×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 11 December 2019

ကေလးေတြနဲ႔ စကားေျပာျခင္းက ဘယ္ေလာက္အေရးပါသလဲ

ကေလးေတြနဲ႔ စကားေျပာျခင္းက ဘယ္ေလာက္အေရးပါသလဲ google

ကေလးေတြနဲ႔စကားေျပာျခင္းက ကေလးေမြးစကေနစျပီး အရြယ္ေရာက္လာတဲ့အထိ အင္မတန္အေရးၾကီးပါတယ္။

ကေလရဲ႕အေစာပိုင္းအသက္၃နွစ္အတြင္းမွာ ကေလးနဲ႔စကားေျပာျခင္းက ကေလးရဲ႕ဦးေႏွာက္ဖြံ႕ျဖိဳးမႈကို အေထာက္အကူျဖစ္ေစပါတယ္။ အျခားသူေတြနဲ႔မိဘေတြက ကေလးနဲ႔စကားေျပာျခင္း၊ ဆက္သြယ္ျခင္းက ကေလးရဲ႕ဦးေႏွာက္ဖြံ႕ျဖိဳးေစသလို၊ ကေလးရဲ႕အဖတ္စြမ္းရည္၊ အေျပာစြမ္းရည္နဲ႔ အေတြးအေခၚစြမ္းရည္ကိုပါတိုးတက္ေစနုိင္ပါတယ္။

၁) ကေလးဦးေနွာက္ဖြံ႕ျဖိဳးေစပါတယ္။
ကေလးေမြးစကေန သံုးနွစ္အတြင္းကေလးနဲ႔အျပန္အလွန္စကားေျပာေပးျခင္းက ကေလးရဲ႕ဦးေနွာက္ကို ပိုျပီးဖြံ႕ျဖိဳးေစပါတယ္။ ကေလးက ေမြးစကေန ငါးနွစ္အတြင္းမွာ ဦးေႏွာက္ဖြံ႕ျဖိဳးမႈေကာင္းေကာင္းျဖစ္ေပၚေနတာမို႔ ထိုအခ်ိန္တြင္းမွာ ကေလးနဲ႔အတူေဆာ့ကစားေပးျခင္း၊ ကေလးနဲ႔အတူ စကားေျပာျခင္း၊ ေမးခြန္းေတြေမးျခင္း၊ ပံုျပင္ေျပာျခင္းစတာေတြက ကေလးရဲ႕အသိဥာဏ္ပိုျပီးတုိးလာေစတဲ့အတြက္ ကေလးဦးေနွာက္ပိုဖြံ႕ျဖိဳးလာေစပါတယ္။

၂) ေ၀ါဟာရၾကြယ္၀ေစပါတယ္။
မိသားစုနဲ႔အျပန္အလွန္စကားမ်ားမ်ားေျပာတတ္တဲ့ကေလးတစ္ေယာက္က စကားေျပာနည္းတဲ့ကေလး ဒါမွမဟုတ္ မိဘနဲ႔ကေလးအျပန္အလွန္စကားမေျပာတဲ့ကေလးတစ္ေယာက္ထက္စာရင္ စကားလံုးေပါင္း သန္း၃၀ခန္႔ ပိုသိနုိင္ပါတယ္။ ကေလးနဲ႔အတူေဆာ့ကစားမယ္၊ ေမးခြန္းေတြအျပန္အလွန္ေမးမယ္၊ ပံုျပင္ေျပာမယ္၊ သီခ်င္းဆုိမယ္၊ စာအုပ္ထဲက ရုပ္ပံုေလးေတြအေၾကာင္း ေျပာမယ္စသျဖင့္ ကေလးကို စကားေျပာေပးျခင္းက ကေလးရဲ႕ငယ္စဥ္ေမြးစကတည္းကေန အက်ိဳးရွိေစပါတယ္။ အရြယ္ေရာက္လို႔ ကေလးစကားစတင္ေျပာတတ္ခ်ိန္မွာလည္း ကေလးက အျခားေသာ ကေလးေတြထက္စာရင္ စကားလံုးေတြပိုျပီး ၾကြယ္၀တာကို အံ့အားသင့္ဖြယ္ေတြ႕ရပါလိမ့္မယ္။ အျခားကေလးထက္ ပိုျပီး အသိတရားရွိေနတာကို ေတြ႕ရပါလိမ့္မယ္။

၃) လူမႈဆက္ဆံေရးေကာင္းေစပါတယ္။
ကေလးက အိမ္မွာ မိသားစုနဲ႔ တစ္ေယာက္ခံစားခ်က္ကိုတစ္ေယာက္ဖလွယ္ေနက်ျဖစ္ေနတာမို႔ တဖက္လူရဲ႕ခံစားခ်က္ကို အေလးထားရေကာင္းမွန္း နားလည္လာပါတယ္။ အိမ္မွာ မိသားစုနဲ႔ေႏြးေထြးစြာဆက္ဆံေနက်မုိ႔ သူစိမ္းေတြကိုလည္း ေႏြးေထြးစြာဆက္ဆံတတ္ေစပါတယ္။ အဲဒါေၾကာင့္ လူမႈပတ္၀န္းက်င္မွာ ေပါင္းသင္းဆက္ဆံေရးအဆင္ေျပတဲ့လူတစ္ေယာက္ျဖစ္လာနုိင္ပါတယ္။

၄) ကေလးရဲ႕စိတ္ခံစားခ်က္ကို သိနုိင္ပါတယ္။
ကေလးတစ္ေယာက္ကို ထိန္းေက်ာင္းရတာ မလြယ္ကူတဲ့အလုပ္ပါ။ ဒါေပမယ့္ ကေလးရဲ႕စိတ္ခံစားခ်က္ကို သိေနမယ္ဆိုရင္ ကေလးကို ျပဳစုထိန္းေက်ာင္းဖို႔က လြယ္သင့္သေလာက္လြယ္သြားပါျပီ။ ကေလးတစ္ေယာက္ရဲ႕စိတ္ခံစားခ်က္ကိုသိနုိင္ဖုိ႔က ကေလးနဲ႔အျမဲလို အျပန္အလွန္ ရင္ဖြင့္ဖို႔၊ စကားေျပာဖို႔လုိပါတယ္။ ကေလးရဲ႕ေမြးစကတည္းက ကေလးနဲ႔ေႏြးေထြးစြာစကားေျပာက်င့္ရွိေနျခင္းက ကေလးအရြယ္ေရာက္လာတဲ့အခါမွာလည္း သင့္ကေလးနဲ႔သင့္ရဲ႕ဆက္ဆံေရးကို မစိမ္းကားသြားေစပါဘူး။ ဥပမာ။ ေမေမေဖေဖအလုပ္ကျပန္ေရာက္တဲ့အခါ “သားေရ လာပါအံုး၊ ေမေမက သားကိုလြမ္းေနတာ။ သားဒီေန႔ ဘာေတြလုပ္လာသလဲ။ ဒီေန႔တစ္ေန႔လံုး အိုေကရဲ႕လား။ ဘာေတြျဖစ္ေသးလဲ” ဆုိတဲ့စကားမ်ိဳးနဲ႔ ကေလးကို စကားေခၚလုိ႔ရပါတယ္။ ငယ္စဥ္ကတည္းက ကေလးနဲ႔စကားမ်ားမ်ားေျပာဆုိေဆြးေႏြးတတ္တဲ့အက်င့္လုပ္ထားျခင္းက ကေလးအသက္ ၃နွစ္ေနာက္ပိုင္းကေန ပိုသိလာေစျပီး ကေလး၁၀နွစ္ပိုင္း ဆယ္ေက်ာ္သက္၀င္ကာစမွာပိုျပီး အက်ိဳးရွိေစပါတယ္။ ကေလးရဲ႕တစ္ေန႔တာဘာျဖစ္လာသလဲ၊ ကေလးဘာေတြခံစားေနရသလဲ၊ ကေလးေနထုိင္တဲ့ပတ္၀န္းက်င္မွာ ကေလးေပ်ာ္ရဲ႕လား၊ ဒီပတ္၀န္းက်င္မွာ ကေလးအတြက္ ျပဳျပင္ဖုိ႔ဘာေတြလုိေနသလဲ၊ ကေလးစိတ္ခံစားခ်က္က အဆင္ေျပရဲ႕လား စသျဖင့္ ကေလးစိတ္လံုျခံဳမႈရွိမရွိက အစ အေသးစိတ္သိနုိင္ပါတယ္။ ဘာလို႔လဲဆုိေတာ့ ကေလးက မိဘနဲ႔အျမဲတေစ စကားေျပာဆုိေနက်၊ သူ႔ပတ္၀န္းက်င္အသစ္အေၾကာင္း ေဆြးေႏြးေနက်ျဖစ္တဲ့အခါ ကေလးကလည္း မိဘကို သူ႔ရဲ႕တဖက္ကေပါင္းသင္းဆက္ဆံေရးအေၾကာင္းရင္ဖြင့္ဖို႔ ၀န္မေလးေစပါဘူး။

၅) မိဘနဲ႔သားသမီးၾကားပိုျပီး ခ်စ္ခင္ရင္းနွီးပြင့္လင္းမႈရွိေစပါတယ္။
အဲဒါအျပင္ ကေလးအရြယ္ေရာက္လာတဲ့အခါမွာလည္း မိဘနဲ႔သားသမီးၾကားပိုျပီး ခ်စ္ခင္စည္းလံုးစိတ္ျဖစ္ေစလို၊ ကေလးနဲ႔မိဘ တသီးတျခားစီျဖစ္ေနရင္ေတာင္မွ ကေလးနဲ႔တစ္သားတည္းျဖစ္ေနသလို ကေလးခံစားရသမွ် သိေနနုိင္ပါတယ္။ ကေလးက အျမဲတေစ မိဘကအလိုက္တသိေမးေလ ကေလးကလည္း ေျပာျပခ်င္သမွ်ကို မိဘကို ေပါ့ပါးစြာရင္ဖြင္နုိင္ေလ မိဘနဲ႔စကားေျပာဖုိ႔ကို ပိုျပီးနွစ္သက္ေလျဖစ္လာပါတယ္။ ကေလးအရြယ္ေရာက္လာေလေလ မိဘက ကေလးရဲ႕ပတ္၀န္းက်င္အားလံုးကို မလိုက္ၾကည့္နုိင္တာမုိ႔ ကေလးနဲ႔စကားေျပာျခင္းကေနမွ ကေလးရဲ႕အေၾကာင္းစံုျဖစ္ျဖစ္ ၊ တစြန္းတစကိုျဖစ္ျဖစ္ မိဘကသိနုိင္မွာပါ။

ကေလးနဲ႔မိဘ အျမဲတေစ စကားေျပာျခင္းက ရုပ္ပိုင္းဆုိင္ရာလိုအပ္ခ်က္ေတြသာမက စိတ္ပိုင္းဆုိင္ရာမွာ ဘာေတြခံစားေနရသလဲ၊ ဘာေတြလုပ္ေပးဖုိ႔လုိအပ္ေနသလဲဆုိတာကိုပါ သိသာေစပါတယ္။ အျပန္အလွန္ယံုၾကည္မႈတည္ေဆာက္ျခင္း၊ အျပန္အလွန္ေဆြးေႏြးမႈျပဳလုပ္ျခင္းတုိ႔အတြက္ လိုကိုလိုအပ္ပါတယ္။ ေက်ာင္းမွာျဖစ္ေစ၊ ျပင္ပပတ္၀န္းက်င္မွာျဖစ္ေစ ကေလးရဲ႕ေပ်ာ္ရႊင္ေနမႈက ကေလးကို ေအာင္ျမင္တဲ့၊ တက္ၾကြတဲ့လူတစ္ေယာက္ျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ ကေလးတစ္ေယာက္ေပ်ာ္ရႊင္ေနသလား၊ စိတ္ဆင္းရဲေနသလား၊ ဘာကိုစိတ္မလံုျခံျဖစ္ေနသလဲ၊ ဘာကိုေတြးေၾကာက္ေနသလဲ၊ ဘယ္ေနရာေတြမွာ ကေလးကို ျပဳျပင္ေပးဖုိ႔လိုအပ္ေနသလဲ ဆုိတာေတြကို သိနုိင္ဖုိ႔က ကေလးနဲ႔စကားေျပာေပးဖုိ႔နည္းလမ္းတစ္ခုပဲရွိပါတယ္လုိ႔ တုိက္တြန္းလိုက္ရပါတယ္။

 

မိမိတို႔ကေလးငယ္ေရွ႕ေရးအတြက္ အတတ္ပညာေတြဆည္းပူးသင္ယူႏိုင္ဖို႔ ဆရာတစ္ဦးခ်င္းစီသင္ေပးတဲ့ ကႊၽႏု္ပ္တို႔ website ထဲမွာ ဝင္ေရာက္ရွာေဖြႏိုင္ပါတယ္ (https://www.sayar.com.mm/subjects.html)

 

(Unicode)

ကလေးတွေနဲ့စကားပြောခြင်းက ကလေးမွေးစကနေစပြီး အရွယ်ရောက်လာတဲ့အထိ အင်မတန်အရေးကြီးပါတယ်။ ကလေရဲ့အစောပိုင်းအသက်၃နှစ်အတွင်းမှာ ကလေးနဲ့စကားပြောခြင်းက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပါတယ်။ အခြားသူတွေနဲ့မိဘတွေက ကလေးနဲ့စကားပြောခြင်း၊ ဆက်သွယ်ခြင်းက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးစေသလို၊ ကလေးရဲ့အဖတ်စွမ်းရည်၊ အပြောစွမ်းရည်နဲ့ အတွေးအခေါ်စွမ်းရည်ကိုပါတိုးတက်စေနိုင်ပါတယ်။


၁) ကလေးဦးနှောက်ဖွံ့ဖြိုးစေပါတယ်။
ကလေးမွေးစကနေ သုံးနှစ်အတွင်းကလေးနဲ့အပြန်အလှန်စကားပြောပေးခြင်းက ကလေးရဲ့ဦးနှောက်ကို ပိုပြီးဖွံ့ဖြိုးစေပါတယ်။ ကလေးက မွေးစကနေ ငါးနှစ်အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုကောင်းကောင်းဖြစ်ပေါ်နေတာမို့ ထိုအချိန်တွင်းမှာ ကလေးနဲ့အတူဆော့ကစားပေးခြင်း၊ ကလေးနဲ့အတူ စကားပြောခြင်း၊ မေးခွန်းတွေမေးခြင်း၊ ပုံပြင်ပြောခြင်းစတာတွေက ကလေးရဲ့အသိဉာဏ်ပိုပြီးတိုးလာစေတဲ့အတွက် ကလေးဦးနှောက်ပိုဖွံ့ဖြိုးလာစေပါတယ်။


၂) ဝေါဟာရကြွယ်ဝစေပါတယ်။
မိသားစုနဲ့အပြန်အလှန်စကားများများပြောတတ်တဲ့ကလေးတစ်ယောက်က စကားပြောနည်းတဲ့ကလေး ဒါမှမဟုတ် မိဘနဲ့ကလေးအပြန်အလှန်စကားမပြောတဲ့ကလေးတစ်ယောက်ထက်စာရင် စကားလုံးပေါင်း သန်း၃၀ခန့် ပိုသိနိုင်ပါတယ်။ ကလေးနဲ့အတူဆော့ကစားမယ်၊ မေးခွန်းတွေအပြန်အလှန်မေးမယ်၊ ပုံပြင်ပြောမယ်၊ သီချင်းဆိုမယ်၊ စာအုပ်ထဲက ရုပ်ပုံလေးတွေအကြောင်း ပြောမယ်စသဖြင့် ကလေးကို စကားပြောပေးခြင်းက ကလေးရဲ့ငယ်စဉ်မွေးစကတည်းကနေ အကျိုးရှိစေပါတယ်။ အရွယ်ရောက်လို့ ကလေးစကားစတင်ပြောတတ်ချိန်မှာလည်း ကလေးက အခြားသော ကလေးတွေထက်စာရင် စကားလုံးတွေပိုပြီး ကြွယ်ဝတာကို အံ့အားသင့်ဖွယ်တွေ့ရပါလိမ့်မယ်။ အခြားကလေးထက် ပိုပြီး အသိတရားရှိနေတာကို တွေ့ရပါလိမ့်မယ်။


၃) လူမှုဆက်ဆံရေးကောင်းစေပါတယ်။
ကလေးက အိမ်မှာ မိသားစုနဲ့ တစ်ယောက်ခံစားချက်ကိုတစ်ယောက်ဖလှယ်နေကျဖြစ်နေတာမို့ တဖက်လူရဲ့ခံစားချက်ကို အလေးထားရကောင်းမှန်း နားလည်လာပါတယ်။ အိမ်မှာ မိသားစုနဲ့နွေးထွေးစွာဆက်ဆံနေကျမို့ သူစိမ်းတွေကိုလည်း နွေးထွေးစွာဆက်ဆံတတ်စေပါတယ်။ အဲဒါကြောင့် လူမှုပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။


၄) ကလေးရဲ့စိတ်ခံစားချက်ကို သိနိုင်ပါတယ်။
ကလေးတစ်ယောက်ကို ထိန်းကျောင်းရတာ မလွယ်ကူတဲ့အလုပ်ပါ။ ဒါပေမယ့် ကလေးရဲ့စိတ်ခံစားချက်ကို သိနေမယ်ဆိုရင် ကလေးကို ပြုစုထိန်းကျောင်းဖို့က လွယ်သင့်သလောက်လွယ်သွားပါပြီ။ ကလေးတစ်ယောက်ရဲ့စိတ်ခံစားချက်ကိုသိနိုင်ဖို့က ကလေးနဲ့အမြဲလို အပြန်အလှန် ရင်ဖွင့်ဖို့၊ စကားပြောဖို့လိုပါတယ်။ ကလေးရဲ့မွေးစကတည်းက ကလေးနဲ့နွေးထွေးစွာစကားပြောကျင့်ရှိနေခြင်းက ကလေးအရွယ်ရောက်လာတဲ့အခါမှာလည်း သင့်ကလေးနဲ့သင့်ရဲ့ဆက်ဆံရေးကို မစိမ်းကားသွားစေပါဘူး။ ဥပမာ။ မေမေဖေဖေအလုပ်ကပြန်ရောက်တဲ့အခါ “သားရေ လာပါအုံး၊ မေမေက သားကိုလွမ်းနေတာ။ သားဒီနေ့ ဘာတွေလုပ်လာသလဲ။ ဒီနေ့တစ်နေ့လုံး အိုကေရဲ့လား။ ဘာတွေဖြစ်သေးလဲ” ဆိုတဲ့စကားမျိုးနဲ့ ကလေးကို စကားခေါ်လို့ရပါတယ်။ ငယ်စဉ်ကတည်းက ကလေးနဲ့စကားများများပြောဆိုဆွေးနွေးတတ်တဲ့အကျင့်လုပ်ထားခြင်းက ကလေးအသက် ၃နှစ်နောက်ပိုင်းကနေ ပိုသိလာစေပြီး ကလေး၁၀နှစ်ပိုင်း ဆယ်ကျော်သက်ဝင်ကာစမှာပိုပြီး အကျိုးရှိစေပါတယ်။ ကလေးရဲ့တစ်နေ့တာဘာဖြစ်လာသလဲ၊ ကလေးဘာတွေခံစားနေရသလဲ၊ ကလေးနေထိုင်တဲ့ပတ်ဝန်းကျင်မှာ ကလေးပျော်ရဲ့လား၊ ဒီပတ်ဝန်းကျင်မှာ ကလေးအတွက် ပြုပြင်ဖို့ဘာတွေလိုနေသလဲ၊ ကလေးစိတ်ခံစားချက်က အဆင်ပြေရဲ့လား စသဖြင့် ကလေးစိတ်လုံခြုံမှုရှိမရှိက အစ အသေးစိတ်သိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးက မိဘနဲ့အမြဲတစေ စကားပြောဆိုနေကျ၊ သူ့ပတ်ဝန်းကျင်အသစ်အကြောင်း ဆွေးနွေးနေကျဖြစ်တဲ့အခါ ကလေးကလည်း မိဘကို သူ့ရဲ့တဖက်ကပေါင်းသင်းဆက်ဆံရေးအကြောင်းရင်ဖွင့်ဖို့ ဝန်မလေးစေပါဘူး။


၅) မိဘနဲ့သားသမီးကြားပိုပြီး ချစ်ခင်ရင်းနှီးပွင့်လင်းမှုရှိစေပါတယ်။
အဲဒါအပြင် ကလေးအရွယ်ရောက်လာတဲ့အခါမှာလည်း မိဘနဲ့သားသမီးကြားပိုပြီး ချစ်ခင်စည်းလုံးစိတ်ဖြစ်စေလို၊ ကလေးနဲ့မိဘ တသီးတခြားစီဖြစ်နေရင်တောင်မှ ကလေးနဲ့တစ်သားတည်းဖြစ်နေသလို ကလေးခံစားရသမျှ သိနေနိုင်ပါတယ်။ ကလေးက အမြဲတစေ မိဘကအလိုက်တသိမေးလေ ကလေးကလည်း ပြောပြချင်သမျှကို မိဘကို ပေါ့ပါးစွာရင်ဖွင်နိုင်လေ မိဘနဲ့စကားပြောဖို့ကို ပိုပြီးနှစ်သက်လေဖြစ်လာပါတယ်။ ကလေးအရွယ်ရောက်လာလေလေ မိဘက ကလေးရဲ့ပတ်ဝန်းကျင်အားလုံးကို မလိုက်ကြည့်နိုင်တာမို့ ကလေးနဲ့စကားပြောခြင်းကနေမှ ကလေးရဲ့အကြောင်းစုံဖြစ်ဖြစ် ၊ တစွန်းတစကိုဖြစ်ဖြစ် မိဘကသိနိုင်မှာပါ။

ကလေးနဲ့မိဘ အမြဲတစေ စကားပြောခြင်းက ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေသာမက စိတ်ပိုင်းဆိုင်ရာမှာ ဘာတွေခံစားနေရသလဲ၊ ဘာတွေလုပ်ပေးဖို့လိုအပ်နေသလဲဆိုတာကိုပါ သိသာစေပါတယ်။ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခြင်း၊ အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ခြင်းတို့အတွက် လိုကိုလိုအပ်ပါတယ်။ ကျောင်းမှာဖြစ်စေ၊ ပြင်ပပတ်ဝန်းကျင်မှာဖြစ်စေ ကလေးရဲ့ပျော်ရွှင်နေမှုက ကလေးကို အောင်မြင်တဲ့၊ တက်ကြွတဲ့လူတစ်ယောက်ဖြစ်စေပါတယ်။ အဲဒါကြောင့် ကလေးတစ်ယောက်ပျော်ရွှင်နေသလား၊ စိတ်ဆင်းရဲနေသလား၊ ဘာကိုစိတ်မလုံခြံဖြစ်နေသလဲ၊ ဘာကိုတွေးကြောက်နေသလဲ၊ ဘယ်နေရာတွေမှာ ကလေးကို ပြုပြင်ပေးဖို့လိုအပ်နေသလဲ ဆိုတာတွေကို သိနိုင်ဖို့က ကလေးနဲ့စကားပြောပေးဖို့နည်းလမ်းတစ်ခုပဲရှိပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

မိမိတို့ကလေးငယ်ရှေ့ရေးအတွက် အတတ်ပညာတွေဆည်းပူးသင်ယူနိုင်ဖို့ ဆရာတစ်ဦးချင်းစီသင်ပေးတဲ့ ကျွှနု်ပ်တို့ website ထဲမှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ် (https://www.sayar.com.mm/subjects.html)

 

Credit - Bawa101

Read times Last modified on Monday, 30 December 2019 16:56
Rate this articles
(0 votes)