×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 08 November 2019

“ဆြဲခ်င္ရာ ေလွ်ာက္ဆြဲတတ္တဲ့ ၀ါသနာေၾကာင့္ စားေသာက္ဆုိင္ႀကီးတစ္ခုမွာ အလုပ္ရသြားတဲ့ ၉ႏွစ္သား ကေလးငယ္”

“ဆြဲခ်င္ရာ ေလွ်ာက္ဆြဲတတ္တဲ့ ၀ါသနာေၾကာင့္ စားေသာက္ဆုိင္ႀကီးတစ္ခုမွာ အလုပ္ရသြားတဲ့ ၉ႏွစ္သား ကေလးငယ္” thutazone

ကေလးေတြ မွာ ထူးျခားတဲ့ ပင္ကုိယ္၀ါသနာေလးေတြ ပါလာတတ္ၾကပါတယ္။ ဒီလုိ၀ါသနာေလးေတြကို ဂရုစုိက္ၿပီး ျပဳစုပ်ဳိးေထာင္ေပးတဲ့အခါ အဲဒီကေလးဟာ ထူးခြ်န္တဲ့ ကေလးတစ္ေယာက္ ျဖစ္လာပါတယ္။

75552770_1628696263939384_836296249257754624_n.jpg
အခုလည္း အဂၤလန္ႏုိင္ငံက Joe Whale ဆုိတဲ့ ၉ႏွစ္သား ေကာင္ေလးမွာ ၀ါသနာတစ္ခုရွိပါတယ္။ အဲဒါကေတာ့ အခ်ိန္ရတုိင္း စာအုပ္ေတြ နံရံေတြမွာ သူ႔စိတ္ထဲေပၚလာတဲ့အတုိင္း ပုံေတြေလွ်ာက္ျခစ္ေနတတ္တာပါ။

74349036_1628696293939381_1113222516299530240_n.jpg


ဒါကို သူ႔ရဲ႕မိဘေတြက "ဒီကေလး သူမ်ားေတြလုိ ပုံဆြဲတာလဲ မဟုတ္ပဲ ျခစ္ခ်င္ရာေလွ်ာက္ျခစ္ေနတယ္ ေနာက္အဲလုိလုပ္ရင္ အရုိက္ခံရမယ္" ဆုိၿပီး မဆူခဲ့ပဲ သားျဖစ္သူရဲ႕ ၀ါသနာကို အားေပးခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကေလးဟာ အားၿပီဆုိတာနဲ႔ သူ႔၀ါသနာအတုိင္း လြတ္လြတ္လပ္လပ္ ျခစ္ခ်င္ရာ ေလွ်ာက္ျခစ္ပါေတာ့တယ္။

74162939_1628696330606044_616683962844053504_n.jpg

 


ဒီလုိစိတ္ကူးထဲ႐ွိသလုိ ေလ်ွာက္ျခစ္တာကုိ doodle art လုိ႔ေခၚၿပီး ေသခ်ာၾကည့္ရင္ ဆြဲထားတာေတြဟာ ေသေ သပ္သပ္ေလး႐ွိေနတာကုိ ျမင္ရမွာပါ။
သူဆြဲခ်င္ရာ ဆြဲထားတာကို ေက်ာင္းက ဆရာတစ္ေယာက္က ေတြ႔သြားတဲ့အခါ သေဘာက်သြားၿပီး ဓာတ္ပုံရုိက္ကာ Instargram မွာ တင္လုိက္ပါတယ္။ အြန္လုိင္းေပၚက လူေပါင္းမ်ားစြာဟာ ကေလးရဲ႕ ၀ါသနာကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

73201485_1628696357272708_2820989164881707008_n.jpg


သူတုိ႔ထဲမွာ Shrewsbury ၿမဳိ႕ No.4 စားေသာက္ဆုိင္ႀကီးက ၀န္ထမ္းတစ္ေယာက္လည္း ပါ၀င္ခဲ့ပါတယ္။ မၾကာမီမွာပဲ No.4 စားေသာက္ဆုိင္က သူတုိ႔ရဲ႕ ပင္မစားေသာက္ခန္းမ နံရံမွာ စိတ္တုိင္းက်သလုိ ပုံေတြေရးဆြဲေပးဖုိ႔ Joe Whale ကုိ ဆက္သြယ္လာခဲ့ပါတယ္။ အခုဆုိရင္ေတာ့ ေက်ာင္းဆင္းခ်ိန္တုိင္းမွာ Joe ရဲ႕ အေဖဟာ သားျဖစ္သူကို ပုံဆြဲေပးဖုိ႔အတြက္ စားေသာက္ဆုိင္ဆီ ပုံမွန္ပုိ႔ေပးခဲ့ရပါတယ္။

75481847_1628696400606037_698552000920420352_n.jpg


စားေသာက္ဆုိင္ရဲ႕ နံရံမွာ သူ ၁၂နာရီၾကာ ေရးျခစ္ထားတာေတြကို ဆုိင္ကလည္း အလြန္သေဘာက်ခဲ့ၿပီး အဲဒီပုံေတြကို အြန္လုိင္းေပၚမွာတင္ခဲ့ရာ လူေပါင္း ၁သန္းခြဲခန္႔ၾကည့္ရႈ႕ခဲ့တဲ့အထိ စိတ္၀င္စားခဲ့ၾကပါတယ္။
အခုဆုိရင္ေတာ့ Joe ကို Doodle Boy လုိ႔ေခၚၾကၿပီး မီဒီယာေတြထက္မွာ နာမည္ႀကီးေနပါၿပီ။ ဒါအျပင္ သူ႔ရဲ႕ေရးဆြဲမႈကိုႏွစ္သက္တာေၾကာင့္ အလုပ္လုပ္ေပးဖုိ႔ ထပ္မံကမ္းလွမ္းျခင္းကိုလည္း ခံရပါတယ္။
Joe ရဲ႕ ဖခင္ျဖစ္သူ Greg ကေတာ့ သားျဖစ္သူကို အသက္ငယ္ငယ္မွာတင္ သူ၀ါသနာပါတဲ့အလုပ္ကို ကြ်မ္းက်င္သူအျဖစ္ လုပ္ကုိင္ႏုိင္ျခင္းအတြက္ အလြန္ဂုဏ္ယူေနသလုိ ဆက္လက္ၿပီးေတာ့လည္း ပံ့ပိုးမႈေတြ လုပ္ေပးဦးမွာျဖစ္တယ္လုိ႔ ဆုိပါတယ္။

73234435_1628696410606036_8058612133501337600_o.jpg

 

Credit ; Thutazone

 

UNICODE

 

“ဆွဲချင်ရာ လျှောက်ဆွဲတတ်တဲ့ ဝါသနာကြောင့် စားသောက်ဆိုင်ကြီးတစ်ခုမှာ အလုပ်ရသွားတဲ့ ၉နှစ်သား ကလေးငယ်”
ကလေးတွေ မှာ ထူးခြားတဲ့ ပင်ကိုယ်ဝါသနာလေးတွေ ပါလာတတ်ကြပါတယ်။ ဒီလိုဝါသနာလေးတွေကို ဂရုစိုက်ပြီး ပြုစုပျိုးထောင်ပေးတဲ့အခါ အဲဒီကလေးဟာ ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်လာပါတယ်။

75552770_1628696263939384_836296249257754624_n.jpg


အခုလည်း အင်္ဂလန်နိုင်ငံက Joe Whale ဆိုတဲ့ ၉နှစ်သား ကောင်လေးမှာ ဝါသနာတစ်ခုရှိပါတယ်။ အဲဒါကတော့ အချိန်ရတိုင်း စာအုပ်တွေ နံရံတွေမှာ သူ့စိတ်ထဲပေါ်လာတဲ့အတိုင်း ပုံတွေလျှောက်ခြစ်နေတတ်တာပါ။

74349036_1628696293939381_1113222516299530240_n.jpg


ဒါကို သူ့ရဲ့မိဘတွေက "ဒီကလေး သူများတွေလို ပုံဆွဲတာလဲ မဟုတ်ပဲ ခြစ်ချင်ရာလျှောက်ခြစ်နေတယ် နောက်အဲလိုလုပ်ရင် အရိုက်ခံရမယ်" ဆိုပြီး မဆူခဲ့ပဲ သားဖြစ်သူရဲ့ ဝါသနာကို အားပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ကလေးဟာ အားပြီဆိုတာနဲ့ သူ့ဝါသနာအတိုင်း လွတ်လွတ်လပ်လပ် ခြစ်ချင်ရာ လျှောက်ခြစ်ပါတော့တယ်။

74162939_1628696330606044_616683962844053504_n.jpg


ဒီလိုစိတ်ကူးထဲရှိသလို လျှောက်ခြစ်တာကို doodle art လို့ခေါ်ပြီး သေချာကြည့်ရင် ဆွဲထားတာတွေဟာ သေေ သပ်သပ်လေးရှိနေတာကို မြင်ရမှာပါ။
သူဆွဲချင်ရာ ဆွဲထားတာကို ကျောင်းက ဆရာတစ်ယောက်က တွေ့သွားတဲ့အခါ သဘောကျသွားပြီး ဓာတ်ပုံရိုက်ကာ Instargram မှာ တင်လိုက်ပါတယ်။ အွန်လိုင်းပေါ်က လူပေါင်းများစွာဟာ ကလေးရဲ့ ဝါသနာကို ချီးကျူးခဲ့ကြပါတယ်။

73201485_1628696357272708_2820989164881707008_n.jpg


သူတို့ထဲမှာ Shrewsbury မြို့ No.4 စားသောက်ဆိုင်ကြီးက ဝန်ထမ်းတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ မကြာမီမှာပဲ No.4 စားသောက်ဆိုင်က သူတို့ရဲ့ ပင်မစားသောက်ခန်းမ နံရံမှာ စိတ်တိုင်းကျသလို ပုံတွေရေးဆွဲပေးဖို့ Joe Whale ကို ဆက်သွယ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ ကျောင်းဆင်းချိန်တိုင်းမှာ Joe ရဲ့ အဖေဟာ သားဖြစ်သူကို ပုံဆွဲပေးဖို့အတွက် စားသောက်ဆိုင်ဆီ ပုံမှန်ပို့ပေးခဲ့ရပါတယ်။

75481847_1628696400606037_698552000920420352_n.jpg


စားသောက်ဆိုင်ရဲ့ နံရံမှာ သူ ၁၂နာရီကြာ ရေးခြစ်ထားတာတွေကို ဆိုင်ကလည်း အလွန်သဘောကျခဲ့ပြီး အဲဒီပုံတွေကို အွန်လိုင်းပေါ်မှာတင်ခဲ့ရာ လူပေါင်း ၁သန်းခွဲခန့်ကြည့်ရှု့ခဲ့တဲ့အထိ စိတ်ဝင်စားခဲ့ကြပါတယ်။
အခုဆိုရင်တော့ Joe ကို Doodle Boy လို့ခေါ်ကြပြီး မီဒီယာတွေထက်မှာ နာမည်ကြီးနေပါပြီ။ ဒါအပြင် သူ့ရဲ့ရေးဆွဲမှုကိုနှစ်သက်တာကြောင့် အလုပ်လုပ်ပေးဖို့ ထပ်မံကမ်းလှမ်းခြင်းကိုလည်း ခံရပါတယ်။
Joe ရဲ့ ဖခင်ဖြစ်သူ Greg ကတော့ သားဖြစ်သူကို အသက်ငယ်ငယ်မှာတင် သူဝါသနာပါတဲ့အလုပ်ကို ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နိုင်ခြင်းအတွက် အလွန်ဂုဏ်ယူနေသလို ဆက်လက်ပြီးတော့လည်း ပံ့ပိုးမှုတွေ လုပ်ပေးဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

73234435_1628696410606036_8058612133501337600_o.jpg

 

Sources : Thutazone

 

 

Read times Last modified on Friday, 08 November 2019 17:46
Rate this articles
(0 votes)