×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 27 September 2019

"ေက်ာင္းသားေတြကို စာသင္ေပးတာအျပင္ ဆရာ၊ ဆရာမေတြက ဘာေတြ ကူညီလုပ္ေဆာင္ႏိုင္သလဲ"

"ေက်ာင္းသားေတြကို စာသင္ေပးတာအျပင္ ဆရာ၊ ဆရာမေတြက ဘာေတြ ကူညီလုပ္ေဆာင္ႏိုင္သလဲ" freepick

<<< Zawgyi >>>

ပညာသင္ယူျခင္း ဆိုတာဟာ ေက်ာင္းသူေက်ာင္းသားတိုင္းရဲ႕ မျဖစ္မေန လုပ္ေဆာင္ရမယ့္ တာဝန္ျဖစ္ပါတယ္။

သင္ယူ ေလ့လာႏိုင္စြမ္း ဆိုတာက စာသင္သား တစ္ဦးခ်င္းစီရဲ႕ ကိုယ္ပိုင္ အရည္အေသြးနဲ႔ ႀကိဳးစား အားထုတ္မႈေတြအေပၚ အဓိက မူတည္ေပမယ့္ ေကာင္းမြန္ ထိေရာက္တဲ့ ပံ့ပိုးမႈမ်ိဳး ရခဲ့မယ္ ဆိုရင္ေတာ့ ေကာင္းက်ိဳး ပိုမ်ားတဲ့ တြန္းအားမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။

အရင္တစ္ခါတုန္းက မိဘေတြ အေနနဲ႔ သားသမီးေတြရဲ႕ ပညာေရးကို ကူညီ ျမႇင့္တင္ေပးဖို႔ ဘာေတြ လုပ္သင့္သလဲဆိုတဲ့ အႀကံျပဳခ်က္ေတြကို ေဖာ္ျပခဲ့ၿပီးပါၿပီ။

အခုေဆာင္းပါးမွာေတာ့ ဆရာ၊ ဆရာမေတြက စာေပသင္ၾကား ပို႔ခ်႐ုံ သက္သက္ထက္ပိုၿပီး ေက်ာင္းသူေက်ာင္းသားေတြရဲ႕ ပညာေရးအတြက္ ဘယ္လို နည္းလမ္းေတြနဲ႔ ဝန္းရံ ေထာက္ပံ့သင့္သလဲ ဆိုတာကို ေဆြးေႏြး တင္ျပသြားမွာ ျဖစ္ပါတယ္။

 

၁။ ရည္မွန္းခ်က္ထားတတ္ေအာင္ သင္ေပးပါ
ရည္မွန္းခ်က္ ျမင့္ျမင့္ထားတာဟာ ေအာင္ျမင္ေရး လမ္းေၾကာင္းအတြက္ အေျခခံ အက်ဆုံး လိုအပ္ခ်က္ ပန္းတိုင္တစ္ခု ျဖစ္ပါတယ္။

စာသင္ခန္းထဲက တပည့္ေတြ အားလုံးကိုလည္း သူတို႔ရဲ႕ ပညာေရး ေမွ်ာ္မွန္းခ်က္နဲ႔ ပတ္သက္ၿပီး ကိုယ့္အတိုင္းအတာနဲ႔ကိုယ္ ျမင့္မားတဲ့ ရည္မွန္းခ်က္မ်ိဳး ထားရွိႏိုင္ဖို႔ လမ္းေၾကာင္း ေဖာ္ေပးသင့္ပါတယ္။

ဒါေပမဲ့ ေက်ာင္းသူေက်ာင္းသားတိုင္း ရည္မွန္းခ်က္ တစ္ခုတည္းကို ဦးတည္ခိုင္းထားတဲ့ ပုံေသကားခ်ပ္မ်ိဳး မျဖစ္ေစဘဲ တစ္ဦးခ်င္းနဲ႔ ကိုက္ညီသင့္ေတာ္မယ့္ ေ႐ြးခ်ယ္မႈတိုင္းကို အျမင့္ဆုံး ေရာက္ႏိုင္ေအာင္ တြန္းအားေပးဖို႔ ျဖစ္ပါတယ္။

 

၂။ စ႐ိုက္သဘာဝေတြကို ပိုေလ့လာပါ
လူတစ္ေယာက္ခ်င္းစီရဲ႕ အေတြးအေခၚ၊ အက်င့္စ႐ိုက္၊ ဗီဇပါရမီေတြက တူညီမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဆယ္ဂဏန္း အေတာ္မ်ားမ်ားရွိတဲ့ စာသင္ခန္း တစ္ခုထဲက ေက်ာင္းသူေက်ာင္းသားေတြရဲ႕ ဝိေသသ လကၡဏာေတြကလည္း ကြဲျပားပါလိမ့္မယ္။

တစ္ဦးခ်င္းရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကို ဆရာ၊ ဆရာမေတြက ေသေသခ်ာခ်ာ ဆန္းစစ္ ေလ့လာထားတဲ့အခါ ေက်ာင္းသူေက်ာင္းသားေတြရဲ႕ လိုအပ္ခ်က္ကို ပိုၿပီး ပီပီျပင္ျပင္ ျပည့္ျပည့္ဝဝ အကူအညီ ေပးႏိုင္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဘယ္ေက်ာင္းသူ အတြက္ေတာ့ ဘယ္လိုနည္းလမ္းနဲ႔ ခ်ဥ္းကပ္ ကူညီသင့္တယ္၊ ဘယ္ေက်ာင္းသား အတြက္ေတာ့ ဘယ္ပုံစံမ်ိဳးက အဆင္ေျပတယ္ ဆိုတာကို ကိုယ္တိုင္ကိုယ္က် ဆုံးျဖတ္ႏိုင္ပါလိမ့္မယ္။

 

၃။ ပညာေရး တိုးတက္မႈကို မ်က္ေျခမျပတ္ပါေစနဲ႔
မ်ားေသာအားျဖင့္ စာသင္ခန္းထဲက ပညာေရး ကြာဟခ်က္ အေျခအေနကို ပညာေရး အစီရင္ခံစာ ကတ္ျပား (ရီပို႔တ္ကတ္) နဲ႔ပဲ တိုင္းတာတတ္ၾကပါတယ္။

အဲဒီအခါမွာ အဓိက ႀကဳံရတဲ့ ျပႆနာက စာေတာ္တဲ့ ေက်ာင္းသားေတြနဲ႔ စာညံ့တဲ့ ေက်ာင္းသားေတြေလာက္ကိုပဲ ဆရာ၊ ဆရာမေတြဘက္က သတိထားမိတတ္ၿပီး အလယ္အလတ္သမားေတြကိုေတာ့ မ်က္ေျချပတ္ေနေလ့ ရွိပါတယ္။

တကယ္တမ္း ျဖစ္သင့္တာက ေက်ာင္းသူေက်ာင္းသား အားလုံးရဲ႕ ပညာေရး အေျခအေန၊ တိုးတက္မႈနဲ႔ ဆုတ္ယုတ္မႈ အားလုံးကို အခ်ိန္ေပးၿပီး စိစစ္သင့္ပါတယ္။

ဒါမွသာ ဘယ္သူ႔အတြက္ ဘာလိုအပ္ၿပီး ဘယ္လို ျဖည့္ဆည္းေပးရင္ အဆင္ေျပမလဲ ဆိုတာကို ကြဲကြဲျပားျပား အေျဖထုတ္ႏိုင္မွာ ျဖစ္ပါတယ္။


၄။ ေဆြးေႏြးပါ
ေဆြးေႏြးဖို႔ဆိုၿပီး ၿခဳံေျပာေပမယ့္ အဓိက လမ္းေၾကာင္းသုံးခု ျဖာထြက္သြားပါလိမ့္မယ္။ ပထမဆုံးက ကိုယ့္ရဲ႕တပည့္ ေက်ာင္းသူေက်ာင္းသားေတြနဲ႔ ေဆြးေႏြးဖို႔ ျဖစ္ပါတယ္။

သူတို႔ ဘာလိုအပ္သလဲ၊ ဘာေတြ ျဖစ္ခ်င္သလဲ ဆိုတာကို ပြင့္ပြင့္လင္းလင္း ေျပာရဲေအာင္ လမ္းဖြင့္ေပးရပါမယ္။

ေက်ာင္းသူေက်ာင္းသားေတြရဲ႕ အသံကို အရွိအတိုင္း နားေထာင္မွသာ ကိုယ့္ရဲ႕ သင္ၾကားမႈကို ပိုၿပီး ထိေရာက္ ထက္ေျမ့ေနေအာင္ ေသြးႏိုင္မွာ ျဖစ္ပါတယ္။

ေနာက္ထပ္ ေဆြးေႏြးရမွာက လုပ္ေဖာ္ကိုင္ဖက္ေတြကိုပါ။ ကိုယ့္အတန္းမွာ ဘာသာရပ္အလိုက္ တာဝန္ယူ သင္ၾကားေပးေနတဲ့ ဆရာဆရာမေတြနဲ႔ ပိုၿပီး နီးနီးစပ္စပ္ ႏွီးေႏွာ တိုင္ပင္ျခင္းက ေက်ာင္းသူေက်ာင္းသားေတြရဲ႕ အထာကို ပိုသိလာေစမွာ ျဖစ္ပါတယ္။

ေနာက္ဆုံး ေဆြးေႏြးဖို႔ လိုတာကေတာ့ ေက်ာင္းသူေက်ာင္းသား မိဘေတြနဲ႔ပါ စာသင္ခန္း အျပင္ဘက္ ေရာက္ေနတဲ့ အခ်ိန္မွာ ေက်ာင္းသူေက်ာင္းသားေတြရဲ႕ အေနအထိုင္ အျပဳအမူက ဘယ္လိုရွိတယ္၊ ဘာေတြ သြန္သင္ေပးဖို႔ လိုတယ္၊ ဒါမွမဟုတ္ သူတို႔ရဲ႕ ကိုယ္ပိုင္ျပႆနာေတြ ဘယ္လိုဘယ္ပုံ ျဖစ္ေနတယ္ ဆိုတာေတြကို မိဘနဲ႔ဆရာ ထိထိေရာက္ေရာက္ ပူးေပါင္းကိုင္တြယ္ဖို႔ အေရးႀကီးပါတယ္။


၅။ ေက်ာင္းျပင္ပလႈပ္ရွားမႈေတြကို ဦးေဆာင္ပါ
ေခါက္႐ိုးက်ိဳးေနတဲ့ ပုံစံအရေတာ့ ဆရာ၊ ဆရာမဆိုတာ စာသင္ၿပီး ေက်ာင္းသူေက်ာင္းသားေတြကေတာ့ သင္သမွ် လိုက္မွတ္ဖို႔ ေက်ာင္းတက္ေနရတဲ့ သေဘာပါပဲ။

ဒါေပမဲ့ စာသင္ခ်ိန္ ျပင္ပေတြမွာ တပည့္ေတြကို စုစည္းၿပီး လူမႈေရး လုပ္ငန္းေတြ ပါဝင္ေဆာင္႐ြက္တာမ်ိဳး၊ စုေပါင္း အားကစား လုပ္တာမ်ိဳး၊ ခရီးတိုေတြ သြားေရာက္ လည္ပတ္တာမ်ိဳး ဦးေဆာင္ဦး႐ြက္ လုပ္ေပးသင့္ပါတယ္။ ဒါဟာ စာသင္ခန္းရဲ႕ စည္းလုံးညီၫြတ္မႈ၊ ရင္းႏွီးခင္မင္မႈကို ပိုမိုက်စ္လစ္ အားေကာင္းလာေစသလို ဆရာတပည့္ ဆက္ဆံေရးမွာလည္း အရင္ကထက္ ပြင့္လင္းမႈ ရွိလာမွာ ျဖစ္ပါတယ္။

 


၆။ ပြင့္လင္းျမင္သာ ရွိပါေစ
ေက်ာင္းသူေက်ာင္းသားေတြနဲ႔ ဆက္ဆံရာမွာ နည္းလမ္းမွန္မွန္နဲ႔ ပြင့္လင္းျမင္သာရွိေအာင္ ဆက္ဆံကိုင္တြယ္ဖို႔ သိပ္အေရးႀကီးပါတယ္။

ခံယူခ်က္မွန္မွန္၊ စိတ္ထားမွန္မွန္နဲ႔ ဆရာဆရာမမ်ိဳးကို ေက်ာင္းသူေက်ာင္းသားေတြ ဘက္ကလည္း ခ်စ္ေၾကာက္႐ိုေသၾကတာ ဓမၼတာပါပဲ။

ဒဏ္ေပးခ်ိန္မွာျဖစ္ျဖစ္၊ ဆုခ်ခ်ိန္မွာျဖစ္ျဖစ္၊ ဆုံးမခ်ိန္မွာျဖစ္ျဖစ္ အားလုံးကို တစ္ေျပးညီ သေဘာထား ဆက္ဆံတယ္ ဆိုတာကို ထင္သာျမင္သာ အၿမဲတမ္း ရွိေနေစဖို႔ လိုပါတယ္။

တစ္ခါတေလေတာ့ ဆရာဆရာမဆိုတာ အတန္းထဲမွာ တရားသူႀကီးလို ကိုင္တြယ္ရတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။

အဲဒီလို အေျခအေနတိုင္းမွာ မွန္ကန္ပြင့္လင္းတဲ့ သေဘာထားမ်ိဳးကို အထင္အရွား ျပသႏိုင္ေနမွသာ ေက်ာင္းသူေက်ာင္းသားေတြက ကိုယ့္အေပၚ ပိုေလးစားၿပီး ကိုယ့္သင္ၾကားမႈကို ပိုမို အေလးထားမွာ ျဖစ္ပါတယ္။


၇။ ကိုယ့္ကိုယ္ကိုယ္ ျမႇင့္တင္ပါ
ေက်ာင္းသူေက်ာင္းသားေတြကို ကူညီေပးေန႐ုံနဲ႔တင္ မလုံေလာက္ပါဘူး။ ကိုယ့္အရည္အေသြးကို ျဖည့္တင္းဖို႔လည္း အရမ္းလိုအပ္ပါတယ္။

ကြဲျပားတဲ့ သင္ၾကားပို႔ခ်မႈ စနစ္ေတြ၊ ႏိုင္ငံတကာမွာ က်င့္သုံးေနတဲ့ သင္ၾကားမႈ နည္းလမ္းေတြကို ေလ့လာေနရမွာ ျဖစ္ပါတယ္။ ဒါမွသာ ကိုယ့္တပည့္ေတြကို ျပန္ၿပီး သင္ၾကားေပးခ်ိန္မွာ က်ယ္ျပန္႔တဲ့ ေ႐ြးခ်ယ္မႈ ပုံစံေတြနဲ႔ ထိထိေရာက္ေရာက္ ကိုင္တြယ္ႏိုင္ပါလိမ့္မယ္။

အေထြေထြ ဗဟုသုတေတြ၊ ေက်ာင္းသင္ခန္းစာနဲ႔ ဆက္စပ္တဲ့ စိတ္ဝင္စားစရာ ျပင္ပ အခ်က္အလက္ေတြကိုလည္း သိုမွီး ျဖည့္ဆည္းထားသင့္ပါတယ္။

ျပန္လည္ သင္ၾကားပို႔ခ်တဲ့အခါ အဲဒီ အခ်က္အလက္ အေၾကာင္းအရာေတြကို ဆက္စပ္ ထည့္သြင္းၿပီး စီကာပတ္ကုံး ရွင္းျပလိုက္ရင္ ေက်ာင္းသူေက်ာင္းသားေတြအတြက္ ပိုၿပီး စြဲစြဲၿမဲၿမဲ မွတ္မိလြယ္ေစပါတယ္။


အေရးႀကီးတာက ဆရာဆရာမေတြဟာ ေက်ာင္းသူေက်ာင္းသားေတြကို သင္႐ိုးအတိုင္း ပို႔ခ်သင္ၾကားေပးတယ္ဆိုတဲ့ သမား႐ိုးက် စံႏႈန္းကေန ေဖာက္ထြက္ၿပီး အေျခအေနတိုင္း၊ ရႈေထာင့္တိုင္းကေန အကူအညီေတြ ေပးေနဖို႔ ျဖစ္ပါတယ္။

ေစတနာေရာ၊ နည္းလမ္းပါ မွန္ကန္တဲ့ ပံ့ပိုးမႈေတြေၾကာင့္ ေက်ာင္းသူေက်ာင္းသားေတြအတြက္ အမ်ားႀကီး ေကာင္းက်ိဳးျဖစ္ထြန္းေစႏိုင္သလို ဆရာတပည့္ ဆက္ဆံေရးကိုလည္း ပိုမိုခိုင္မာ တည္တံ့ေစမွာ မလြဲပါဘူး။

 

<<< Unicode >>>

ပညာသင်ယူခြင်း ဆိုတာဟာ ကျောင်းသူကျောင်းသားတိုင်းရဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပါတယ်။

သင်ယူ လေ့လာနိုင်စွမ်း ဆိုတာက စာသင်သား တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အရည်အသွေးနဲ့ ကြိုးစား အားထုတ်မှုတွေအပေါ် အဓိက မူတည်ပေမယ့် ကောင်းမွန် ထိရောက်တဲ့ ပံ့ပိုးမှုမျိုး ရခဲ့မယ် ဆိုရင်တော့ ကောင်းကျိုး ပိုများတဲ့ တွန်းအားမျိုး ဖြစ်စေနိုင်ပါတယ်။

အရင်တစ်ခါတုန်းက မိဘတွေ အနေနဲ့ သားသမီးတွေရဲ့ ပညာရေးကို ကူညီ မြှင့်တင်ပေးဖို့ ဘာတွေ လုပ်သင့်သလဲဆိုတဲ့ အကြံပြုချက်တွေကို ဖော်ပြခဲ့ပြီးပါပြီ။

အခုဆောင်းပါးမှာတော့ ဆရာ၊ ဆရာမတွေက စာပေသင်ကြား ပို့ချရုံ သက်သက်ထက်ပိုပြီး ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးအတွက် ဘယ်လို နည်းလမ်းတွေနဲ့ ဝန်းရံ ထောက်ပံ့သင့်သလဲ ဆိုတာကို ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။

 

၁။ ရည်မှန်းချက်ထားတတ်အောင် သင်ပေးပါ
ရည်မှန်းချက် မြင့်မြင့်ထားတာဟာ အောင်မြင်ရေး လမ်းကြောင်းအတွက် အခြေခံ အကျဆုံး လိုအပ်ချက် ပန်းတိုင်တစ်ခု ဖြစ်ပါတယ်။

စာသင်ခန်းထဲက တပည့်တွေ အားလုံးကိုလည်း သူတို့ရဲ့ ပညာရေး မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး ကိုယ့်အတိုင်းအတာနဲ့ကိုယ် မြင့်မားတဲ့ ရည်မှန်းချက်မျိုး ထားရှိနိုင်ဖို့ လမ်းကြောင်း ဖော်ပေးသင့်ပါတယ်။

ဒါပေမဲ့ ကျောင်းသူကျောင်းသားတိုင်း ရည်မှန်းချက် တစ်ခုတည်းကို ဦးတည်ခိုင်းထားတဲ့ ပုံသေကားချပ်မျိုး မဖြစ်စေဘဲ တစ်ဦးချင်းနဲ့ ကိုက်ညီသင့်တော်မယ့် ရွေးချယ်မှုတိုင်းကို အမြင့်ဆုံး ရောက်နိုင်အောင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။

 

၂။ စရိုက်သဘာဝတွေကို ပိုလေ့လာပါ
လူတစ်ယောက်ချင်းစီရဲ့ အတွေးအခေါ်၊ အကျင့်စရိုက်၊ ဗီဇပါရမီတွေက တူညီမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆယ်ဂဏန်း အတော်များများရှိတဲ့ စာသင်ခန်း တစ်ခုထဲက ကျောင်းသူကျောင်းသားတွေရဲ့ ဝိသေသ လက္ခဏာတွေကလည်း ကွဲပြားပါလိမ့်မယ်။

တစ်ဦးချင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဆရာ၊ ဆရာမတွေက သေသေချာချာ ဆန်းစစ် လေ့လာထားတဲ့အခါ ကျောင်းသူကျောင်းသားတွေရဲ့ လိုအပ်ချက်ကို ပိုပြီး ပီပီပြင်ပြင် ပြည့်ပြည့်ဝဝ အကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်ကျောင်းသူ အတွက်တော့ ဘယ်လိုနည်းလမ်းနဲ့ ချဉ်းကပ် ကူညီသင့်တယ်၊ ဘယ်ကျောင်းသား အတွက်တော့ ဘယ်ပုံစံမျိုးက အဆင်ပြေတယ် ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

 

၃။ ပညာရေး တိုးတက်မှုကို မျက်ခြေမပြတ်ပါစေနဲ့
များသောအားဖြင့် စာသင်ခန်းထဲက ပညာရေး ကွာဟချက် အခြေအနေကို ပညာရေး အစီရင်ခံစာ ကတ်ပြား (ရီပို့တ်ကတ်) နဲ့ပဲ တိုင်းတာတတ်ကြပါတယ်။

အဲဒီအခါမှာ အဓိက ကြုံရတဲ့ ပြဿနာက စာတော်တဲ့ ကျောင်းသားတွေနဲ့ စာညံ့တဲ့ ကျောင်းသားတွေလောက်ကိုပဲ ဆရာ၊ ဆရာမတွေဘက်က သတိထားမိတတ်ပြီး အလယ်အလတ်သမားတွေကိုတော့ မျက်ခြေပြတ်နေလေ့ ရှိပါတယ်။

တကယ်တမ်း ဖြစ်သင့်တာက ကျောင်းသူကျောင်းသား အားလုံးရဲ့ ပညာရေး အခြေအနေ၊ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု အားလုံးကို အချိန်ပေးပြီး စိစစ်သင့်ပါတယ်။

ဒါမှသာ ဘယ်သူ့အတွက် ဘာလိုအပ်ပြီး ဘယ်လို ဖြည့်ဆည်းပေးရင် အဆင်ပြေမလဲ ဆိုတာကို ကွဲကွဲပြားပြား အဖြေထုတ်နိုင်မှာ ဖြစ်ပါတယ်။

 

၄။ ဆွေးနွေးပါ
ဆွေးနွေးဖို့ဆိုပြီး ခြုံပြောပေမယ့် အဓိက လမ်းကြောင်းသုံးခု ဖြာထွက်သွားပါလိမ့်မယ်။ ပထမဆုံးက ကိုယ့်ရဲ့တပည့် ကျောင်းသူကျောင်းသားတွေနဲ့ ဆွေးနွေးဖို့ ဖြစ်ပါတယ်။

သူတို့ ဘာလိုအပ်သလဲ၊ ဘာတွေ ဖြစ်ချင်သလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောရဲအောင် လမ်းဖွင့်ပေးရပါမယ်။

ကျောင်းသူကျောင်းသားတွေရဲ့ အသံကို အရှိအတိုင်း နားထောင်မှသာ ကိုယ့်ရဲ့ သင်ကြားမှုကို ပိုပြီး ထိရောက် ထက်မြေ့နေအောင် သွေးနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် ဆွေးနွေးရမှာက လုပ်ဖော်ကိုင်ဖက်တွေကိုပါ။ ကိုယ့်အတန်းမှာ ဘာသာရပ်အလိုက် တာဝန်ယူ သင်ကြားပေးနေတဲ့ ဆရာဆရာမတွေနဲ့ ပိုပြီး နီးနီးစပ်စပ် နှီးနှော တိုင်ပင်ခြင်းက ကျောင်းသူကျောင်းသားတွေရဲ့ အထာကို ပိုသိလာစေမှာ ဖြစ်ပါတယ်။

နောက်ဆုံး ဆွေးနွေးဖို့ လိုတာကတော့ ကျောင်းသူကျောင်းသား မိဘတွေနဲ့ပါ စာသင်ခန်း အပြင်ဘက် ရောက်နေတဲ့ အချိန်မှာ ကျောင်းသူကျောင်းသားတွေရဲ့ အနေအထိုင် အပြုအမူက ဘယ်လိုရှိတယ်၊ ဘာတွေ သွန်သင်ပေးဖို့ လိုတယ်၊ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေ ဘယ်လိုဘယ်ပုံ ဖြစ်နေတယ် ဆိုတာတွေကို မိဘနဲ့ဆရာ ထိထိရောက်ရောက် ပူးပေါင်းကိုင်တွယ်ဖို့ အရေးကြီးပါတယ်။


၅။ ကျောင်းပြင်ပလှုပ်ရှားမှုတွေကို ဦးဆောင်ပါ
ခေါက်ရိုးကျိုးနေတဲ့ ပုံစံအရတော့ ဆရာ၊ ဆရာမဆိုတာ စာသင်ပြီး ကျောင်းသူကျောင်းသားတွေကတော့ သင်သမျှ လိုက်မှတ်ဖို့ ကျောင်းတက်နေရတဲ့ သဘောပါပဲ။

ဒါပေမဲ့ စာသင်ချိန် ပြင်ပတွေမှာ တပည့်တွေကို စုစည်းပြီး လူမှုရေး လုပ်ငန်းတွေ ပါဝင်ဆောင်ရွက်တာမျိုး၊ စုပေါင်း အားကစား လုပ်တာမျိုး၊ ခရီးတိုတွေ သွားရောက် လည်ပတ်တာမျိုး ဦးဆောင်ဦးရွက် လုပ်ပေးသင့်ပါတယ်။ ဒါဟာ စာသင်ခန်းရဲ့ စည်းလုံးညီညွတ်မှု၊ ရင်းနှီးခင်မင်မှုကို ပိုမိုကျစ်လစ် အားကောင်းလာစေသလို ဆရာတပည့် ဆက်ဆံရေးမှာလည်း အရင်ကထက် ပွင့်လင်းမှု ရှိလာမှာ ဖြစ်ပါတယ်။


၆။ ပွင့်လင်းမြင်သာ ရှိပါစေ
ကျောင်းသူကျောင်းသားတွေနဲ့ ဆက်ဆံရာမှာ နည်းလမ်းမှန်မှန်နဲ့ ပွင့်လင်းမြင်သာရှိအောင် ဆက်ဆံကိုင်တွယ်ဖို့ သိပ်အရေးကြီးပါတယ်။

ခံယူချက်မှန်မှန်၊ စိတ်ထားမှန်မှန်နဲ့ ဆရာဆရာမမျိုးကို ကျောင်းသူကျောင်းသားတွေ ဘက်ကလည်း ချစ်ကြောက်ရိုသေကြတာ ဓမ္မတာပါပဲ။

ဒဏ်ပေးချိန်မှာဖြစ်ဖြစ်၊ ဆုချချိန်မှာဖြစ်ဖြစ်၊ ဆုံးမချိန်မှာဖြစ်ဖြစ် အားလုံးကို တစ်ပြေးညီ သဘောထား ဆက်ဆံတယ် ဆိုတာကို ထင်သာမြင်သာ အမြဲတမ်း ရှိနေစေဖို့ လိုပါတယ်။

တစ်ခါတလေတော့ ဆရာဆရာမဆိုတာ အတန်းထဲမှာ တရားသူကြီးလို ကိုင်တွယ်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။

အဲဒီလို အခြေအနေတိုင်းမှာ မှန်ကန်ပွင့်လင်းတဲ့ သဘောထားမျိုးကို အထင်အရှား ပြသနိုင်နေမှသာ ကျောင်းသူကျောင်းသားတွေက ကိုယ့်အပေါ် ပိုလေးစားပြီး ကိုယ့်သင်ကြားမှုကို ပိုမို အလေးထားမှာ ဖြစ်ပါတယ်။

 

၇။ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ပါ
ကျောင်းသူကျောင်းသားတွေကို ကူညီပေးနေရုံနဲ့တင် မလုံလောက်ပါဘူး။ ကိုယ့်အရည်အသွေးကို ဖြည့်တင်းဖို့လည်း အရမ်းလိုအပ်ပါတယ်။

ကွဲပြားတဲ့ သင်ကြားပို့ချမှု စနစ်တွေ၊ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ သင်ကြားမှု နည်းလမ်းတွေကို လေ့လာနေရမှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ့်တပည့်တွေကို ပြန်ပြီး သင်ကြားပေးချိန်မှာ ကျယ်ပြန့်တဲ့ ရွေးချယ်မှု ပုံစံတွေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါလိမ့်မယ်။

အထွေထွေ ဗဟုသုတတွေ၊ ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်တဲ့ စိတ်ဝင်စားစရာ ပြင်ပ အချက်အလက်တွေကိုလည်း သိုမှီး ဖြည့်ဆည်းထားသင့်ပါတယ်။

ပြန်လည် သင်ကြားပို့ချတဲ့အခါ အဲဒီ အချက်အလက် အကြောင်းအရာတွေကို ဆက်စပ် ထည့်သွင်းပြီး စီကာပတ်ကုံး ရှင်းပြလိုက်ရင် ကျောင်းသူကျောင်းသားတွေအတွက် ပိုပြီး စွဲစွဲမြဲမြဲ မှတ်မိလွယ်စေပါတယ်။

အရေးကြီးတာက ဆရာဆရာမတွေဟာ ကျောင်းသူကျောင်းသားတွေကို သင်ရိုးအတိုင်း ပို့ချသင်ကြားပေးတယ်ဆိုတဲ့ သမားရိုးကျ စံနှုန်းကနေ ဖောက်ထွက်ပြီး အခြေအနေတိုင်း၊ ရှုထောင့်တိုင်းကနေ အကူအညီတွေ ပေးနေဖို့ ဖြစ်ပါတယ်။

စေတနာရော၊ နည်းလမ်းပါ မှန်ကန်တဲ့ ပံ့ပိုးမှုတွေကြောင့် ကျောင်းသူကျောင်းသားတွေအတွက် အများကြီး ကောင်းကျိုးဖြစ်ထွန်းစေနိုင်သလို ဆရာတပည့် ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာ တည်တံ့စေမှာ မလွဲပါဘူး။

 

Sources : 7 Daydaily

sayar.com.mm

 

Read times
Rate this articles
(0 votes)