×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 27 September 2019

"အသစ္ထြက္ရွိထားတဲ့ စာအုပ္မ်ား"

"အသစ္ထြက္ရွိထားတဲ့ စာအုပ္မ်ား" google.com

<<< Unicode Version >>>

ကျောင်းသားလူငယ်တွေအတွက် ကျောင်းပိတ်ရက်တွေမှာ ဖတ်လို့ရအောင် အသစ်ထွက်ရှိထားတဲ့ စာအုပ်များကိုဖော်ပြပေးလိုက်ပါတယ်။


၁။ ကမ္ဘာကျော်ဖိနပ်များနှင့် အခြားအက်ဆေးများ

အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်ကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့ သတင်းထောက် အယ်လ်ဇေဒီရဲ့ ရှုးဖိနပ်ကစလို့ တခြား နာမည်ကျော်ကြားတဲ့ ဖိနပ်တွေအကြောင်း ရေးသားထားတဲ့ "ကမ္ဘာကျော်ဖိနပ်များ" အက်ဆေးအပြင် တော်လှန်ရေး၊ အမှန်တရား၊ လူတန်းစား ပြဿနာတွေအကြောင်း ရေးသားထားတဲ့ အက်ဆေးအပုဒ် ၃၀ ပါဝင်ပါတယ်။

စာရေးဆရာ ထက်မြက် ရေးသားထားတာ ဖြစ်ပါတယ်။

 

၂။ အာလီဘာဘာ၏ အောင်မြင်ခြင်းအမြုတေ

အာလီဘာဘာ (Alibaba) အောင်မြင်ဖို့ ဂျက်မား ဘာတွေလုပ်ခဲ့သလဲဆိုတာကို ဒီစာအုပ်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားပြီး ဂျက်မားရဲ့ စီးပွားရေးဒဿနနဲ့ အတွေးအမြင်တွေကို လေ့လာမှတ်သားရမှာ ဖြစ်ပါတယ်။

အောင်မြင်မှုအတွက် ဂျက်မားထားရှိခဲ့တဲ့ အိပ်မက်၊ ခံယူချက်၊ ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်ဒဿနတွေကို အရောင်ဖွင့်ပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စီးပွားရေးလောကကို လှုပ်ခါစေခဲ့တဲ့ " ဖောက်သည် ပထမ၊ ဝန်ထမ်းဒုတိယ၊ ရှယ်ယာရှင်တတိယ" ဆိုတဲ့ အဆိုအမိန့်ကိုလည်း တွေ့ရပါမယ်။ လူငယ်တက်လူနဲ့ အနာဂတ်ကို ဆက်စပ်ပြတဲ့ စီးပွားရေးဂေဟစနစ် အတွေးအခေါ်တွေကို လက်တွေ့အသုံးချပြပုံတွေကိုလည်း ဖတ်ရှုရမှာဖြစ်ပြီး အောင်မြင်မှုကို ရယူလိုသူတွေနဲ့ စွန့်ဦးတီထွင် စီးပွားရေးသမားတွေအတွက် လက်ကိုင်ထား လေ့လာအတုယူရမယ့် စာအုပ်ဖြစ်ပါတယ်။

စာရေးဆရာ သိန်းအုံးကျော်စံက ဘာသာပြန် ရေးသားထားတာ ဖြစ်ပါတယ်။

 

၃။ စိတ်ညစ်နေတာနဲ့ ပြီးမှာလား

အရေးပေါ်အခြေအနေမျိုးမှာဆိုရင် စိတ်ဖိစီးမှုဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ခွန်အားတွေ ပေးစွမ်းနိုင်ပါတယ်။ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမယ့် အခြေအနေမျိုးမှာလည်း အာရုံစူးစိုက်မှုကို ရစေနိုင်ပါတယ်။

ဒါပေမယ့် လိုအပ်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားပြီးဆိုရင်တော့ စိတ်ဖိစီးမှုဟာ အကူအညီ မပေးတော့ဘဲ ကျန်းမာရေးနဲ့ စိတ်အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။

မှန်ကန်တဲ့ ခံယူချက်ကို မွေးမြူနိုင်ရင် အနှုတ်လက္ခဏာ စိတ်ဖိစီးမှုကို အပေါင်းလက္ခဏာ ဖိအားတွန်းအားအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်စေမယ့် အကြောင်းအရာတွေကို တစ်ဆင့်စီ စနစ်တကျ ရှင်းလင်း ဖော်ပြထားပါတယ်။ စာရေးဆရာ မောင်ဆက်ပိုင်က ရေးသားထားတာ ဖြစ်ပါတယ်။

Recommended For You >>> "ရသစာပေရဲ့ အကျိုးကျေးဇူး (၈)ရပ်"

 

၄။ ကြက်တောစုန်းပြူး အာကြောင်ကြူးနှင့် အခြားဆောင်းပါးများ

ဆရာမြင့်ဇော်ဇော်ဟာ အောက်ခြေလုပ်ငန်းတွေကနေ စီးပွားရေးလုပ်ငန်းများစွာမှာ ကျင်လည်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ Ground Solution Company ကို တည်ထောင်ခဲ့ကာ ပြည်တွင်းပြည်ပကုမ္ပဏီများကို အကြံပေးခြင်း၊ စီမံကိန်းများရေးဆွဲပေးခြင်းနဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေမှာ ဈေးကွက်ရေးရာ ဖြန့်ဖြူးမှုအတတ်ပညာများကို သင်ကြားပို့ချပေးနေသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်တွေ့လုပ်ဆောင် အောင်မြင်နေတဲ့ Marketer တွေကို စုစည်းပြီး ၂၀၁၁ ခုနှစ်မှာ Professional Marketers Association (PMA) ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆရာမြင့်ဇော်ဇော်ရဲ့ ဘဝအတွေ့အကြုံ၊ အတွေးအခေါ်တွေကို အခြေခံပြီး ရေးသားခဲ့တဲ့ ဆောင်းပါး ၄၈ ပုဒ်ကို စုစည်းဖော်ပြထားပါတယ်။

စာရေးဆရာ မြင့်ဇော်ဇော်က ရေးသားထားတာ ဖြစ်ပါတယ်။

 

၅။ နေပျော်အောင်မြင် ဘဝသခင်

အရာရာတွေးခေါ်နိုင်စွမ်း ပြည့်စုံနေသူတွေဟာ သူတို့လိုချင်တဲ့ အောင်မြင်မှုကို ရကြပါတယ်။ အကောင်းဘက်က တွေးသူဟာ ပျော်ရွှင်နေရပြီး အပျက်သဘောဆောင်သူဆိုရင်တော့ အမြဲစိတ်ညစ်နေရပါလိမ့်မယ်။

ဒီတော့ ကိုယ်ရှုမြင်တဲ့အရာကို ကိုယ်ရရှိမယ်လို့ ဆိုနိုင်ပါတယ်။ ဒီစာအုပ်မှာ ဘဝအောင်မြင်ရေးအတွက် မှန်ကန်တဲ့ အတွေးတွေ တွေးတတ်အောင် တင်ပြထားပါတယ်။

ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်စေဖို့ နည်းလမ်းတွေကိုလည်း ဖော်ပြထားပါတယ်။

စာရေးဆရာ အိမ်ကြီးမောင်က ရေးသားထားတာ ဖြစ်ပါတယ်။

 

၆။ ဈေးကွက်မှာ အောင်မြင်ဖို့ ဒါတွေဆောင် ဒါတွေရှောင်

ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းဟာ ဘယ်လောက်ပင် ကောင်းစေဦးတော့၊ လူမသိရင် အချည်းနှီးပါပဲ။ ဒါကြောင့် ဈေးကွက်ရှာဖွေခြင်းနည်းလမ်းတွေ လိုအပ်လာတာပဲ ဖြစ်ပါတယ်။

ဈေးကွက်ရှာဖွေခြင်းဆိုတဲ့နေရာမှာ ရောင်းအားမြှင့်တင်တဲ့နည်းလမ်းတွေ၊ ကြော်ငြာတွေအပါအဝင် တခြားလူစိတ်ဝင်စားစေမယ့် နည်းလမ်းတွေသုံးပြီး ထုတ်ကုန်ကို လူသိအောင်ပြုလုပ်တာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ဈေးကွက်ရှာဖွေခြင်းနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် အချက်တွေကို လိုရင်းတိုရှင်း ဖော်ပြထားပါတယ်။

စာရေးဆရာ အိမ်ကြီးမောင်က ရေးသားထားတာ ဖြစ်ပါတယ်။

 

၇။ ရိုးမခေါ်သံ

အာဏာရှင်စနစ်ဆိုးအောက်မှာ ပြည်သူတွေ ပြားပြားမှောက်နေရချိန် ၁၉၈၅ ခုနှစ်ခန့်က အာဏာရှင်ဆန့်ကျင်ရေး လုပ်ခဲ့ပုံတွေကို ကိုယ်တွေ့အဖြစ်မှန်တွေအပေါ် အခြေခံကာ ဇာတ်လမ်းဆင်ရေးဖွဲ့ထားပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးမှာ လက်နက်ကိုင်လမ်းစဉ်နဲ့ မတော်လှန်ဘဲ ဂမ္ဘီရနည်းလမ်းတွေသုံးကာ ဆန့်ကျင်ခဲ့ကြပုံတွေကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားပါတယ်။

စာရေးဆရာ တင်ညွန့်က ရေးသားထားတာ ဖြစ်ပါတယ်။

Recommended For YOu >>> "စာဖတ်သည့် အလေ့အကျင့်ရစေဖို့ လုပ်ဆောင်နိုင်တဲ့ အချက် (၆) ချက်"

 

၈။ ကြီးကျယ်စွာ စဉ်းစား၍ ကြီးကျယ်စွာ အောင်မြင်ပါ

Tarun Engineer ရေးသားတဲ့ Think Big Become Big ကို ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ မူရင်းစာရေးသူဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ Indian Print Media ကနေ ချီးမြှင့်တဲ့ Business Guru ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ တကယ့်ကိုကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိဖို့လိုပြီး အောင်မြင်သွားသူတိုင်းဟာ ဒီကြီးမားတဲ့ ရည်မှန်းချက်တွေကို တစ်ဆင့်ချင်း အထမြောက်အောင်မြင်အောင် ဘယ်လိုကြိုးစားကြတယ်ဆိုတာကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။

စာရေးဆရာ မိုးဇက်ပိုင်က ဘာသာပြန် ရေးသားထားတာ ဖြစ်ပါတယ်။


၉။ ကမ္ဘာ့မင်တန်

ဆရာကြီး ပီမိုးနင်းဟာ ဗြိတိသျှနယ်ချဲ့စနစ် လက်အောက်မှာ ဇာတိမာန်နဲ့ အသိဉာဏ် ကွယ်ပျောက်လုမတတ် အလူးအလဲ ခံစားနေရတဲ့ ဗမာလူထုကို ဒီကမ္ဘာ့မင်တန်လို စာအုပ်တွေရေးသားပြီး ဇာတိမာန်နဲ့အသိဉာဏ်ကို ဖော်ထုတ်ပေးခဲ့ပါတယ်။
မျိုးချစ်စာဆိုတော်ကြီးပီပီ အိပ်မောကျနေတဲ့ လူထုကြီးကို ကလောင်စွမ်းနဲ့ တပ်လှန့်နှိုးဆော်ခဲ့ပါတယ်။

ခေတ်စနစ်တွေ ဘယ်လိုပြောင်းပြောင်း၊ ဆရာကြီး ပီမိုးနင်းရဲ့ တက်လမ်းစာပေတွေဟာ ဆန်းသစ်မြဲ ဆန်းသစ်လျက်ပင် ရှိနေတာကြောင့် လူထုရဲ့ စိတ်နေစိတ်ထားနဲ့ ချို့ယွင်းလျက်ရှိတဲ့ စာရိတ္တဗလကို ကူညီမြှင့်တင်ပေးနိုင်မယ့် ဒီစာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။

စာရေးဆရာ ပီမိုးနင်းက ရေးသားထားတာ ဖြစ်ပါတယ်။

 

၁၀။ အံ့ဖွယ်မှတ်တမ်း

အံ့ဖွယ်မှတ်တမ်းဟာ အမေရိကန် စာရေးဆရာမ ဟိုလီဘလက်ခ် ရေးသားတဲ့ ငါးအုပ်တွဲ မှော်ဇာတ်လမ်းစာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ နတ်မှင်စာတွေ၊ ဆံပင်အနီနဲ့ မွေးလာသူ၊ ခုနစ်ယောက်မြောက်သားရဲ့ ခုနစ်ယောက်မြောက်သား၊ နတ်မျက်စိပိုင်ရှင်တွေစတဲ့ ဥရောပ ဒဏ္ဍာရီတွေ၊ ရိုးရာပုံပြင်တွေထဲက ထူဆန်းတဲ့ အကြောင်းအရာတွေနဲ့ ဇာတ်လမ်းဆင် ရေးဖွဲ့ထားပါတယ်။

စာရေးဆရာ လင်းခန့်က ဘာသာပြန် ရေးသားထားတာ ဖြစ်ပါတယ်။

 

၁၁။ ကရမက်ပင်နှင့် အခြားဝတ္ထုတိုများစုစည်းမှု

လက်သီးဆုပ်သူများသည် အင်ဒိုနီးရှားမျောက်များနှင့်တူသလို လယ်ကွက်ထဲတွင် ပုစွန်လုံးနှိုက်သူနှင့်လည်းတူကြောင်း၊ အပေးမရှိ အယူသာရှိကြောင်း ရေးသားထားသည့် "လက်သီးဆုပ်သူများ" ၊

တစ်စုံတစ်ခုတွင် ပကတိ သတ်မှတ်တန်ဖိုး ရှိသော်လည်း လူတစ်ဦးတစ်ယောက်ချင်းမှ သတ်မှတ်လိုက်သော ခံစားမှုတန်ဖိုး မတူကြောင်း ရေးဖွဲ့ထားသည့် "တန်ဖိုး"၊

မိုးသည်းသောနေ့များတွင် မိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီးတစ်ယောက် မိုးကို အလွန်မုန်းတီးသည့် အကြောင်း ရေးဖွဲ့ထားသည့် "သစ်ပင်မိုး" စတဲ့ ဝတ္ထုတိုတွေအပြင် ဝတ္ထုတိုပေါင်း ၃၈ ပုဒ် ပါဝင်ပါတယ်။

စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)က ရေးသားထားတာ ဖြစ်ပါတယ်။

 

၁၂။ ပညာရေးစိတ်ပညာ (သဘောတရားနှင့် လက်တွေ့အသုံးပြုပုံ)

ထိရောက်တဲ့ သင်ကြားပြသသူ တစ်ယောက် ဖြစ်လာနိုင်ဖို့ သင်ကြားပြသနည်း အမျိုးမျိုးကိုသာမက သင်ယူသူကို ချဉ်းကပ်နိုင်ရေးအတွက် ပညာရေးစိတ်ပညာဟာ အရေးကြီးပါတယ်။ ဦးနှောက်နဲ့ နှလုံးသားကို ဟန်ချက်ညီညီ လေ့ကျင့်ပျိုးထောင်ပေးသူ ဆရာတစ်ယောက် ဖြစ်ဖို့အတွက် ဒီစာအုပ်ကများစွာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။ စာရေးဆရာ ခန့်မြတ် (SETC)က ရေးသားထားတာ ဖြစ်ပါတယ်။

Recommended For You >> "စာဖတ်သူ နှင့် စာမဖတ်သူ"

 

<<< Zawgyi Version >>>

ေက်ာင္းသားလူငယ္ေတြအတြက္ ေက်ာင္းပိတ္ရက္ေတြမွာ ဖတ္လို ့ရေအာင္ အသစ္ထြက္ရွိထားတဲ့ စာအုပ္မ်ားကိုေဖာ္ျပေပးလိုက္ပါတယ္။


၁။ ကမၻာေက်ာ္ဖိနပ္မ်ားႏွင့္ အျခားအက္ေဆးမ်ား

အေမရိကန္သမၼတေဟာင္း ေဂ်ာ့ဒဗလ်ဴဘုရွ္ကို ဖိနပ္နဲ႔ပစ္ေပါက္ခဲ့တဲ့ သတင္းေထာက္ အယ္လ္ေဇဒီရဲ႕ ႐ႈးဖိနပ္ကစလို႔ တျခား နာမည္ေက်ာ္ၾကားတဲ့ ဖိနပ္ေတြအေၾကာင္း ေရးသားထားတဲ့ "ကမၻာေက်ာ္ဖိနပ္မ်ား" အက္ေဆးအျပင္ ေတာ္လွန္ေရး၊ အမွန္တရား၊ လူတန္းစား ျပႆနာေတြအေၾကာင္း ေရးသားထားတဲ့ အက္ေဆးအပုဒ္ ၃၀ ပါ၀င္ပါတယ္။

စာေရးဆရာ ထက္ျမက္ ေရးသားထားတာ ျဖစ္ပါတယ္။

 

၂။ အာလီဘာဘာ၏ ေအာင္ျမင္ျခင္းအျမဳေတ

အာလီဘာဘာ (Alibaba) ေအာင္ျမင္ဖို႔ ဂ်က္မား ဘာေတြလုပ္ခဲ့သလဲဆိုတာကို ဒီစာအုပ္မွာ ျပည့္ျပည့္စံုစံု ေဖာ္ျပထားၿပီး ဂ်က္မားရဲ႕ စီးပြားေရးဒႆနနဲ႔ အေတြးအျမင္ေတြကို ေလ့လာမွတ္သားရမွာ ျဖစ္ပါတယ္။

ေအာင္ျမင္မႈအတြက္ ဂ်က္မားထားရွိခဲ့တဲ့ အိပ္မက္၊ ခံယူခ်က္၊ ဆံုးျဖတ္ခ်က္နဲ႔ ကိုယ္ပိုင္ဒႆနေတြကို အေရာင္ဖြင့္ေပးထားတဲ့ စာအုပ္ျဖစ္ပါတယ္။

စီးပြားေရးေလာကကို လႈပ္ခါေစခဲ့တဲ့ " ေဖာက္သည္ ပထမ၊ ၀န္ထမ္းဒုတိယ၊ ရွယ္ယာရွင္တတိယ" ဆိုတဲ့ အဆိုအမိန္႔ကိုလည္း ေတြ႔ရပါမယ္။ လူငယ္တက္လူနဲ႔ အနာဂတ္ကို ဆက္စပ္ျပတဲ့ စီးပြားေရးေဂဟစနစ္ အေတြးအေခၚေတြကို လက္ေတြ႔အသံုးခ်ျပပံုေတြကိုလည္း ဖတ္႐ႈရမွာျဖစ္ၿပီး ေအာင္ျမင္မႈကို ရယူလိုသူေတြနဲ႔ စြန္႔ဦးတီထြင္ စီးပြားေရးသမားေတြအတြက္ လက္ကိုင္ထား ေလ့လာအတုယူရမယ့္ စာအုပ္ျဖစ္ပါတယ္။

စာေရးဆရာ သိန္းအံုးေက်ာ္စံက ဘာသာျပန္ ေရးသားထားတာ ျဖစ္ပါတယ္။

 

 

၃။ စိတ္ညစ္ေနတာနဲ႕ ၿပီးမွာလား

အေရးေပၚအေျခအေနမ်ိဳးမွာဆိုရင္ စိတ္ဖိစီးမႈဟာ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔အတြက္ ခြန္အားေတြ ေပးစြမ္းနိုင္ပါတယ္။ အနိုင္အရႈံးကို အဆုံးအျဖတ္ေပးမယ့္ အေျခအေနမ်ိဳးမွာလည္း အာ႐ုံစူးစိုက္မႈကို ရေစနိုင္ပါတယ္။

ဒါေပမယ့္ လိုအပ္တဲ့ အတိုင္းအတာထက္ ေက်ာ္လြန္သြားၿပီးဆိုရင္ေတာ့ စိတ္ဖိစီးမႈဟာ အကူအညီ မေပးေတာ့ဘဲ က်န္းမာေရးနဲ႔ စိတ္အေျခအေနကို ထိခိုက္ေစနိုင္ပါတယ္။

မွန္ကန္တဲ့ ခံယူခ်က္ကို ေမြးျမဴနိုင္ရင္ အႏႈတ္လကၡဏာ စိတ္ဖိစီးမႈကို အေပါင္းလကၡဏာ ဖိအားတြန္းအားအျဖစ္ ေျပာင္းလဲနိုင္မွာ ျဖစ္ပါတယ္။ ဒီစာအုပ္မွာ စိတ္ဖိစီးမႈကို ထိန္းခ်ဳပ္နိုင္ေစမယ့္ အေၾကာင္းအရာေတြကို တစ္ဆင့္စီ စနစ္တက် ရွင္းလင္း ေဖာ္ျပထားပါတယ္။ စာေရးဆရာ ေမာင္ဆက္ပိုင္က ေရးသားထားတာ ျဖစ္ပါတယ္။

recommended for you >>> "ရသစာေပရဲ႔ အက်ိဳးေက်းဇူး (၈)ရပ္"

 

၄။ ၾကက္ေတာစုန္းျပဴး အာေၾကာင္ၾကဴးႏွင့္ အျခားေဆာင္းပါးမ်ား

ဆရာျမင့္ေဇာ္ေဇာ္ဟာ ေအာက္ေျခလုပ္ငန္းေတြကေန စီးပြားေရးလုပ္ငန္းမ်ားစြာမွာ က်င္လည္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ Ground Solution Company ကို တည္ေထာင္ခဲ့ကာ ျပည္တြင္းျပည္ပကုမၸဏီမ်ားကို အႀကံေပးျခင္း၊ စီမံကိန္းမ်ားေရးဆြဲေပးျခင္းနဲ႔ ပုဂၢလိကတကၠသိုလ္ေတြမွာ ေစ်းကြက္ေရးရာ ျဖန္႔ျဖဴးမႈအတတ္ပညာမ်ားကို သင္ၾကားပို႔ခ်ေပးေနသူ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ေတြ႔လုပ္ေဆာင္ ေအာင္ျမင္ေနတဲ့ Marketer ေတြကို စုစည္းၿပီး ၂၀၁၁ ခုႏွစ္မွာ Professional Marketers Association (PMA) ကို တည္ေထာင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒီစာအုပ္မွာ ဆရာျမင့္ေဇာ္ေဇာ္ရဲ႕ ဘ၀အေတြ႔အႀကံဳ၊ အေတြးအေခၚေတြကို အေျခခံၿပီး ေရးသားခဲ့တဲ့ ေဆာင္းပါး ၄၈ ပုဒ္ကို စုစည္းေဖာ္ျပထားပါတယ္။

စာေရးဆရာ ျမင့္ေဇာ္ေဇာ္က ေရးသားထားတာ ျဖစ္ပါတယ္။

 

 

၅။ ေနေပ်ာ္ေအာင္ျမင္ ဘ၀သခင္

အရာရာေတြးေခၚႏိုင္စြမ္း ျပည့္စံုေနသူေတြဟာ သူတို႔လိုခ်င္တဲ့ ေအာင္ျမင္မႈကို ရၾကပါတယ္။ အေကာင္းဘက္က ေတြးသူဟာ ေပ်ာ္ရႊင္ေနရၿပီး အပ်က္သေဘာေဆာင္သူဆိုရင္ေတာ့ အၿမဲစိတ္ညစ္ေနရပါလိမ့္မယ္။

ဒီေတာ့ ကိုယ္႐ႈျမင္တဲ့အရာကို ကိုယ္ရရွိမယ္လို႔ ဆိုႏိုင္ပါတယ္။ ဒီစာအုပ္မွာ ဘ၀ေအာင္ျမင္ေရးအတြက္ မွန္ကန္တဲ့ အေတြးေတြ ေတြးတတ္ေအာင္ တင္ျပထားပါတယ္။

ဘ၀ကို ေပ်ာ္ရႊင္စြာျဖတ္သန္းႏိုင္ေစဖို႔ နည္းလမ္းေတြကိုလည္း ေဖာ္ျပထားပါတယ္။

စာေရးဆရာ အိမ္ႀကီးေမာင္က ေရးသားထားတာ ျဖစ္ပါတယ္။

 

၆။ ေစ်းကြက္မွာ ေအာင္ျမင္ဖို႔ ဒါေတြေဆာင္ ဒါေတြေရွာင္

ကိုယ့္ရဲ႕ထုတ္ကုန္ပစၥည္းဟာ ဘယ္ေလာက္ပင္ ေကာင္းေစဦးေတာ့၊ လူမသိရင္ အခ်ည္းႏွီးပါပဲ။ ဒါေၾကာင့္ ေစ်းကြက္ရွာေဖြျခင္းနည္းလမ္းေတြ လိုအပ္လာတာပဲ ျဖစ္ပါတယ္။

ေစ်းကြက္ရွာေဖြျခင္းဆိုတဲ့ေနရာမွာ ေရာင္းအားျမွင့္တင္တဲ့နည္းလမ္းေတြ၊ ေၾကာ္ျငာေတြအပါအ၀င္ တျခားလူစိတ္၀င္စားေစမယ့္ နည္းလမ္းေတြသံုးၿပီး ထုတ္ကုန္ကို လူသိေအာင္ျပဳလုပ္တာ ျဖစ္ပါတယ္။

ဒီစာအုပ္မွာ ေစ်းကြက္ရွာေဖြျခင္းနဲ႔ ပတ္သက္ၿပီး ေဆာင္ရန္ေရွာင္ရန္ အခ်က္ေတြကို လိုရင္းတိုရွင္း ေဖာ္ျပထားပါတယ္။

စာေရးဆရာ အိမ္ႀကီးေမာင္က ေရးသားထားတာ ျဖစ္ပါတယ္။

 

၇။ ႐ိုးမေခၚသံ

အာဏာရွင္စနစ္ဆိုးေအာက္မွာ ျပည္သူေတြ ျပားျပားေမွာက္ေနရခ်ိန္ ၁၉၈၅ ခုႏွစ္ခန္႔က အာဏာရွင္ဆန္႔က်င္ေရး လုပ္ခဲ့ပံုေတြကို ကိုယ္ေတြ႔အျဖစ္မွန္ေတြအေပၚ အေျခခံကာ ဇာတ္လမ္းဆင္ေရးဖြဲ႔ထားပါတယ္။

အာဏာရွင္ဆန္႔က်င္ေရးမွာ လက္နက္ကိုင္လမ္းစဥ္နဲ႔ မေတာ္လွန္ဘဲ ဂမီၻရနည္းလမ္းေတြသံုးကာ ဆန္႔က်င္ခဲ့ၾကပံုေတြကို စိတ္၀င္စားဖြယ္ ေရးဖြဲ႔ထားပါတယ္။

စာေရးဆရာ တင္ညြန္႔က ေရးသားထားတာ ျဖစ္ပါတယ္။

Recommended For You >>> "စာဖတ္သည့္ အေလ့အက်င့္ရေစဖို႔ လုပ္ေဆာင္ႏိုင္တဲ့ အခ်က္ (၆) ခ်က္"

 

၈။ ႀကီးက်ယ္စြာ စဥ္းစား၍ ႀကီးက်ယ္စြာ ေအာင္ျမင္ပါ

Tarun Engineer ေရးသားတဲ့ Think Big Become Big ကို ဘာသာျပန္ထားတဲ့ စာအုပ္ျဖစ္ပါတယ္။ မူရင္းစာေရးသူဟာ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ ျဖစ္ၿပီး ၂၀၀၈ ခုႏွစ္မွာ Indian Print Media ကေန ခ်ီးျမွင့္တဲ့ Business Guru ဆုကို ရရွိခဲ့သူ ျဖစ္ပါတယ္။

ေအာင္ျမင္သူတစ္ေယာက္ျဖစ္ဖို႔ တကယ့္ကိုႀကီးမားတဲ့ ရည္မွန္းခ်က္ေတြ ရွိဖို႔လိုၿပီး ေအာင္ျမင္သြားသူတိုင္းဟာ ဒီႀကီးမားတဲ့ ရည္မွန္းခ်က္ေတြကို တစ္ဆင့္ခ်င္း အထေျမာက္ေအာင္ျမင္ေအာင္ ဘယ္လိုႀကိဳးစားၾကတယ္ဆိုတာကို ဒီစာအုပ္မွာ ေဖာ္ျပထားပါတယ္။

စာေရးဆရာ မိုးဇက္ပိုင္က ဘာသာျပန္ ေရးသားထားတာ ျဖစ္ပါတယ္။


၉။ ကမာၻ႔မင္တန္

ဆရာႀကီး ပီမိုးနင္းဟာ ၿဗိတိသွ်နယ္ခ်ဲ့စနစ္ လက္ေအာက္မွာ ဇာတိမာန္နဲ႕ အသိဉာဏ္ ကြယ္ေပ်ာက္လုမတတ္ အလူးအလဲ ခံစားေနရတဲ့ ဗမာလူထုကို ဒီကမာၻ႔မင္တန္လို စာအုပ္ေတြေရးသားၿပီး ဇာတိမာန္နဲ႕အသိဉာဏ္ကို ေဖာ္ထုတ္ေပးခဲ့ပါတယ္။
မ်ိဳးခ်စ္စာဆိုေတာ္ႀကီးပီပီ အိပ္ေမာက်ေနတဲ့ လူထုႀကီးကို ကေလာင္စြမ္းနဲ႕ တပ္လွန့္ႏွိုးေဆာ္ခဲ့ပါတယ္။

ေခတ္စနစ္ေတြ ဘယ္လိုေျပာင္းေျပာင္း၊ ဆရာႀကီး ပီမိုးနင္းရဲ႕ တက္လမ္းစာေပေတြဟာ ဆန္းသစ္ၿမဲ ဆန္းသစ္လ်က္ပင္ ရွိေနတာေၾကာင့္ လူထုရဲ႕ စိတ္ေနစိတ္ထားနဲ႕ ခ်ိဳ႕ယြင္းလ်က္ရွိတဲ့ စာရိတၱဗလကို ကူညီျမႇင့္တင္ေပးနိုင္မယ့္ ဒီစာအုပ္ကို ဖတ္ၾကည့္ေစခ်င္ပါတယ္။

စာေရးဆရာ ပီမိုးနင္းက ေရးသားထားတာ ျဖစ္ပါတယ္။

 

၁၀။ အံ့ဖြယ္မွတ္တမ္း

အံ့ဖြယ္မွတ္တမ္းဟာ အေမရိကန္ စာေရးဆရာမ ဟိုလီဘလက္ခ္ ေရးသားတဲ့ ငါးအုပ္တြဲ ေမွာ္ဇာတ္လမ္းစာအုပ္ ျဖစ္ပါတယ္။ ဒီစာအုပ္မွာ သာမန္မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ နတ္မွင္စာေတြ၊ ဆံပင္အနီနဲ႔ ေမြးလာသူ၊ ခုနစ္ေယာက္ေျမာက္သားရဲ႕ ခုနစ္ေယာက္ေျမာက္သား၊ နတ္မ်က္စိပိုင္ရွင္ေတြစတဲ့ ဥေရာပ ဒ႑ာရီေတြ၊ ႐ိုးရာပုံျပင္ေတြထဲက ထူဆန္းတဲ့ အေၾကာင္းအရာေတြနဲ႔ ဇာတ္လမ္းဆင္ ေရးဖြဲ႕ထားပါတယ္။

စာေရးဆရာ လင္းခန္႔က ဘာသာျပန္ ေရးသားထားတာ ျဖစ္ပါတယ္။

 

၁၁။ ကရမက္ပင္ႏွင့္ အျခားဝတၳဳတိုမ်ားစုစည္းမႈ

လက္သီးဆုပ္သူမ်ားသည္ အင္ဒိုနီးရွားေမ်ာက္မ်ားႏွင့္တူသလို လယ္ကြက္ထဲတြင္ ပုစြန္လုံးႏွိုက္သူႏွင့္လည္းတူေၾကာင္း၊ အေပးမရွိ အယူသာရွိေၾကာင္း ေရးသားထားသည့္ "လက္သီးဆုပ္သူမ်ား" ၊

တစ္စုံတစ္ခုတြင္ ပကတိ သတ္မွတ္တန္ဖိုး ရွိေသာ္လည္း လူတစ္ဦးတစ္ေယာက္ခ်င္းမွ သတ္မွတ္လိုက္ေသာ ခံစားမႈတန္ဖိုး မတူေၾကာင္း ေရးဖြဲ႕ထားသည့္ "တန္ဖိုး"၊

မိုးသည္းေသာေန႕မ်ားတြင္ မိသားစုဝင္မ်ား တစ္ေယာက္ၿပီး တစ္ေယာက္ဆုံးရႈံးခဲ့ရသည့္ အမ်ိဳးသမီးတစ္ေယာက္ မိုးကို အလြန္မုန္းတီးသည့္ အေၾကာင္း ေရးဖြဲ႕ထားသည့္ "သစ္ပင္မိုး" စတဲ့ ဝတၳဳတိုေတြအျပင္ ဝတၳဳတိုေပါင္း ၃၈ ပုဒ္ ပါဝင္ပါတယ္။

စာေရးဆရာ ေမာင္စိန္ဝင္း (ပုတီးကုန္း)က ေရးသားထားတာ ျဖစ္ပါတယ္။

 

၁၂။ ပညာေရးစိတ္ပညာ (သေဘာတရားႏွင့္ လက္ေတြ႕အသုံးျပဳပုံ)

ထိေရာက္တဲ့ သင္ၾကားျပသသူ တစ္ေယာက္ ျဖစ္လာနိုင္ဖို႔ သင္ၾကားျပသနည္း အမ်ိဳးမ်ိဳးကိုသာမက သင္ယူသူကို ခ်ဥ္းကပ္နိုင္ေရးအတြက္ ပညာေရးစိတ္ပညာဟာ အေရးႀကီးပါတယ္။ ဦးေႏွာက္နဲ႕ ႏွလုံးသားကို ဟန္ခ်က္ညီညီ ေလ့က်င့္ပ်ိဳးေထာင္ေပးသူ ဆရာတစ္ေယာက္ ျဖစ္ဖို႔အတြက္ ဒီစာအုပ္ကမ်ားစြာ အေထာက္အပံ့ျဖစ္ေစမွာ ျဖစ္ပါတယ္။ စာေရးဆရာ ခန့္ျမတ္ (SETC)က ေရးသားထားတာ ျဖစ္ပါတယ္။

Recommended For You >>> "စာဖတ္​သူ ႏွင္​့ စာမဖတ္​သူ"

 

Sources : Today Bookshop

 

Read times
Rate this articles
(0 votes)