×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 23 October 2019

" အင်္ဂလိပ်စာ Listening Skill တိုးတက်အောင် လေ့ကျင့်နည်း "

" အင်္ဂလိပ်စာ Listening Skill တိုးတက်အောင် လေ့ကျင့်နည်း " freepick

UNICODE

သင့်အနေဖြင့် အင်္ဂလိပ်စာ Listening Skill အခက်အခဲရှိနေတယ်ဆိုတာ တကယ်တမ်းတော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး၊

Listening Skill ဆိုတာသည် Four Skills ထဲမှ တစ်ခုအပါအဝင်ဖြစ်သည့်အတွက် အဓိကပြဿနာတစ်ခုလည်း ဖြစ်နေပါတယ်။
အင်္ဂလိပ်စကားမဖြစ်မနေပြောဆိုကြရတဲ့အခါ


တစ်ခါတစ်လေ သင် နားမလည်တာလေးတွေကြုံတွေ့လာပြီဆိုရင် သင့်စိတ်ထဲမှာ အားမလိုအားမရတာလေးတွေ ဖြစ်နေတတ်ပါတယ်။
အင်္ဂလိပ်စာ Listening Skill နဲ့ပတ်သက်၍ လေ့လာဖို့ ဘာ့ကြောင့်ခက်ခဲနေရသလဲ၊ ဘယ်လိုလေ့လာရမလဲဆိုတာကို ရှင်းပြပေးသွားပါမယ်။
အင်္ဂလိပ်စာ Listening Skill ကို လွယ်ကူစွာလေ့လာပြီး တတ်ကျွမ်းနားလည်စေဖို့ အကြောင်းပြချက် (၃) ချက်ရှိပါတယ်။


#နံပါတ်(၁) အင်္ဂလိပ်စကားလုံးတွေကို လွယ်ကူစွာအသံထွက်ဆိုရတာရှိသလို ခက်ခက်ခဲခဲထွက်ဆိုရတဲ့ စာလုံးတွေလည်းရှိပါတယ်။
ထွက်ဆိုတဲ့အခါ ဖိဆိုသံ၊ ဖော့ဆိုသံ၊ ထွက်၍ဆိုစရာမလိုသောအသံ စကားလုံးများရှိပါတယ်။

လေ့လာရင်း လေ့လာရင်းနဲ့ တချို့နားမလည်နိုင်တဲ့ ခက်ခဲတဲ့စကားလုံးလေးတွေ တွေ့ရတဲ့အခါ ဆက်မလေ့လာတော့ပဲ ရပ်တန့်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

#နံပါတ်(၂) လုပ်ငန်းခွင်မှာဖြစ်စေ၊ ခရီးသွားလာရင်းဖြစ်စေ အင်္ဂလိပ်စာ Native Speakers များနဲ့ မဖြစ်မနေ စကားပြောဆိုကြရတဲ့အခါ သူတို့၏ အင်္ဂလိပ်စကားပြော အနည်းငယ်မြန်သည့်အတွက် အင်္ဂလိပ်စကားပြောလေယူလေသိမ်းအသံအနေအထားကို နားလည်ဖို့ ဂရုတစိုက်နားထောင်ရပါတယ် ။
တခါတရံ သူတို့ဘာပြောလို့ ပြောလိုက်မှန်းမသိ ပြန်ပြောဖို့လည်း အခက်အခဲလေးတွေ့ရှိနေတတ်ပြီး ကိုယ့်ကိုယ်ကို အားငယ်တတ်တာတွေလည်း ရှိနိုင်ပါတယ်။

ဥပမာ -
How are you feeling today?(ရှင်းလင်းသော အသံ)
Howrya feelin' today? (ရှုပ်ထွေးတတ်သော အသံ)
I'm going to have lunch. (ရှင်းလင်းသော အသံ)
I'm gonnahar lunch. (ရှုပ်ထွေးတတ်သော အသံ)
အထက်ဖော်ပြပါ စကားပြောတွေကို ရှင်းရှင်းလင်းလင်းနားလည်စေဖို့ သေချာနားထောင်ရသလို အာရုံမစိုက်မိတဲ့အခါ အခက်အခဲတွေ့တတ်တာလည်း ရှိတတ်ပါတယ်။


#နံပါတ်(၃) တတိယအချက်အနေဖြင့်-လေ့ကျင့်မှု အားနည်းခြင်းဖြစ်ပါတယ်။
Listening Skill တိုးတက်လာစေဖို့ များများနားထောင်ပေးရပါမယ်။
အင်္ဂလိပ်စာများများဖတ်ထားပေမယ့်လည်း အသံဖိုင်များကို လေ့ကျင့်နားထောင်းမှုရှိရပါမယ်။
ကလေးငယ်တွေ၊ လူငယ်လေးတွေဟာ ပထမအဆင့်အနေဖြင့် အင်္ဂလိပ်စာကို Listening Skill ပိုင်း ပို၍လေ့ကျင့်မှု ပေးရပါတယ်။
ပြီးမှ Reading ပိုင်းကို အားစိုက်လေ့ကျင့်ပေးရပါတယ်။
Listening Skill သည် ပထမအရေးကြီးဆုံးပါ။
ဒါ့ကြောင့် ထပ်ခါထပ်ခါလေ့ကျင့်ပေးရပါမယ်။

Recommended For You >>>> "ဘာသာစကားတစ်ခုကို မြန်မြန် တက်ကျွမ်းအောင် သင်ယူဖို့ဆိုရင်"


ဟုတ်ပါပြီ..... ဘာ့ကြောင့် Listening Skill အတွက် လေ့လာခြင်းအခက်တွေ့နေရသလဲဆိုတာ သိနေပြီးဖြစ်ပြီလို့ ဘယ်လိုလေ့လာရမယ်ဆိုတာလည်း သိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
?Listening Skill တိုးတက်လာစေဖို့ နည်းလမ်း ၂ မျိုးရှိပါတယ်။


(၁) နေ့စဉ်ပုံမှန် လေ့ကျင့်ခြင်း
(၂) မှန်ကန်သောနည်းလမ်းဖြင့် လေ့ကျင့်ခြင်း ဖြစ်ပါတယ်။


(၁) နေ့စဉ်ပုံမှန် လေ့ကျင့်ခြင်း

အင်္ဂလိပ်စာ Listening Skill တိုးတက်လာစေဖို့ ကိုယ့်ကိုယ်ကို အလေ့အကျင့်တစ်ခု ဖန်တီးရပါလိမ့်မယ်။
အထူးအနေဖြင့် နေ့စဉ် ၁၅ မိနစ်ကြာ အင်္ဂလိပ်စကားပြော အသံဖိုင်များကို ပုံမှန် နားထောင်တတ်တဲ့အလေ့အကျင့်ရှိနေရပါမယ်။
သင့်အနေဖြင့် အင်္ဂလိပ်စာလေ့လာဖို့ သီးသန့်အချိန်မရလို့ စိတ်မကောင်းမဖြစ်ပါနဲ့။


တစ်နေ့လုံးအလုပ်များသည်လည်း ရှိနိုင်မယ်၊ အချိန်မပေးနိုင်တာလည်း ရှိနိုင်မယ်၊သို့သော်ငြားလည်း ရရှိတဲ့အချိန်လေးတွေထဲက ကြိုးစားအားထုတ်ဖို့တော့ လိုပါတယ်။


ဆိုကြပါစို့- သင် ရုံးအလုပ်သို့သွားနေသည့်အခါ၊ ကျောင်းသို့သွားနေသည့်အခါ၊ ကားမောင်းနေသည့်အခါ၊ ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်နေသည့်အခါ၊ ခရီးသွားယာဉ်ရထားများပေါ်ရှိနေသည့်အခါ၊

အိမ်မှာ အိမ်လုပ်ငန်းလုပ်နေသည့်အခါမျိုးတွေမှာ အင်္ဂလိပ်စကားပြောအသံဖိုင်နှင့်ပက်သတ်၍သော်လည်းကောင်း ၊အင်္ဂလိပ်သီချင်းသော်လည်းကောင်း အနည်းဆုံး ၁၅ မိနစ်ကြာတော့ နားထောင်ဖြစ်အောင် နားထောင်တတ်တဲ့အကျင့်လေးရှိဖို့ ကြိုးစားပါ။
သင့်အနေဖြင့် ဘာတွေကို လေ့လာနားထောင်ရမလဲဆိုရင်-


(၁) VOA Special English
(၂) BBC Six.Minute English
(3) http://elllo.org
(4) http://www.manythings.org/ တို့မှာ လေ့ကျင့်နားထောင်လို့ရပါတယ်။


(၂) မှန်ကန်သောနည်းလမ်းဖြင့် လေ့ကျင့်ခြင်း
အင်္ဂလိပ်စကားပြော Listening Skill တိုးတက်လာစေဖို့ အားထုတ်လေ့လာနေကြရတဲ့အခါ တခါတလေ ကိုယ်လေ့လာနေသည့်နည်းလမ်းသည် လွဲမှားနေတတ်တာလေးတွေရှိနေတတ်လို့ အရာမထင်တာလေးတွေ ရှိကောင်းရှိနေတတ်ပါတယ်။
ဒါ့ကြောင့် အင်္ဂလိပ်စာ Listening Skill လေ့လာခြင်းအတွက် -


(၁) 'Wrong Way' လွဲမှားနေသောနည်းလမ်း နှင့်
(၂) 'Right Way' မှန်ကန်သောနည်းလမ်း ဆိုပြီး ၂ - မျိုး ထပ်ရှင်းပြပေးပါမယ်။


(၁) 'Wrong Way' လွဲမှားနေသောနည်းလမ်း
ဘယ်လိုလေ့လာနည်းတွေက လွဲမှားနေသလဲဆိုရင်-

#တစ်ကြိမ်တစ်ခါဖြင့်သာ အင်္ဂလိပ်အသံဖိုင်များကို နားထောင်လေ့ကျင့်တတ်ခြင်း။
#ရှုပ်ထွေးတယ်ထင်မှတ်ထားသောစကားလုံးများကို နားလည်မှုရှိအောင် ထပ်မလေ့လာပဲ ပြီးပြီးရောနေတတ်ပြီး ဆက်မကြိုးစားခြင်း။
#လေ့လာမှုလက်လျော့အရှုံးပေးတတ်ခြင်း။


(၂) 'Right Way' မှန်ကန်သောနည်းလမ်း
#အင်္ဂလိပ်စာအသံဖိုင်များကို ပထမအကြိမ်နားထောင်ခြင်းဖြင့်အားမရပဲ သာမန်ထက်ပို၍နားလည်အောင် ထပ်ခါထပ်ခါလေ့ကျင့်နားထောင်ပြီး စိတ်ကိုပေါ့ပါးစွာထားရှိတတ်ခြင်း။
#အင်္ဂလိပ်စာနှင့်ပက်သတ်သောစာပိုဒ်များ အသံဖိုင်များကို သေချာဂရုတစိုက်ဖတ် ပထမအကြိမ် ဂရုတစိုက်နားထောင်ပါ။
အင်္ဂလိပ်စကားလုံးတိုင်းကို ပထမအကြိမ်မှာ တစ်ခါတည်းဖြင့် နားလည်အောင်မကြိုးစားပါနဲ့။

စာပိုဒ် စာကြောင်း စကားလုံးတို့၏ အဓိပ္ပါယ်က ဘာကိုဆိုလိုချင်တာလဲဆိုတာ နားလည်အောင်ကြိုးစားပါ


#အသံဖိုင်များထပ်ခါထပ်ခါနားထောင်ပါ
နောက်မှ အချို့စကားလုံးများကို သိရှိနားလည်စေဖို့ကြိုးစားပါ။
စကားလုံးစာသားအားလုံး တစ်ကြိမ်တည်းနားလည်လွယ်ဖို့တော့ စိတ်ထဲမှာ Stress မထားပါနဲ့။


#အင်္ဂလိပ်စာပိုဒ်နှင့်အတုူ ထိုစာပိုဒ်ရဲ့အသံဖိုင်များကို သေချာနားထောင်ပါ
စာပိုဒ်ပါစာကြောင်းများကို ဂရုတစိုက်ကြည့်ဖတ်ရင်း အသံထွက်လေယူလေသိမ်းကို သေချာနားထောင်ပါ။
အသံဖိုင်ကိုနားထောင်ရင်း စကားလုံးများ၏ထွက်ဆိုပုံ လေယူလေသိမ်းများလည်း လွယ်ကူစွာသိရှိနားလည်လာပါလိမ့်မယ်။


အင်္ဂလိပ်စာ Listening Skill ကို ပိုမိုတိုးတက်လာစေရန်အတွက် အထပ်ဖော်ပြပါ နည်းလမ်းများဖြင့် လေ့လာခြင်းသည် သင့်အတွက် လေ့ကျင့်ရန် နည်းလမ်းမှန်ဖြစ်စေသလို Listening Skill တိုးတက်လာစေနိုင်ပါတယ်။
အထူးသတိပေးလိုတာကတော့ -


နေ့စဉ် ၁၅ မိနစ်ကြာ အင်္ဂလိပ်စာနှင့်ပက်သတ်သော အသံဖိုင်များကို အချိန်ပေးနားထောင်ကြပါလို့ ပြောချင်ပါတယ်။
ပုံမှန်လေ့ကျင့် နားထောင်ပေးစေလိုပါတယ်။
#PracticeMakesPerfect ပါ။
'ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ.......'

အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသော ဆရာ၊ ဆရာမများ >>>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

 

Credit : Richard Michael William

 

ZAWGYI

" အဂၤလိပ္စာ Listening Skill တုိးတက္ေအာင္ ေလ့က်င့္နည္း "
သင့္အေနျဖင့္ အဂၤလိပ္စာ Listening Skill အခက္အခဲရွိေနတယ္ဆုိတာ တကယ္တမ္းေတာ့ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး၊
Listening Skill ဆုိတာသည္ Four Skills ထဲမွ တစ္ခုအပါအဝင္ျဖစ္သည့္အတြက္ အဓိကျပႆနာတစ္ခုလည္း ျဖစ္ေနပါတယ္။
အဂၤလိပ္စကားမျဖစ္မေနေျပာဆုိၾကရတ့ဲအခါ 


တစ္ခါတစ္ေလ သင္ နားမလည္တာေလးေတြၾကံဳေတြ႕လာၿပီဆုိရင္ သင့္စိတ္ထဲမွာ အားမလုိအားမရတာေလးေတြ ျဖစ္ေနတတ္ပါတယ္။
အဂၤလိပ္စာ Listening Skill နဲ႔ပတ္သက္၍ ေလ့လာဖုိ႔ ဘာ့ေၾကာင့္ခက္ခဲေနရသလဲ၊ ဘယ္လုိေလ့လာရမလဲဆုိတာကုိ ရွင္းျပေပးသြားပါမယ္။
အဂၤလိပ္စာ Listening Skill ကုိ လြယ္ကူစြာေလ့လာၿပီး တတ္ကြ်မ္းနားလည္ေစဖုိ႔ အေၾကာင္းျပခ်က္ (၃) ခ်က္ရွိပါတယ္။


#နံပါတ္(၁) အဂၤလိပ္စကားလုံးေတြကုိ လြယ္ကူစြာအသံထြက္ဆုိရတာရွိသလုိ ခက္ခက္ခဲခဲထြက္ဆုိရတ့ဲ စာလုံးေတြလည္းရွိပါတယ္။
ထြက္ဆုိတ့ဲအခါ ဖိဆုိသံ၊ ေဖာ့ဆုိသံ၊ ထြက္၍ဆုိစရာမလုိေသာအသံ စကားလုံးမ်ားရွိပါတယ္။

ေလ့လာရင္း ေလ့လာရင္းနဲ႔ တခ်ိဳ႕နားမလည္ႏုိင္တ့ဲ ခက္ခဲတ့ဲစကားလုံးေလးေတြ ေတြ႕ရတ့ဲအခါ ဆက္မေလ့လာေတာ့ပဲ ရပ္တန္႔လုိက္တာလည္း ျဖစ္ႏုိင္ပါတယ္။

 

#နံပါတ္(၂) လုပ္ငန္းခြင္မွာျဖစ္ေစ၊ ခရီးသြားလာရင္းျဖစ္ေစ အဂၤလိပ္စာ Native Speakers မ်ားနဲ႔ မျဖစ္မေန စကားေျပာဆုိၾကရတ့ဲအခါ သူတုိ႔၏ အဂၤလိပ္စကားေျပာ အနည္းငယ္ျမန္သည့္အတြက္ အဂၤလိပ္စကားေျပာေလယူေလသိမ္းအသံအေနအထားကုိ နားလည္ဖုိ႔ ဂရုတစုိက္နားေထာင္ရပါတယ္ ။
တခါတရံ သူတုိ႔ဘာေျပာလုိ႔ ေျပာလုိက္မွန္းမသိ ျပန္ေျပာဖုိ႔လည္း အခက္အခဲေလးေတြ႕ရွိေနတတ္ၿပီး ကုိယ့္ကုိယ္ကုိ အားငယ္တတ္တာေတြလည္း ရွိႏုိင္ပါတယ္။

ဥပမာ - 
How are you feeling today?(ရွင္းလင္းေသာ အသံ)
Howrya feelin' today? (ရႈပ္ေထြးတတ္ေသာ အသံ)
I'm going to have lunch. (ရွင္းလင္းေသာ အသံ)
I'm gonnahar lunch. (ရႈပ္ေထြးတတ္ေသာ အသံ)
အထက္ေဖာ္ျပပါ စကားေျပာေတြကုိ ရွင္းရွင္းလင္းလင္းနားလည္ေစဖုိ႔ ေသခ်ာနားေထာင္ရသလုိ အာရံုမစုိက္မိတ့ဲအခါ အခက္အခဲေတြ႕တတ္တာလည္း ရွိတတ္ပါတယ္။


#နံပါတ္(၃) တတိယအခ်က္အေနျဖင့္-ေလ့က်င့္မႈ အားနည္းျခင္းျဖစ္ပါတယ္။
Listening Skill တုိးတက္လာေစဖုိ႔ မ်ားမ်ားနားေထာင္ေပးရပါမယ္။
အဂၤလိပ္စာမ်ားမ်ားဖတ္ထားေပမယ့္လည္း အသံဖုိင္မ်ားကုိ ေလ့က်င့္နားေထာင္းမႈရွိရပါမယ္။
ကေလးငယ္ေတြ၊ လူငယ္ေလးေတြဟာ ပထမအဆင့္အေနျဖင့္ အဂၤလိပ္စာကုိ Listening Skill ပုိင္း ပုိ၍ေလ့က်င့္မႈ ေပးရပါတယ္။
ၿပီးမွ Reading ပုိင္းကုိ အားစုိက္ေလ့က်င့္ေပးရပါတယ္။
Listening Skill သည္ ပထမအေရးႀကီးဆုံးပါ။
ဒါ့ေၾကာင့္ ထပ္ခါထပ္ခါေလ့က်င့္ေပးရပါမယ္။

Recommended For You >>>> "ဘာသာစကားတစ္ခုကို ျမန္ျမန္ တက္ကၽြမ္းေအာင္ သင္ယူဖို ့ဆိုရင္"


ဟုတ္ပါၿပီ..... ဘာ့ေၾကာင့္ Listening Skill အတြက္ ေလ့လာျခင္းအခက္ေတြ႕ေနရသလဲဆုိတာ သိေနၿပီးျဖစ္ၿပီလုိ႔ ဘယ္လုိေလ့လာရမယ္ဆုိတာလည္း သိလိမ့္မယ္လုိ႔ ေမၽွာ္လင့္ပါတယ္။
?Listening Skill တုိးတက္လာေစဖုိ႔ နည္းလမ္း ၂ မ်ိဳးရွိပါတယ္။


(၁) ေန႔စဥ္ပုံမွန္ ေလ့က်င့္ျခင္း
(၂) မွန္ကန္ေသာနည္းလမ္းျဖင့္ ေလ့က်င့္ျခင္း ျဖစ္ပါတယ္။


(၁) ေန႔စဥ္ပုံမွန္ ေလ့က်င့္ျခင္း

အဂၤလိပ္စာ Listening Skill တုိးတက္လာေစဖုိ႔ ကုိယ့္ကုိယ္ကုိ အေလ့အက်င့္တစ္ခု ဖန္တီးရပါလိမ့္မယ္။
အထူးအေနျဖင့္ ေန႔စဥ္ ၁၅ မိနစ္ၾကာ အဂၤလိပ္စကားေျပာ အသံဖုိင္မ်ားကုိ ပုံမွန္ နားေထာင္တတ္တ့ဲအေလ့အက်င့္ရွိေနရပါမယ္။
သင့္အေနျဖင့္ အဂၤလိပ္စာေလ့လာဖုိ႔ သီးသန္႔အခ်ိန္မရလုိ႔ စိတ္မေကာင္းမျဖစ္ပါနဲ႔။


တစ္ေန႔လုံးအလုပ္မ်ားသည္လည္း ရွိႏုိင္မယ္၊ အခ်ိန္မေပးႏုိင္တာလည္း ရွိႏုိင္မယ္၊သုိ႔ေသာ္ျငားလည္း ရရွိတ့ဲအခ်ိန္ေလးေတြထဲက ႀကိဳးစားအားထုတ္ဖုိ႔ေတာ့ လုိပါတယ္။


ဆုိၾကပါစုိ႔- သင္ ရုံးအလုပ္သုိ႔သြားေနသည့္အခါ၊ ေက်ာင္းသုိ႔သြားေနသည့္အခါ၊ ကားေမာင္းေနသည့္အခါ၊ ခႏၶာကုိယ္ေလ့က်င့္ခန္းလုပ္ေနသည့္အခါ၊ ခရီးသြားယာဥ္ရထားမ်ားေပၚရွိေနသည့္အခါ၊

အိမ္မွာ အိမ္လုပ္ငန္းလုပ္ေနသည့္အခါမ်ိဳးေတြမွာ အဂၤလိပ္စကားေျပာအသံဖုိင္ႏွင့္ပက္သတ္၍ေသာ္လည္းေကာင္း ၊အဂၤလိပ္သီခ်င္းေသာ္လည္းေကာင္း အနည္းဆုံး ၁၅ မိနစ္ၾကာေတာ့ နားေထာင္ျဖစ္ေအာင္ နားေထာင္တတ္တ့ဲအက်င့္ေလးရွိဖုိ႔ ႀကိဳးစားပါ။
သင့္အေနျဖင့္ ဘာေတြကုိ ေလ့လာနားေထာင္ရမလဲဆုိရင္-


(၁) VOA Special English
(၂) BBC Six.Minute English 
(3) ELLLO.org
(4) http://www.manythings.org/ တုိ႔မွာ ေလ့က်င့္နားေထာင္လုိ႔ရပါတယ္။


(၂) မွန္ကန္ေသာနည္းလမ္းျဖင့္ ေလ့က်င့္ျခင္း
အဂၤလိပ္စကားေျပာ Listening Skill တုိးတက္လာေစဖုိ႔ အားထုတ္ေလ့လာေနၾကရတ့ဲအခါ တခါတေလ ကုိယ္ေလ့လာေနသည့္နည္းလမ္းသည္ လြဲမွားေနတတ္တာေလးေတြရွိေနတတ္လုိ႔ အရာမထင္တာေလးေတြ ရွိေကာင္းရွိေနတတ္ပါတယ္။
ဒါ့ေၾကာင့္ အဂၤလိပ္စာ Listening Skill ေလ့လာျခင္းအတြက္ -


(၁) 'Wrong Way' လြဲမွားေနေသာနည္းလမ္း ႏွင့္ 
(၂) 'Right Way' မွန္ကန္ေသာနည္းလမ္း ဆုိၿပီး ၂ - မ်ိဳး ထပ္ရွင္းျပေပးပါမယ္။


(၁) 'Wrong Way' လြဲမွားေနေသာနည္းလမ္း
ဘယ္လုိေလ့လာနည္းေတြက လြဲမွားေနသလဲဆုိရင္-

#တစ္ႀကိမ္တစ္ခါျဖင့္သာ အဂၤလိပ္အသံဖုိင္မ်ားကုိ နားေထာင္ေလ့က်င့္တတ္ျခင္း။
#ရႈပ္ေထြးတယ္ထင္မွတ္ထားေသာစကားလုံးမ်ားကုိ နားလည္မႈရွိေအာင္ ထပ္မေလ့လာပဲ ၿပီးၿပီးေရာေနတတ္ၿပီး ဆက္မႀကိဳးစားျခင္း။
#ေလ့လာမႈလက္ေလ်ာ့အရႈံးေပးတတ္ျခင္း။


(၂) 'Right Way' မွန္ကန္ေသာနည္းလမ္း

#အဂၤလိပ္စာအသံဖုိင္မ်ားကုိ ပထမအႀကိမ္နားေထာင္ျခင္းျဖင့္အားမရပဲ သာမန္ထက္ပုိ၍နားလည္ေအာင္ ထပ္ခါထပ္ခါေလ့က်င့္နားေထာင္ၿပီး စိတ္ကုိေပါ့ပါးစြာထားရွိတတ္ျခင္း။
#အဂၤလိပ္စာႏွင့္ပက္သတ္ေသာစာပုိဒ္မ်ား အသံဖုိင္မ်ားကုိ ေသခ်ာဂရုတစုိက္ဖတ္ ပထမအႀကိမ္ ဂရုတစုိက္နားေထာင္ပါ။
အဂၤလိပ္စကားလုံးတုိင္းကုိ ပထမအႀကိမ္မွာ တစ္ခါတည္းျဖင့္ နားလည္ေအာင္မႀကိဳးစားပါနဲ႔။ 

စာပုိဒ္ စာေၾကာင္း စကားလုံးတုိ႔၏ အဓိပၸါယ္က ဘာကုိဆုိလုိခ်င္တာလဲဆုိတာ နားလည္ေအာင္ႀကိဳးစားပါ


#အသံဖုိင္မ်ားထပ္ခါထပ္ခါနားေထာင္ပါ
ေနာက္မွ အခ်ိဳ႕စကားလုံးမ်ားကုိ သိရွိနားလည္ေစဖုိ႔ႀကိဳးစားပါ။
စကားလုံးစာသားအားလုံး တစ္ႀကိမ္တည္းနားလည္လြယ္ဖုိ႔ေတာ့ စိတ္ထဲမွာ Stress မထားပါနဲ႔။


#အဂၤလိပ္စာပုိဒ္ႏွင့္အတုူ ထုိစာပုိဒ္ရဲ႕အသံဖုိင္မ်ားကုိ ေသခ်ာနားေထာင္ပါ
စာပုိဒ္ပါစာေၾကာင္းမ်ားကုိ ဂရုတစုိက္ၾကည့္ဖတ္ရင္း အသံထြက္ေလယူေလသိမ္းကုိ ေသခ်ာနားေထာင္ပါ။
အသံဖုိင္ကုိနားေထာင္ရင္း စကားလုံးမ်ား၏ထြက္ဆုိပုံ ေလယူေလသိမ္းမ်ားလည္း လြယ္ကူစြာသိရွိနားလည္လာပါလိမ့္မယ္။


အဂၤလိပ္စာ Listening Skill ကုိ ပုိမုိတုိးတက္လာေစရန္အတြက္ အထပ္ေဖာ္ျပပါ နည္းလမ္းမ်ားျဖင့္ ေလ့လာျခင္းသည္ သင့္အတြက္ ေလ့က်င့္ရန္ နည္းလမ္းမွန္ျဖစ္ေစသလုိ Listening Skill တုိးတက္လာေစႏုိင္ပါတယ္။
အထူးသတိေပးလုိတာကေတာ့ -


ေန႔စဥ္ ၁၅ မိနစ္ၾကာ အဂၤလိပ္စာႏွင့္ပက္သတ္ေသာ အသံဖုိင္မ်ားကုိ အခ်ိန္ေပးနားေထာင္ၾကပါလုိ႔ ေျပာခ်င္ပါတယ္။
ပုံမွန္ေလ့က်င့္ နားေထာင္ေပးေစလုိပါတယ္။
#PracticeMakesPerfect ပါ။
'ေဝါဟာရမ်ား တြင္တြင္က်ယ္က်ယ္အသုံးျပဳႏုိင္ၾကၿပီး အဂၤလိပ္စာတုိးတက္ၾကပါေစ.......'

အဂၤလိပ္ဘာသာစကားသင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>>> https://www.sayar.com.mm/subjects/all-teachers/subject-496.html



Credit : Richard Michael William

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 17:00
Rate this articles
(2 votes)