×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 24 August 2019

"Job Fair တွေသွားခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ"

"Job Fair တွေသွားခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ" google

ဒီဘက်ခေတ်မှာတော့ အွန်လိုင်းအလုပ်ခေါ်စာများ ၊ ကုမ္ပဏီအများကြီးစုပြီး တနေရာတည်းမှာ အလုပ်အကိုင်ပေါင်း ရာနဲ့ ထောင်နဲ့ ချီခေါ်ဆိုသွားတဲ့ အလုပ်အကိုင်ပြပွဲ Job Fair များ ကျင်းပလာတာကြောင့် အရင်ကထက် အများကြီး အဆင်ပြေလာပါတယ်။

Job Fair တွေကို အလုပ်အကိုင်ရဖို့အရေးထက် ပိုပြီး သွားသင့်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။


(၁) ကိုယ့်ရဲ့ ကွန်ရက်ကို ချဲ့ထွင်ပေးနိုင်တယ်

အလုပ်အကိုင် ပြပွဲတွေမှာ အလုပ်အကိုင်ကုမ္ပဏီပေါင်းများစွာနဲ့လည်း တွေ့မှာဖြစ်လို့ ကုမ္ပဏီတွေရဲ့ အကြောင်းကို တထိုင်တည်း လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီပွဲကို လာသူတွေနဲ့လည်း မိတ်ဆွေဖြစ်ခွင့် ရမှာဖြစ်ပါတယ်။ တကယ်ခင်သွားကြပြီဆိုရင် နောက်ပိုင်း အလုပ်အကိုင်နဲ့ပဲဖြစ်ဖြစ် တစ်ခြားလူမှုရေးကိစ္စအတွက်ပဲဖြစ်ဖြစ် ကိုယ့်အတွက် မိတ်ဆွေကောင်းသဖွယ် အပြန်အလှန် အကူအညီပေးနိုင်သူများ ဖြစ်လာမှာပါ။


(၂) အတွေ့အကြုံကောင်းတွေလည်း ရလာမယ်

အလုပ်အကိုင်ပြပွဲတွေရဲ့ သဘောကိုက အလုပ်ခေါ်ချင်လို့ကို ကုမ္ပဏီတွေအနေနဲ့ ပွဲသီးသန့်လုပ်တာ ဖြစ်လို့ ကိုယ့်ကို အလေးထား ဆက်ဆံပြီး သူတို့ကုမ္ပဏီက အလုပ်အကိုင် အခွင့်အလမ်းတွေ အကြောင်း ရှင်းပြပေးမှာ ဖြစ်ပါတယ်။

ကုမ္ပဏီ ၅ ခုလောက်နဲ့ စကားပြောကြည့် လျှောက်လွှာဖြည့် ကြည့်ရင်ကိုပဲ ဒီအလုပ်ခေါ်နေတဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး အသိတွေ တိုးလာမှာ ဖြစ်ပါတယ်။

အဆင်ပြေလို့ ဒီကုမ္ပဏီတွေက အလုပ်အင်တာဗျူးခေါ်ရင်လည်း ကိုယ့်အတွက် စိမ်းမနေတော့ပါဘူး။

Read More >>> “Programming Languages ကိုသင်ယူနေတဲ့ကျောင်းသားတွေအတွက် လေ့လာနိုင်မယ့် website (၅) ခု"


(၃) ဗဟုသုတရတယ်

နောက်ပိုင်း Job Fair တွေမှာ သက်ဆိုင်ရာ နယ်ပယ်မှ နာမည်ကျော် ပုဂ္ဂိုလ်များရဲ့ ဟောပြောပွဲများပါ ထည့်သွင်းကျင်းပလာတာဖြစ်လို့ အလုပ်ပဲ လျှောက်လျှောက် ၊

ဗဟုသုတအတွက်ပဲဖြစ်ဖြစ် တက်ရောက် နားထောင်သင့်ပါတယ်။ ဒီလို အလုပ်အကိုင်ပြပွဲတွေဟာ ကိုယ့်အတွက် အခမဲ့ ပညာပေါင်းစုံ သင်တန်းတစ်ခုလိုလည်း ဖြစ်ပါတယ်။


(၄) အလုပ်ရဖို့ ကိုယ်ဘာလုပ်ရမလဲဆိုတာ သိသွားမယ်


Job Fair တစ်ပွဲသွားပြီး ပြပွဲမှာ ရှိရှိသမျှ ကုမ္ပဏီတိုင်းရဲ့ လက်ကမ်းစာစောင်တွေ ၊ အလုပ်ခေါ်စာတွေကို တစ်ပွေ့တစ်ပိုက်ကြီး ယူခဲ့ပါ။

ဒီကုမ္ပဏီတွေရဲ့ အလုပ်ခေါ်စာထဲက အရည်အချင်း လိုအပ်ချက်တွေကို လိုက်ကြည့်လိုက်ရင် အဲသလို အလုပ်တွေ လုပ်ဖို့ ကိုယ်ဘာတွေ ပြင်ဆင်ရမလဲ သိသွားပါလိမ့်မယ်။ ဒါဆို အလုပ်ရဖို့ အများကြီး နီးစပ်သွားမှာပါ။


(၅) အလုပ်ရနိုင်တယ်

ဒါက အဓိကအချက်ပါ။ အလုပ်အကိုင်ပြပွဲမှာ ကိုယ်နဲ့ အကိုက်ဆုံး အလုပ်ကို တွေ့နိုင်သလို ကိုယ့်ရဲ့ အရည်အချင်းကို သဘောကျတဲ့ ကုမ္ပဏီတွေကနေ အင်တာဗျူးခေါ် ၊ အလုပ်ပေးသွားနိုင်ပါတယ်။

Read More >>> "အသက်၂၀အရွယ်မှာ လေ့လာလိုက်စားသင့်သည့် အကောင်းဆုံးအရာများ"

 

 

Credit : Kwee

sayar.com.mm

Read times
Rate this articles
(0 votes)