×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 24 October 2019

"အတန်းပညာ မရှိပေမဲ့ ဘာလို့ သူတို့ (၃) ဦးက တစ်လမှာ ဝင်ငွေ ကျပ် (၅၇) သိန်းရနေရတာလဲ"

"အတန်းပညာ မရှိပေမဲ့ ဘာလို့ သူတို့ (၃) ဦးက တစ်လမှာ ဝင်ငွေ ကျပ် (၅၇) သိန်းရနေရတာလဲ" google.com

UNICODE

ကျောင်းပြီး ဘွဲ့ရမှ ဝင်ငွေ ကောင်းကောင်း ရမယ်ထင်ရင်တော့ လုံးဝ မှားသွားပါပြီ။ ကျောင်းပြီး ဘွဲ့ရ ဖြစ်နေ ဆိုရင်တောင် ကြိုးစားမှု မရှိရင် ဝင်ငွေ ကောင်းကောင်း ရမှာ မဟုတ်ပါ။

မူဟာမတ် (၃၃)၊ မို ဖယ်ရီ (၃၅) နဲ့ မူဟာမန် (၃၂)၊ သူတို့ သူငယ်ချင်း (၃) ဦးဟာ ကျောင်းပြီး ဘွဲ့ရ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ (၃) ဦးဟာ ဘာလို့ တစ်လမှာ မလေးရှာငွေ (၁၅,၀၀၀)၊ မြန်မာငွေ (၅၇) သိန်း ရရှိနေကြတာလဲပေါ့။

သူတို့ (၃) ဦးဟာ ကျောင်းပြီးဘွဲ့ရ မဟုတ်ကြပေမဲ့လည်း သူတို့အလုပ်ကို အကောင်းဆုံး လုပ်နေကြလိုပါပဲ။ သူတို့ရဲ့အံ့အားသင့်စရာ အောင်မြင်မှုကြောင့် TVET မှာ ပြယုဂ်တွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

@Facebook
သူတို့ (၃) ဦးစလုံးဟာ ဂဂေဆော်သူဖြစ်ကြပြီး ဝင်ငွေ အလွန် ကောင်းမွန်ကြပါတယ်။ သူတို့ထဲက တစ်ယောက် ဖြစ်တဲ့ အသက် (၃၃) နှစ်အရွယ် မူဟာမတ်က သူ့ရဲ့ ကြိုးစားမှုကို ပြန်လည် မျှဝေသွားပါတယ်။

မူဟာမတ်က “ကျွန်တော်က ကျောင်းမပြီးထားပါဘူး။ ကျွန်တော့်အစ်ကိုက ကျွန်တော့်ကို လစာ အများကြီး ရချင်လားလို့ မေးပြီး သူ့ရဲ့လစာကို ကျွန်တော့်ကို ပြတယ်”လို့ ပြောခဲ့ပါတယ်။

သူဟာ ကျောင်းမပြီး၊ ဘွဲ့မရ ဆိုပေမဲ့လည်း သူ ဝါသနာပါပြီး သူ လုပ်ချင်တဲ့ အရာကို သိခဲ့ပါတယ်။ သူဟာ ဂဆေဆော်သူအဖြစ် အလုပ် လုပ်ခဲ့ပြီး လက်ရှိမှာဆိုရင် တစ်လကို ဝင်ငွေ ကျပ် (၇၅) သိန်းကျော် ရရှိနေလျက် ရှိပါတယ်။

သူဟာ ဂဟေဆော်သူအဖြစ် အလုပ်စလုပ်တုန်းက အခုလို တစ်လကို ကျပ် (၇၅) သိန်း ရခဲ့တာ မဟုတ်ဘဲ လက်ရှိ လစာထက် အဆပေါင်း များစွာ နည်းပါးပြီး ရခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ကြိုးစားသထက် ကြိုးစားခဲ့ တာကြောင့် အောင်မြင်သထက် အောင်မြင်လာခဲ့ပါတယ်။ သူဟာ တရုတ်၊ ဟောင်ကောင်၊ မြန်မာ၊ ဒူဘိုင်း၊ အမေရိကန် စတဲ့ နိုင်ငံတွေ လုပ်ခဲ့ပြီး အခုအချိန်မှာတော့ သူ အောင်မြင်နေပြီး ဖြစ်ပါတယ်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mmမှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html  မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကောျင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမများကိုရှာဖွေ နိုင်ပါသည်။

- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် sayar.com.mm လေးကိုသာနှိပ်လိုက်ပါ။

 

 

 

ABC new.com

sayar.com.mm

 

ZAWGYI




@Facebook






 - ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကျောင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမများကိုရှာဖွေ နိုင်ပါသည်။


 

ABC new.com

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 16:59
Rate this articles
(0 votes)