×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 21 August 2019

"ရန္ကုန္တကၠသုိလ္တြင္ ဂ်ပန္၊ အဂၤလိပ္စာ ႏွင့္ ကြန္ပ်ဴတာ ပညာရပ္မ်ားအား အခမဲ့သင္ၾကားႏုိင္ၿပီ"

"ရန္ကုန္တကၠသုိလ္တြင္ ဂ်ပန္၊ အဂၤလိပ္စာ ႏွင့္ ကြန္ပ်ဴတာ ပညာရပ္မ်ားအား အခမဲ့သင္ၾကားႏုိင္ၿပီ" google.com

ရန္ကုန္တကၠသိုလ္၀င္းတြင္ ဂ်ပန္၊ အဂၤလိပ္စာ ႏွင့္ ကြန္ပ်ဴတာ ပညာရပ္မ်ားအား အခမဲ့သင္ၾကားႏုိင္ၿပီ ျဖစ္ေၾကာင္း သတင္း ရရိွသည္။

လိႈင္နယ္ေျမ ရန္ကုန္တကၠသိုလ္၀င္းအတြင္းရွိ T3 ႏွင့္ T4 တို႔တြင္ ဂ်ပန္စာ၊ အဂၤလိပ္စာႏွင့္ ကြန္ပ်ဴတာ Basic Course ႏွင့္ ကြန္ ပ်ဴ တာ Networking Course မ်ားအား အင္းလ်ား ပုံရိပ္အဖြဲ႕ မွ အခမဲ့သင္ၾကားေပးမည္ျဖစ္ၿပီး ယင္းဘာသာရပ္မ်ားအား သံဃာ ေတာ္မ်ားအပါအ၀င္ စိတ္ပါ၀င္စားသူ မည္သူမဆုိအား အခမဲ့တက္ေရာက္ႏုိင္ေၾကာင္း သိရသည္။

အဆိုပါ အခမဲ့သင္ၾကားေပးေနမႈအား အပတ္စဥ္ တနလၤာမွ ေသာၾကာေန႔ထိ ညေန ၃ နာရီမွ ညေန ၅ နာရီအခ်ိန္ထိ သင္ၾကား ေပး မည္ျဖစ္ၿပီး သင္တန္းကာလအျဖစ္ သံုးလတာသတ္မွတ္ထားေၾကာင္း အင္းလ်ား ပုံရိပ္အဖြဲ႕ မွ အဂၤလိပ္စာ အဓိက သင္ၾကား ေပးမည့္ ဦးခင္ေမာင္ၾကည္က ေျပာသည္။

''ကၽြန္ေတာ္တုိ႔အေနနဲ႔က တကၠသိုလ္က ပါေမာကၡခ်ဳပ္ႀကီးဆီခြင့္ျပဳခ်က္ေတာင္း အကူအညီေတာင္းၿပီးေတာ့ ေနရာရရွိတဲ့အတြက္ အခုလို သင္တန္းေတြကုိ သင္ၾကားေပးသြားမွာျဖစ္ပါတယ္၊

စိတ္၀င္စားတဲ့ ဘယ္သူမဆုိ သင္တန္းေၾကးေပးစရာမလိုပဲ တက္ ေရာက္ႏုိင္မွာျဖစ္ပါတယ္၊ အဂၤလိပ္စာဆုိရင္လည္း ကၽြန္ေတာ့္အေနနဲ႔ ပထမ သံုးလၿပီးလို႔ ေနာက္သံုးလဆုိရင္ ပထမသံုးလထက္ Level တစ္ဆင့္ျမင့္တဲ့ သင္တန္းကို ဆက္သင္ၾကားေပး သြားမွာ ျဖစ္ပါတယ္ '' ဟု ဦးခင္ေမာင္ၾကည္က ေျပာသည္။

အင္းလ်ား ပုံရိပ္အဖြဲ႕ကုိ ၂၀၁၉ ခုႏွစ္ ဇြန္လတြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး တကၠသုိလ္ပညာ တက္ေရာက္သင္ယူေနသည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအား ဂ်ပန္၊ အဂၤလိပ္စာ ႏွင့္ ကြန္ပ်ဴတာ ပညာရပ္မ်ားအား တစုတေ၀းတည္း သင္ၾကားႏုိင္ရန္ ရည္ ရြယ္ခ်က္ျဖင့္ ထူေထာင္ျခင္းျဖစ္ေၾကာင္း ယင္းအဖြဲ႔မွ သိရသည္။

'' တကၠသိုလ္တက္ေနတဲ့ ေက်ာင္းသား၊ သူေတြ သူတို႔ေတြအေနနဲ႔ အဂၤလိပ္စာနဲ႔ ပတ္သက္လို႔ပဲ ျဖစ္ျဖစ္ ဂ်ပန္စာနဲ႔ပဲ ျဖစ္ျဖစ္ တက္ခ်င္တယ္ဆုိရင္ လွည္းတန္းထိသြားရတာနဲ႔ ေနာက္ တျခားသည့္ျပင္ေနရာေတြထိ သြားေနရတယ္။ "၂၁ ရာစု စာဖတ္နည္း"

ကၽြန္ေတာ္တုိ႔အေနနဲ႔ အဲဒီလို ေက်ာင္းသားလူငယ္ေတြ ေ၀းေ၀းလံလံကုိ သြားမေနရပဲ ဒီ တကၠသုိလ္နယ္ ေျမထဲမွာပဲ အားလံုးတစုတေ၀းထဲ ဘာသာ ရပ္ဆုိင္ရာေတြကုိ သင္ၾကားႏိုင္ဖုိ႔အတြက္ ရည္ရြယ္ၿပီး စတင္ထူေထာင္ရတာျဖစ္ပါတယ္၊ ေနာက္ သံဃာေတာ္ေတြကုိက်ေတာ့ သံဃာေတာ္ေတြဟာ သာသနာျပဳဖို႔အတြက္ ႏိုင္ငံရပ္ျခားကုိ သြားေနရတာေတြ ရွိတယ္၊

ေနာက္ ႏိုင္ငံတကာက ဗုဒၶဘာသာ အ ေၾကာင္းေမးျမန္းလာတာေတြရွိတယ္။အဲဒါေၾကာင့္ သံဃာေတာ္ေတြကုိ ပညာဒါန လွဴတန္းသြားမွာျဖစ္ပါတယ္ '' ဟု ဦးခင္ ေမာင္ၾကည္က ေျပာသည္။

ဂ်ပန္စာ၊ အဂၤလိပ္စာႏွင့္ ကြန္ပ်ဴတာသင္တန္းမ်ားသုိ႔ တက္ေရာက္သင္ၾကားခ်င္သူမ်ားအေနျဖင့္ လိႈင္နယ္ေျမ ရန္ကုန္တကၠ သိုလ္၀င္း T3 ႏွင့္ T4 အေဆာင္မ်ားသို႔လည္းေကာင္း၊ အင္းလ်ား ပုံရိပ္အဖြဲ႕ ဖုန္း ၀၉-၂၆၆၃၇၈၆၅၉ ႏွင့္ ၀၉-၉၇၁၁၆၁၈၃၅ သို႔လည္းေကာင္း တုိက္ရုိက္ဆက္သြယ္စံုစမ္းႏိုင္ေၾကာင္း သိရသည္။

အဆုိပါ သင္တန္းမ်ားအား ယခုလ (ၾသဂုတ္လ)မွ စတင္ကာ ဖြင့္လွစ္သင္ၾကားေပးေနၿပီး၊ လက္ရွိအခ်ိန္ထိ ဂ်ပန္ စာသင္တန္းသုိ႔ တက္ေရာက္သင္ၾကားေနသူ ၂၀၀ ခန္႔ရွိကာ၊ အဂၤလိပ္စာသင္တန္းသို႔ တက္ေရာက္ေနသူ ၁၀၀ ေက်ာ္ႏွင့္ ကြန္ပ်ဴတာသင္ တန္း မ်ားသုိ႔ တက္ေရာက္သင္ၾကားေနသူ ၈၀ ေက်ာ္ ရွိေနေၾကာင္း သိရသည္။  ဆရာေမာင္သာခ်ိဳ ေျပာျပတဲ့ "အဆင့္တစ္မရေတာ့ ဘာျဖစ္လဲ"

 

Source : The Myanmar Education Directory

sayar.com.mm

ပညာေရးႏွင့္ပက္သက္ေသာ သတင္းအခ်က္အလက္မ်ားကို The Myanmar Education Directory တြင္ ဝင္ေရာက္ဖတ္ရႈႏိုင္ပါသည္။

 

unicode ဖြင့်ဖတ်ရန်

ရန်ကုန်တက္ကသိုလ်ဝင်းတွင် ဂျပန်၊ အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ ပညာရပ်များအား အခမဲ့သင်ကြားနိုင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
လှိုင်နယ်မြေ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ T3 နှင့် T4 တို့တွင် ဂျပန်စာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ Basic Course နှင့် ကွန် ပျူ တာ Networking Course များအား အင်းလျား ပုံရိပ်အဖွဲ့ မှ အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး ယင်းဘာသာရပ်များအား သံဃာ တော်များအပါအဝင် စိတ်ပါဝင်စားသူ မည်သူမဆိုအား အခမဲ့တက်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါ အခမဲ့သင်ကြားပေးနေမှုအား အပတ်စဉ် တနင်္လာမှ သောကြာနေ့ထိ ညနေ ၃ နာရီမှ ညနေ ၅ နာရီအချိန်ထိ သင်ကြား ပေး မည်ဖြစ်ပြီး သင်တန်းကာလအဖြစ် သုံးလတာသတ်မှတ်ထားကြောင်း အင်းလျား ပုံရိပ်အဖွဲ့ မှ အင်္ဂလိပ်စာ အဓိက သင်ကြား ပေးမည့် ဦးခင်မောင်ကြည်က ပြောသည်။

''ကျွန်တော်တို့အနေနဲ့က တက္ကသိုလ်က ပါမောက္ခချုပ်ကြီးဆီခွင့်ပြုချက်တောင်း အကူအညီတောင်းပြီးတော့ နေရာရရှိတဲ့အတွက် အခုလို သင်တန်းတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ ဘယ်သူမဆို သင်တန်းကြေးပေးစရာမလိုပဲ တက် ရောက်နိုင်မှာဖြစ်ပါတယ်၊ အင်္ဂလိပ်စာဆိုရင်လည်း ကျွန်တော့်အနေနဲ့ ပထမ သုံးလပြီးလို့ နောက်သုံးလဆိုရင် ပထမသုံးလထက် Level တစ်ဆင့်မြင့်တဲ့ သင်တန်းကို ဆက်သင်ကြားပေး သွားမှာ ဖြစ်ပါတယ် '' ဟု ဦးခင်မောင်ကြည်က ပြောသည်။

အင်းလျား ပုံရိပ်အဖွဲ့ကို ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ပညာ တက်ရောက်သင်ယူနေသည့် ကျောင်းသား/ကျောင်းသူများအား ဂျပန်၊ အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ ပညာရပ်များအား တစုတဝေးတည်း သင်ကြားနိုင်ရန် ရည် ရွယ်ချက်ဖြင့် ထူထောင်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။

'' တက္ကသိုလ်တက်နေတဲ့ ကျောင်းသား၊ သူတွေ သူတို့တွေအနေနဲ့ အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဂျပန်စာနဲ့ပဲ ဖြစ်ဖြစ် တက်ချင်တယ်ဆိုရင် လှည်းတန်းထိသွားရတာနဲ့ နောက် တခြားသည့်ပြင်နေရာတွေထိ သွားနေရတယ်။ကျွန်တော်တို့အနေနဲ့ အဲဒီလို ကျောင်းသားလူငယ်တွေ ဝေးဝေးလံလံကို သွားမနေရပဲ ဒီ တက္ကသိုလ်နယ် မြေထဲမှာပဲ အားလုံးတစုတဝေးထဲ ဘာသာ ရပ်ဆိုင်ရာတွေကို သင်ကြားနိုင်ဖို့အတွက် ရည်ရွယ်ပြီး စတင်ထူထောင်ရတာဖြစ်ပါတယ်၊ နောက် သံဃာတော်တွေကိုကျတော့ သံဃာတော်တွေဟာ သာသနာပြုဖို့အတွက် နိုင်ငံရပ်ခြားကို သွားနေရတာတွေ ရှိတယ်၊ နောက် နိုင်ငံတကာက ဗုဒ္ဓဘာသာ အ ကြောင်းမေးမြန်းလာတာတွေရှိတယ်။အဲဒါကြောင့် သံဃာတော်တွေကို ပညာဒါန လှူတန်းသွားမှာဖြစ်ပါတယ် '' ဟု ဦးခင် မောင်ကြည်က ပြောသည်။

ဂျပန်စာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများသို့ တက်ရောက်သင်ကြားချင်သူများအနေဖြင့် လှိုင်နယ်မြေ ရန်ကုန်တက္က သိုလ်ဝင်း T3 နှင့် T4 အဆောင်များသို့လည်းကောင်း၊ အင်းလျား ပုံရိပ်အဖွဲ့ ဖုန်း ၀၉-၂၆၆၃၇၈၆၅၉ နှင့် ၀၉-၉၇၁၁၆၁၈၃၅ သို့လည်းကောင်း တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများအား ယခုလ (သြဂုတ်လ)မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးနေပြီး၊ လက်ရှိအချိန်ထိ ဂျပန် စာသင်တန်းသို့ တက်ရောက်သင်ကြားနေသူ ၂၀၀ ခန့်ရှိကာ၊ အင်္ဂလိပ်စာသင်တန်းသို့ တက်ရောက်နေသူ ၁၀၀ ကျော်နှင့် ကွန်ပျူတာသင် တန်း များသို့ တက်ရောက်သင်ကြားနေသူ ၈၀ ကျော် ရှိနေကြောင်း သိရသည်။

Read times Last modified on Wednesday, 08 January 2020 14:27
Rate this articles
(0 votes)