တစ်ယောက်တည်းမို့ အားငယ်နေလား?
မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး
ယုံကြည်မှုကအဓိကပါ
အခက်အခဲကြောင့် လုပ်ဆောင်ဖို့ ခက်နေတာလား?
မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး
ကြိုးစားမှုကအဓိကပါ
ပတ်ဝန်းကျင်က လှောင်ရယ်မှုကြောင့်
တုန့် ဆိုင်းနေတာလား?
မကြောက်ပါနဲ့
လက်ခုပ်သံဆိုတာမျိုးကလည်း
ပတ်ဝန်းကျင်က လာတာပဲလေ
ဘဝပေးကအလွန်တရာပဲဆိုးဝါးနေတာလား?
သုံည ဆိုတာမျိုးက ကိန်းဂဏန်းတွေရှေ့
ရောက်နေချိန်အခိုက်အတန့် မို့ တန်ဖိုးနည်းနေတာပါ
ကိန်းဂဏန်းတွေနောက်ကိုရောက်တဲ့တစ်နေ့ 
တန်းဖိုးဟာမြင့်တစ်ထက်မြင့်လာပါလိမ့်မယ်
ရုန်းကန်လုပ်ရှားနေရလို့ စိတ်ပျက်နေတာလား?
နေရိပ်ကိုလိုချင်ရင် နေပူကိုတော့ဖြတ်ရမှာပဲလေ
လူဖြစ်တဲ့ အခိုက်အတန့် 
မကြိုးစားပဲလွယ်လွယ်ရရိုးမရှိတာတော့အမှန်ပါ
အချိန်တိုင်းမှာအခွင့်အရေးဆိုတာရှိတယ်
အခွင့်အရေးတိုင်းတော့အချိန်တိုင်းမှာမရှိပါဘူး
ဒီတော့
အချိန်ကိုစောင့်မှာလား?
အခွင့်အရေးကိုစောင့်မှာလား?
စောင့်ဆိုင်းမှုကနှောက်နှေးစေတယ်
ကြိုးစားမှုရှိသူတိုင်းမှာအခွင့်အရေးရှိတယ်
Nothing's impossible
Source; Jobs4U
Recommended for you - အိမ်ခြေရာမဲ့ဘဝမှ ဟားဗတ်ဘွဲ့ရဖြစ်လာခဲ့တဲ့ နယူးယောခ့်နိုင်ငံရဲ့ နှင်းဆီပွင့်လေး