×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 09 October 2019

"သီတင္းကၽြတ္မွာ မိဘဆရာ၊ လူၾကီးသူမေတြကို ကန္ေတာ့ၾကရတဲ့ အေၾကာင္းအရင္း"

"သီတင္းကၽြတ္မွာ မိဘဆရာ၊ လူၾကီးသူမေတြကို ကန္ေတာ့ၾကရတဲ့ အေၾကာင္းအရင္း" google.com

<<< Zawgyi >>>
သီတင္းကၽြတ္ဆုိရင္ လူၾကီးေတြကုိ ကန္ေတာ့ ၾကတယ္။ သက္ၾကီး၀ါၾကီးေတြကို ကန္ေတာ့ၾကပါတယ္။ ဘာေၾကာင့္ကန္ေတာ့ ၾကသလဲ ၊

ဒီကန္ေတာ့ တဲ့ ယဥ္ေက်းမွဴ ဟာ ဘယ္ကေန ဆင္းသက္လာသလဲ ဆုိတာကို အခုကေလးေတြ သိခ်င္ၾကသလိုပဲ ကၽြန္မလည္း သိခ်င္ခဲ့ပါတယ္။ တစ္ခုခု ဆုိရင္ အဲဒါဟာ ဘာေၾကာင့္လုပ္ရသလဲ၊

ဘာၿဖစ္လုိ႔လဲ လို႔ အင္မတန္ အေမးၿမန္းထူတဲ့ ကၽြန္မဟာ ကုသုိလ္ရေအာင္ လို႔ တုိ႔ ဆုိတာေတြကို ကၽြန္မက လြယ္လြယ္လက္ခံတတ္သူ မဟုတ္ပါဘူး။

ဒါနဲ႔ စာအုပ္ေတြ ရွာဖတ္တယ္။ ဆရာေတာ္ၾကီးေတြ ဆီကို သြားရင္ လည္း ကၽြန္မက ဟိုေမး၊ဒီေမးနဲ႔ သိခ်င္တာေတြကို ေလ်ာက္ေမးခဲ့ပါတယ္။

သီတင္ကၽြတ္အေၾကာင္းကို ကၽြန္မငယ္ငယ္ကလိုပဲ သိခ်င္မယ့္ ကေလးေတြ အတြက္ ေမေမတို႔ရွင္းၿပလုိ႔ ရေအာင္လို႔ ကၽြန္မသိထားသေလာက္ၿပန္ၿပီး ေ၀မွ် ေၿပာၿပပါ့မယ္။


ၿမတ္စြာဘုရားလက္ထက္တံုးက ဘုရားဥပေဒေတာ္ (၀ိနည္း) ဆုိတာဟာ အေၾကာင္းတုိက္ဆုိင္ၿပီး တစ္ခုခု ၿဖစ္လာမွ ဘုရားက ပညတ္ခဲ့တာေတြ (မလုပ္ရဘူးလို႔) ေၿပာခဲ့တာေတြပါပဲ။

၀ိနည္းေတာ္ေတြ ရဲ႔ ေနာက္မွာ သူ႔ ပံုၿပင္ဇာတ္လမး္ေတြ အသီးသီးရွိခဲ့ၿပီးသားပါ။


၀ါတြင္းကာလ(မုိးတြင္းကာလ) မွာတံုးက ရဟန္းေတာ္ေတြ ဟာ ေန႔ေရာ၊ညပါ အေၾကာင္းကိစၥရွိရင္ ဟုိရြာကူး ၊ဒီရြာကူးနဲ႔ ခရီး သြားၾကပါေသးတယ္။

အဲဒီလုိခရီးသြားၾကရင္ ေန႔ခင္းဘက္ဆုိရင္ ၿပႆနာမရွိေပမယ့္ ညဘက္ မွာေတာ့ မၿမင္မစမ္းနဲ႔ လူေတြ စုိတ္ပ်ိဳးထားတဲ့ စပါးပင္ပ်ိဳးပင္ ေတြကို တက္နင္းမိၾကတယ္။

အဲဒီ့လို တက္နင္းမိေတာ့ စပါးေတြ ပ်က္ေတာ့ လူေတြ က ၿမတ္စြာဘုရားကုိ လာတုိင္ၾကပါတယ္။ ဒါနဲ႔ ၀ါတြင္းသံုးလ ကာလ မွာ ညဘက္ကုိ ဟုိဒီကူး ခရီးမသြားရဘူး။

ကိုယ့္ေက်ာင္းမွာဘဲ ကိုယ့္တရားကုိယ္အားထုတ္ၿပီးေနရမယ္ လို႔ ဘုရားက ပညတ္ခဲ့တယ္။


၀ါမ၀င္ခင္မွာ ရဟန္းေတာ္ေတြက ၀ါတြင္းမွာ တရားအားထုတ္ဖုိ႔အတြက္ ဆရာရဟန္းေတာ္ၾကီး ေတြ ဆီကေန တရားအားထုတ္နည္းကုိ ေတာင္းၾကပါတယ္။

အဲဒီ့လိုေတာင္းၿပီးေတာ့ မုိးတြင္းတစ္တြင္းလံုး ( တစ္၀ါတြင္း)လံုး ကိုယ့္ေက်ာင္းမွာကိုယ္တရားက်င့္ပါတယ္။ အဲဒီ့လိုက်င့္ခဲ့ၿပီးလို႔ တရားထူး ရတဲ့ သူကလည္း ရေပါ့။

ကိုယ္ရတဲ့ တရား၊ ကိုယ္ၿမင္သိခဲ့တဲ့ အရာေတြကို ၀ါကၽြတ္တာနဲ႔ (မိုးကုန္တာနဲ႔) ဆရာဘုန္းေတာ္ၾကီးေတြဆီကို ေၿပာၿပဖုိ႔ ရဟန္းေတာ္ေတြက လာၾကပါတယ္။

တရားက်င့္ဖုိ႔နည္းေပးခဲ့တဲ့ ဆရာကုိ ကန္ေတာ့ရင္းနဲ႔ လာၾကပါတယ္။ ဆရာ့ေက်းဇူးကုိ ေအာက္ေမ့ သတိရၿပီး ေက်းဇူးတင္လုိ႔ လာၾကတာပါ။


ဒီအစဥ္အဆက္ကေန ရဟန္းေတာ္ေတြရဲ႔ ေက်းဇူးသိမွဳ ကန္ေတာ့မွဳကုိ အတုယူၿပီးေတာ့ ၀ါကၽြတ္ခ်ိန္မွာ လူေတြကလည္း

ကုိယ့္ေပၚေက်းဇူးရွိဖူးသူ၊ ကုိယ့္ထက္အသက္ၾကီးသူ မ်ားကုိ ကန္ေတာ့ ၾကတဲ့ အစဥ္လာေလးေပၚလာတာပါ။


၀ါကၽြတ္ကန္ေတာ့တယ္ ဆုိတဲ့အရာဟာ ေက်းဇူးတရားကို ေအာက္ေမ့မွဳ၊ မာန္ကုိ ခ်ၿပီး လူတစ္ေယာက္ကုိ က်ဳံက်ံဳထုိင္ ကန္ေတာ့ရတဲ့ အရာၿဖစ္တာမုိ႔လို႔ တကယ္ေတာ့လူလူခ်င္းမွာ ကန္ေတာ့ရတယ္

ဆုိတဲ့အရာဟာ မလြယ္လွတဲ့အရာပါ။ ဒါကေလးကို ေခတ္အဆက္ဆက္ လက္ဆင့္ကမ္း သယ္ေဆာင္လာႏုိင္ခဲ့ တဲ့ ယဥ္ေက်းမွဳကေလးက သိပ္ခ်စ္စရာေကာင္းလွပါတယ္။

ေကာင္းတဲ့ ၿမန္မာ့ ယဥ္ေက်းမွဳကေလးပါပဲ။ ကိုယ့္ယဥ္ေက်းမွဴ တစ္ခုစီတုိင္းမွာ ယဥ္ေက်းမွဳရဲ႔ ၿမစ္ဖ်ားခံရာကုိ ကုိယ္တုိင္လည္း ေသၿခာသိဖို႔ လိုသလို၊ ကေလးေတြကုိလည္း ေသၿခာသိေအာင္ လုပ္ေပးဖုိ႔ လည္းလိုပါတယ္။

 

<<< Unicode >>>

"သီတင်းကျွတ်မှာ မိဘဆရာ၊ လူကြီးသူမတွေကို ကန်တော့ကြရတဲ့ အကြောင်းအရင်း"
သီတင်းကျွတ်ဆိုရင် လူကြီးတွေကို ကန်တော့ ကြတယ်။ သက်ကြီးဝါကြီးတွေကို ကန်တော့ကြပါတယ်။ ဘာကြောင့်ကန်တော့ ကြသလဲ ၊

ဒီကန်တော့ တဲ့ ယဉ်ကျေးမှူ ဟာ ဘယ်ကနေ ဆင်းသက်လာသလဲ ဆိုတာကို အခုကလေးတွေ သိချင်ကြသလိုပဲ ကျွန်မလည်း သိချင်ခဲ့ပါတယ်။ တစ်ခုခု ဆိုရင် အဲဒါဟာ ဘာကြောင့်လုပ်ရသလဲ၊

ဘာဖြစ်လို့လဲ လို့ အင်မတန် အမေးမြန်းထူတဲ့ ကျွန်မဟာ ကုသိုလ်ရအောင် လို့ တို့ ဆိုတာတွေကို ကျွန်မက လွယ်လွယ်လက်ခံတတ်သူ မဟုတ်ပါဘူး။

ဒါနဲ့ စာအုပ်တွေ ရှာဖတ်တယ်။ ဆရာတော်ကြီးတွေ ဆီကို သွားရင် လည်း ကျွန်မက ဟိုမေး၊ဒီမေးနဲ့ သိချင်တာတွေကို လျောက်မေးခဲ့ပါတယ်။

သီတင်ကျွတ်အကြောင်းကို ကျွန်မငယ်ငယ်ကလိုပဲ သိချင်မယ့် ကလေးတွေ အတွက် မေမေတို့ရှင်းပြလို့ ရအောင်လို့ ကျွန်မသိထားသလောက်ပြန်ပြီး ဝေမျှ ပြောပြပါ့မယ်။


မြတ်စွာဘုရားလက်ထက်တုံးက ဘုရားဥပဒေတော် (ဝိနည်း) ဆိုတာဟာ အကြောင်းတိုက်ဆိုင်ပြီး တစ်ခုခု ဖြစ်လာမှ ဘုရားက ပညတ်ခဲ့တာတွေ (မလုပ်ရဘူးလို့) ပြောခဲ့တာတွေပါပဲ။

ဝိနည်းတော်တွေ ရဲ့ နောက်မှာ သူ့ ပုံပြင်ဇာတ်လမ်းတွေ အသီးသီးရှိခဲ့ပြီးသားပါ။


ဝါတွင်းကာလ(မိုးတွင်းကာလ) မှာတုံးက ရဟန်းတော်တွေ ဟာ နေ့ရော၊ညပါ အကြောင်းကိစ္စရှိရင် ဟိုရွာကူး ၊ဒီရွာကူးနဲ့ ခရီး သွားကြပါသေးတယ်။

အဲဒီလိုခရီးသွားကြရင် နေ့ခင်းဘက်ဆိုရင် ပြဿနာမရှိပေမယ့် ညဘက် မှာတော့ မမြင်မစမ်းနဲ့ လူတွေ စိုတ်ပျိုးထားတဲ့ စပါးပင်ပျိုးပင် တွေကို တက်နင်းမိကြတယ်။

အဲဒီ့လို တက်နင်းမိတော့ စပါးတွေ ပျက်တော့ လူတွေ က မြတ်စွာဘုရားကို လာတိုင်ကြပါတယ်။ ဒါနဲ့ ဝါတွင်းသုံးလ ကာလ မှာ ညဘက်ကို ဟိုဒီကူး ခရီးမသွားရဘူး။

ကိုယ့်ကျောင်းမှာဘဲ ကိုယ့်တရားကိုယ်အားထုတ်ပြီးနေရမယ် လို့ ဘုရားက ပညတ်ခဲ့တယ်။


ဝါမဝင်ခင်မှာ ရဟန်းတော်တွေက ဝါတွင်းမှာ တရားအားထုတ်ဖို့အတွက် ဆရာရဟန်းတော်ကြီး တွေ ဆီကနေ တရားအားထုတ်နည်းကို တောင်းကြပါတယ်။

အဲဒီ့လိုတောင်းပြီးတော့ မိုးတွင်းတစ်တွင်းလုံး ( တစ်ဝါတွင်း)လုံး ကိုယ့်ကျောင်းမှာကိုယ်တရားကျင့်ပါတယ်။ အဲဒီ့လိုကျင့်ခဲ့ပြီးလို့ တရားထူး ရတဲ့ သူကလည်း ရပေါ့။

ကိုယ်ရတဲ့ တရား၊ ကိုယ်မြင်သိခဲ့တဲ့ အရာတွေကို ဝါကျွတ်တာနဲ့ (မိုးကုန်တာနဲ့) ဆရာဘုန်းတော်ကြီးတွေဆီကို ပြောပြဖို့ ရဟန်းတော်တွေက လာကြပါတယ်။

တရားကျင့်ဖို့နည်းပေးခဲ့တဲ့ ဆရာကို ကန်တော့ရင်းနဲ့ လာကြပါတယ်။ ဆရာ့ကျေးဇူးကို အောက်မေ့ သတိရပြီး ကျေးဇူးတင်လို့ လာကြတာပါ။


ဒီအစဉ်အဆက်ကနေ ရဟန်းတော်တွေရဲ့ ကျေးဇူးသိမှု ကန်တော့မှုကို အတုယူပြီးတော့ ဝါကျွတ်ချိန်မှာ လူတွေကလည်း

ကိုယ့်ပေါ်ကျေးဇူးရှိဖူးသူ၊ ကိုယ့်ထက်အသက်ကြီးသူ များကို ကန်တော့ ကြတဲ့ အစဉ်လာလေးပေါ်လာတာပါ။


ဝါကျွတ်ကန်တော့တယ် ဆိုတဲ့အရာဟာ ကျေးဇူးတရားကို အောက်မေ့မှု၊ မာန်ကို ချပြီး လူတစ်ယောက်ကို ကျုံကျုံထိုင် ကန်တော့ရတဲ့ အရာဖြစ်တာမို့လို့ တကယ်တော့လူလူချင်းမှာ ကန်တော့ရတယ်

ဆိုတဲ့အရာဟာ မလွယ်လှတဲ့အရာပါ။ ဒါကလေးကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာနိုင်ခဲ့ တဲ့ ယဉ်ကျေးမှုကလေးက သိပ်ချစ်စရာကောင်းလှပါတယ်။

ကောင်းတဲ့ မြန်မာ့ ယဉ်ကျေးမှုကလေးပါပဲ။ ကိုယ့်ယဉ်ကျေးမှူ တစ်ခုစီတိုင်းမှာ ယဉ်ကျေးမှုရဲ့ မြစ်ဖျားခံရာကို ကိုယ်တိုင်လည်း သေခြာသိဖို့ လိုသလို၊ ကလေးတွေကိုလည်း သေခြာသိအောင် လုပ်ပေးဖို့ လည်းလိုပါတယ်။

 

Credit-ေခတ္ဘုနး္သစ္

Read times Last modified on Wednesday, 08 January 2020 15:54
Rate this articles
(0 votes)