×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 12 December 2019

သင့္ကေလးကို ကြန္ပ်ဴတာနဲ႔ ဘယ္လို မိတ္ဆက္ေပးမလဲ?

သင့္ကေလးကို ကြန္ပ်ဴတာနဲ႔ ဘယ္လို မိတ္ဆက္ေပးမလဲ? freepick

သင့္ရဲ႕ ကေလးကို ကြန္ပ်ဴတာနဲ႔ ဘယ္အ႐ြယ္မွာ မိတ္ဆက္ေပးတာ မွားတယ္၊ ဘယ္အ႐ြယ္မွာ မိတ္ဆက္ေပးတာ မွန္တယ္ဆိုၿပီး အတိအက် သတ္မွတ္ထားတာမ်ိဳး မရွိပါဘူး။

ကေလးကို စက္ဘီးတစ္စီး ပထမဦးဆုံးအေနနဲ႔ ဝယ္ေပးဖို႔ဆုံးျဖတ္ရသလိုေပါ့။

လမ္းကို ေသေသခ်ာခ်ာ ေလွ်ာက္တတ္စ အ႐ြယ္ကတည္းက ဘီးေထာက္ေလးေတြပါတဲ့ စက္ဘီးမ်ိဳး ဝယ္ေပးမလား၊ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ ေအးေအးေဆးေဆး စက္ဘီးအတူတူစီးႏိုင္တဲ့ အ႐ြယ္က်မွ တကယ့္စက္ဘီးဝယ္ေပးမလား၊ ႀကိဳက္သလို ဆုံးျဖတ္ႏိုင္ပါတယ္။ အဲဒီလိုပါပဲ၊ ကေလးကို မိသားစုကြန္ပ်ဴတာနဲ႔ ဘယ္အ႐ြယ္မွာ မိတ္ဆက္ေပးမယ္ဆိုတာ မိသားစုလူေနမႈပုံစံ၊ နည္းပညာအေပၚ ကိုယ့္ရဲ႕တန္ဖိုးထားမႈ၊ စတာေတြအျပင္ အေရးအႀကီးဆုံးက ကေလးရဲ႕အသင့္ျဖစ္မႈအေပၚမွာ မူတည္ေနပါတယ္။

ဒီေဆာင္းပါးမွာ ကေလးတစ္ေယာက္ကို ကြန္ပ်ဴတာနဲ႔ ဘယ္လိုမိတ္ဆက္ေပးသင့္တယ္၊ ဘယ္လိုသုံးခိုင္းသင့္တယ္၊ အင္တာနက္ကို ဘယ္လိုသုံးခိုင္းသင့္တယ္၊ စသည္တို႔ကို ေရးသား၊ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

 

(၁) ကြန္ပ်ဴတာႏွင့္ စတင္မိတ္ဆက္ျခင္း
မိသားစု လူေနမႈပုံစံအေပၚမွာ မူတည္တယ္လို႔ အေပၚမွာေျပာခဲ့ပါတယ္။ ကိုယ့္မိသားစု လူေနမႈပုံစံက နည္းပညာပစၥည္းေတြနဲ႔ ဝန္းရံထားတယ္၊ ေနရာတကာ ကြန္ပ်ဴတာမပါရင္ မၿပီးဘူးဆိုတဲ့ အေနအထားမွာ ကေလးကို မ်က္စိပြင့္ကတည္းက သူ႔ဓာတ္ပုံေလးေတြ ကြန္ပ်ဴတာေပၚမွာ ဒါမွမဟုတ္ Tablet ေပၚမွာ ျပေပးတာေတြ ျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္ တစ္ခုေတာ့ ရွိပါတယ္။ ကေလးတစ္ေယာက္ဟာ အနည္းဆုံး ၆ လ အ႐ြယ္ရွိမွ စက္ပစၥည္းကိရိယာေတြကို ေကာင္းေကာင္း သိႏိုင္စြမ္းရွိပါတယ္။ အဲဒီလို ေျခာက္လေက်ာ္လာၿပီဆိုတာနဲ႔ အေရာင္ေတြ၊ ဓာတ္ပုံေတြ၊ အသံေတြကို သိႏိုင္စြမ္းရွိလာပါၿပီ။ အဲဒီေတာ့ ကြန္ပ်ဴတာ၊ Tablet စတာေတြအေပၚမွာ အေရာင္ေလးေတြ ျပေပးတာမ်ိဳး၊ ဓာတ္ပုံေလးေတြ ျပေပးတာမ်ိဳး၊ သီခ်င္းေလးေတြ ဖြင့္ေပးတာမ်ိဳးလုပ္ၿပီး ကေလးကို မိတ္ဆက္ေပးလို႔ရပါၿပီ။

ကေလးတစ္ေယာက္ဟာ အသက္ ၁ ႏွစ္ကေန ၂ ႏွစ္အတြင္း အေၾကာင္းအက်ိဳး ဆက္စပ္မႈ သေဘာတရားေတြကို နားလည္ႏိုင္စြမ္း ရွိလာပါတယ္။ ကီးဘုတ္ကို ႏူးႏူးညံ့ညံ့ကိုင္တြယ္ဖို႔ လိုတယ္ဆိုတာမ်ိဳးကအစ သိလာပါၿပီ။

အဲဒီလိုအ႐ြယ္ ကေလးေတြအတြက္ ခလုပ္ကေလးေတြ ထိ႐ုံ၊ တို႔႐ုံနဲ႔ ကစားလို႔ရတဲ့ ဂိမ္းေလးေတြ ရွိပါတယ္။ လက္နဲ႔ထိလိုက္တဲ့အခ်ိန္မွာ ပန္းေတြပြင့္လာတာမ်ိဳး၊ တစ္ခုခု ကေလးေတြ စိတ္ဝင္စားမယ့္အရာေတြ ျဖစ္လာတာမ်ိဳး၊ စတဲ့ဂိမ္းေလးေတြကို ေဆာ့ခိုင္းလို႔ရပါတယ္။

ကေလးကလည္း သေဘာက်တယ္၊ စိတ္ဝင္စားတယ္ဆိုရင္ ကီးဘုတ္ကိုဘယ္လိုသုံးရတယ္၊ Mouse ကို ဘယ္လိုသုံးရတယ္၊ စတဲ့ အေျခခံအဆင့္ေလးေတြကို သင္ေပးလို႔ရပါၿပီ။ ဒါေပမယ့္ အရမ္းေတာ့ ေမွ်ာ္လင့္မထားပါနဲ႔။ အသက္ ၁ႏွစ္ကေန ၂ႏွစ္အတြင္းဆိုတာ စူးစမ္းတတ္တဲ့ အ႐ြယ္သာရွိေသးၿပီး သင္ယူတတ္တဲ့အ႐ြယ္ မဟုတ္ေသးပါဘူး။ ဒါေၾကာင့္ ကီးဘုတ္ေတြ၊ Mouse ေတြကို ေကာင္းေကာင္းကိုင္ႏိုင္မွာ မဟုတ္ေသးပါဘူး။

 

 

(၂) လူႀကီးအကူအညီျဖင့္ Software မ်ား အသုံးျပဳေစျခင္း
ကေလးေတြ အသက္ ၃ ႏွစ္ကေန ၄ ႏွစ္အတြင္း ေရာက္လာၿပီဆိုရင္ေတာ့ တကယ့္ Software ေတြျဖစ္တဲ့ ပုံျပင္ေျပာျပတဲ့ဂိမ္းေတြ၊ ဉာဏ္စမ္းဂိမ္းေတြနဲ႔ ထိေတြ႕ေပးဖို႔ အသင့္ျဖစ္ပါၿပီ။ စာလုံးေလးေတြကို သိႏိုင္စြမ္းလည္း ရွိလာၿပီဆိုေတာ့ အဲဒီအ႐ြယ္မွာ ကီးဘုတ္ကို ဘယ္လိုကိုင္မယ္၊ Mouse ကို ဘယ္လိုသုံးမယ္ဆိုတာေတြ သင္ေပးလို႔ရပါၿပီ။ ကီးဘုတ္ကဘာအတြက္၊ Mouse ကဘာအတြက္ ဆိုတာေတြကိုလည္း သိေအာင္ေျပာလို႔ရပါၿပီ။

အဲဒီအ႐ြယ္ေတြအတြက္ ကြန္ပ်ဴတာ Software ေတြကလည္း အမ်ားႀကီးရွိပါတယ္။ သင့္ေတာ္သလို မိတ္ဆက္ေပးၿပီး သုံးခိုင္းလို႔ရပါၿပီ။ မိဘအမ်ားစု Focus လုပ္၊ အဓိကထားတဲ့ ပုံစံေတြကေတာ့ အေရာင္ေတြအေၾကာင္း၊ ပုံသ႑န္ေတြအေၾကာင္း၊ စာလုံးေတြအေၾကာင္း၊ ဂ႑န္း နံပါတ္ေတြအေၾကာင္း၊ စတာေတြျဖစ္ပါတယ္။

ဘယ္လို အေလ့အက်င့္ေပးလို႔ရလည္းဆိုရင္ အေရာင္တူေတြအုပ္စုခြဲမယ္၊ စာလုံးေတြျပန္စီမယ္၊ အႀကီးအေသးေ႐ြးမယ္၊ ပုံစံတူေတြခြဲမယ္၊ စတာေတြနဲ႔ ေလ့က်င့္ေပးလို႔ရပါတယ္။ အဲဒီအျပင္ တစ္ခုနဲ႔ တစ္ခု လိုက္ဖက္ညီတဲ့ပုံစံေတြကို ခြဲျခားႏိုင္စြမ္းရွိေအာင္ သင္ေပးလို႔ရပါတယ္။

၃ ႏွစ္ ၄ ႏွစ္အ႐ြယ္ဆိုတာ သီခ်င္းသံေတြ၊ အႏုပညာရပ္ဆိုင္ရာနဲ႔ ပတ္သက္ၿပီး ပုံဆြဲတာေတြ၊ အေရာင္ခ်ယ္တာေတြကိုလည္း သင္ႏိုင္စြမ္းရွိလာၿပီလို႔ ဆိုပါတယ္။ လူႀကီးတစ္ေယာက္ အကူအညီနဲ႔ပဲ ကြန္ပ်ဴတာကိုင္သင့္တဲ့အ႐ြယ္မွာ ကေလးကို စနစ္တက်တည္ေဆာက္ထားတဲ့ သင္ေထာက္ကူျပဳ Software ေတြ (အမ်ားစုကေတာ့ အမွား/အမွန္ ခြဲျခားခိုင္းတာ မ်ားပါတယ္) နဲ႔ လြပ္လြပ္လပ္လပ္ ေလ့လာလို႔ရတဲ့၊ စူးစမ္းလို႔ရတဲ့ Software ေတြကို ဘက္မွ်ေအာင္ စီစဥ္ေပးဖို႔ လိုပါတယ္။ သူတို႔ ဘာေတြဖန္တီးလို႔ရလဲ၊ ဘယ္လိုစူးစမ္းေလ့လာလို႔ ရလဲဆိုတဲ့ အခ်က္ေတြကိုလည္း သိေအာင္လုပ္ေပးဖို႔လိုပါတယ္။

အဲဒီအ႐ြယ္ကစလို႔ ကြန္ပ်ဴတာနဲ႔ မိတ္ဆက္ေပးတဲ့ေနရာမွာ အေရးအႀကီးသတိျပဳရမယ့္ အခ်က္ကေတာ့ ကြန္ပ်ဴတာကိုင္တဲ့ေနရာမွာ က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ သင္ေပးဖို႔ပါ။ အခ်ိန္အၾကာႀကီး ကြန္ပ်ဴတာကိုမကိုင္ခိုင္းသင့္ပဲ၊ အခ်ိန္အကန႔္အသတ္တစ္ခုနဲ႔ သုံးခိုင္းတာမ်ိဳး ျဖစ္သင့္ပါတယ္။

အေနအထားမွန္ကန္စြာ ထိုင္တတ္ေအာင္၊ Monitor ကို အကြာအေဝးမွန္မွန္ ၾကည့္တတ္ေအာင္ သင္ေပးဖို႔ လိုပါတယ္။ ခုေခတ္မွာေတာ့ iPad လို Tablet ကြန္ပ်ဴတာေတြ ေပၚလာၿပီ ျဖစ္တဲ့အတြက္ ကေလးေတြအတြက္ ကြန္ပ်ဴတာနဲ႔ မိတ္ဆက္ေပးတဲ့ေနရာမွာ အရင္ထက္ျပည့္စုံတဲ့ ဝန္းက်င္တစ္ခု ျဖစ္လာတာေၾကာင့္ ကေလးေတြ အလြယ္တကူထိေတြ႕ၿပီး သင္ယူႏိုင္ဖို႔ အခြင့္အေရးေတြ ပိုမိုမ်ားျပားလာပါၿပီ။

 

 

(၃) Software မ်ားကို လြတ္လြတ္လပ္လပ္ အသုံးျပဳေစျခင္း
ခုေခတ္မွာ ကေလးေတြအတြက္ Software Packages ေတြ အမ်ားႀကီးရွိပါတယ္။ စာကို တစ္လုံးမွ ဖတ္စရာမလိုပဲ ကေလးေတြအတြက္ အဆင္ေျပေအာင္ လုပ္ထားၿပီးသားပါ။ ကေလးအေနနဲ႔လည္း Mouse ကို ဘယ္လို သုံးမယ္ဆိုတာ ေကာင္းေကာင္းသိေနၿပီ၊ သုံးလည္းသုံးတတ္ေနၿပီဆိုရင္ေတာ့၊ ကြန္ပ်ဴတာကို လူႀကီးအကူအညီမပါပဲ သူတို႔ေလးေတြ ကိုယ္တိုင္သုံးလို႔ရတဲ့ အ႐ြယ္ေရာက္ၿပီလို႔ သတ္မွတ္ႏိုင္ပါတယ္။

အမ်ားအားျဖင့္ေတာ့ အသက္ ၄ ႏွစ္ကေန ၅ ႏွစ္အတြင္း ျဖစ္ႏိုင္ပါတယ္။ မူႀကိဳေက်ာင္းသုံး Software ေလးေတြကို လူႀကီးအကူအညီမပါပဲ သုံးႏိုင္ၾကပါတယ္။ သင့္အေနနဲ႔ သင္ေပးခ်င္တယ္ ဆိုရင္ေတာ့ ကြန္ပ်ဴတာကို ဘယ္လိုဖြင့္ရတယ္၊ ဘယ္လိုပိတ္ရတယ္ေလာက္ပဲ သင္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ေတြ သင္ေပးစရာမလိုပဲ တတ္ၾကပါလိမ့္မယ္။

သူတို႔ေလးေတြ ႀကိဳက္ႏွစ္သက္တဲ့ Software ေတြကို ဘယ္လိုဖြင့္မယ္ကအစ တစ္ခါျပလိုက္႐ုံနဲ႔ တတ္ၾကပါတယ္။ အဲဒီအ႐ြယ္မွာ မိသားစုကြန္ပ်ဴတာ သုံးတဲ့အခါမွာ လိုက္နာရမယ့္ စည္းကမ္းေလးေတြ ခ်ထားသင့္ၿပီး၊ သုံးခ်င္ရင္ ခြင့္ေတာင္းၿပီးမွ သုံးေစတာမ်ိဳး၊ ဖြင့္သင့္တဲ့ Software ကို ကန႔္သတ္ထားတာမ်ိဳးေတြ လုပ္ထားဖို႔လိုပါတယ္။ ကေလးကိုလည္း လိုက္နာတတ္ေအာင္ သင္ေပးထားရပါမယ္။

 

 

(၄) လူႀကီးအကူအညီျဖင့္ အင္တာနက္သုံးေစျခင္း
Website ေတာ္ေတာ္မ်ားမ်ားကို အသုံးျပဳမယ္ဆိုရင္ စာဖတ္ႏိုင္စြမ္း အနည္းႏွင့္အမ်ား လိုအပ္ေလ့ရွိပါတယ္။ ဒီေတာ့ ကေလးတစ္ေယာက္အေနနဲ႔ ႐ိုးရွင္းတဲ့စာေၾကာင္းေလးေတြကို မဖတ္ႏိုင္ေသးတဲ့အ႐ြယ္မွာ အင္တာနက္သုံးဖို႔ အသင့္မျဖစ္ေသးဘူးလို႔ ဆိုႏိုင္ပါတယ္။

အဲဒီလို မဖတ္ႏိုင္ဘူးဆိုတာလဲ First Grade ေလာက္မွာပါ။ အဲဒီေနာက္ပိုင္းေတာ့ ႐ိုး႐ိုးရွင္းရွင္းစာေတြကို ဖတ္ႏိုင္လာပါတယ္။ သို႔ေသာ္လည္း စာသိပ္ဖတ္စရာမလိုတဲ့ လူႀကီးတစ္ေယာက္ အကူအညီနဲ႔ သုံးလို႔ရၿပီး၊ ကေလးေတြနဲ႔လည္း သင့္ေတာ္တဲ့ Website ေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီလို Website ေတြကို သင္နဲ႔အတူ ကေလးကို သုံးခိုင္းလို႔ရပါတယ္။

ကေလးက ႐ိုးရွင္းတဲ့စာေတြ ဖတ္ႏိုင္ၿပီ၊ လူႀကီးတစ္ဦးအကူအညီနဲ႔ အင္တာနက္လည္း သုံးႏိုင္ၿပီ ဆိုရင္ေတာ့ အင္တာနက္လုံၿခဳံေရးဆိုင္ရာ လိုအပ္ခ်က္ကေလးေတြ သင္ေပးလို႔ရပါၿပီ။ ကေလးေတြအ႐ြယ္နဲ႔ သင့္ေတာ္တဲ့ Website ေတြကို ေ႐ြးခ်ယ္ၿပီး သုံးခိုင္းလို႔ရပါၿပီ။ ေဘးကေန အကူအညီေပးဖို႔ေတာ့ လိုဦးမွာျဖစ္ပါတယ္။

အကူအညီေပးဖို႔ လိုေနေသးတဲ့ အ႐ြယ္အထိ၊ သူတို႔ဘာသာ လြတ္လြတ္လပ္လပ္ မသုံးခ်င္ေသးတဲ့အထိ၊ လူႀကီးအကူအညီနဲ႔ အင္တာနက္ကို သုံးေစသင့္ပါတယ္။ မဝင္သင့္တဲ့ Website ေတြကို မဝင္ေအာင္၊ မိသားစုဆိုင္ရာစည္းကမ္းေတြကို ခ်မွတ္ထားၿပီး ေဘးကေန စနစ္တက်ထိန္းသိမ္းေပးဖို႔ အင္မတန္အေရးႀကီးပါတယ္။ “ကြန္ပ်ဴတာ ကိုင္ေနတာပဲ၊ လြတ္ထားလိုက္” ဆိုရင္ မျဖစ္သင့္တာေတြ ျဖစ္လာႏိုင္တယ္ဆိုတာကိုလည္း သတိျပဳဖို႔လိုပါတယ္။

အဲဒီလို အင္တာနက္ကို စတင္အသုံးျပဳတဲ့အခ်ိန္မွာ ကေလးေတြအေနနဲ႔ သူတို႔စိတ္ဝင္စားတဲ့ အရာေလးေတြကို သိမ္းထားခ်င္တာ၊ မွတ္တမ္းေလးေတြ ေရးခ်င္တာ၊ စတဲ့ စိတ္ဝင္စားမႈေတြ ျပလာႏိုင္ပါတယ္။ အဲဒီလို သိမ္းထားခ်င္တာေတြ ရွိလာရင္ မွတ္ထားခ်င္တာေတြ ရွိလာခဲ့ရင္ ကြန္ပ်ဴတာမွာ ဘယ္လို သိမ္းရမယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ သိမ္းထားတဲ့ဖိုင္ေတြအေပၚမွာ ဘယ္လို ထိန္းသိမ္းရမယ္၊ စသည္ျဖင့္ Privacy နဲ႔ ပတ္သက္တာေတြ သင္ေပးႏိုင္ပါတယ္။

စာအုပ္မွာ ဒိုင္ယာရီ ေရးသလိုေပါ့၊ သူမ်ားေတြ မဖတ္ေစလိုတာေတြ ရွိမယ္ဆိုတာ သူတို႔ေလးေတြ သိေအာင္လုပ္ေပးပါ။ သူတို႔ေလးေတြကိုယ္တိုင္ေရးၿပီး သိမ္းထားတဲ့အရာေတြ အေပၚမွာ (Fully Private) လုံးဝ သီးသန႔္ျဖစ္ေအာင္ ဖန္တီးေပးမလား၊ သိမ္းခြင့္ေပးမလား ဆိုတာကေတာ့ သင့္အေပၚမွာ မူတည္ပါတယ္။

ဒါေပမယ့္ အဲဒီလို တစ္ေယာက္နဲ႔တစ္ေယာက္ Privacy ကို ေလးစားတတ္ဖို႔ဆိုတာ ငယ္စဥ္ကတည္းက သင္ေပးရမယ့္ ကိစၥျဖစ္တယ္ဆိုတာ မေမ့ပါနဲ႔။ “ငါေရးလိုက္လို႔ အေဖသိသြားရင္၊ အေမသိသြားရင္” ဆိုတဲ့ စိုးရိမ္စိတ္ေတြ မျဖစ္ေစပဲ လြပ္လြပ္လပ္လပ္ ေရးသား၊ သိမ္းဆည္းေစၿပီး တစ္ဖက္လွည့္နဲ႔ ထိန္းသိမ္းေပးသင့္ပါတယ္။

လူၾကီးမိဘမ်ားအေနနဲ ့မိမိ ကေလးမ်ားကို ငယ္ငယ္ကတည္းက ကြန္ပ်ဴတာ အေျခခံ ကို မိမိ မ်က္စိေရွ႕မွာ ပဲ သင္ၾကားေပေစခ်င္ရင္ေတာ့ sayar.com.mm မွာ ကြန္ျပဴတာအေျခခံသင္ၾကားေပးေသာ Study Guide ဆရာ၊ ဆရာမ်ားရွိပါသည္။
ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ ဝင္ေရာက္ရွာေဖြႏိုင္ပါသည္။

 

 

(၅) ပထမဦးဆုံးအီးေမးလ္ႏွင့္ ပိုအဆင့္ျမင့္ေသာ Software မ်ား
ကေလးႀကီးလာတာနဲ႔အမွ် အီးေမးလ္အေကာင့္တစ္ခု လိုခ်င္တယ္လို႔ ပူဆာလာပါလိမ့္မယ္။ သူတို႔ အဓိကဆက္သြယ္လိုတာက အျပင္ေလာကက သူငယ္ခ်င္းေတြနဲ႔ ျဖစ္ခ်င္လည္းျဖစ္မယ္၊ မိသားစုခ်င္း၊ ေဆြမ်ိဳးအခ်င္းခ်င္း ဆက္သြယ္လိုတာလည္း ျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္ တစ္ခ်ိဳ႕အီးေမးလ္ေတြဟာ စာဖတ္ႏိုင္စြမ္းရည္ အတန္အသင့္ျမင့္မားသလို စာေရး၊ စာျပန္ႏိုင္ဖို႔လည္း လိုပါတယ္။ အမ်ားအားျဖင့္ ကေလးေတြ အီးေမးလ္တစ္ခု လိုခ်င္တယ္ ဆိုတဲ့ အ႐ြယ္ဟာ Grade 2 ကေန Grade 3 အ႐ြယ္ေတြမွာ ျဖစ္ေလ့ရွိပါတယ္။

ကြၽန္ေတာ့္ သမီးေလးကေတာ့ သူငယ္တန္းပဲရွိေသးတယ္၊ အီးေမးလ္အေကာင့္ ေဆာက္ေပးဖို႔ ေျပာေနပါတယ္။ သူ႔သူငယ္ခ်င္းကို စာေရးမလို႔တဲ့။ ဒါေပမယ့္ သူ႔သူငယ္ခ်င္းကေတာ့ အီးေမးလ္ဆိုတာ ဘာမွန္းေတာင္ မသိေလာက္ေသးပါဘူး။ တကယ္ေတာ့ အဲဒီ Grade 3 အ႐ြယ္အထိဟာ အီးေမးလ္သုံးသင့္တဲ့ အ႐ြယ္မဟုတ္ေသးဘူးလို႔ အၾကမ္းဖ်ဥ္း သတ္မွတ္ႏိုင္ပါတယ္။

သို႔ေသာ္လည္း လူႀကီးတစ္ေယာက္က ကေလးနဲ႔မသင့္ေတာ္တဲ့ Spam Mail ေတြ ဖ်က္မယ္၊ တည္းျဖတ္ေပးမယ္၊ ဖတ္ျပေပးမယ္ ဆိုရင္ေတာ့ သုံးလို႔ရႏိုင္ေခ် ရွိပါတယ္။ Spam Mail အေတာ္မ်ားမ်ားဟာ ကေလးေတြနဲ႔ မသင့္ေတာ္တာေတြ မ်ားပါတယ္။ ကေလးကေတာ့ သူ႔အီးေမးလ္ထဲ ရွိသမွ် ဖြင့္ၾကည့္မွာပါပဲ။ အဲဒီလိုမ်ိဳး အေျခအေနေတြမေရာက္ေအာင္ လူႀကီးတစ္ေယာက္ရဲ႕ အကူအညီကိုရယူဖို႔ အင္မတန္အေရးႀကီးပါတယ္။

ကေလးေတြကို အီးေမးလ္သုံးခိုင္းမယ္ဆိုရင္ အျပင္ေလာကနဲ႔ တိုက္႐ိုက္ဆက္သြယ္ေစတာမ်ိဳး မျဖစ္ေစသင့္ပဲ၊ အန္တီ၊ ဦးေလး၊ အဖိုး၊ အဖြား စသည္ျဖင့္ ေဆြမ်ိဳးမ်ားႏွင့္သာ ခ်ိတ္ဆက္ေပးထားတာမ်ိဳး၊ သူငယ္ခ်င္းမ်ားနဲ႔ ဆက္သြယ္မယ္ဆိုရင္လဲ လူႀကီးတစ္ဦးအကူအညီမပါပဲ မဆက္သြယ္ေစတာမ်ိဳးသာ ျဖစ္သင့္ပါတယ္။

အဲဒီအျပင္ အေပၚမွာေျပာခဲ့သလို Spam Mail ေတြကို ကေလးေတြမဖြင့္မိေစဖို႔ အထူးဂ႐ုျပဳရပါလိမ့္မယ္။ Web Mail ေတြျဖစ္တဲ့ Gmail တို႔၊ Yahoo Mail တို႔ကို ကေလးေတြကို အသုံးျပဳခိုင္းမယ္ဆိုရင္ သူသုံးေနတဲ့အခ်ိန္အတြင္းမွာ Spam Mail ေတြ၊ တစ္ျခား ကေလးနဲ႔မသင့္ေတာ္တဲ့ အီးေမးလ္ေတြ ဝင္လာႏိုင္ပါတယ္။

အဲဒီလိုမ်ိဳး အေျခအေနေတြ ရွိႏိုင္တဲ့အတြက္ Web Mail ေတြဟာ ကေလးေတြအတြက္ Safe မျဖစ္ပါဘူး။ ဒါေၾကာင့္ ကေလးေတြကို အီးေမးလ္သုံးခိုင္းမယ္ဆိုရင္ေတာင္ Outlook လို Email ကို Download ခ်လို႔ရတဲ့ စနစ္ေတြနဲ႔သာ သုံးေစသင့္ပါတယ္။ ဒါမွ မလိုတာေတြကို ႀကိဳတင္ဖ်က္ပစ္လို႔ ရမွာ ျဖစ္ပါတယ္။ အဲဒီလို အီးေမးလ္ေတြမွာ Download ခ်ခြင့္ကို ကန႔္သတ္လို႔လည္း ရႏိုင္တဲ့အတြက္ ကေလးေတြ တိုက္႐ိုက္သုံးတာမ်ိဳးကို အကာအကြယ္ ေပးႏိုင္ပါတယ္။

ကြၽန္ေတာ့္အသိတစ္ေယာက္ကေတာ့ သူ႔ကေလး ေလးတန္းက Gmail သုံးေနေၾကာင္း၊ အြန္လိုင္းေပၚမွာေတာ့ သူ႔အသက္ကို ၁၆ ႏွစ္ဟုေျပာေၾကာင္း၊ ေကာင္မေလးမ်ားႏွင့္သာ စကားေျပာေၾကာင္း၊ ဂုဏ္ယူစြာ လာေျပာဖူးပါတယ္။ သူ႔အတြက္ေတာ့ ဂုဏ္ယူဝမ္းေျမာက္စရာ ျဖစ္ေနေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ ရင္ေလးစရာ ျဖစ္ေနပါတယ္။

သူတို႔ေလးေတြ အီးေမးလ္ေတြဖြင့္ဖတ္တဲ့ ေနရာမွာ Privacy ဆိုတာကို အလိုရွိၾကမွာ ေသခ်ာပါတယ္။ ေဘးနားမွာ အေဖကလာၾကည့္ေနတာမ်ိဳး၊ အေမကလာၾကည့္ေနတာမ်ိဳး ၾကာလာတာနဲ႔အမွ် မလိုလားတဲ့လကၡဏာေတြ ျပလာပါလိမ့္မယ္။ ဒါေၾကာင့္ အကူအညီေပးသူ လူႀကီးအေနနဲ႔ ကေလးေတြရဲ႕ Privacy ကို အေလးထားၿပီး ကူညီေပးဖို႔လိုပါတယ္။

အေစာကတည္းက စိတ္မခ်ရႏိုင္တဲ့ပတ္ဝန္းက်င္၊ အေပါင္းအသင္းေတြကို ဖယ္ရွားၿပီး ျဖစ္ေနဖို႔လိုပါတယ္။ အဲဒီလို ႀကိဳတင္ကာကြယ္မႈ အျပည့္ယူထားၿပီး ကေလးေတြအတြက္ Privacy ကို တစ္ျဖည္းျဖည္းခ်င္း အသိအမွတ္ျပဳ ေလ်ာ့ခ်ေပးရပါမယ္။ စိတ္မခ်ႏိုင္စရာေတြကို Privacy မထိခိုက္ႏိုင္တဲ့ နည္းလမ္းေတြသုံးၿပီး တစ္ဖက္လွည့္နဲ႔ ထိန္းေက်ာင္းေပးသင့္ပါတယ္။

ကြၽန္ေတာ္ အေပၚမွာေျပာခဲ့သလိုပါပဲ၊ Privacy ဆိုတာ ငယ္စဥ္ကတည္းက နားလည္ေအာင္ သင္ၾကား ေပးရတာမ်ိဳးပါ။ Privacy အေၾကာင္းသိတဲ့၊ Privacy ကို အျပည့္အဝ ေလးစားခံရတဲ့ ကေလးေတြဟာ မိမိကိုယ္ကို ယုံၾကည္မႈအရာမွာ သူမ်ားေတြထက္ ထူးခြၽန္တတ္ၾကပါတယ္။ သူတစ္ပါးရဲ႕ Privacy ကိုလည္း ေလးစားတတ္ၾကပါတယ္။

ဒါမွလည္း ႏိုင္ငံႀကီးသား ပီသတဲ့ စိတ္ဓာတ္ေတြကို ေမြးျမဴႏိုင္မွာျဖစ္ပါတယ္။ Privacy ဆိုတာ လူတစ္ဦးခ်င္းစီရဲ႕ အေျခခံအက်ဆုံး လုံၿခဳံမႈဆိုတာ သူတို႔ေလးေတြသိထားဖို႔ လိုပါတယ္။

ကေလးေတြ အီးေမးလ္သုံးတာ အခ်ိန္ၾကာလာတာနဲ႔အမွ် Spam Email ေတြအေၾကာင္း၊ အျခား လိုက္နာသင့္တဲ့ စည္းကမ္းေတြအေၾကာင္းကို စနစ္တက် ျဖည္းျဖည္းခ်င္း သင္ေပးသြားဖို႔လည္း လိုအပ္ပါတယ္။

အြန္လိုင္းမွာ Register လုပ္တာကအစ၊ လိုက္နာရမယ့္စည္းကမ္းေတြကို သင္ေပးရပါမယ္။

သူတို႔ေလးေတြ အဆင္မေျပတာေတြေတြ႕လာလို႔ ေမးလာတဲ့အခါမွာလည္း စိတ္ရွည္ရွည္ထားၿပီး သင္ၾကားေပးဖို႔ လိုပါတယ္။ လူႀကီးေတြအေနနဲ႔ အီးေမးလ္သုံးတဲ့ကိစၥဟာ ထမင္းစားေရေသာက္ကိစၥျဖစ္ေပမယ့္ ကေလးေတြအတြက္က အင္မတန္အေရးပါတဲ့ ဆက္သြယ္ေရးကိရိယာတစ္ခု ျဖစ္တယ္ဆိုတာ သိထားဖို႔လိုပါမယ္။ အဲဒီလို စနစ္တက် သင္ေပးထားတဲ့ ကေလးေတြမွာ အီးေမးလ္ကို အက်ိဳးရွိရွိ အသုံးခ်ႏိုင္စြမ္း ပိုမိုျမင့္မားေၾကာင္း ေတြ႕ရပါတယ္။

အီးေမးလ္ကို ေကာင္းေကာင္းသုံးတတ္ၿပီ ဆိုတဲ့အ႐ြယ္ဟာ ကေလးေတြအတြက္ အေျခခံပညာေရးဆိုင္ရာ Software ေတြကို စြန႔္ခြာၿပီး၊ အျခား မိသားစုသုံး Software ေတြကို ခ်ဥ္းကပ္ဖို႔ အခ်ိန္တန္ၿပီလို႔ ဆိုႏိုင္ပါတယ္။

Simulation Game ေတြျဖစ္တဲ့၊ အျပင္မွာတကယ္လုပ္ေနရသလို ခံစားရတဲ့ Game ေတြ ေဆာ့ခိုင္းလို႔ရပါၿပီ။ ေလယဥ္ေမာင္းတာမ်ိဳး၊ ကိုယ္ပိုင္တိရိစာၦန္႐ုံကို တည္ေဆာက္ခိုင္းတာမ်ိဳး၊ စတဲ့ ဂိမ္းေတြေပါ့။ အဲဒီအ႐ြယ္ ကေလးငယ္ေတြအတြက္ ေပ်ာ္စရာေတြ တစ္ပုံႀကီးေပါ့။

အျခား ထူးျခားဆန္က်ယ္မႈ အသားေပးတဲ့ ဂိမ္းေတြ၊ ဉာဏ္စမ္းပေဟ႒ိေတြ၊ ဒီဇိုင္းခ်တဲ့ ဂိမ္းေတြ စသည္ျဖင့္ သားတို႔၊ သမီးတို႔အ႐ြယ္နဲ႔ကိုက္တဲ့ဂိမ္းေတြ တစ္ပုံႀကီးရွိေနပါတယ္။ အင္မတန္လည္း ေပ်ာ္စရာ ေကာင္းပါတယ္။

ကေလးနဲ႔အတူ ဂိမ္းေတြေဆာ့ေပးမယ္၊ သူတို႔ေလးေတြကလည္း စာဖတ္စြမ္းရည္ကို ျမႇင့္တင္မယ္၊ တစ္ျဖည္းျဖည္းနဲ႔ ကေလးေတြရဲ႕ဉာဏ္ရည္ အဆင့္အတန္းေတြ ျမင့္မားလာတာကို လက္ေတြ႕ခံစား သိရွိႏိုင္ပါလိမ့္မယ္။

ကေလးေတြအေနနဲ႔ Software ေတြသုံးရတာ အဆင္ေျပေျပရွိလာတာနဲ႔အမွ် လူႀကီးက အကူအညီေပးေနတာကို တျဖည္းျဖည္း ေလ်ာ့ခ်လာရပါမယ္။ သူတို႔ေလးေတြ လြပ္လြပ္လပ္လပ္ ေဆာ့ကစားပါေစ။ ဒါေပမယ့္ ဘယ္လိုအခ်ိန္ အကန႔္အသတ္ ထားရမယ္၊ ဘယ္လိုစည္းကမ္းေတြ လိုက္နာရမယ္ဆိုတာေတြကို ေျပာဖို႔၊ ခ်မွတ္ဖို႔ မေမ့ပါနဲ႔။

အဲဒီအ႐ြယ္ကစလို႔ ကေလးေတြအေနနဲ႔ Virtual World နဲ႔ Real World ကို မွ်မွ်တတ ေနတတ္ေအာင္ သင္ေပးဖို႔လိုလာပါၿပီ။ Virtual World ဆိုတာ ကြန္ပ်ဴတာထဲက သူတို႔ကမာၻပါ။ Real World ဆိုတာေတာ့ သူတို႔ေလးေတြ ေက်ာင္းသြားမယ္၊ သူငယ္ခ်င္းေတြနဲ႔ကစားမယ္၊ ေဆြမ်ိဳးေတြ အိမ္သြားလည္မယ္၊ စသည္ျဖင့္ အျပင္လူေနမႈပုံစံပါ။

ဒီကမာၻႏွစ္ခုကို မွ်တေအာင္ေနတတ္ဖို႔ သင္ေပးရေတာ့မယ့္အခ်ိန္ပါ။ အစပိုင္း ကြန္ပ်ဴသုံးခါစအခ်ိန္မွာေတာ့ စိတ္ပါမွသာ ကြန္ပ်ဴတာေရွ႕ ထိုင္တတ္ၾကေပမယ့္ ေနာက္ပိုင္းၾကာလာတာနဲ႔အမွ် ကြန္ပ်ဴတာေရွ႕က အတင္းထခိုင္းရတာမ်ိဳးေတြ ျဖစ္လာပါလိမ့္မယ္။

Virtual World ထဲမွာ သူတို႔ျဖစ္ခ်င္တာေတြကိုပုံေဖာ္ရင္း ေမ်ာေနတတ္ၾကပါတယ္။ Real World နဲ႔ တစ္ျဖည္းျဖည္း အဆက္ျပတ္လာတတ္ပါတယ္။ ဒါေၾကာင့္ လူႀကီးေတြအေနနဲ႔ အားကစား၊ က်န္းမာေရးကစလို႔ ကေလးေတြအတြက္ အေသးစိတ္မွ်တေအာင္ ျပဳစုပ်ိဳးေထာင္ေပးဖို႔ အေရးတႀကီး လိုအပ္ပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ့္အျမင္အရေတာ့ ဒီေနရာမွာလူႀကီးေတြက အဲဒီလိုဘက္မွ်ေအာင္ ျပဳျပင္ေပးဖို႔ ေနေနသာသာ “ကေလးေတြ ကြန္ပ်ဴတာကိုင္ေနတာပဲ၊ ဂ႐ုစိုက္စရာမလိုဘူး” ဆိုၿပီး ပစ္ထားတတ္ပါတယ္။ အလုပ္ေတြရႈပ္ေနတဲ့အတြက္လည္း ကေလးၿငိမ္ေနရင္ၿပီးေရာဆိုၿပီး သေဘာထားတတ္ၾကပါတယ္။

အဲဒီလိုမိဘေတြအေနနဲ႔ မိမိတို႔ကိုယ္တိုင္က ကိုယ့္ကေလးကို အစစ္အမွန္ကမာၻႀကီးနဲ႔ေဝးရာကို တြန္းပို႔ေနတာပါလားဆိုတာ သိေစလိုပါတယ္။ အစစ္အမွန္ကမာၻႀကီးနဲ႔ေဝးရာကို သြားေနတဲ့ ကေလးအတြက္ ဘာေတြျဖစ္လာႏိုင္သလဲ ဆိုတာကေတာ့ မိဘေတြေတြးၾကည့္ရင္ သိေလာက္ပါၿပီ။

 

 

(၆) အီးေမးလ္ အသုံးျပဳျခင္းႏွင့္ အင္တာနက္ကို လြတ္လြတ္လပ္လပ္ သုံးေစျခင္း
ကေလးလည္း အသက္အ႐ြယ္ အတန္အသင့္ေရာက္လာၿပီ၊ ကြန္ပ်ဴတာလည္း ေကာင္းေကာင္းသုံးတတ္ေနၿပီ၊ အီးေမးလ္လည္း ေကာင္းေကာင္းသုံးတတ္ေနၿပီဆိုတဲ့အ႐ြယ္ ေရာက္လာတဲ့အခါ လူႀကီးမိဘေတြအေနနဲ႔ ကေလးကို ဘယ္လို Software မ်ိဳး ဝယ္ေပးရမွန္းမသိတဲ့ ျပႆနာ ျဖစ္လာပါလိမ့္မယ္။

အဲဒီလိုအခ်ိန္ေရာက္ရင္ လူႀကီးမိဘေတြအေနနဲ႔ ကေလးဘာစိတ္ဝင္စားလဲဆိုတာကို အကဲခတ္လို႔ရေနပါၿပီ။ ကေလးက ပုံေတြဆြဲရတာ ဝါႆနာပါသလား၊ သိပၸံဆိုင္ရာ အခ်က္အလက္ေတြကို စိတ္ဝင္စားတာလား၊ ဒါမွမဟုတ္ Computer Program ေတြ ေရးရတာ ဝါသနာပါသလား စသည္ျဖင့္ ေလ့လာႏိုင္ပါတယ္။

ဒီေနရာမွာ တစ္ခုေျပာလိုတာက တစ္ခ်ိဳ႕မိဘေတြရဲ႕ အျမင္မွားေတြပါ။ ကေလးေတြ ကြန္ပ်ဴတာနဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳမွသာ ကြန္ပ်ဴတာကိုင္သင့္တယ္လို႔ ယူဆၾကတာပါ။ တကယ္တန္း ကြန္ပ်ဴတာဆိုတာ အသက္ေမြးမွ မဟုတ္ပါဘူး။ ေနရာတကာ ပါဝင္ပတ္သက္ေနပါတယ္။ ကြန္ပ်ဴတာနဲ႔ ဖက္ေနတိုင္း ကြန္ပ်ဴတာနဲ႔ အသက္ေမြးမွာ မဟုတ္သလို၊ ကြန္ပ်ဴတာနဲ႔ မဖက္လည္း အသက္ေမြးခ်င္၊ ေမြးရႏိုင္ပါတယ္။

အဓိက စိတ္ဝင္စားမႈပါ။ သူတို႔ေလးေတြ ဘာကိုစိတ္ဝင္စားသလဲ ကြန္ပ်ဴတာ ဖန္သားျပင္ကေန တစ္ဆင့္ သူတို႔ဘာေတြျမင္ခ်င္တာလဲ၊ ၾကားခ်င္တာလဲ၊ သိခ်င္တာလဲ၊ ဒါေတြအေပၚ အေျခခံပါတယ္။ ကေလးက ခႏၵာေဗဒဆိုင္ရာေတြ သိခ်င္တယ္ဆိုရင္ အဲဒါနဲ႔ ပတ္သက္တဲ့ Software ေတြ ဝယ္ေပးႏိုင္ပါတယ္။ တစ္ျခား သိပၸံစမ္းသပ္မႈ ဆိုင္ရာေတြဆိုရင္လည္း အဲဒါနဲ႔ပတ္သက္တာေတြ တစ္ပုံႀကီးပါ။

ဒီလိုမွမဟုတ္ပဲ Program ေရးရတာေတြ ဝါသနာပါတယ္ဆိုရင္ Alice တို႔၊ Scratch တို႔လို႔ Software ေတြ ဝယ္ေပးႏိုင္ပါတယ္။ အဲဒီအခ်ိန္မွာ သူတို႔စိတ္ဝင္စားတဲ့ လမ္းေၾကာင္းအတိုင္း လူႀကီးေတြ ျဖည့္ဆည္းေပး႐ုံပါပဲ။

လမ္းၫႊန္တဲ့ ေနရာကေန တည့္မတ္ေပးတဲ့ ေဖးမကူညီေပးတဲ့ အဆင့္ကို ေပ်ာ္ေပ်ာ္ႀကီး ဆင္းေပးလိုက္ပါ။ မဆင္းလို႔လည္း မရပါ။ အဲဒီအခ်ိန္မွာ ကေလးေတြ တစ္ခ်ိဳ႕သုံးတာေတြကို လူႀကီးေတြေတာင္နားမလည္လို႔ ျပန္သင္ရတဲ့ အေနအထား ေရာက္ေနမွာျဖစ္လို႔ပါ။

Virtual World နဲ႔ Real World အားၿပိဳင္မႈက ျပင္းထန္သထက္ ျပင္းထန္လာမွာ ျဖစ္သလို ကေလးေတြရဲ႕ မိမိကိုယ္ပိုင္ဆုံးျဖတ္ခ်က္အတိုင္း ေရွ႕ဆက္လိုမႈကလည္း လူႀကီးေတြနဲ႔ ပဋိပကၡေတြ ျဖစ္လာပါလိမ့္မယ္။ ကေလးဘက္ကလည္း “ေနရာတကာ လိုက္ေျပာေနတာပဲ၊ အေဖကေတာ့ မမိုက္ပါဘူး၊ အေမကေတာ့ မမိုက္ပါဘူး” စသည္ျဖင့္ ျမင္လာပါလိမ့္မယ္။ ဂိမ္းမေဆာ့နဲ႔ဆို ေဆာ့မယ္၊ မလုပ္နဲ႔ဆို ရေအာင္ကို လုပ္မယ္ စသည္ျဖင့္ ဆန႔္က်င္တာေတြ ႀကဳံလာရပါမယ္။ အဲဒီလို အေျခအေနအတြက္ လူႀကီးေတြကို အႀကံေပးခ်င္တာက၊ ကိုယ္တိုင္ကေရာ အဲဒီလိုဘဝမ်ိဳး မျဖတ္သန္းခဲ့ရဘူးလား။ ကိုယ္လည္း ျဖတ္သန္းခဲ့ရမွာပါပဲ။

အဲဒီလို ျဖတ္သန္းခဲ့ရတုန္းက ကိုယ့္ရဲ႕စိတ္အေျခအေနကို ျပန္လည္း သုံးသပ္ၾကည့္ပါ။ ကေလးနဲ႔ သင့္ေတာ္မယ့္ ခ်ဥ္းကပ္နည္းပုံစံတစ္ခုကို ေသခ်ာေပါက္ ရလာပါလိမ့္မယ္။ အဲဒီလိုမွမဟုတ္ပဲ “ငါကလူႀကီးပဲ၊ ငါေျပာသမွ်နားေထာင္ရမွာေပါ့”ဆိုရင္ ကေလးကို Virtual World ထဲကို ေရာက္သထက္ေရာက္ေအာင္ ႏွစ္လိုက္သလို ျဖစ္သြားပါလိမ့္မယ္။ Real World မွာ မေက်နပ္ခ်က္ေတြကို Virtual World မွာ ေပါက္ကြဲပါလိမ့္မယ္။ အျပင္မွာ မလုပ္ရသမွ် Virtual World မွာ လုပ္ပါလိမ့္မယ္။

သင့္ရဲ႕ကေလးက ဆယ္ေက်ာ္သက္အ႐ြယ္ထဲကို ေရာက္လာတာနဲ႔အမွ် ႀကဳံလာရမွာေတြကို ႀကိဳတင္တြက္ဆထားရမွာ မိဘေတြရဲ႕တာဝန္ပါ။ အဲဒီလိုပဲ ဘယ္ဟာေတာ့မလုပ္ရဘူး၊ ဘယ္ဟာေတာ့ျဖင့္လုပ္ရမယ္၊ စသည္ျဖင့္ ေျပာေနဖို႔လည္း လိုပါတယ္။ အဲဒီလိုေျပာဆိုတဲ့ေနရာမွာ ကေလးကို Real World က အျမင္တစ္ခုတည္းနဲ႔ ေျပာလို႔မရဘူးဆိုတာ လူႀကီးေတြ သတိထားဖို႔ လိုပါတယ္။

သူတို႔ေလးေတြမွာ ကိုယ္ေတြမသိႏိုင္တဲ့ Virtual World ဆိုတာလည္း ရွိေနတယ္ဆိုတာ သိထားဖို႔ လိုပါလိမ့္မယ္။ အဲဒီေတာ့ အေကာင္းဆုံးနည္းကို ေျပာပါဆိုရင္ ေဆြးေႏြးတာပါပဲ။ တစ္ဖက္သတ္ ေျပာဆို၊ ေစခိုင္းတာမ်ိဳးမဟုတ္ပဲ သူတို႔ေလးေတြနဲ႔ အခ်ိန္ယူစကားေျပာၿပီး သူတို႔ ဘာေျပာခ်င္တယ္ဆိုတာလည္း နားေထာင္၊ ကိုယ္ဘာျဖစ္ေစခ်င္တယ္ ဆိုတာလဲေျပာ စသည္ျဖင့္ လုပ္သင့္တဲ့ အေနအထားတစ္ခု ေရာက္လာေအာင္စည္း႐ုံးဖို႔ လိုပါတယ္။ ဗီတိုအာဏာနဲ႔ အတင္းအၾကပ္ လုပ္မယ္ဆိုရင္ေတာ့ “အင္း၊ ခင္ဗ်ားႀကီးကအေဖပဲ၊ လုပ္ထားဦးေပါ့” ဆိုၿပီး Virtual World မွာ ေသနတ္နဲ႔ တည္ၿပီးပစ္ေနပါလိမ့္မယ္။

ကေလးေတြကို လြပ္လပ္ခြင့္ေပးလိုက္ၿပီဆိုရင္ မိဘေတြအေနနဲ႔ မျဖစ္၊ ျဖစ္ေအာင္ လုပ္ရမယ့္ အခ်က္ႏွစ္ခု ရွိပါတယ္။ ပထမတစ္ခုကေတာ့ ကေလးေတြအေပၚ ယုံၾကည္မႈပါ။ ဒုတိယတစ္ခုကေတာ့ ကေလးေတြအေနနဲ႔ မိဘေတြအေပၚမွာ မိဘေတြလို အုပ္ထိန္းႏိုင္စြမ္းရွိတယ္လို႔ ယုံၾကည္မႈပါ။

ကြၽန္ေတာ္ ေတြ႕ရသေလာက္ေတာ့ ကေလးေတြကိုလည္း လူႀကီးေတြက မယုံသလို၊ ကေလးေတြကလည္း လူႀကီးေတြကို အုပ္ထိန္းႏိုင္စြမ္းရွိတယ္လို႔ မယုံေတာ့ပါဘူး။ အဲဒီေနရာမွာ ယုံၾကည္မႈဆိုတာ အျပန္အလွန္ သေဘာေဆာင္တယ္လို႔ မိဘေတြက မယူဆပဲ “ငါမိဘပဲ၊ မင္းတို႔ကို ယုံတာ၊ မယုံတာ အသာထား၊ ငါတို႔ကို ယုံဖို႔လိုတယ္” ဆိုၿပီး အတင္းသတ္မွတ္ၾကပါတယ္။

ဒီလိုအေျခအေနဆိုရင္ေတာ့ ခိုးေၾကာင္ခိုးဝွက္တို႔၊ လုပ္ခ်င္တာလုပ္တာတို႔၊ ျဖစ္ခ်င္ရာျဖစ္တို႔၊ ျဖစ္လာမွာ ေသခ်ာပါတယ္။ ထက္တဲ့ကေလးတိုင္းဟာ သူတို႔ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ကို ပိုၿပီး တန္ဖိုးထားတတ္တဲ့အတြက္ မိဘေတြနဲ႔ ပိုၿပီးျပႆနာတက္ေလ့ရွိတယ္ဆိုတာလည္း မိဘေတြသိထားဖို႔ လိုပါတယ္။

ယုံၾကည္မႈဆိုတဲ့ေနရာမွာ အီးေမးလ္သုံးတာကအစ၊ အင္တာနက္သုံးတာအဆုံး ယုံၾကည္မႈ ထားဖို႔ လိုပါတယ္။ ကိုယ့္သားသမီးအေနနဲ႔ ဘယ္အတိုင္းအတာအထိ ယုံၾကည္စိတ္ခ်ရတယ္၊ ဘယ္အတိုင္းအတာအထိ လြတ္လပ္ခြင့္ေပးသင့္တယ္ဆိုတာ ေသေသခ်ာခ်ာသိထားဖို႔ လိုပါတယ္။ သူတို႔ေလးေတြ ကိုယ္ပိုင္ဆုံးျဖတ္တဲ့ေနရာမွာလည္း ဘယ္အတိုင္းအတာထိ ခြင့္ျပဳသင့္တယ္၊ မျပဳသင့္ဘူးဆိုတာကိုလည္း သိထားရပါလိမ့္ဦးမယ္။

မသိေသးဘူးဆိုရင္လည္း အဲဒီအ႐ြယ္ေတြမွာ သိေအာင္လုပ္ဖို႔၊ စမ္းသပ္ဖို႔ အေကာင္းဆုံး အေနအထားဆိုတာ သတိျပဳပါ။ သာမာန္အားျဖင့္ ေျပာရမယ္ ဆိုရင္ အသက္ ၁၃ ႏွစ္အ႐ြယ္ဟာ ဘယ္ သတင္းအခ်က္အလက္ေတြ သူတို႔အတြက္ လိုအပ္တယ္ဆိုတာ ေကာင္းေကာင္းသိတဲ့ အ႐ြယ္ျဖစ္လာပါၿပီ။ ဒါေၾကာင့္လည္း Children Privacy Protection Act မွာ အသက္ ၁၃ ႏွစ္အ႐ြယ္ကစလို႔ ကန႔္သတ္မႈေတြ လုပ္ထားတာပါ။

အဲဒီအ႐ြယ္ကစလို႔ ဘယ္အခ်က္အလက္ေတြက သူတို႔အတြက္လိုတယ္၊ ဘာေတြကေတာ့ျဖင့္ မလိုဘူး၊ ဘယ္လိုအခ်က္အလက္ေတြကေတာ့ျဖင့္ သူမ်ားေတြကို မေဝမွ်သင့္ဘူး စသည္ျဖင့္ သိေနၿပီ ျဖစ္ပါတယ္။ မိသားစုဆိုင္ရာ အခ်က္အလက္ေတြနဲ႔ ပတ္သက္ရင္လည္း ထိုနည္းလည္းေကာင္း သိေနပါၿပီ။

ကေလးေတြကို လြတ္လပ္ခြင့္ ေပးလိုက္ၿပီဆိုတာ “လုပ္ခ်င္ရာလုပ္ေတာ့၊ ငါတို႔နဲ႔မဆိုင္ေတာ့ဘူး” ဆိုၿပီး ပစ္ထားဖို႔မဟုတ္ပါဘူး။ ကေလးေတြအေနနဲ႔ လြပ္လပ္ခြင့္လည္းရွိတယ္၊ ဒါေပမယ့္ မိဘေတြကလည္း စည္းကမ္းေတြကို လိုက္နာရဲ႕လား၊ လုံၿခဳံမႈရွိရဲ႕လား၊ စသည္ျဖင့္ အၿမဲတမ္းေစာင့္ၾကည့္ေနတယ္ဆိုတာ သိေစဖို႔လိုပါတယ္။

တကယ္လည္း ေစာင့္ၾကည့္ဖို႔လိုပါတယ္။ သူတို႔ေလးေတြ လုပ္သမွ်၊ ကိုင္သမွ်ေတြအားလုံးကိုလည္းလည္း တာဝန္ယူတတ္တဲ့ အက်င့္ေလးေတြရွိလာေအာင္လို႔လည္း ျပဳစုပ်ိဳးေထာင္ေပးဖို႔ လိုပါတယ္။ “အီးေမးလ္ပို႔တဲ့သူက ဘယ္သူေတြလဲ?”စသည္ျဖင့္ ေမးျမန္းတာမ်ိဳး၊ Browser History ေတြကိုၾကည့္ၿပီး စစ္ေဆးတာမ်ိဳးေတြလည္း လုပ္ဖို႔လိုပါတယ္။

သူတို႔ လိုက္နာရမယ့္ စည္းကမ္းေတြျဖစ္တဲ့ ဘယ္ Site ေတြကိုေတာ့ မၾကည့္ရဘူး စသည္ျဖင့္ ကန႔္သတ္ထားဖို႔ လိုပါေသးတယ္။ အဲဒီလို ကန႔္သတ္တဲ့ ေနရာမွာလည္း Parental Control Software ေတြကို အသုံးျပဳၿပီး ကန႔္သတ္ထားရင္ ပိုၿပီးေကာင္းမြန္၊ ျပည့္စုံမွာ ျဖစ္ပါတယ္။

 

 

(၇) လုံးဝ လြတ္လပ္ခြင့္ေပးျခင္း
မိဘတစ္ေယာက္အေနနဲ႔ ငယ္ငယ္ကတည္းက ေသေသခ်ာခ်ာ သင္ေပးထားၿပီးၿပီ၊ ကိုယ့္အေနနဲ႔ အခ်ိန္ျပည့္ အုပ္ထိန္းထားတာမ်ိဳးလည္း မျဖစ္ႏိုင္ေတာ့ဘူးဆိုတဲ့ အေျခအေနတစ္ခ်ိန္ခ်ိန္ဟာ မလြဲမေသြ ေရာက္လာပါလိမ့္မယ္။ လုံးဝ၊ လြပ္လပ္ခြင့္ေပးရပါေတာ့မယ္။ ကေလးေတြက မိသားစု ကြန္ပ်ဴတာမွာသုံးတာထက္၊ သူတို႔ကိုယ္ပိုင္ Laptop ေတြနဲ႔ ေက်ာင္းမွာသုံးမယ္ဆိုေတာ့ ကိုယ္ဘာမွ ကန႔္သတ္လို႔မရေတာ့ပါဘူး။

ဒီေတာ့ Privacy နဲ႔ ပတ္သက္တာေတြ၊ ယုံၾကည္မႈနဲ႔ ပတ္သက္တာေတြကိုလည္း လုံးဝအျပည့္အဝ ေပးလိုက္ရပါေတာ့မယ္။ အဲဒီအခ်ိန္မွာ “ငါမသင္ေပးလိုက္ရေလျခင္း” ဆိုရင္လည္း မတတ္ႏိုင္ဘူးေပါ့ဗ်ာ။ ဒါေပမယ့္ အဲဒီအခ်ိန္မွာ မိဘေတြ အေနနဲ႔ ေစာင့္ၾကည့္လို႔ရတဲ့ အပိုင္းတစ္ခု ရွိပါတယ္။

သားသမီးေတြရဲ႕ အမူအက်င့္ေတြပါ။ အြန္လိုင္းမွာပဲ အခ်ိန္ကုန္ေနတာလား၊ အျပင္က သူငယ္ခ်င္းေတြနဲ႔ မေတြ႕ျဖစ္ေတာ့ဘူးလား စသည္ျဖင့္ေပါ့။ ဒီေတာ့လည္း “သားေရ…၊ သမီးေရ…၊ အခ်ိန္ျပည့္ အြန္လိုင္းမွာဆိုရင္ ဘာေတြျဖစ္လာမလဲ သိတယ္ေနာ္၊ ဆင္ျခင္ဦး။ သူငယ္ခ်င္းေတြနဲ႔ မေတြ႕ျဖစ္ၾကေတာ့ဘူးလား၊ ထမင္းေလးဘာေလး ဖိတ္ေကြၽးပါဦး” ေပါ့ဗ်ာ။

ဒီေဆာင္းပါးေလးဟာ ၂၀၁၀၊ ႏိုဝင္ဘာလ ၂၈ ရက္ေန႔တုန္းက Myanmar Tutorials မွာ ေရးသားခဲ့တဲ့ ေဆာင္းပါးတစ္ပုဒ္ပါ။

ေနာက္ၿပီး ဒီေဆာင္းပါးေလးကို About Website ၏ Family Computing တြင္ ခရစ္(စ္)တီ မိတ္ ေရးသားေသာ Recommended Ages for Computer and Online Time အေပၚ အေျခခံၿပီး ေရးသားထားတာလည္း ျဖစ္ပါတယ္။

ဒီကမိဘေတြအေနနဲ႔လည္း ဒီေဆာင္းပါးေလးကိုဖတ္ရႈၿပီး မိမိတို႔ရဲ႕ရင္ေသြးငယ္မ်ားကို ကြန္ပ်ဴတာနဲ႔ ဘယ္လိုမိတ္ဆက္မလဲဆိုတာကို သိႏိုင္ၾကပါေစ။

လူၾကီးမိဘမ်ားအေနနဲ ့မိမိ ကေလးမ်ားကို ငယ္ငယ္ကတည္းက ကြန္ပ်ဴတာအေျခခံ ကို မိမိ မ်က္စိေရွ႕မွာ ပဲ သင္ၾကားေပေစခ်င္ရင္ေတာ့ sayar.com.mm မွာ ကြန္ျပဴတာအေျခခံသင္ၾကားေပးေသာ Study Guide ဆရာ၊ ဆရာမ်ားရွိပါသည္။
ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ ဝင္ေရာက္ရွာေဖြႏိုင္ပါသည္။

 

 

Credit : Thiha Tech

 

UNICODE

သင့်ကလေးကို ကွန်ပျူတာနဲ့ ဘယ်လို မိတ်ဆက်ပေးမလဲ?

သင့်ရဲ့ ကလေးကို ကွန်ပျူတာနဲ့ ဘယ်အရွယ်မှာ မိတ်ဆက်ပေးတာ မှားတယ်၊ ဘယ်အရွယ်မှာ မိတ်ဆက်ပေးတာ မှန်တယ်ဆိုပြီး အတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။

ကလေးကို စက်ဘီးတစ်စီး ပထမဦးဆုံးအနေနဲ့ ဝယ်ပေးဖို့ဆုံးဖြတ်ရသလိုပေါ့။

လမ်းကို သေသေချာချာ လျှောက်တတ်စ အရွယ်ကတည်းက ဘီးထောက်လေးတွေပါတဲ့ စက်ဘီးမျိုး ဝယ်ပေးမလား၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး စက်ဘီးအတူတူစီးနိုင်တဲ့ အရွယ်ကျမှ တကယ့်စက်ဘီးဝယ်ပေးမလား၊ ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။ အဲဒီလိုပါပဲ၊ ကလေးကို မိသားစုကွန်ပျူတာနဲ့ ဘယ်အရွယ်မှာ မိတ်ဆက်ပေးမယ်ဆိုတာ မိသားစုလူနေမှုပုံစံ၊ နည်းပညာအပေါ် ကိုယ့်ရဲ့တန်ဖိုးထားမှု၊ စတာတွေအပြင် အရေးအကြီးဆုံးက ကလေးရဲ့အသင့်ဖြစ်မှုအပေါ်မှာ မူတည်နေပါတယ်။

ဒီဆောင်းပါးမှာ ကလေးတစ်ယောက်ကို ကွန်ပျူတာနဲ့ ဘယ်လိုမိတ်ဆက်ပေးသင့်တယ်၊ ဘယ်လိုသုံးခိုင်းသင့်တယ်၊ အင်တာနက်ကို ဘယ်လိုသုံးခိုင်းသင့်တယ်၊ စသည်တို့ကို ရေးသား၊ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

 

(၁) ကွန်ပျူတာနှင့် စတင်မိတ်ဆက်ခြင်း
မိသားစု လူနေမှုပုံစံအပေါ်မှာ မူတည်တယ်လို့ အပေါ်မှာပြောခဲ့ပါတယ်။ ကိုယ့်မိသားစု လူနေမှုပုံစံက နည်းပညာပစ္စည်းတွေနဲ့ ဝန်းရံထားတယ်၊ နေရာတကာ ကွန်ပျူတာမပါရင် မပြီးဘူးဆိုတဲ့ အနေအထားမှာ ကလေးကို မျက်စိပွင့်ကတည်းက သူ့ဓာတ်ပုံလေးတွေ ကွန်ပျူတာပေါ်မှာ ဒါမှမဟုတ် Tablet ပေါ်မှာ ပြပေးတာတွေ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ ကလေးတစ်ယောက်ဟာ အနည်းဆုံး ၆ လ အရွယ်ရှိမှ စက်ပစ္စည်းကိရိယာတွေကို ကောင်းကောင်း သိနိုင်စွမ်းရှိပါတယ်။ အဲဒီလို ခြောက်လကျော်လာပြီဆိုတာနဲ့ အရောင်တွေ၊ ဓာတ်ပုံတွေ၊ အသံတွေကို သိနိုင်စွမ်းရှိလာပါပြီ။ အဲဒီတော့ ကွန်ပျူတာ၊ Tablet စတာတွေအပေါ်မှာ အရောင်လေးတွေ ပြပေးတာမျိုး၊ ဓာတ်ပုံလေးတွေ ပြပေးတာမျိုး၊ သီချင်းလေးတွေ ဖွင့်ပေးတာမျိုးလုပ်ပြီး ကလေးကို မိတ်ဆက်ပေးလို့ရပါပြီ။

ကလေးတစ်ယောက်ဟာ အသက် ၁ နှစ်ကနေ ၂ နှစ်အတွင်း အကြောင်းအကျိုး ဆက်စပ်မှု သဘောတရားတွေကို နားလည်နိုင်စွမ်း ရှိလာပါတယ်။ ကီးဘုတ်ကို နူးနူးညံ့ညံ့ကိုင်တွယ်ဖို့ လိုတယ်ဆိုတာမျိုးကအစ သိလာပါပြီ။

အဲဒီလိုအရွယ် ကလေးတွေအတွက် ခလုပ်ကလေးတွေ ထိရုံ၊ တို့ရုံနဲ့ ကစားလို့ရတဲ့ ဂိမ်းလေးတွေ ရှိပါတယ်။ လက်နဲ့ထိလိုက်တဲ့အချိန်မှာ ပန်းတွေပွင့်လာတာမျိုး၊ တစ်ခုခု ကလေးတွေ စိတ်ဝင်စားမယ့်အရာတွေ ဖြစ်လာတာမျိုး၊ စတဲ့ဂိမ်းလေးတွေကို ဆော့ခိုင်းလို့ရပါတယ်။

ကလေးကလည်း သဘောကျတယ်၊ စိတ်ဝင်စားတယ်ဆိုရင် ကီးဘုတ်ကိုဘယ်လိုသုံးရတယ်၊ Mouse ကို ဘယ်လိုသုံးရတယ်၊ စတဲ့ အခြေခံအဆင့်လေးတွေကို သင်ပေးလို့ရပါပြီ။ ဒါပေမယ့် အရမ်းတော့ မျှော်လင့်မထားပါနဲ့။ အသက် ၁နှစ်ကနေ ၂နှစ်အတွင်းဆိုတာ စူးစမ်းတတ်တဲ့ အရွယ်သာရှိသေးပြီး သင်ယူတတ်တဲ့အရွယ် မဟုတ်သေးပါဘူး။ ဒါကြောင့် ကီးဘုတ်တွေ၊ Mouse တွေကို ကောင်းကောင်းကိုင်နိုင်မှာ မဟုတ်သေးပါဘူး။

 

 

(၂) လူကြီးအကူအညီဖြင့် Software များ အသုံးပြုစေခြင်း
ကလေးတွေ အသက် ၃ နှစ်ကနေ ၄ နှစ်အတွင်း ရောက်လာပြီဆိုရင်တော့ တကယ့် Software တွေဖြစ်တဲ့ ပုံပြင်ပြောပြတဲ့ဂိမ်းတွေ၊ ဉာဏ်စမ်းဂိမ်းတွေနဲ့ ထိတွေ့ပေးဖို့ အသင့်ဖြစ်ပါပြီ။ စာလုံးလေးတွေကို သိနိုင်စွမ်းလည်း ရှိလာပြီဆိုတော့ အဲဒီအရွယ်မှာ ကီးဘုတ်ကို ဘယ်လိုကိုင်မယ်၊ Mouse ကို ဘယ်လိုသုံးမယ်ဆိုတာတွေ သင်ပေးလို့ရပါပြီ။ ကီးဘုတ်ကဘာအတွက်၊ Mouse ကဘာအတွက် ဆိုတာတွေကိုလည်း သိအောင်ပြောလို့ရပါပြီ။

အဲဒီအရွယ်တွေအတွက် ကွန်ပျူတာ Software တွေကလည်း အများကြီးရှိပါတယ်။ သင့်တော်သလို မိတ်ဆက်ပေးပြီး သုံးခိုင်းလို့ရပါပြီ။ မိဘအများစု Focus လုပ်၊ အဓိကထားတဲ့ ပုံစံတွေကတော့ အရောင်တွေအကြောင်း၊ ပုံသဏ္ဍန်တွေအကြောင်း၊ စာလုံးတွေအကြောင်း၊ ဂဏ္ဍန်း နံပါတ်တွေအကြောင်း၊ စတာတွေဖြစ်ပါတယ်။

ဘယ်လို အလေ့အကျင့်ပေးလို့ရလည်းဆိုရင် အရောင်တူတွေအုပ်စုခွဲမယ်၊ စာလုံးတွေပြန်စီမယ်၊ အကြီးအသေးရွေးမယ်၊ ပုံစံတူတွေခွဲမယ်၊ စတာတွေနဲ့ လေ့ကျင့်ပေးလို့ရပါတယ်။ အဲဒီအပြင် တစ်ခုနဲ့ တစ်ခု လိုက်ဖက်ညီတဲ့ပုံစံတွေကို ခွဲခြားနိုင်စွမ်းရှိအောင် သင်ပေးလို့ရပါတယ်။

၃ နှစ် ၄ နှစ်အရွယ်ဆိုတာ သီချင်းသံတွေ၊ အနုပညာရပ်ဆိုင်ရာနဲ့ ပတ်သက်ပြီး ပုံဆွဲတာတွေ၊ အရောင်ချယ်တာတွေကိုလည်း သင်နိုင်စွမ်းရှိလာပြီလို့ ဆိုပါတယ်။ လူကြီးတစ်ယောက် အကူအညီနဲ့ပဲ ကွန်ပျူတာကိုင်သင့်တဲ့အရွယ်မှာ ကလေးကို စနစ်တကျတည်ဆောက်ထားတဲ့ သင်ထောက်ကူပြု Software တွေ (အများစုကတော့ အမှား/အမှန် ခွဲခြားခိုင်းတာ များပါတယ်) နဲ့ လွပ်လွပ်လပ်လပ် လေ့လာလို့ရတဲ့၊ စူးစမ်းလို့ရတဲ့ Software တွေကို ဘက်မျှအောင် စီစဉ်ပေးဖို့ လိုပါတယ်။ သူတို့ ဘာတွေဖန်တီးလို့ရလဲ၊ ဘယ်လိုစူးစမ်းလေ့လာလို့ ရလဲဆိုတဲ့ အချက်တွေကိုလည်း သိအောင်လုပ်ပေးဖို့လိုပါတယ်။

အဲဒီအရွယ်ကစလို့ ကွန်ပျူတာနဲ့ မိတ်ဆက်ပေးတဲ့နေရာမှာ အရေးအကြီးသတိပြုရမယ့် အချက်ကတော့ ကွန်ပျူတာကိုင်တဲ့နေရာမှာ ကျန်းမာရေးနဲ့ညီညွတ်အောင် သင်ပေးဖို့ပါ။ အချိန်အကြာကြီး ကွန်ပျူတာကိုမကိုင်ခိုင်းသင့်ပဲ၊ အချိန်အကန့်အသတ်တစ်ခုနဲ့ သုံးခိုင်းတာမျိုး ဖြစ်သင့်ပါတယ်။

အနေအထားမှန်ကန်စွာ ထိုင်တတ်အောင်၊ Monitor ကို အကွာအဝေးမှန်မှန် ကြည့်တတ်အောင် သင်ပေးဖို့ လိုပါတယ်။ ခုခေတ်မှာတော့ iPad လို Tablet ကွန်ပျူတာတွေ ပေါ်လာပြီ ဖြစ်တဲ့အတွက် ကလေးတွေအတွက် ကွန်ပျူတာနဲ့ မိတ်ဆက်ပေးတဲ့နေရာမှာ အရင်ထက်ပြည့်စုံတဲ့ ဝန်းကျင်တစ်ခု ဖြစ်လာတာကြောင့် ကလေးတွေ အလွယ်တကူထိတွေ့ပြီး သင်ယူနိုင်ဖို့ အခွင့်အရေးတွေ ပိုမိုများပြားလာပါပြီ။

 

 

(၃) Software များကို လွတ်လွတ်လပ်လပ် အသုံးပြုစေခြင်း
ခုခေတ်မှာ ကလေးတွေအတွက် Software Packages တွေ အများကြီးရှိပါတယ်။ စာကို တစ်လုံးမှ ဖတ်စရာမလိုပဲ ကလေးတွေအတွက် အဆင်ပြေအောင် လုပ်ထားပြီးသားပါ။ ကလေးအနေနဲ့လည်း Mouse ကို ဘယ်လို သုံးမယ်ဆိုတာ ကောင်းကောင်းသိနေပြီ၊ သုံးလည်းသုံးတတ်နေပြီဆိုရင်တော့၊ ကွန်ပျူတာကို လူကြီးအကူအညီမပါပဲ သူတို့လေးတွေ ကိုယ်တိုင်သုံးလို့ရတဲ့ အရွယ်ရောက်ပြီလို့ သတ်မှတ်နိုင်ပါတယ်။

အများအားဖြင့်တော့ အသက် ၄ နှစ်ကနေ ၅ နှစ်အတွင်း ဖြစ်နိုင်ပါတယ်။ မူကြိုကျောင်းသုံး Software လေးတွေကို လူကြီးအကူအညီမပါပဲ သုံးနိုင်ကြပါတယ်။ သင့်အနေနဲ့ သင်ပေးချင်တယ် ဆိုရင်တော့ ကွန်ပျူတာကို ဘယ်လိုဖွင့်ရတယ်၊ ဘယ်လိုပိတ်ရတယ်လောက်ပဲ သင်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ သင်ပေးစရာမလိုပဲ တတ်ကြပါလိမ့်မယ်။

သူတို့လေးတွေ ကြိုက်နှစ်သက်တဲ့ Software တွေကို ဘယ်လိုဖွင့်မယ်ကအစ တစ်ခါပြလိုက်ရုံနဲ့ တတ်ကြပါတယ်။ အဲဒီအရွယ်မှာ မိသားစုကွန်ပျူတာ သုံးတဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းလေးတွေ ချထားသင့်ပြီး၊ သုံးချင်ရင် ခွင့်တောင်းပြီးမှ သုံးစေတာမျိုး၊ ဖွင့်သင့်တဲ့ Software ကို ကန့်သတ်ထားတာမျိုးတွေ လုပ်ထားဖို့လိုပါတယ်။ ကလေးကိုလည်း လိုက်နာတတ်အောင် သင်ပေးထားရပါမယ်။

 

 

(၄) လူကြီးအကူအညီဖြင့် အင်တာနက်သုံးစေခြင်း
Website တော်တော်များများကို အသုံးပြုမယ်ဆိုရင် စာဖတ်နိုင်စွမ်း အနည်းနှင့်အများ လိုအပ်လေ့ရှိပါတယ်။ ဒီတော့ ကလေးတစ်ယောက်အနေနဲ့ ရိုးရှင်းတဲ့စာကြောင်းလေးတွေကို မဖတ်နိုင်သေးတဲ့အရွယ်မှာ အင်တာနက်သုံးဖို့ အသင့်မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ်။

အဲဒီလို မဖတ်နိုင်ဘူးဆိုတာလဲ First Grade လောက်မှာပါ။ အဲဒီနောက်ပိုင်းတော့ ရိုးရိုးရှင်းရှင်းစာတွေကို ဖတ်နိုင်လာပါတယ်။ သို့သော်လည်း စာသိပ်ဖတ်စရာမလိုတဲ့ လူကြီးတစ်ယောက် အကူအညီနဲ့ သုံးလို့ရပြီး၊ ကလေးတွေနဲ့လည်း သင့်တော်တဲ့ Website တွေ အများကြီးရှိပါတယ်။ အဲဒီလို Website တွေကို သင်နဲ့အတူ ကလေးကို သုံးခိုင်းလို့ရပါတယ်။

ကလေးက ရိုးရှင်းတဲ့စာတွေ ဖတ်နိုင်ပြီ၊ လူကြီးတစ်ဦးအကူအညီနဲ့ အင်တာနက်လည်း သုံးနိုင်ပြီ ဆိုရင်တော့ အင်တာနက်လုံခြုံရေးဆိုင်ရာ လိုအပ်ချက်ကလေးတွေ သင်ပေးလို့ရပါပြီ။ ကလေးတွေအရွယ်နဲ့ သင့်တော်တဲ့ Website တွေကို ရွေးချယ်ပြီး သုံးခိုင်းလို့ရပါပြီ။ ဘေးကနေ အကူအညီပေးဖို့တော့ လိုဦးမှာဖြစ်ပါတယ်။

အကူအညီပေးဖို့ လိုနေသေးတဲ့ အရွယ်အထိ၊ သူတို့ဘာသာ လွတ်လွတ်လပ်လပ် မသုံးချင်သေးတဲ့အထိ၊ လူကြီးအကူအညီနဲ့ အင်တာနက်ကို သုံးစေသင့်ပါတယ်။ မဝင်သင့်တဲ့ Website တွေကို မဝင်အောင်၊ မိသားစုဆိုင်ရာစည်းကမ်းတွေကို ချမှတ်ထားပြီး ဘေးကနေ စနစ်တကျထိန်းသိမ်းပေးဖို့ အင်မတန်အရေးကြီးပါတယ်။ “ကွန်ပျူတာ ကိုင်နေတာပဲ၊ လွတ်ထားလိုက်” ဆိုရင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း သတိပြုဖို့လိုပါတယ်။

အဲဒီလို အင်တာနက်ကို စတင်အသုံးပြုတဲ့အချိန်မှာ ကလေးတွေအနေနဲ့ သူတို့စိတ်ဝင်စားတဲ့ အရာလေးတွေကို သိမ်းထားချင်တာ၊ မှတ်တမ်းလေးတွေ ရေးချင်တာ၊ စတဲ့ စိတ်ဝင်စားမှုတွေ ပြလာနိုင်ပါတယ်။ အဲဒီလို သိမ်းထားချင်တာတွေ ရှိလာရင် မှတ်ထားချင်တာတွေ ရှိလာခဲ့ရင် ကွန်ပျူတာမှာ ဘယ်လို သိမ်းရမယ်၊ တစ်ယောက်နဲ့တစ်ယောက် သိမ်းထားတဲ့ဖိုင်တွေအပေါ်မှာ ဘယ်လို ထိန်းသိမ်းရမယ်၊ စသည်ဖြင့် Privacy နဲ့ ပတ်သက်တာတွေ သင်ပေးနိုင်ပါတယ်။

စာအုပ်မှာ ဒိုင်ယာရီ ရေးသလိုပေါ့၊ သူများတွေ မဖတ်စေလိုတာတွေ ရှိမယ်ဆိုတာ သူတို့လေးတွေ သိအောင်လုပ်ပေးပါ။ သူတို့လေးတွေကိုယ်တိုင်ရေးပြီး သိမ်းထားတဲ့အရာတွေ အပေါ်မှာ (Fully Private) လုံးဝ သီးသန့်ဖြစ်အောင် ဖန်တီးပေးမလား၊ သိမ်းခွင့်ပေးမလား ဆိုတာကတော့ သင့်အပေါ်မှာ မူတည်ပါတယ်။

ဒါပေမယ့် အဲဒီလို တစ်ယောက်နဲ့တစ်ယောက် Privacy ကို လေးစားတတ်ဖို့ဆိုတာ ငယ်စဉ်ကတည်းက သင်ပေးရမယ့် ကိစ္စဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ “ငါရေးလိုက်လို့ အဖေသိသွားရင်၊ အမေသိသွားရင်” ဆိုတဲ့ စိုးရိမ်စိတ်တွေ မဖြစ်စေပဲ လွပ်လွပ်လပ်လပ် ရေးသား၊ သိမ်းဆည်းစေပြီး တစ်ဖက်လှည့်နဲ့ ထိန်းသိမ်းပေးသင့်ပါတယ်။

လူကြီးမိဘများအနေနဲ့မိမိ ကလေးများကို ငယ်ငယ်ကတည်းက ကွန်ပျူတာအခြေခံ ကို မိမိ မျက်စိရှေ့မှာ ပဲ သင်ကြားပေစေချင်ရင်တော့ sayar.com.mm မှာ ကွန်ပြူတာအခြေခံသင်ကြားပေးသော Study Guide ဆရာ၊ ဆရာများရှိပါသည်။
ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html တွင် အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

 

(၅) ပထမဦးဆုံးအီးမေးလ်နှင့် ပိုအဆင့်မြင့်သော Software များ
ကလေးကြီးလာတာနဲ့အမျှ အီးမေးလ်အကောင့်တစ်ခု လိုချင်တယ်လို့ ပူဆာလာပါလိမ့်မယ်။ သူတို့ အဓိကဆက်သွယ်လိုတာက အပြင်လောကက သူငယ်ချင်းတွေနဲ့ ဖြစ်ချင်လည်းဖြစ်မယ်၊ မိသားစုချင်း၊ ဆွေမျိုးအချင်းချင်း ဆက်သွယ်လိုတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တစ်ချို့အီးမေးလ်တွေဟာ စာဖတ်နိုင်စွမ်းရည် အတန်အသင့်မြင့်မားသလို စာရေး၊ စာပြန်နိုင်ဖို့လည်း လိုပါတယ်။ အများအားဖြင့် ကလေးတွေ အီးမေးလ်တစ်ခု လိုချင်တယ် ဆိုတဲ့ အရွယ်ဟာ Grade 2 ကနေ Grade 3 အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။

ကျွန်တော့် သမီးလေးကတော့ သူငယ်တန်းပဲရှိသေးတယ်၊ အီးမေးလ်အကောင့် ဆောက်ပေးဖို့ ပြောနေပါတယ်။ သူ့သူငယ်ချင်းကို စာရေးမလို့တဲ့။ ဒါပေမယ့် သူ့သူငယ်ချင်းကတော့ အီးမေးလ်ဆိုတာ ဘာမှန်းတောင် မသိလောက်သေးပါဘူး။ တကယ်တော့ အဲဒီ Grade 3 အရွယ်အထိဟာ အီးမေးလ်သုံးသင့်တဲ့ အရွယ်မဟုတ်သေးဘူးလို့ အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။

သို့သော်လည်း လူကြီးတစ်ယောက်က ကလေးနဲ့မသင့်တော်တဲ့ Spam Mail တွေ ဖျက်မယ်၊ တည်းဖြတ်ပေးမယ်၊ ဖတ်ပြပေးမယ် ဆိုရင်တော့ သုံးလို့ရနိုင်ချေ ရှိပါတယ်။ Spam Mail အတော်များများဟာ ကလေးတွေနဲ့ မသင့်တော်တာတွေ များပါတယ်။ ကလေးကတော့ သူ့အီးမေးလ်ထဲ ရှိသမျှ ဖွင့်ကြည့်မှာပါပဲ။ အဲဒီလိုမျိုး အခြေအနေတွေမရောက်အောင် လူကြီးတစ်ယောက်ရဲ့ အကူအညီကိုရယူဖို့ အင်မတန်အရေးကြီးပါတယ်။

ကလေးတွေကို အီးမေးလ်သုံးခိုင်းမယ်ဆိုရင် အပြင်လောကနဲ့ တိုက်ရိုက်ဆက်သွယ်စေတာမျိုး မဖြစ်စေသင့်ပဲ၊ အန်တီ၊ ဦးလေး၊ အဖိုး၊ အဖွား စသည်ဖြင့် ဆွေမျိုးများနှင့်သာ ချိတ်ဆက်ပေးထားတာမျိုး၊ သူငယ်ချင်းများနဲ့ ဆက်သွယ်မယ်ဆိုရင်လဲ လူကြီးတစ်ဦးအကူအညီမပါပဲ မဆက်သွယ်စေတာမျိုးသာ ဖြစ်သင့်ပါတယ်။

အဲဒီအပြင် အပေါ်မှာပြောခဲ့သလို Spam Mail တွေကို ကလေးတွေမဖွင့်မိစေဖို့ အထူးဂရုပြုရပါလိမ့်မယ်။ Web Mail တွေဖြစ်တဲ့ Gmail တို့၊ Yahoo Mail တို့ကို ကလေးတွေကို အသုံးပြုခိုင်းမယ်ဆိုရင် သူသုံးနေတဲ့အချိန်အတွင်းမှာ Spam Mail တွေ၊ တစ်ခြား ကလေးနဲ့မသင့်တော်တဲ့ အီးမေးလ်တွေ ဝင်လာနိုင်ပါတယ်။

အဲဒီလိုမျိုး အခြေအနေတွေ ရှိနိုင်တဲ့အတွက် Web Mail တွေဟာ ကလေးတွေအတွက် Safe မဖြစ်ပါဘူး။ ဒါကြောင့် ကလေးတွေကို အီးမေးလ်သုံးခိုင်းမယ်ဆိုရင်တောင် Outlook လို Email ကို Download ချလို့ရတဲ့ စနစ်တွေနဲ့သာ သုံးစေသင့်ပါတယ်။ ဒါမှ မလိုတာတွေကို ကြိုတင်ဖျက်ပစ်လို့ ရမှာ ဖြစ်ပါတယ်။ အဲဒီလို အီးမေးလ်တွေမှာ Download ချခွင့်ကို ကန့်သတ်လို့လည်း ရနိုင်တဲ့အတွက် ကလေးတွေ တိုက်ရိုက်သုံးတာမျိုးကို အကာအကွယ် ပေးနိုင်ပါတယ်။

ကျွန်တော့်အသိတစ်ယောက်ကတော့ သူ့ကလေး လေးတန်းက Gmail သုံးနေကြောင်း၊ အွန်လိုင်းပေါ်မှာတော့ သူ့အသက်ကို ၁၆ နှစ်ဟုပြောကြောင်း၊ ကောင်မလေးများနှင့်သာ စကားပြောကြောင်း၊ ဂုဏ်ယူစွာ လာပြောဖူးပါတယ်။ သူ့အတွက်တော့ ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်နေပေမယ့် ကျွန်တော့်အတွက်တော့ ရင်လေးစရာ ဖြစ်နေပါတယ်။

သူတို့လေးတွေ အီးမေးလ်တွေဖွင့်ဖတ်တဲ့ နေရာမှာ Privacy ဆိုတာကို အလိုရှိကြမှာ သေချာပါတယ်။ ဘေးနားမှာ အဖေကလာကြည့်နေတာမျိုး၊ အမေကလာကြည့်နေတာမျိုး ကြာလာတာနဲ့အမျှ မလိုလားတဲ့လက္ခဏာတွေ ပြလာပါလိမ့်မယ်။ ဒါကြောင့် အကူအညီပေးသူ လူကြီးအနေနဲ့ ကလေးတွေရဲ့ Privacy ကို အလေးထားပြီး ကူညီပေးဖို့လိုပါတယ်။

အစောကတည်းက စိတ်မချရနိုင်တဲ့ပတ်ဝန်းကျင်၊ အပေါင်းအသင်းတွေကို ဖယ်ရှားပြီး ဖြစ်နေဖို့လိုပါတယ်။ အဲဒီလို ကြိုတင်ကာကွယ်မှု အပြည့်ယူထားပြီး ကလေးတွေအတွက် Privacy ကို တစ်ဖြည်းဖြည်းချင်း အသိအမှတ်ပြု လျော့ချပေးရပါမယ်။ စိတ်မချနိုင်စရာတွေကို Privacy မထိခိုက်နိုင်တဲ့ နည်းလမ်းတွေသုံးပြီး တစ်ဖက်လှည့်နဲ့ ထိန်းကျောင်းပေးသင့်ပါတယ်။

ကျွန်တော် အပေါ်မှာပြောခဲ့သလိုပါပဲ၊ Privacy ဆိုတာ ငယ်စဉ်ကတည်းက နားလည်အောင် သင်ကြား ပေးရတာမျိုးပါ။ Privacy အကြောင်းသိတဲ့၊ Privacy ကို အပြည့်အဝ လေးစားခံရတဲ့ ကလေးတွေဟာ မိမိကိုယ်ကို ယုံကြည်မှုအရာမှာ သူများတွေထက် ထူးချွန်တတ်ကြပါတယ်။ သူတစ်ပါးရဲ့ Privacy ကိုလည်း လေးစားတတ်ကြပါတယ်။

ဒါမှလည်း နိုင်ငံကြီးသား ပီသတဲ့ စိတ်ဓာတ်တွေကို မွေးမြူနိုင်မှာဖြစ်ပါတယ်။ Privacy ဆိုတာ လူတစ်ဦးချင်းစီရဲ့ အခြေခံအကျဆုံး လုံခြုံမှုဆိုတာ သူတို့လေးတွေသိထားဖို့ လိုပါတယ်။

ကလေးတွေ အီးမေးလ်သုံးတာ အချိန်ကြာလာတာနဲ့အမျှ Spam Email တွေအကြောင်း၊ အခြား လိုက်နာသင့်တဲ့ စည်းကမ်းတွေအကြောင်းကို စနစ်တကျ ဖြည်းဖြည်းချင်း သင်ပေးသွားဖို့လည်း လိုအပ်ပါတယ်။

အွန်လိုင်းမှာ Register လုပ်တာကအစ၊ လိုက်နာရမယ့်စည်းကမ်းတွေကို သင်ပေးရပါမယ်။

သူတို့လေးတွေ အဆင်မပြေတာတွေတွေ့လာလို့ မေးလာတဲ့အခါမှာလည်း စိတ်ရှည်ရှည်ထားပြီး သင်ကြားပေးဖို့ လိုပါတယ်။ လူကြီးတွေအနေနဲ့ အီးမေးလ်သုံးတဲ့ကိစ္စဟာ ထမင်းစားရေသောက်ကိစ္စဖြစ်ပေမယ့် ကလေးတွေအတွက်က အင်မတန်အရေးပါတဲ့ ဆက်သွယ်ရေးကိရိယာတစ်ခု ဖြစ်တယ်ဆိုတာ သိထားဖို့လိုပါမယ်။ အဲဒီလို စနစ်တကျ သင်ပေးထားတဲ့ ကလေးတွေမှာ အီးမေးလ်ကို အကျိုးရှိရှိ အသုံးချနိုင်စွမ်း ပိုမိုမြင့်မားကြောင်း တွေ့ရပါတယ်။

အီးမေးလ်ကို ကောင်းကောင်းသုံးတတ်ပြီ ဆိုတဲ့အရွယ်ဟာ ကလေးတွေအတွက် အခြေခံပညာရေးဆိုင်ရာ Software တွေကို စွန့်ခွာပြီး၊ အခြား မိသားစုသုံး Software တွေကို ချဉ်းကပ်ဖို့ အချိန်တန်ပြီလို့ ဆိုနိုင်ပါတယ်။

Simulation Game တွေဖြစ်တဲ့၊ အပြင်မှာတကယ်လုပ်နေရသလို ခံစားရတဲ့ Game တွေ ဆော့ခိုင်းလို့ရပါပြီ။ လေယဉ်မောင်းတာမျိုး၊ ကိုယ်ပိုင်တိရိစ္ဆာန်ရုံကို တည်ဆောက်ခိုင်းတာမျိုး၊ စတဲ့ ဂိမ်းတွေပေါ့။ အဲဒီအရွယ် ကလေးငယ်တွေအတွက် ပျော်စရာတွေ တစ်ပုံကြီးပေါ့။

အခြား ထူးခြားဆန်ကျယ်မှု အသားပေးတဲ့ ဂိမ်းတွေ၊ ဉာဏ်စမ်းပဟေဋ္ဌိတွေ၊ ဒီဇိုင်းချတဲ့ ဂိမ်းတွေ စသည်ဖြင့် သားတို့၊ သမီးတို့အရွယ်နဲ့ကိုက်တဲ့ဂိမ်းတွေ တစ်ပုံကြီးရှိနေပါတယ်။ အင်မတန်လည်း ပျော်စရာ ကောင်းပါတယ်။

ကလေးနဲ့အတူ ဂိမ်းတွေဆော့ပေးမယ်၊ သူတို့လေးတွေကလည်း စာဖတ်စွမ်းရည်ကို မြှင့်တင်မယ်၊ တစ်ဖြည်းဖြည်းနဲ့ ကလေးတွေရဲ့ဉာဏ်ရည် အဆင့်အတန်းတွေ မြင့်မားလာတာကို လက်တွေ့ခံစား သိရှိနိုင်ပါလိမ့်မယ်။

ကလေးတွေအနေနဲ့ Software တွေသုံးရတာ အဆင်ပြေပြေရှိလာတာနဲ့အမျှ လူကြီးက အကူအညီပေးနေတာကို တဖြည်းဖြည်း လျော့ချလာရပါမယ်။ သူတို့လေးတွေ လွပ်လွပ်လပ်လပ် ဆော့ကစားပါစေ။ ဒါပေမယ့် ဘယ်လိုအချိန် အကန့်အသတ် ထားရမယ်၊ ဘယ်လိုစည်းကမ်းတွေ လိုက်နာရမယ်ဆိုတာတွေကို ပြောဖို့၊ ချမှတ်ဖို့ မမေ့ပါနဲ့။

အဲဒီအရွယ်ကစလို့ ကလေးတွေအနေနဲ့ Virtual World နဲ့ Real World ကို မျှမျှတတ နေတတ်အောင် သင်ပေးဖို့လိုလာပါပြီ။ Virtual World ဆိုတာ ကွန်ပျူတာထဲက သူတို့ကမ္ဘာပါ။ Real World ဆိုတာတော့ သူတို့လေးတွေ ကျောင်းသွားမယ်၊ သူငယ်ချင်းတွေနဲ့ကစားမယ်၊ ဆွေမျိုးတွေ အိမ်သွားလည်မယ်၊ စသည်ဖြင့် အပြင်လူနေမှုပုံစံပါ။

ဒီကမ္ဘာနှစ်ခုကို မျှတအောင်နေတတ်ဖို့ သင်ပေးရတော့မယ့်အချိန်ပါ။ အစပိုင်း ကွန်ပျူသုံးခါစအချိန်မှာတော့ စိတ်ပါမှသာ ကွန်ပျူတာရှေ့ ထိုင်တတ်ကြပေမယ့် နောက်ပိုင်းကြာလာတာနဲ့အမျှ ကွန်ပျူတာရှေ့က အတင်းထခိုင်းရတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

Virtual World ထဲမှာ သူတို့ဖြစ်ချင်တာတွေကိုပုံဖော်ရင်း မျောနေတတ်ကြပါတယ်။ Real World နဲ့ တစ်ဖြည်းဖြည်း အဆက်ပြတ်လာတတ်ပါတယ်။ ဒါကြောင့် လူကြီးတွေအနေနဲ့ အားကစား၊ ကျန်းမာရေးကစလို့ ကလေးတွေအတွက် အသေးစိတ်မျှတအောင် ပြုစုပျိုးထောင်ပေးဖို့ အရေးတကြီး လိုအပ်ပါတယ်။

ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ ဒီနေရာမှာလူကြီးတွေက အဲဒီလိုဘက်မျှအောင် ပြုပြင်ပေးဖို့ နေနေသာသာ “ကလေးတွေ ကွန်ပျူတာကိုင်နေတာပဲ၊ ဂရုစိုက်စရာမလိုဘူး” ဆိုပြီး ပစ်ထားတတ်ပါတယ်။ အလုပ်တွေရှုပ်နေတဲ့အတွက်လည်း ကလေးငြိမ်နေရင်ပြီးရောဆိုပြီး သဘောထားတတ်ကြပါတယ်။

အဲဒီလိုမိဘတွေအနေနဲ့ မိမိတို့ကိုယ်တိုင်က ကိုယ့်ကလေးကို အစစ်အမှန်ကမ္ဘာကြီးနဲ့ဝေးရာကို တွန်းပို့နေတာပါလားဆိုတာ သိစေလိုပါတယ်။ အစစ်အမှန်ကမ္ဘာကြီးနဲ့ဝေးရာကို သွားနေတဲ့ ကလေးအတွက် ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာကတော့ မိဘတွေတွေးကြည့်ရင် သိလောက်ပါပြီ။

 

 

(၆) အီးမေးလ် အသုံးပြုခြင်းနှင့် အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစေခြင်း
ကလေးလည်း အသက်အရွယ် အတန်အသင့်ရောက်လာပြီ၊ ကွန်ပျူတာလည်း ကောင်းကောင်းသုံးတတ်နေပြီ၊ အီးမေးလ်လည်း ကောင်းကောင်းသုံးတတ်နေပြီဆိုတဲ့အရွယ် ရောက်လာတဲ့အခါ လူကြီးမိဘတွေအနေနဲ့ ကလေးကို ဘယ်လို Software မျိုး ဝယ်ပေးရမှန်းမသိတဲ့ ပြဿနာ ဖြစ်လာပါလိမ့်မယ်။

အဲဒီလိုအချိန်ရောက်ရင် လူကြီးမိဘတွေအနေနဲ့ ကလေးဘာစိတ်ဝင်စားလဲဆိုတာကို အကဲခတ်လို့ရနေပါပြီ။ ကလေးက ပုံတွေဆွဲရတာ ဝါဿနာပါသလား၊ သိပ္ပံဆိုင်ရာ အချက်အလက်တွေကို စိတ်ဝင်စားတာလား၊ ဒါမှမဟုတ် Computer Program တွေ ရေးရတာ ဝါသနာပါသလား စသည်ဖြင့် လေ့လာနိုင်ပါတယ်။

ဒီနေရာမှာ တစ်ခုပြောလိုတာက တစ်ချို့မိဘတွေရဲ့ အမြင်မှားတွေပါ။ ကလေးတွေ ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပြုမှသာ ကွန်ပျူတာကိုင်သင့်တယ်လို့ ယူဆကြတာပါ။ တကယ်တန်း ကွန်ပျူတာဆိုတာ အသက်မွေးမှ မဟုတ်ပါဘူး။ နေရာတကာ ပါဝင်ပတ်သက်နေပါတယ်။ ကွန်ပျူတာနဲ့ ဖက်နေတိုင်း ကွန်ပျူတာနဲ့ အသက်မွေးမှာ မဟုတ်သလို၊ ကွန်ပျူတာနဲ့ မဖက်လည်း အသက်မွေးချင်၊ မွေးရနိုင်ပါတယ်။

အဓိက စိတ်ဝင်စားမှုပါ။ သူတို့လေးတွေ ဘာကိုစိတ်ဝင်စားသလဲ ကွန်ပျူတာ ဖန်သားပြင်ကနေ တစ်ဆင့် သူတို့ဘာတွေမြင်ချင်တာလဲ၊ ကြားချင်တာလဲ၊ သိချင်တာလဲ၊ ဒါတွေအပေါ် အခြေခံပါတယ်။ ကလေးက ခန္ဒာဗေဒဆိုင်ရာတွေ သိချင်တယ်ဆိုရင် အဲဒါနဲ့ ပတ်သက်တဲ့ Software တွေ ဝယ်ပေးနိုင်ပါတယ်။ တစ်ခြား သိပ္ပံစမ်းသပ်မှု ဆိုင်ရာတွေဆိုရင်လည်း အဲဒါနဲ့ပတ်သက်တာတွေ တစ်ပုံကြီးပါ။

ဒီလိုမှမဟုတ်ပဲ Program ရေးရတာတွေ ဝါသနာပါတယ်ဆိုရင် Alice တို့၊ Scratch တို့လို့ Software တွေ ဝယ်ပေးနိုင်ပါတယ်။ အဲဒီအချိန်မှာ သူတို့စိတ်ဝင်စားတဲ့ လမ်းကြောင်းအတိုင်း လူကြီးတွေ ဖြည့်ဆည်းပေးရုံပါပဲ။

လမ်းညွှန်တဲ့ နေရာကနေ တည့်မတ်ပေးတဲ့ ဖေးမကူညီပေးတဲ့ အဆင့်ကို ပျော်ပျော်ကြီး ဆင်းပေးလိုက်ပါ။ မဆင်းလို့လည်း မရပါ။ အဲဒီအချိန်မှာ ကလေးတွေ တစ်ချို့သုံးတာတွေကို လူကြီးတွေတောင်နားမလည်လို့ ပြန်သင်ရတဲ့ အနေအထား ရောက်နေမှာဖြစ်လို့ပါ။

Virtual World နဲ့ Real World အားပြိုင်မှုက ပြင်းထန်သထက် ပြင်းထန်လာမှာ ဖြစ်သလို ကလေးတွေရဲ့ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်လိုမှုကလည်း လူကြီးတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာပါလိမ့်မယ်။ ကလေးဘက်ကလည်း “နေရာတကာ လိုက်ပြောနေတာပဲ၊ အဖေကတော့ မမိုက်ပါဘူး၊ အမေကတော့ မမိုက်ပါဘူး” စသည်ဖြင့် မြင်လာပါလိမ့်မယ်။ ဂိမ်းမဆော့နဲ့ဆို ဆော့မယ်၊ မလုပ်နဲ့ဆို ရအောင်ကို လုပ်မယ် စသည်ဖြင့် ဆန့်ကျင်တာတွေ ကြုံလာရပါမယ်။ အဲဒီလို အခြေအနေအတွက် လူကြီးတွေကို အကြံပေးချင်တာက၊ ကိုယ်တိုင်ကရော အဲဒီလိုဘဝမျိုး မဖြတ်သန်းခဲ့ရဘူးလား။ ကိုယ်လည်း ဖြတ်သန်းခဲ့ရမှာပါပဲ။

အဲဒီလို ဖြတ်သန်းခဲ့ရတုန်းက ကိုယ့်ရဲ့စိတ်အခြေအနေကို ပြန်လည်း သုံးသပ်ကြည့်ပါ။ ကလေးနဲ့ သင့်တော်မယ့် ချဉ်းကပ်နည်းပုံစံတစ်ခုကို သေချာပေါက် ရလာပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ပဲ “ငါကလူကြီးပဲ၊ ငါပြောသမျှနားထောင်ရမှာပေါ့”ဆိုရင် ကလေးကို Virtual World ထဲကို ရောက်သထက်ရောက်အောင် နှစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ Real World မှာ မကျေနပ်ချက်တွေကို Virtual World မှာ ပေါက်ကွဲပါလိမ့်မယ်။ အပြင်မှာ မလုပ်ရသမျှ Virtual World မှာ လုပ်ပါလိမ့်မယ်။

သင့်ရဲ့ကလေးက ဆယ်ကျော်သက်အရွယ်ထဲကို ရောက်လာတာနဲ့အမျှ ကြုံလာရမှာတွေကို ကြိုတင်တွက်ဆထားရမှာ မိဘတွေရဲ့တာဝန်ပါ။ အဲဒီလိုပဲ ဘယ်ဟာတော့မလုပ်ရဘူး၊ ဘယ်ဟာတော့ဖြင့်လုပ်ရမယ်၊ စသည်ဖြင့် ပြောနေဖို့လည်း လိုပါတယ်။ အဲဒီလိုပြောဆိုတဲ့နေရာမှာ ကလေးကို Real World က အမြင်တစ်ခုတည်းနဲ့ ပြောလို့မရဘူးဆိုတာ လူကြီးတွေ သတိထားဖို့ လိုပါတယ်။

သူတို့လေးတွေမှာ ကိုယ်တွေမသိနိုင်တဲ့ Virtual World ဆိုတာလည်း ရှိနေတယ်ဆိုတာ သိထားဖို့ လိုပါလိမ့်မယ်။ အဲဒီတော့ အကောင်းဆုံးနည်းကို ပြောပါဆိုရင် ဆွေးနွေးတာပါပဲ။ တစ်ဖက်သတ် ပြောဆို၊ စေခိုင်းတာမျိုးမဟုတ်ပဲ သူတို့လေးတွေနဲ့ အချိန်ယူစကားပြောပြီး သူတို့ ဘာပြောချင်တယ်ဆိုတာလည်း နားထောင်၊ ကိုယ်ဘာဖြစ်စေချင်တယ် ဆိုတာလဲပြော စသည်ဖြင့် လုပ်သင့်တဲ့ အနေအထားတစ်ခု ရောက်လာအောင်စည်းရုံးဖို့ လိုပါတယ်။ ဗီတိုအာဏာနဲ့ အတင်းအကြပ် လုပ်မယ်ဆိုရင်တော့ “အင်း၊ ခင်ဗျားကြီးကအဖေပဲ၊ လုပ်ထားဦးပေါ့” ဆိုပြီး Virtual World မှာ သေနတ်နဲ့ တည်ပြီးပစ်နေပါလိမ့်မယ်။

ကလေးတွေကို လွပ်လပ်ခွင့်ပေးလိုက်ပြီဆိုရင် မိဘတွေအနေနဲ့ မဖြစ်၊ ဖြစ်အောင် လုပ်ရမယ့် အချက်နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ ကလေးတွေအပေါ် ယုံကြည်မှုပါ။ ဒုတိယတစ်ခုကတော့ ကလေးတွေအနေနဲ့ မိဘတွေအပေါ်မှာ မိဘတွေလို အုပ်ထိန်းနိုင်စွမ်းရှိတယ်လို့ ယုံကြည်မှုပါ။

ကျွန်တော် တွေ့ရသလောက်တော့ ကလေးတွေကိုလည်း လူကြီးတွေက မယုံသလို၊ ကလေးတွေကလည်း လူကြီးတွေကို အုပ်ထိန်းနိုင်စွမ်းရှိတယ်လို့ မယုံတော့ပါဘူး။ အဲဒီနေရာမှာ ယုံကြည်မှုဆိုတာ အပြန်အလှန် သဘောဆောင်တယ်လို့ မိဘတွေက မယူဆပဲ “ငါမိဘပဲ၊ မင်းတို့ကို ယုံတာ၊ မယုံတာ အသာထား၊ ငါတို့ကို ယုံဖို့လိုတယ်” ဆိုပြီး အတင်းသတ်မှတ်ကြပါတယ်။

ဒီလိုအခြေအနေဆိုရင်တော့ ခိုးကြောင်ခိုးဝှက်တို့၊ လုပ်ချင်တာလုပ်တာတို့၊ ဖြစ်ချင်ရာဖြစ်တို့၊ ဖြစ်လာမှာ သေချာပါတယ်။ ထက်တဲ့ကလေးတိုင်းဟာ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ပိုပြီး တန်ဖိုးထားတတ်တဲ့အတွက် မိဘတွေနဲ့ ပိုပြီးပြဿနာတက်လေ့ရှိတယ်ဆိုတာလည်း မိဘတွေသိထားဖို့ လိုပါတယ်။

ယုံကြည်မှုဆိုတဲ့နေရာမှာ အီးမေးလ်သုံးတာကအစ၊ အင်တာနက်သုံးတာအဆုံး ယုံကြည်မှု ထားဖို့ လိုပါတယ်။ ကိုယ့်သားသမီးအနေနဲ့ ဘယ်အတိုင်းအတာအထိ ယုံကြည်စိတ်ချရတယ်၊ ဘယ်အတိုင်းအတာအထိ လွတ်လပ်ခွင့်ပေးသင့်တယ်ဆိုတာ သေသေချာချာသိထားဖို့ လိုပါတယ်။ သူတို့လေးတွေ ကိုယ်ပိုင်ဆုံးဖြတ်တဲ့နေရာမှာလည်း ဘယ်အတိုင်းအတာထိ ခွင့်ပြုသင့်တယ်၊ မပြုသင့်ဘူးဆိုတာကိုလည်း သိထားရပါလိမ့်ဦးမယ်။

မသိသေးဘူးဆိုရင်လည်း အဲဒီအရွယ်တွေမှာ သိအောင်လုပ်ဖို့၊ စမ်းသပ်ဖို့ အကောင်းဆုံး အနေအထားဆိုတာ သတိပြုပါ။ သာမာန်အားဖြင့် ပြောရမယ် ဆိုရင် အသက် ၁၃ နှစ်အရွယ်ဟာ ဘယ် သတင်းအချက်အလက်တွေ သူတို့အတွက် လိုအပ်တယ်ဆိုတာ ကောင်းကောင်းသိတဲ့ အရွယ်ဖြစ်လာပါပြီ။ ဒါကြောင့်လည်း Children Privacy Protection Act မှာ အသက် ၁၃ နှစ်အရွယ်ကစလို့ ကန့်သတ်မှုတွေ လုပ်ထားတာပါ။

အဲဒီအရွယ်ကစလို့ ဘယ်အချက်အလက်တွေက သူတို့အတွက်လိုတယ်၊ ဘာတွေကတော့ဖြင့် မလိုဘူး၊ ဘယ်လိုအချက်အလက်တွေကတော့ဖြင့် သူများတွေကို မဝေမျှသင့်ဘူး စသည်ဖြင့် သိနေပြီ ဖြစ်ပါတယ်။ မိသားစုဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ရင်လည်း ထိုနည်းလည်းကောင်း သိနေပါပြီ။

ကလေးတွေကို လွတ်လပ်ခွင့် ပေးလိုက်ပြီဆိုတာ “လုပ်ချင်ရာလုပ်တော့၊ ငါတို့နဲ့မဆိုင်တော့ဘူး” ဆိုပြီး ပစ်ထားဖို့မဟုတ်ပါဘူး။ ကလေးတွေအနေနဲ့ လွပ်လပ်ခွင့်လည်းရှိတယ်၊ ဒါပေမယ့် မိဘတွေကလည်း စည်းကမ်းတွေကို လိုက်နာရဲ့လား၊ လုံခြုံမှုရှိရဲ့လား၊ စသည်ဖြင့် အမြဲတမ်းစောင့်ကြည့်နေတယ်ဆိုတာ သိစေဖို့လိုပါတယ်။

တကယ်လည်း စောင့်ကြည့်ဖို့လိုပါတယ်။ သူတို့လေးတွေ လုပ်သမျှ၊ ကိုင်သမျှတွေအားလုံးကိုလည်းလည်း တာဝန်ယူတတ်တဲ့ အကျင့်လေးတွေရှိလာအောင်လို့လည်း ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ “အီးမေးလ်ပို့တဲ့သူက ဘယ်သူတွေလဲ?”စသည်ဖြင့် မေးမြန်းတာမျိုး၊ Browser History တွေကိုကြည့်ပြီး စစ်ဆေးတာမျိုးတွေလည်း လုပ်ဖို့လိုပါတယ်။

သူတို့ လိုက်နာရမယ့် စည်းကမ်းတွေဖြစ်တဲ့ ဘယ် Site တွေကိုတော့ မကြည့်ရဘူး စသည်ဖြင့် ကန့်သတ်ထားဖို့ လိုပါသေးတယ်။ အဲဒီလို ကန့်သတ်တဲ့ နေရာမှာလည်း Parental Control Software တွေကို အသုံးပြုပြီး ကန့်သတ်ထားရင် ပိုပြီးကောင်းမွန်၊ ပြည့်စုံမှာ ဖြစ်ပါတယ်။

 

 

(၇) လုံးဝ လွတ်လပ်ခွင့်ပေးခြင်း
မိဘတစ်ယောက်အနေနဲ့ ငယ်ငယ်ကတည်းက သေသေချာချာ သင်ပေးထားပြီးပြီ၊ ကိုယ့်အနေနဲ့ အချိန်ပြည့် အုပ်ထိန်းထားတာမျိုးလည်း မဖြစ်နိုင်တော့ဘူးဆိုတဲ့ အခြေအနေတစ်ချိန်ချိန်ဟာ မလွဲမသွေ ရောက်လာပါလိမ့်မယ်။ လုံးဝ၊ လွပ်လပ်ခွင့်ပေးရပါတော့မယ်။ ကလေးတွေက မိသားစု ကွန်ပျူတာမှာသုံးတာထက်၊ သူတို့ကိုယ်ပိုင် Laptop တွေနဲ့ ကျောင်းမှာသုံးမယ်ဆိုတော့ ကိုယ်ဘာမှ ကန့်သတ်လို့မရတော့ပါဘူး။

ဒီတော့ Privacy နဲ့ ပတ်သက်တာတွေ၊ ယုံကြည်မှုနဲ့ ပတ်သက်တာတွေကိုလည်း လုံးဝအပြည့်အဝ ပေးလိုက်ရပါတော့မယ်။ အဲဒီအချိန်မှာ “ငါမသင်ပေးလိုက်ရလေခြင်း” ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်မှာ မိဘတွေ အနေနဲ့ စောင့်ကြည့်လို့ရတဲ့ အပိုင်းတစ်ခု ရှိပါတယ်။

သားသမီးတွေရဲ့ အမူအကျင့်တွေပါ။ အွန်လိုင်းမှာပဲ အချိန်ကုန်နေတာလား၊ အပြင်က သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တော့ဘူးလား စသည်ဖြင့်ပေါ့။ ဒီတော့လည်း “သားရေ…၊ သမီးရေ…၊ အချိန်ပြည့် အွန်လိုင်းမှာဆိုရင် ဘာတွေဖြစ်လာမလဲ သိတယ်နော်၊ ဆင်ခြင်ဦး။ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်ကြတော့ဘူးလား၊ ထမင်းလေးဘာလေး ဖိတ်ကျွေးပါဦး” ပေါ့ဗျာ။

ဒီဆောင်းပါးလေးဟာ ၂၀၁၀၊ နိုဝင်ဘာလ ၂၈ ရက်နေ့တုန်းက Myanmar Tutorials မှာ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။

နောက်ပြီး ဒီဆောင်းပါးလေးကို About Website ၏ Family Computing တွင် ခရစ်(စ်)တီ မိတ် ရေးသားသော Recommended Ages for Computer and Online Time အပေါ် အခြေခံပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။

ဒီကမိဘတွေအနေနဲ့လည်း ဒီဆောင်းပါးလေးကိုဖတ်ရှုပြီး မိမိတို့ရဲ့ရင်သွေးငယ်များကို ကွန်ပျူတာနဲ့ ဘယ်လိုမိတ်ဆက်မလဲဆိုတာကို သိနိုင်ကြပါစေ။

လူကြီးမိဘများအနေနဲ့မိမိ ကလေးများကို ငယ်ငယ်ကတည်းက ကွန်ပျူတာအခြေခံ ကို မိမိ မျက်စိရှေ့မှာ ပဲ သင်ကြားပေစေချင်ရင်တော့ sayar.com.mm မှာ ကွန်ပြူတာအခြေခံသင်ကြားပေးသော Study Guide ဆရာ၊ ဆရာများရှိပါသည်။
ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html တွင် အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

 

sayar.com.mm

Credit : Thiha Tech

 

Read times Last modified on Monday, 30 December 2019 16:56
Rate this articles
(0 votes)