×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 16 August 2019

"စာဖတ်ချိန်ရအောင် လုပ်ဆောင်နိုင်တဲ့ အချက် (၅) ချက်"

"စာဖတ်ချိန်ရအောင် လုပ်ဆောင်နိုင်တဲ့ အချက် (၅) ချက်" pexels

စာဖတ်ခြင်းကို နှစ်သက်မြတ်နိုးသူတွေ စာများများဖတ်ဖြစ်အောင် ကြိုးစားမယ်လို့ ရည်မှန်းချက်ထား ထား တဲ့သူတွေ၊ စာဖတ်ရတာကို ကြိုက်ပေမယ့် အလုပ်တွေ များလို့ စာမဖတ်ဖြစ်ကြ တဲ့ သူတွေအတွက် စာဖတ်ချိန်ကို ရအောင်ယူနိုင်မယ့် နည်း လမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁. စာပေတွေနဲ့လွှမ်းခြုံထားတဲ့ ပတ်ဝန်းကျင်မျိုးကို ရွေးချယ်သွားပါ

စာအုပ်စာပေတွေနဲ့ လွှမ်းခြုံနေတဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ပြီး သွားသင့်ပါတယ်။ စာအုပ်တွေကိုလည်း ဖတ်ချင်တယ်။ မိမိကလည်း အပြင်ထွက်ရတာကို ကြိုက်တယ် ဆိုရင်တော့ သွားမယ့်နေရာကို စာအုပ်ဆိုင်နဲ့စာအုပ်ပါဖတ်လို့ရတဲ့ ကော်ဖီ ဆိုင် မျိုးကို ရွေးချယ် သွားပေးပါတယ်။

 

၂. စာဖတ်ဖို့နေရာသီးသန့် ဖန်တီးပါ

စာဖတ်ဖို့ သီးသန့်နေရာလေးတစ်ခု ဖန်တီးထားခြင်းဟာ လူကိုစာဖတ်ချင် စိတ်ဖြစ်လာအောင် ပို၍ နှိုးဆွပေးနိုင်ပါတယ်။

အိမ်မှာရှိတဲ့ ကိုယ့်ရဲ့သီးသန့်အခန်းလေးထဲမှာ စာဖတ်ခုံနဲ့ ထိုင်ခုံတစ်လုံးကို နေရာတကျချပြီး စာဖတ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံပေးလိုက်မယ်ဆိုရင် သင့်ကို စာဖတ်ဖို့ အမြဲသတိပေးမှာ ဖြစ်ပါတယ်။

 

၃. အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချပါ

ကျောင်းအားရက်၊ အလုပ်နားရက်တွေမှာပါ မအားဘူး၊ အလုပ်များတယ်ဆိုတဲ့ သူတွေအနေနဲ့ ကိုယ်လုပ်ခဲ့တဲ့ အရာတွေနဲ့အချိန်တွေကို ဘယ်လိုအသုံးချခဲ့သလဲဆိုတာကို ပြန်စဉ်း စားကြည့်ပေးပါ။

အကျိုးမရှိတာတစ်ခုခုအတွက် ကိုယ့်အချိန်တွေကို ကုန်ဆုံးစေခဲ့တယ်ဆိုတာကို ရှာတွေ့ခဲ့မယ်ဆိုရင်တော့ အကျိုးမရှိတဲ့ အရာတွေကို လုပ်မယ့် အစား အဲ့ဒီအချိန်မှာ စာဖတ်ပါ။

ကြားရက်တွေမှာ ကား၊ ရထားစောင့်ရင်းစာဖတ် တာ၊ ညအိပ်ယာမ၀င်ခင် ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ကုန်မယ့်အစား စာဖတ်ပေးတဲ့ အလေ့အကျင့်တစ်ခုအနေနဲ့ စာဖတ်တဲ့ အလေ့အကျင့် ပျိုးထောင်ပေးမယ်ဆိုရင်တော့ စနေ၊ တနင်္ဂနွေအားလပ်ရက်တွေမှာ စာဖတ်ချိန်ကို ရအောင် ဘယ်လိုယူရမယ် ဆိုတာကို တွေ့လာပါလိမ့်မယ်။

"အားလပ်ချိန်မှာ စာဖတ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ"

 

၎. စာအုပ်တွေအကြောင်း စကားဝိုင်းလေးတစ်ခုဖန်တီးပါ

တစ်ပတ်မှာ စာအုပ်တစ်အုပ်လောက်တော့ ဖတ်ပြီး အဲဒီစာအုပ်အကြောင်းအရာများကို စာဖတ်ရတာ ကြိုက်တဲ့ဝါသနာတူ သူငယ်ချင်းတွေနဲ့ပုံမှန်ဆွေးနွေးတဲ့ စကားဝိုင်းလေးတစ်ခုကို ဖန်တီးဖို့ လိုအပ်ပါတယ်။

စာဖတ်ခြင်းနဲ့ပတ်သက်တဲ့ reading goals ကို ဆိုရှယ်အကောင့်မှာတင်တာမျိုး လုပ်ပါ။ ဥပမာ-မိမိဖတ်ဖြစ်တဲ့ စာအုပ်အကြောင်းကို Review ပြန်ပြောပြ တာမျိုး ပြုလုပ်ပါ။

 

၅. စာဖတ်နှုန်းကို App နဲ့ မှတ်တမ်းတင်တာမျိုး လုပ်ပါ

ကျန်းမာရေး ကိုယ်ကာယလှုပ်ရှားမှုကို ခြေရာခံ၊ မှတ်တမ်းတင်သလိုမျိုး ကိုယ့်ရဲ့ စာဖတ်နှုန်းကိုလည်း Goodreads တို့လို Websites နဲ့ apps တွေကို download လုပ်ယူပြီး မှတ်တမ်းတင်တာမျိုးလုပ်လို့ရပါတယ်။ ဒါမှ တစ်ပတ်၊ တစ်လနဲ့တစ်နှစ်အတွင်း ကိုယ်ဘယ်လောက် စာဖတ်ခဲ့လဲဆိုတာကို သိနိုင် မှာဖြစ်ပါတယ်။

"အင်္ဂလိပ်ဘာသာစကားကို ယုံကြည်မှုရှိရှိနဲ့ သွက်သွက်လက်လက်ပြောနိုင်ဖို့ နည်းလမ်း(၉) ခု"

 

 

Source: shwemom

sayar.com.mm

Read times Last modified on Friday, 16 August 2019 17:28
Rate this articles
(0 votes)