×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 11 September 2019

စာမေးပွဲဖြေခါနီးမှာမှ စာစလုပ်လေ့ရှိသူတွေအတွက် နည်းလမ်းကောင်း (၅) ခု

စာမေးပွဲဖြေခါနီးမှာမှ စာစလုပ်လေ့ရှိသူတွေအတွက် နည်းလမ်းကောင်း (၅) ခု google

လတ်တလောမှာတော့ စာမေးပွဲကာလလည်း နီးကပ်လာပြီဖြစ်တဲ့အတွက်ကြောင့် အရင်ကစာလုပ်ခဲ့တဲ့ သူဖြစ်ဖြစ်၊မလုပ်ခဲ့တဲ့သူဖြစ်ဖြစ် စာတော့ကျက်နေကြရပါပြီ။

စာတွေများလွန်းလို့ ကျက်ရတာ စိတ်ညစ်ပေမဲ့လည်း တစ်နှစ်တစ်တန်းအောင်အောင်ရမယ့် တာဝန်ကတော့ ကျောင်းသားတိုင်းမှာရှိပါတယ်။ဒါကြောင့် စာမေးပွဲနီးမှ စာလုပ်တတ်တဲ့ သူလေးတွေအတွက် ခေါင်းရှင်းရှင်းနဲ့ စာမြန်မြန်ဝင်စေမယ့် နည်းလမ်းကောင်း (၅)ခုကို ဖေါ်ပြပေးလိုက်ပါတယ်။

 8b2ff558369df3b0315903162c523860b98e8d50.jpeg

၁။ စာလုပ်မယ့်နေရာကို ရှင်းရှင်းလင်းလင်းထားပါ

ဒါကတော့ စာမလုပ်ခင် အရေးအကြီးဆုံးပါ။ စာကျက်ရမှာကြောင့် စိတ်ရှုပ်နေတာကို ရှုပ်ပွနေတဲ့ စားပွဲခုံမှာ ထိုင်ပြီး စာကျက်လို့ကတော့ ဘယ်တော့မှ အလုပ်မဖြစ်ပါဘူး။ မှတ်စုတိုလေးတွေချရေးဖို့ စာအုပ်နဲ့ ဘောပင်ကို တစ်ခါတည်းယူထားပါ။ သီချင်းလေး နားထောင်ပြီးမှာ စာလုပ်တတ်သူတွေကတော့ Concentration music လို့ youtube မှာရှာလိုက်ပါ။ စာလုပ်ရတာ စိတ်လည်း ငြိမ်ပြီး အာရုံစိုက်ရတာ လွယ်ကူသွားပါလိမ့်မယ်။

၂။ ကျက်ရမယ့်၊တွက်ရမယ့်စာတွေကို အဓိကအချက်လေးတွေ ထုတ်ရေးလိုက်ပါ

ဒါကတော့ အချိန်ကုန်တယ်လို့ ကျောင်းသားတိုင်းတွေးတက်ကြပါတယ်။ ဒါပေမဲ့ ဒါက အကြိမ်ပေါင်းများစွာစာကျက်/တွက်ပြီး ဘာမှ မမှတ်မိတာထက် ပိုပြီး အကျိုးရှိပါတယ်။ ကိုယ်တိုင် မှတ်စုရေးထားတာကြောင့် စာမေးပွဲမှာ စာအကုန်လုံး မမှတ်မိတောင် အဓိကအချက်တွေကိုတော့ ချရေးနိုင်မယ်ဆိုတာ သေချာပါတယ်။ စာမေးပွဲနေ့မှာလည်း ဝရုန်းသုန်းကားဖြစ်စရာမလိုပဲ မှတ်စုလေးကို ပြန်ကြည့်လိုက်ရင် အဆင်ပြေနေပါပြီ။

၃။ စာလုပ်ဖို့ အချိန်တစ်ခု သတ်မှတ်ပြီး ကိုယ့်ကိုကိုယ်ဆုချပါ

စာလုပ်နေတဲ့အချိန်မှာ အာရုံအပြည့်အဝစိုက်ပါ။ အချိန်မသတ်မှတ်ပါနဲ့။ ကိုယ် စာလုပ်ရမယ့် အတိုင်းအတာ ပမာဏကို သတ်မှတ်ပါ။ ကိုယ်သတ်မှတ်ထားတဲ့ အတိုင်းအတာပြီးပြီဆိုရင်တော့ ကိုယ့်ကိုကိုယ် အနားပေးပါ။အစားစားပါ။ ဖေစ်ဘုတ်သုံးပါ။စာမေးပွဲကာလကြီးမှာ အကြာကြီးတော့ အနားတွေ မယူပါနဲ့။ ကိုယ့်အကြောင်း ကိုယ်သိပါ။

၎။ ကျက်ပြီးတဲ့စာတွေကို အခြားတစ်ယောက်ကို ရှင်းပြပါ

ကိုယ်လုပ်ပြီးသွားတဲ့စာတွေကို တစ်စုံတစ်ယောက်ကို ပြန်ရှင်းပြသလို ပြောကြည့်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ မှတ်မိနိုင်စွမ်းကိုလည်း ပိုပြီးတော့ တိုးလာစေပါတယ်။

၅။ စာမေးပွဲပြီးတဲ့အခါ ကိုယ်အလုပ်ချင်ဆုံးအရာတစ်ခုကို တွေးထားပါ။

စာလုပ်ရင်းနဲ့ စိတ်ညစ်လာတဲ့အချိန်တိုင်းမှာ လက်ရှိ ကိုယ့်ကို ပျော်ရွှင်စေမယ့်အရာက ဘာလဲလို့တွေးကြည့်ပါ။ ဒီစာမေးပွဲကြီးပြီးသွားရင်တော့ အဲဒီအရာကို လုပ်ဖြစ်အောင် လုပ်မယ်လို့ တွေးထားပြီး အားတင်းလိုက်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ကတိတည်ပါ။ စာမေးပွဲပြီးတဲ့အခါ အဲဒီအရာကို လုပ်ဖြစ်အောင်လုပ်ပါ။

 

credit - Auntymay

Read times
Rate this articles
(1 Vote)