×
Warning
JUser: :_load: Unable to load user with ID: 81428
Lifestyle
Tuesday, 24 March 2020
ကလေးတွေကို ကိုယ့်အားကိုယ်ကိုး တတ်အောင်ဘယ်လိုသင်ကြားပေးမလဲ
ကလေးတွေကို ကိုယ့်အားကိုယ်ကိုး တတ်အောင်ဘယ်လိုသင်ကြားပေးမလဲ google
ကလေးတွေကို ကိုယ့်အားကိုယ်ကိုး တတ်အောင်ဘယ်လိုသင်ကြားပေးမလဲ
ကလေးတွေကိုသူတို့အသက်အရွယ်အလိုက် သင့်လျော်တဲ့ ဘဝနေထိုင်မှုစွမ်းရည်တွေကို မိဘတွေအနေဖြင့်သင်ကြားပေးသင့်ပါတယ်။
မိဘတိုင်းကတော့ ကိုယ့်သား သမီးတွေကို အကောင်းဆုံးဖြစ်စေချင်ကြမှာပါ။ဒါကြောင့် သင့်အနေဖြင့် သင့်ရဲ့ကလေး ကိုယ့်အားကိုယ်ကိုးတတ်ပြီး လူတော်တစ်ယောက်ဖြစ်ဖို့ဆိုရင် ဘယ်လိုသင်ကြားပေးရမလဲဆိုတဲ့ အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
သူတို့ကိုယ်တိုင်လုပ်နိုင်တဲ့ တာဝန်ဝတ္တရား များကိုပေးပါ
သင့်ကလေးအား ကိုယ့်ကိုယ်ကိုတာဝန်ယူတတ်ရန် သင်ကြားပေးခြင်းကအရေးပါဆုံး နည်းလမ်းတစ်ခုပါပဲ။ သူတို့လုပ်ဆောင်ရမဲ့ တာဝန်များကို ပြီးမြောက်အောင်မြင်တဲ့ထိ လုပ်ဆောင်ခိုင်းပါ။ ဥပမာ သင့်ကလေးကို မနက်အိပ်ယာထတဲ့ အချိန်မှာ သင့်အကူအညီမပါပဲ မျက်နှာသစ်တာတို့ သွားတိုက်တာတို့ကို သူ့တို့ဘာသာလုပ်တတ်အောင် သင်ထားပေးပါ။ ယူပြီးသားပစ္စည်းတွေကို နေရာတကျပြန်ထားခိုင်းခြင်း ၊ ဝတ်ပြီးသားအဝတ်တွေကို အဝတ်ခြင်းထဲ သို့စနစ်ကျထည့်ခြင်း အဲ့လိုအရာလေးတွေကိုတတ်နိုင်တမျှ လုပ်ခိုင်းပါ။
ရွေးချယ်ခွင့်ပေးလိုက်ပါ
သင့်ကလေး အသက်ဘယ်လောက်ပဲဖြစ်နေပါစေ သူကိုယ်တိုင် ရွေးချယ်တတ်စေရန် ခွင့်ပြုထားပေးခြင်းကလဲ တချိန်ချိန်မှာ အထောက်အကူဖြစ်ပါလိမ့်မယ်။ ကလေးငယ်များအား သူဝတ်မည့်အဝတ်စားများကို သူကိုယ်တိုင်ရွေးချယ် ခိုင်းလိုက်ပါ။ သူရွေးချယ်လိုက်တဲ့ အဝတ်အစားက သင့်စိတ်ထဲတွင် မနှစ်သက်နေရင်တောင်မှ စိတ်ထားမှာပဲထားလိုက်ပါ။ ပြီးရင် သူမရွေးချယ်လိုက်တဲ့ အရာအတွက် ချီးကျူးစကားပြောဆိုပေးပါ။ သူရွေးချယ်လိုက်တဲ့ အရာကိုသူ ဝတ်ဆင်ပါစေ။စိတ်မပူပါနဲ့ သူမရဲ့ ဖက်ရှင်ရွေးချယ်မှုတွေက အချိန်ကြာလာတာနဲ့အမျှ ပိုကောင်းလာပါလိမ့်မယ်။ ဒါက သင့်ကလေး သူ့ကိုယ်တိုင် ဝတ်စားဆင်ယင်တတ်ဖို့ ယုံကြည်မှု ရှိလာပါလိမ့်မယ်။ 
အမှားလုပ်မိရင် အပြစ်မတင်ပါနဲ့
သင့်ကလေးအမှားလုပ်မိသင့်အခါ ဆက်မလုပ်ခိုင်းတာတွေ ဆူပူကြိမ်းမောင်းတာတွေ မလုပ်ပဲ ဒါကိုဘယ်လို မှန်အောင်ပြုပြင် ရမလဲဆိုတဲ့နည်းလမ်းလေးတွေပြပြီး ပြုပြင်ရန်ကြိုးစားပါ။ ဒါက သင့်ကလေးအမှားလုပ်မိရင်ေတောင် စိတ်ထဲမှာကြောက်တဲ့စိတ် မဖြစ်ပေါ်ပဲ အဲ့ဒီအမှားတွေကနေ သူ့တို့ကိုယ်သူတို့ဘယ်လိုမှန်ကန်အောင် ပြုပြင်ရမလဲဆိုတဲ့ အကျိုးကျေးဇူးလေးတွေ ရသွားပါလိမ့်မယ်။
အစစ အရာရာလိုက်မလုပ်ပေးပါနဲ့
သင့်ကလေးကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့ အစစ အရာရာအကုန်လိုက်မလုပ်ပေးပါနဲ့။ သူတို့သင်ကြားနိုင်သလောက် လုပ်နိုင်သလောက်ကို သူတို့ကိုယ်တိုင်လုပ်ခိုင်းပါ၊ သင်ကြားပေးပါ။ သင်က အစစ အရာရာ လိုက်လုပ်ပေးနေမယ်ဆိုရင် ကလေးဟာ ကိုယ့်အားကိုယ်ကိုး ချင်တဲ့စိတ်မရှိတော့ ပဲအမြဲတမ်းသူတစ်ပါးအပေါ် မှီခိုချင်တဲ့ စိတ်တွေပဲဖြစ်ပေါ်နေပါလိမ့်မယ်။ အသက်ကြီးလာတဲ့ အခါဘာမဆိုသူတစ်ယောက်ထဲမလုပ်နိုင်တော့ပဲ တယောက်ယောက်ကိုအားကိုးတတ်သွားပြီး သူများနောက်လိုက်ဖြစ်သွားပါလိမ့်မယ်။
(Zaw gyi)
register
https://www.sayar.com.mm/
Read times Last modified on Tuesday, 24 March 2020 16:33
Rate this articles
(0 votes)