×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 27 September 2019

"ဘာသာစကားပေါင်း ၂၂ ဘာသာကို အခမဲ့လေ့လာနိုင်မယ့် Duolingo”

"ဘာသာစကားပေါင်း ၂၂ ဘာသာကို အခမဲ့လေ့လာနိုင်မယ့် Duolingo” google.com

<<< Unicode Version >>>

Duolingo (https://www.duolingo.com) ဆိုတာ ဘာသာစကားလေ့လာချင်သူတွေအတွက်

သင်တန်းမတတ်ဘဲ အိမ်မှာအလွယ်တကူလေ့လာနိုင်အောင် တည်ဆောက်ထားတဲ့ Language Learning Website (သို့) App တစ်ခုပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားလေ့လာရေး website တွေထဲမှာ လူသိအများဆုံး website တစ်ခုလည်းဖြစ်ပါတယ်။

(British Council) https://learnenglishteens.britishcouncil.org တို့လို (BBC Learning English) http://www.bbc.co.uk/learningenglish/ တို့လိုမျိုး အခမဲ့လေ့လာနိုင်တဲ့ နာမည်ကြီး website တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် website နဲ့ App ထဲမှာလည်း ဘာသာစကား ၂၂ မျိုးကိုလေ့လာနိုင်ပြီး ကွဲပြားခြားနားတဲ့ Course ပေါင်း ၉၉ ခုတောင် ရှိနေပါပြီ။

အခမဲ့လို႔တောင်မထင်ရအောင် အသေးစိတ် Detail ကျကျထည့်ပေးထားတာကြောင့် အိပ်မှာနေရင်း၊ အလုပ်မှာနေရင်း လေ့လာမယ်သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။

သို့ပေမဲ့ သင့်အနေနဲ့ English ဘာသာစကားကိုတော့ ကျွမ်းကျင်နေဖို့လိုပါတယ်။ တခြားဘာသာစကားတွေကို သင်ယူဖို့အတွက် ကြားခံအနေနဲ့ English ကို အဓိကမပါမဖြစ် ထည့်ပေးထားပြီး အချို့နိုင်ငံကြီးတွေကတော့ သူတို့ရဲ့မိခင်ဘာသာစကားနဲ့ လေ့လာနိုင်အောင် စီမံပေးထားပါတယ်။

ဥပမာ- သင်က Chinese ဘာသာစကားကို လေ့လာမယ်ဆိုကြပါစို့ ဒီဘာသာစကားကိုလေ့လာဖို့အတွက် Enlgish, Spanish, French , German , Italian , Japanese , Korean စတဲ့ နိုင်ငံတွေက ဘာသာစကားတွေနဲ့ လေ့လာနိုင်ပါတယ်။

ဒီတော့ သင့်မှာ English နဲ့ပက်သက်ပြီး အခြေခံကောင်းမယ်ဆိုရင်တော့ အခြားဘာသာစကားပေါင်းများစွာကို ငွေကြေးအကုန်အကျခံစရာမလိုပဲ Free လေ့လာခွင့်ရမှာဖြစ်ပါတယ်။

သင်က English စာမကောင်းဘူးဆိုရင်တော့ အပေါ်မှာပြောခဲ့တဲ့ British Council တို့ BBC learning English တို့မှာ လေ့လာနိုင်ပါတယ်။

သင်တန်းလည်းမတတ်ချင်၊ တစ်ယောက်တည်းလဲမလေ့လာချင်ဘူးဆိုရင်တော့?? sayar.com website ??ထဲမှာ Language ဆိုတဲ့ Categories ကို ရွေးပြီး မိမိတတ်ချင်တဲ့ဘာသာစကားသင်တဲ့ ဆရာတစ်ဦးချင်းစီကို ဆက်သွယ်ပြီး သင်ကြားလို့ရပါတယ်။

<<< ZawGyi >>>




အခမဲ့လို့တောင်မထင်ရအောင် အသေးစိတ် Detail ကျကျထည့်ပေးထားတာကြောင့် အိပ်မှာနေရင်း၊ အလုပ်မှာနေရင်း လေ့လာမယ့်သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။







 

sayar.com.mm

 

Read times Last modified on Friday, 04 October 2019 13:31
Rate this articles
(3 votes)