက်ထပ်ကြည့်ရင် ဇာတ်ကောင်တွေရဲ့လေယူလေသိမ်းကို ကိုယ်ရဲ့နားက ပိုကျက်မိလာတာမျိုး တွေ့ရပါလိမ့်မယ်။

အင်္ဂလိပ်ဘာသာသုံး သတင်းတွေ နားထောင်ရင်းလည်း ပိုမိုရှင်းလင်းတဲ့ စာကြောင်းဖွဲ့စည်းပုံတွေကို လေ့လာလို့ရနိုင်ပါတယ်။

 


(၅) Native Speaker တွေကိုမကြောက်ပါနဲ့
အင်္ဂလိပ်စာနဲ့ပဲ ဥပမာထပ်ပေးရရင် အင်္ဂလိပ်စာသင်ယုနေသုတွေဟာ အင်္ဂလိပ်တွေ နဲ့စကားပြောရမှာတွန့်ဆုတ်နေတတ်ပါတယ်။

ကိုယ့်အမှားတစ်ခုက ရယ်စရာဖြစ်သွားမှာကို ကြောက်ကြလို့ပါ။ အမှန်တော့ကိုယ် သင်ယူနေတဲ့ ဘာသာစကားကို မိခင်ဘာသာရပ်အနေန ဲ့အသုံးပြုနေတဲ့

Native Speaker တွေနဲ့တွဲ ဖက်လေ့ကျင့်ခွင့်ရမယ်ဆိုရင် အများကြီးပိုအကျိုးထူးပါတယ်။ ကိုယ့်ရဲ့အခြေအနေကို ကြိုတင်ရှင်းပြထားရင်တစ်ဖက်လူကလည်း နားလည်မှုပေးပါလိမ့်မယ်။
Native Speaker တွေနဲ့ထိတွေ့ပြောဆိုနေခြင်းက ဒီဘာသာစကားနဲ့ပက်သက်လို့ကိုယ့်ကိုယ် ကို ယုံကြည်မှု တိုးပွားစေနိုင်ပါတယ်။

 


(၆) ဖန်တီးမှုရှိပါစေ
ဘာသာစကားတစ်ခုသင်ယူရာမှာ တိုးတက်မှုနှေးကွေးစေတဲ့ အခြေခံအကြောင်းအရင်း နှစ်ရပ်ရှိပါတယ်။ စကားလုံးမကြွယ်ဝတာရယ်၊ တုံ့ဆိုင်းနေတာရယ်ပါ။

ကိုယ်က တစ်ခုခုပြောချင်ပေမဲ့ အဓိပ္ပါယ်ပေါ်အောင် ဘယ်လိုစကားလုံစီ ရမယ်ဆိုတာကို တွေးမရပဲ ကြန့်ကြာနေတာမျိုး ကြုံတတ်ပါတယ်။ ဘာသာစကားတိုင်မှာ အဓိပ္ပါတယ်တူ စကားလုံးတွေ နှစ်ခု၊ သုံးခု ထက်မက ရှိတတ်ပါတယ်။

အဓိပ္ပါယ် တစ်ခုတည်းကို စာကြောင်းတာ်ဆောက်မှု အမျိုးမျိုးနဲ့ပြောလို့ရပါတယ်။ ကွဲပြားတဲ့ စကားလုံးတွေကိုအသုံးချပြီး ကွဲပြားတဲ့ ဝါကျတွေ

ကြိုးစားဖတ်တီးကြည့်တာမျိုးက ဒီဘာသာ စကားနဲ့ပက်သက်လို့ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အများကြီး လှုံ့ဆော်ပေးနိုင်ပါလိမ့်မယ်။

 


(၇) ဆန်းစစ်ပါ
ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့ကိုဆိုလိုတာပါ။ လွန်ခဲ့တဲ့ တစ်လက ကျွမ်းကျင်မှုနဲ့ လက်ရှိကျွမ်းကျင်မှုဘယ်လောက် ကွာဟသွားသလဲ ဆိုတာမျိုးကို ပြန်သုံးသပ်ပါ။

အရေးပိုင်းမှာ လိုအပ်ချက် ရှိနေသလား အကြားပိုင်းမှာ လစ်ဟာနေသလား စသဖြင့် ကိုယ့် အားနည်းချက်ကို ရှာပါ။ ဖြည့်သင့်တဲ့ အပိုင်းကိုဖြည့်ပါ။
ဘာသာစကားသင်ယူမှုဆုတာဟာ သင်ရိုးအပြတ်နဲ့သတ်မှတ်လို့မရပဲ ရေရှည်လုပ်ငန်းစဉ်တစ်ခုအဖြစ် အချိန်ပေးမြှုပ်နှံထားရမယ်ဆိုတာကိုမမေ့ဖို့လိုပါတယ်။

ဘယ်တော့မှ အလျော့မပေးပါနဲ့။ အရေးကြီးဆုံးကတော့ လေ့လာသင်ယူနေမှုကိုဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။

ဘာသာစကားသင်ပေးသော ဆရာ၊ ဆရာများ >>>> https://bit.ly/2EbNTuO (Languages) 

 

<<< Zawgyi >>>

"ဘာသာစကားတစ္ခုကို ျမန္ျမန္ တက္ကၽြမ္းေအာင္ သင္ယူဖို ့ဆိုရင္"
ဒီေန ့ေခတ္မွာ ဘာသာစကားကၽြမ္းက်င္မႈရဲ႕ အခန္းက႑က အရမ္းအေရးႀကီးလာပါျပီ။

အထူးသျဖင့္ အဂၤလိပ္စာ ၊ အဂၤလိပါစကားေပါ့။ ဒါမွမဟုတ္လည္း ဂ်ပန္၊ ကိုရီးယား စသျဖင့္ ကြဲျပားတဲ့ ဘာသာစကားတစ္ခုခုကို တက္ကၽြမ္းထားတာဟာ အလုပ္အကိုင္ အတြက္ေရာ၊ တျခား က႑ေတြမွာပါ အမ်ားႀကီးေကာင္းက်ိဳးရွိေစပါတယ္။

မိခင္ဘာသာစကားမဟုတ္ပဲ တျခားဘာသာ စကားတစ္ခုကို သင္ယူတဲ့ အခါ အခက္အခဲၾကံဳေတြ ့ရတတ္တာ ဓမၼတာပါပဲ။ ဒါေပမဲ့ အခုအႀကံျပဳခ်က္ေတြကို သတိထားလိုက္နာၾကည့္ မယ္ဆိုရင္ေတာ့ ဒီအခက္အခဲေတြကို သိသာျမင္သာတဲ့ ပမာဏ တစ္ခုထိေလ်ာ႔ခ် ႏိုင္မွာ ျဖစ္ပါတယ္။


(၁) စိတ္ရွည္ပါ
ဘာသာစကားမွ မဟုတ္ပါဘူး ဘယ္လို ဆည္းပူးသင္ယုမႈမဆို စိတ္ရွည္ရွည္နဲ ့ျဖည္းျဖည္းမွန္မွန္ လုပ္ေဆာင္သင့္ပါတယ္။

တစ္ခါတေလ ကိုယ္က ႀကိဳးႀကိဳးစားစားနဲ ့ စကားလံုးေတြ အလြတ္က်က္ထားေပမဲ့ အေရးအေၾကာင္းဆို ေမ့ေနတာမ်ိဳးေတြလည္းရွိေနတတ္ပါတယ္။ စိတ္ပ်က္မသြားပါနဲ႕။

ဘာသာစကားတစ္ခုနဲ ့ပံုမွန္အခ်ိန္ေပးထိေတြ ့ေနတဲ ့အခါ အဲ့ဒ္ိဘာသာရပ္နဲ ့တျဖည္းျဖည္း ယဥ္ပါးလာပါလိမ့္မယ္။

 


(၂) လက္ေတြ ့အသံုးခ်ပါ
အလုပ္ခြင္မွာ ျဖစ္ျဖစ္၊ မိသားစုထဲမွာျဖစ္ျဖစ္ ကိုယ္သင္ယူထားတဲ့ စကားေတြကိုျပန္ေျပာေနပါ။ အေလ့အက်င့္လုပ္ယူပါ။

တစ္ေန ့ကို ၁၀ မိနစ္ေလာက္ ပံုမွန္ေျပာဆုိေနမယ္၊ နားေထာင္ေနမယ္ဆိုရင္ ေရရွည္မွာထူးထူးျခားျခား တိုးတက္မႈေတြ ျမင္လာရပါလိမ့္မယ္။

သင္ယူေနတယ္လို ့သေဘာမထားပဲ ကိုယ့္ရဲ ့ နိစၥဓူဝ ျဖတ္သန္းမႈ တစ္ခုျဖစ္လာတဲ့ အထိ ေျပာင္းလဲသင့္ပါတယ္။


(၃) က႑စံုလင္ပါေစ
ဘာသာစကားတိုင္းမွာ ေယဘုယ်အေနနဲ ့ ကၽြမ္းက်င္မႈပံူစံေလးမ်ိဳးခြဲျခားထားတတ္ပါတယ္။ အေရး၊ အေျပာ၊ အဖတ္နဲ ့ အၾကားစြမ္းရည္ေတြပါ။

ဒီထက္ပိုျပီး အႏုစိတ္ရင္ စကားလံုးၾကြယ္ဝမႈနဲ ့ သဒၵါတတ္ကၽြမ္းမႈေတြကို ပါ ထည့္သြင္းႏိုင္ပါေသးတယ္။

က႑တစ္ခုတည္းမွာ စူးစိုက္သင္ယူေနတာမ်ိဳးမဟုတ္ပဲ အားလံုးအတြက္ မွ်မွ်တတ အခ်ိန္ေပးတာကပိုျပီး စနစ္က်တဲ့ ဘာသာစကားသင္ယူပံုစံမ်ိဳးလို ့ယူဆသင့္ပါတယ္။

Recommended For You >>> "စာဖတ္သည့္ အေလ့အက်င့္ရေစဖို႔ လုပ္ေဆာင္ႏိုင္တဲ့ အခ်က္ (၆) ခ်က္"


(၄) ၾကားခံမီဒီယာေတြကို သံုးပါ
အဂၤလိပ္စာ ေလ့လာေနတယ္ဆိုပါစို ့။ အဂၤလိပ္ သီခ်င္ေးတြနားေထာင္တာ၊ စာသားၾကည့္ၿပီး လိုက္ဆိုတာေတြက စိတ္လက္ေပါ့ေပါ့ပါးပါးနဲ ့ သင္ယူျပီးသားျဖစ္ေစပါတယ္။

အဂၤလိပ္စကားေျပာရုပ္ရွင္ေတြကိုၾကည့္ပါ။ နားမလည္ရင္ အဂၤလိပ္စာတန္းထိုးဖတ္ျပီး ပထမတစ္ၾကိမ္ၾကည့္ပါ။

ေနာက္တစ္ေခါက္ စာတန္းထိုးေဖ်ာက္ျပီး ဒုတိယတစ္ေခါက္ထပ္ၾကည့္ရင္ ဇာတ္ေကာင္ေတြရဲ ့ေလယူေလသိမ္းကို ကိုယ္ရဲ ့နားက ပိုက်က္မိလာတာမ်ိဳး ေတြ ့ရပါလိမ့္မယ္။

အဂၤလိပ္ဘာသာသံုး သတင္းေတြ နားေထာင္ရင္းလည္း ပိုမိုရွင္းလင္းတဲ့ စာေၾကာင္းဖြဲ ့စည္းပံုေတြကို ေလ့လာလို ့ရႏိုင္ပါတယ္။

 


(၅) Native Speaker ေတြကိုမေၾကာက္ပါနဲ ့
အဂၤလိပ္စာနဲ ့ပဲ ဥပမာထပ္ေပးရရင္ အဂၤလိပ္စာသင္ယုေနသုေတြဟာ အဂၤလိပ္ေတြ နဲ ့စကားေျပာရမွာတြန္ ့ဆုတ္ေနတတ္ပါတယ္။

ကိုယ့္အမွားတစ္ခုက ရယ္စရာျဖစ္သြားမွာကို ေၾကာက္ၾကလို ့ပါ။ အမွန္ေတာ့ကိုယ္ သင္ယူေနတဲ့ ဘာသာစကားကို မိခင္ဘာသာရပ္အေနန ဲ့အသံုးျပဳေနတဲ့

Native Speaker ေတြနဲ ့တြဲ ဖက္ေလ့က်င့္ခြင့္ရမယ္ဆိုရင္ အမ်ားႀကီးပိုအက်ိဳးထူးပါတယ္။ ကိုယ့္ရဲ ့အေျခအေနကို ၾကိဳတင္ရွင္းျပထားရင္တစ္ဖက္လူကလည္း နားလည္မႈေပးပါလိမ့္မယ္။

Native Speaker ေတြနဲ ့ထိေတြ ့ေျပာဆိုေနျခင္းက ဒီဘာသာစကားနဲ ့ပက္သက္လို ့ကိုယ့္ကိုယ္ ကို ယံုၾကည္မႈ တိုးပြားေစႏိုင္ပါတယ္။


(၆) ဖန္တီးမႈရွိပါေစ
ဘာသာစကားတစ္ခုသင္ယူရာမွာ တိုးတက္မႈေႏွးေကြးေစတဲ့ အေျခခံအေၾကာင္းအရင္း ႏွစ္ရပ္ရွိပါတယ္။ စကားလံုးမၾကြယ္ဝတာရယ္၊ တံု ့ဆိုင္းေနတာရယ္ပါ။

ကိုယ္က တစ္ခုခုေျပာခ်င္ေပမဲ့ အဓိပၸါယ္ေပၚေအာင္ ဘယ္လိုစကားလံုစီ ရမယ္ဆိုတာကို ေတြးမရပဲ ၾကန္ ့ၾကာေနတာမ်ိဳး ၾကံဳတတ္ပါတယ္။ ဘာသာစကားတိုင္မွာ အဓိပၸါတယ္တူ စကားလံုးေတြ ႏွစ္ခု၊ သံုးခု ထက္မက ရွိတတ္ပါတယ္။

အဓိပၸါယ္ တစ္ခုတည္းကို စာေၾကာင္းတာ္ေဆာက္မႈ အမ်ိဳးမ်ိဳးနဲ ့ေျပာလို ့ရပါတယ္။ ကြဲျပားတဲ့ စကားလံုးေတြကိုအသံုးခ်ျပီး ကြဲျပားတဲ့ ဝါက်ေတြ

ၾကိဳးစားဖတ္တီးၾကည့္တာမ်ိဳးက ဒီဘာသာ စကားနဲ ့ပက္သက္လို ့ကိုယ့္ရဲ ့ကၽြမ္းက်င္မႈကို အမ်ားႀကီး လႈံ ့ေဆာ္ေပးႏိုင္ပါလိမ့္မယ္။


(၇) ဆန္းစစ္ပါ
ကိုယ့္ကိုယ္ကို ဆန္းစစ္ဖို ့ကုိဆိုလိုတာပါ။ လြန္ခဲ ့တဲ့ တစ္လက ကၽြမ္းက်င္မႈနဲ ့ လက္ရွိကၽြမ္းက်င္မႈဘယ္ေလာက္ ကြာဟသြားသလဲ ဆိုတာမ်ိဳးကို ျပန္သံုးသပ္ပါ။

အေရးပိုင္းမွာ လိုအပ္ခ်က္ ရွိေနသလား အၾကားပိုင္းမွာ လစ္ဟာေနသလား စသျဖင့္ ကိုယ့္ အားနည္းခ်က္ကို ရွာပါ။ ျဖည့္သင့္တဲ့ အပိုင္းကုိျဖည့္ပါ။
ဘာသာစကားသင္ယူမႈဆုတာဟာ သင္ရိုးအျပတ္နဲ ့သတ္မွတ္လို ့မရပဲ ေရရွည္လုပ္ငန္းစဥ္တစ္ခုအျဖစ္ အခ်ိန္ေပးျမႈပ္ႏွံထားရမယ္ဆိုတာကိုမေမ့ဖို ့လိုပါတယ္။

ဘယ္ေတာ့မွ အေလ်ာ႔မေပးပါနဲ ့။ အေရးၾကီးဆံုးကေတာ့ ေလ့လာသင္ယူေနမႈကိုဘယ္ေတာ့မွ မရပ္တန္ ့လိုက္ပါနဲ ့။

ဘာသာစကားသင္ေပးေသာ ဆရာ၊ ဆရာမ်ား >>>> https://bit.ly/2EbNTuO (Language)

 


Ref : 7Daytv

sayar.com.mm

Read times
Rate this articles
(0 votes)