×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 24 August 2017

မှန်ကန်တဲ့ career လမ်းကြောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီမေးခွန်းတွေကို ဖြေကြည့်ပါ

မှန်ကန်တဲ့ career လမ်းကြောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီမေးခွန်းတွေကို ဖြေကြည့်ပါ google.com

တက္ကသိုလ်စာမေးပွဲတွေလည်းဖြေရတော့မယ် နောက်ဆုံးနှစ်သမားတွေကလည်း ကျောင်းပြီးတော့မယ် ဆိုတော့ လုပ်ငန်းခွင်ဆိုတဲ့ နယ်ပယ်အသစ်ကို ဝင်ရောက်လျှောက်လှမ်းရတော့မှာပါ။

ဒီအခါမှာ ကိုယ်ငယ်ငယ်ထဲက စိတ်ကူးပုံဖော်ခဲ့တဲ့ ကိုယ့်ရဲ့ career လမ်းကြောင်းကို လက်တွေ့အကောင်အထည်ဖော် တည်ဆောက်ရတော့မှာပါ။

ကလေးဘဝငယ်စဉ်အချိန်ထဲက လူကြီးမိဘတွေက မေးလေ့ရှိပါတယ် ကြီးလာရင်ဘာလုပ်မလဲ ဘာဖြစ်ချင်တာလဲပေါ့ အဲဒီအချိန်ကတည်းက ကိုယ့်ကြီးလာရင်တော့ ဘာလုပ်မယ် ဘာဖြစ်ချင်တယ် ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေရှိပါတယ်။

ကလေးဘဝတုန်းကတော့ လူကြီးတွေကို ကြည့်ပြီး အားကျတဲ့စိတ်နဲ့ ကြီးလာရင်ငါလည်း ဒီလိုမျိုးဖြစ်ရမယ် ဆိုပြီးတော့ ကိုယ့်ရဲ့အနာဂတ်ကိုပုံဖော်ပြီး ရွေးချယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်လာတဲ့ အခါမှာ သင်ယူရတဲ့ဘာသာရပ် အတွေ့အကြုံလေးတွေနဲ့ နှိုင်းယှဉ်မိပြီး ဖြစ်ချင်တဲ့ဆန္ဒတွေ ကိုယ်စိတ်ဝင်စားတဲ့ အရာတွေက ပြောင်းလဲသွားတာမျိုး ကိုယ်တကယ်လျှောက်လှမ်းချင်တဲ့ လမ်းကြောင်း ကို ရှာတွေ့သွားတာလည်းရှိပါတယ်။

READ -သင့်ရဲ့ဝါသနာပျောက်ဆုံးနေပြီလား !!! ဒါဆိုရင်ဘယ်လိုဖော်ထုတ်ကြမလဲ ???

အခုချိန်ထိ ငါဘာလုပ်ရမလဲ ငါဘာဖြစ်ချင်တာလဲ ငါဘယ်လမ်းကြောင်းကိုလျှောက်လှမ်းချင်တာလည်း ကိုယ့်ရဲ့ career ကိုသေချာမသိသေးတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ career လမ်းကြောင်းတစ်ခု မျှော်မှန်းထားတဲ့ အလုပ်ကို တည်ဆောက်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတွေပါ။

၁. သင်ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို နေ့တိုင်းမေးပါ။

၂. ဘယ်လို အလုပ်အမျိုးအစားကို လုပ်ချင်တာလဲ။

၃. ငါတာဝန်ယူလုပ်ဆောင်နိုင်တဲ့အရာတွေက ဘာလဲ။

၎. ဘယ်လို အလုပ်ရှင်မျိုး၊ လုပ်ဖော်ကိုင်ဖက်၊ အဖွဲ့အစည်း တွေနဲ့ လုပ်ချင်တာလဲ။

၅. ဘယ်လို company မျိုးမှာလုပ်ချင်တာလဲ။

READ -ဘာသာစကားအသစ်တခုကို စတင်လေ့လာခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ

၆. ဘယ်လို စည်းမျဉ်းစည်းကမ်းနဲ့ ဓလေ့တွေရှိတဲ့ company မျိုးမှာ လုပ်ချင်တာလဲ။

၇. မျှော်မှန်းထားတဲ့လစာက ဘယ်လောက်လဲ။

၈. အလုပ်မှာကြုံနိုင်တဲ့ စိတ်ဖိစီးမှု၊ ဖိအားတွေကို ဘယ်လိုကျော်ဖြတ်မှာလဲ။

၉. ငါဒီလမ်းကြောင်းကို ရွေးချယ်လိုက်တဲ့အတွက် နောင်တမရဘူးလို့ ကိုယ့်ကိုယ်ကို အာမခံနိုင်တဲ့ လမ်းကြောင်းလား။

ကိုယ့်ရဲ့ အနာဂတ်ကို ပုံဖော်စိတ်ကူးပြီးဖန်တီးတယ်ဆိုတာလွယ်ကူပြီး ရိုးရှင်းပါတယ်။ ဒါပေမယ့် လူတွေကဘာလို့ မလုပ်ဖြစ်တာလဲ။ ကိုယ်လိုချင်တဲ့အရာတွေကို အမှန်တကယ်မပိုင်ဆိုင်နိုင်မှာ မရရှိမှာကို ကြောက်တဲ့အတွက် ဖြစ်ပါတယ်။ ဒီအကြောက်တရားကို တွန်းလှန်ပြီး ကောင်းမွန်တဲ့ဘဝလမ်းကြောင်းကို အနာဂတ်ကို ဖန်တီးနိုင်ပါစေလို့ sayar.com.mm မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ref; monster

Read times Last modified on Monday, 30 December 2019 14:11
Rate this articles
(3 votes)