×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 13 September 2019

"ဘာမွ မလုပ္ခ်င္ေတာ့တဲ့အခါ"

"ဘာမွ မလုပ္ခ်င္ေတာ့တဲ့အခါ" google.com

တခါတေလ ဘာမွလုပ္ခ်င္စိတ္မရွိေတာ့တဲ့အခါ…..

ေမ်ွာ္လင့္ခ်က္ေတြ ေပ်ာက္ဆံုးသြားတဲ့အခါ….

အရာအားလံုးကို ၾကိဳးစားၾကည့္ခ်င္စိတ္ေတြ မရွိေတာ့တဲ့အခါ…

ဘဝၾကီးကို လက္ေလွ်ာ့အရွံုးေပးခ်င္စိတ္ေတြ ျဖစ္ေပၚလာတဲ့အခါ….

ဒီလိုအေျခအေနမ်ိဳးေတြကို သင္အခုခံစားေနရျပီလား။ ဒါဆိုရင္ေတာ့ အခုခ်ိန္မွာ သင္ရဲ႕ တာဝန္ေတြ အလုပ္ေတြအားလံုးကုိ ခဏေလာက္ေဘးဖယ္ထားျပီး ဘာမွမလုပ္ပဲ သင့္ရဲ႕စိတ္ကို အနားေပးလိုက္ပါ။ သင္ရဲ႕စိတ္ကို ေပ်ာ္ရႊင္ေစမယ့္အရာေတြကိုပဲ လုပ္ေဆာင္ပါ။

စိတ္ပ်က္ေနတဲ့အခ်ိန္ စိတ္ဓာတ္က်ေနတဲ့အခ်ိန္ ဘာကိုမွ မလုပ္ေဆာင္တာအေကာင္းဆံုးပါပဲ။ မျဖစ္မေနအရမ္းကို အေရးၾကီးေနတဲ့အလုပ္ေတြဆိုရင္ေတာ့ ခနေလာက္ အနားယူျပီးမွ ဆက္လုပ္သင့္ပါတယ္။ စိတ္မၾကည္လင္တဲ့အခ်ိန္မွာ လုပ္ေဆာင္တဲ့အလုပ္တိုင္းက ေကာင္းတဲ့ စိတ္ကူးစိတ္သန္းေတြ ရရွိနိုင္မွာမဟုတ္တဲ့အတြက္ သင့္ကိုပိုျပီး ပင္ပန္းတာပဲျဖစ္ေစမွာပါ။


ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိတဲ့အခါမ်ိဳးေတြ ကိုယ့္ကုိယ္ကို ဘာကိုစိတ္ပ်က္လို႔ စိတ္ပ်က္မွန္းမသိတဲ့ အခါမ်ိဳးေတြ ၾကံဳဖူးပါသလား။ ကြ်န္ေတာ္ကေတာ့ အဲ့လိုအခ်ိန္မ်ိဳးေတြ ၾကံဳဖူးပါတယ္။ အဲဒီအခါကိုယ္ အရင္က မွားခဲ့တဲ့အမွားေတြ ျပန္ျပီး စိတ္ထဲကို ဝင္လာတတ္ပါတယ္။

အဲလိုမ်ိဳးေတြ ၾကံဳလာတဲ့အခါ သီခ်င္းေတြ အက်ယ္ၾကီးဖြင့္ျပီး ေအာ္ဆိုလိုက္ပါ။ တခ်ိဳ႕ကေတာ့ စာအုပ္ဖတ္တာမ်ိဳးေတြ လုပ္ပါတယ္။ ဒါေပမယ့္ စိတ္ညစ္ညဴးေနတဲ့အခ်ိန္မွာ စာအုပ္ဖတ္တဲ့အခါ သိပ္ျပီး ထိေရာက္မွဳမရွိဘူးလို႔ ကြ်န္ေတာ္ကေတာ့ ထင္ပါတယ္။ သီခ်င္းနဲ႕အတူ စီးေျမာျပီး ကတာ က ပိုျပီးေတာ့ စိတ္ကိုျမန္ျမန္ဆန္ဆန္ လန္းဆန္းေစနိုင္ပါတယ္။

သင္ျပန္ျပီးစိတ္ၾကည္လာတဲ့အခ်ိန္မွ သင္ၾကံဳေနရတဲ့ စိတ္ဆင္းရဲမွဳေတြကို ေသခ်ာ ဆန္းစစ္ ၾကည့္ပါ။ စိတ္ညစ္ေနတဲ့အခ်ိန္မွာ ျမင္တဲ့အျမင္နဲ႕ စိတ္ၾကည္လင္ေနတဲ့အခ်ိန္မွာ ျမင္တဲ့အျမင္မတူ နိုင္ပါဘူး။ စိတ္ၾကည္ေနတဲ့အခါ ေျဖရွင္းနိုင္တဲ့နည္းလမ္းေတြ ျပႆနာေတြ စိတ္ဆင္းရဲမွဳေတြ က ေသးငယ္သြားတတ္ပါတယ္။

ေျဖရွင္းလို႔မရတဲ့ ျပႆနာ သင့္ရဲ႕ အားနည္းခ်က္ေတြကို စိတ္ပ်က္ေနတာဆိုရင္ ဒါက သင္အခ်ိန္ယူျပီး ေျဖရွင္းမယ္ဆိုရင္ ေျပလည္သြားနိုင္ပါတယ္။ ေနာက္တစ္ခုက အားနည္းခ်က္ တစ္ခုတည္းကို ၾကည့္ေနမယ့္အစား သင့္ဆီမွာ ရွိေနတဲ့ အားသာခ်က္ေလးေတြကိုလည္း ျမင္ေအာင္ၾကည့္တတ္ပါတယ္။ ေလာကၾကီးက အရမ္းေတာ့ တစ္ဖက္သတ္မဆန္ပါဘူး။ ေကာင္းတဲ့အခ်က္ေလးေတြ ကံေကာင္းျခင္းေတြလည္း ရွိပါတယ္။ ျမင္ေအာင္ၾကည့္ပါ။

<<< Unicode Version >>>

 

တခါတလေ ဘာမှလုပ်ချင်စိတ်မရှိတော့တဲ့အခါ…..

မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့အခါ….

အရာအားလုံးကို ကြိုးစားကြည့်ချင်စိတ်တွေ မရှိတော့တဲ့အခါ…

ဘဝကြီးကို လက်လျှော့အရှုံးပေးချင်စိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ….

ဒီလိုအခြေအနေမျိုးတွေကို သင်အခုခံစားနေရပြီလား။ ဒါဆိုရင်တော့ အခုချိန်မှာ သင်ရဲ့ တာဝန်တွေ အလုပ်တွေအားလုံးကို ခဏလောက်ဘေးဖယ်ထားပြီး ဘာမှမလုပ်ပဲ သင့်ရဲ့စိတ်ကို အနားပေးလိုက်ပါ။ သင်ရဲ့စိတ်ကို ပျော်ရွှင်စေမယ့်အရာတွေကိုပဲ လုပ်ဆောင်ပါ။

စိတ်ပျက်နေတဲ့အချိန် စိတ်ဓာတ်ကျနေတဲ့အချိန် ဘာကိုမှ မလုပ်ဆောင်တာအကောင်းဆုံးပါပဲ။ မဖြစ်မနေအရမ်းကို အရေးကြီးနေတဲ့အလုပ်တွေဆိုရင်တော့ ခနလောက် အနားယူပြီးမှ ဆက်လုပ်သင့်ပါတယ်။ စိတ်မကြည်လင်တဲ့အချိန်မှာ လုပ်ဆောင်တဲ့အလုပ်တိုင်းက ကောင်းတဲ့ စိတ်ကူးစိတ်သန်းတွေ ရရှိနိုင်မှာမဟုတ်တဲ့အတွက် သင့်ကိုပိုပြီး ပင်ပန်းတာပဲဖြစ်စေမှာပါ။


ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့အခါမျိုးတွေ ကိုယ့်ကိုယ်ကို ဘာကိုစိတ်ပျက်လို့ စိတ်ပျက်မှန်းမသိတဲ့ အခါမျိုးတွေ ကြုံဖူးပါသလား။ ကျွန်တော်ကတော့ အဲ့လိုအချိန်မျိုးတွေ ကြုံဖူးပါတယ်။ အဲဒီအခါကိုယ် အရင်က မှားခဲ့တဲ့အမှားတွေ ပြန်ပြီး စိတ်ထဲကို ဝင်လာတတ်ပါတယ်။

အဲလိုမျိုးတွေ ကြုံလာတဲ့အခါ သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး အော်ဆိုလိုက်ပါ။ တချို့ကတော့ စာအုပ်ဖတ်တာမျိုးတွေ လုပ်ပါတယ်။ ဒါပေမယ့် စိတ်ညစ်ညူးနေတဲ့အချိန်မှာ စာအုပ်ဖတ်တဲ့အခါ သိပ်ပြီး ထိရောက်မှုမရှိဘူးလို့ ကျွန်တော်ကတော့ ထင်ပါတယ်။ သီချင်းနဲ့အတူ စီးမြောပြီး ကတာ က ပိုပြီးတော့ စိတ်ကိုမြန်မြန်ဆန်ဆန် လန်းဆန်းစေနိုင်ပါတယ်။

သင်ပြန်ပြီးစိတ်ကြည်လာတဲ့အချိန်မှ သင်ကြုံနေရတဲ့ စိတ်ဆင်းရဲမှုတွေကို သေချာ ဆန်းစစ် ကြည့်ပါ။ စိတ်ညစ်နေတဲ့အချိန်မှာ မြင်တဲ့အမြင်နဲ့ စိတ်ကြည်လင်နေတဲ့အချိန်မှာ မြင်တဲ့အမြင်မတူ နိုင်ပါဘူး။ စိတ်ကြည်နေတဲ့အခါ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ ပြဿနာတွေ စိတ်ဆင်းရဲမှုတွေ က သေးငယ်သွားတတ်ပါတယ်။

ဖြေရှင်းလို့မရတဲ့ ပြဿနာ သင့်ရဲ့ အားနည်းချက်တွေကို စိတ်ပျက်နေတာဆိုရင် ဒါက သင်အချိန်ယူပြီး ဖြေရှင်းမယ်ဆိုရင် ပြေလည်သွားနိုင်ပါတယ်။ နောက်တစ်ခုက အားနည်းချက် တစ်ခုတည်းကို ကြည့်နေမယ့်အစား သင့်ဆီမှာ ရှိနေတဲ့ အားသာချက်လေးတွေကိုလည်း မြင်အောင်ကြည့်တတ်ပါတယ်။ လောကကြီးက အရမ်းတော့ တစ်ဖက်သတ်မဆန်ပါဘူး။ ကောင်းတဲ့အချက်လေးတွေ ကံကောင်းခြင်းတွေလည်း ရှိပါတယ်။ မြင်အောင်ကြည့်ပါ။

 

sayar.com.mm

 

Read times
Rate this articles
(2 votes)