×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 23 November 2019

“Smart ေဘဘီေလးေတြျဖစ္ၿပီးဉာဏ္ေကာင္းေအာင္ လူႀကီးမိဘေတြအေနနဲ ့ ဘာေတြလုပ္ေပးရမလဲ"

“Smart ေဘဘီေလးေတြျဖစ္ၿပီးဉာဏ္ေကာင္းေအာင္ လူႀကီးမိဘေတြအေနနဲ ့ ဘာေတြလုပ္ေပးရမလဲ" google.com

ကေလးရဲ႕ေမြးစကေနအသက္ ၅ႏွစ္ထိ အေစာပိုင္းကာလေတြကကေလးရဲ႕ပညာေရးမွာထူးခြၽန္မႈ၊ ဉာဏ္ေရးဉာဏ္ေသြတိုးတက္မႈ၊ စဥ္းစားေတြးေခၚႏိုင္စြမ္းေကာင္းမႈ စတဲ့အရာေတြကိုပ်ိဳးေထာင္ေပးဖို႔ အေရးႀကီးတဲ့အခ်ိန္ျဖစ္ပါတယ္။

ကေလးရဲ႕စိတ္ပိုင္းဆိုင္ရာကိုလႈံ႕ေဆာ္ေပးတာမ်ိဳးလုပ္ေပးျခင္းကကေလးရဲ႕ဉာဏ္ရည္ဉာဏ္ေသြးကိုထက္ျမက္လာေအာင္ လုပ္ယူႏိုင္ပါတယ္။ အဲဒါေၾကာင့္ သင့္ကေလးရဲ႕ဉာဏ္ရည္ကိုဘယ္လိုျမင့္တင္ေပးႏိုင္မလဲဆိုတဲ့အခ်က္ေလးေတြေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) ကေလးနဲ႔စကားေျပာေပးပါ
ကေလးရဲ႕ဉာဏ္ေကာင္းျခင္းအတြက္ ဆက္ဆံေရးကအဓိကက်တဲ့စြမ္းရည္ျဖစ္ပါတယ္။ သင့္ကေလးနဲ႔သင့္ၾကားယုံၾကည္မႈ၊ တန္ဖိုးထားမႈစတာေတြကိုပိုၿပီးျဖစ္ေပၚေစပါတယ္။ ကေလးရဲ႕ေျပာဆိုဆက္ဆံေရးကိုတိုးတက္လာေအာင္ သင္ၾကားေပးျခင္းကကေလးနဲ႔စကားမ်ားမ်ားေျပာေပးဖို႔ပါပဲ။ “သားဘာေတြလုပ္ေနတာလဲ” “ဒီေန႔အဆင္ေျပရဲ႕လား” “သားကဘာလိုခ်င္လို႔လဲ” စသျဖင့္ ကေလးကိုအဖက္လုပ္စကားေျပာေပးပါ။ အဲဒီလိုစကားမ်ားမ်ားေျပာေပးတဲ့အခါ ကေလးကလည္းစကားျပန္ေျပာဖို႔ ႀကိဳးစားပါလိမ့္မယ္။ ဘာသာစကားစြမ္းရည္ကကေလးရဲ႕ဉာဏ္ေကာင္းျခင္းနဲ႔ ဆက္စပ္ေနပါတယ္။ အဲဒါေၾကာင့္ သင့္ကေလးကိုစကားမ်ားမ်ားေျပာေပးသင့္ပါတယ္။

 

(၂) ကေလးကိုခ်စ္ခင္မႈျပသပါ
ကေလးက “ေဖေဖေမေမက ငါ့ကိုအခ်စ္ဆုံး” ဆိုတဲ့စိတ္ကေလးကကေလးကိုလုံၿခဳံမႈျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ ဘဝမွာႀကဳံရတဲ့စိန္ေခၚမႈေတြကိုလည္း ပိုၿပီးခံႏိုင္ရည္ရွိေစပါတယ္။ ကေလးကိုမွန္ကန္တဲ့နည္းလမ္းနဲ႔ စိတ္လုံၿခဳံမႈခံစားရ႕ပါေစ။ အိမ္မွာ ေပ်ာ္စရာေကာင္းတဲ့ပတ္ဝန္းက်င္ကို ဖန္တီးေပးပါ။ အေရျပားျခင္းထိေတြ႕မႈကကေလးနဲ႔သင့္ကိုပိုၿပီးရင္းႏွီးေစပါတယ္။

 

(၃) အသက္အ႐ြယ္အလိုသင့္ေလွ်ာ္တဲ့အ႐ုပ္ေလးေတြနဲ႔ လႈံ႕ေဆာ္ေပးပါ
ေမြးစကတည္းကေနအသက္အ႐ြယ္အလိုက္ ကေလးရဲ႕ဦးေႏွာက္ကိုလႈံ႕ေဆာ္ေပးတဲ့ကစားစရာေလးေတြရွိပါတယ္။ အားလုံးကိုလိုက္ဝယ္စရာမလိုဘဲ ကေလးရဲ႕အသက္အ႐ြယ္အလိုလႈံ႕ေဆာ္ေပးႏိုင္တဲ့ ကိုယ္နဲ႔လည္းအဆင္ေျပေလာက္တဲ့အ႐ုပ္မ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။ အသက္အ႐ြယ္အလိုက္အမွန္ကန္တဲ့အ႐ုပ္ေ႐ြးခ်ယ္ျခင္းကသာကေလးရဲ႕ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ၊ လက္ေခ်ာင္းေလးေတြသန္စြမ္းမႈ၊ ဉာဏ္ရည္တိုးတက္မႈ အတြက္အက်ိဳးရွိတာျဖစ္ပါတယ္။ ကစားစရာလည္းျဖစ္ၿပီးeducational toolsလည္း ျဖစ္ပါတယ္။

 

(၄) သင့္ကေလးနဲ႔အတူေဆာ့ကစားေပးပါ
သင့္ကေလးကိုေဘးကေနအတူေဆာ့ကစားေပးျခင္းကသူ႔အတြက္ အခြင့္အေရးအသစ္ေတြရေစၿပီးနားလည္လြယ္ေစပါတယ္။ ပုံမုန္လိုသင့္ကေလးကိုအခ်ိန္ေလးသတ္မွတ္ေပးၿပီးေဆာ့ကစားေပးသင့္ပါတယ္။ သူနားလည္ေလာက္မယ့္စကားမ်ိဳးနဲ႔ ကေလးကိုကေလးလိုမ်ိဳးအတူေဆာ့ကစားေပးပါ။ ဥပမာ ။ သူက ပါဝါရိန္းဂါးအနီေကာင္ဆို ကိုယ္က ပါဝါရိန္းဂ်ားပန္းေရာင္ပါဆိုတာမ်ိဳးေပါ့။ ကစားနည္းအသစ္အဆန္းေတြ တေျဖးေျဖးခ်င္းအတူသတ္မွတ္ၾကတာ၊ အတူအသစ္ထြင္ၾကတာမ်ိဳးကလည္းကေလးရဲ႕ဦးေႏွာက္ကိုလႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ကေလးနဲ႔အတူၿပိဳင္ပြဲလုပ္တာမ်ိဳး၊ ကေလးကိုပုံမုန္ကစားနည္းနဲ႔ခြဲထြက္ၿပီးကစားဖို႔ စဥ္းစားခိုင္းတာမ်ိဳးေပါ့။


(၅) ပုံျပင္ေတြ စာအုပ္ေတြအတူဖတ္ျပေပးပါ
သင့္ကေလးရဲ႕စိတ္ကူးပုံေဖာ္ႏိုင္စြမ္းကိုလႈံ႕ေဆာ္ေပးႏိုင္တဲ့အေကာင္းဆုံးနည္းလမ္းကစာဖတ္ျခင္းပါပဲ။ သင့္ကေလးနဲ႔အတူပုံျပင္ေျပာျပတာ၊ စာဖတ္တာမ်ိဳးေန႔တိုင္းလုပ္သင့္ပါတယ္။ စာအုပ္ဖတ္မယ္ဆိုရင္ေတာ့ အေရာင္ေတာက္ပတဲ့စာအုပ္မ်ိဳးကိုပိုၿပီးေ႐ြးခ်ယ္သင့္ပါတယ္။ ႐ိုးရွင္းၿပီးကေလးနားလည္လြယ္တဲ့စာအုပ္မ်ိဳးျဖစ္မွ ကေလးက စိတ္ဝင္စားမွာျဖစ္ပါတယ္။ သင့္ကေလးက႐ုပ္ပုံေလးေတြ၊ စာလုံးေလးေတြ၊ စကားလုံးအသစ္ေတြနဲ႔ရင္းႏွီးသြားတဲ့အခါ အ႐ြယ္ေရာက္ခ်ိန္မွာတစ္ေယာက္ထဲလည္းစာဖတ္ဖို႔ အားသန္လာပါလိမ့္မ
ယ္။

Recommended For You >>> "ကေလးမာ်းအတြက္ ထိေရာက္ေသာ အဂၤလိပ္စာ သင္ၾကားနည္းမ်ား"

 

(၆) ပတ္ဝန္းက်င္ကအရာေတြနဲ႔ကေလးကိုထိေတြ႕ခြင့္ေပးပါ
ကေလးမသိေသးတဲ့ ပတ္ဝန္းက်င္အသစ္နဲ႔ ကေလးကို ထိေတြ႕ခြင့္ေပးပါ။ ကေလးကိုပတ္ဝန္းက်င္ကအရာေတြကို သင္ျပေပးပါ၊ ရွင္းျပေပးပါ။ ကေလးနဲ႔အတူေဈးသြားဝယ္ရင္ းလမ္းတေလွ်ာက္မွာ ျမင္သမွ်ကို ကေလးကိုေျပာျပသြားတာမ်ိဳးေပါ့။

 

(၇) ကိန္းကဂဏန္းေတြနဲ႔ နံပါတ္ေတြကို ေစာစီးစြာသင္ျပေပးပါ
ကေလးရဲ႕ေက်ာင္းတက္မယ့္အ႐ြယ္ထိ မေစာင့္ဘဲ ကိန္းဂဏန္းေလးေတြနဲ႔ နံပါတ္ေလးေတြကို ကေလးစကားေျပာတတ္စ ၂ႏွစ္ေလာက္ကတည္းက စတင္သင္ေပးပါ။ အိမ္မွာ ကေလးရဲ႕ကစားစရာေတြကို ေရတြက္ျပတာမ်ိဳး၊ ဂဏန္းေတြကို မွတ္မိေအာင္ သင္ေပးတာမ်ိဳးလုပ္ေပးပါ။ ကိန္းဂဏန္းေတြစတင္သင္ၾကားရတဲ့ကေလးက ပိုၿပီး မွတ္ဉာဏ္အားေကာင္းေစပါတယ္။ ေက်ာင္းစာသင္သလို ေန႔မနားညမနားသင္ခိုင္းတာမဟုတ္ပါဘူးေနာ္။ ေဆာ့ကစားရင္ တလုံးရရ ႏွစ္လုံးရရ ကေလးကို ေျပာသြားမွတ္သြားခိုင္းတာမ်ိဳးပါ။

 

(၈) အျခားေသာကေလးေတြနဲ႔ ဆက္ဆံခြင့္ ေဆာ့ကစားခြင့္ေပးပါ
လူမႈဆက္ဆံေရးက ကေလးကို အေတြ႕အႀကဳံအသစ္ေတြရေစပါတယ္။ စိန္ေခၚမႈေတြေၾကာင့္ ကေလးက သူ႔ကိုယ္သူ အ႐ြယ္ေရာက္လာေစတယ္လို႔ ခံစားလာရေစပါတယ္။ သူ႔ရဲ႕အသက္အ႐ြယ္အလိုက္ အျခားေသာ ကေလးေတြနဲ႔အတူေဆာ့ကစားခြင့္ကိုေပးသင့္ပါတယ္။ ပန္းၿခံထဲေဆာ့ကစားတာ၊ ကစားကြင္းသြားတာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။ ကေလးရဲ႕ တုံ႔ျပန္မႈကို မိဘက သတိထားေစာင့္ၾကည့္ေပးႏိုင္ပါတယ္။ ကေလးမွားေနတာေတြရွိရင္ ကေလးကို ႏူးညံ့စြာျပန္လည္ျပဳျပင္ေပးသင့္ပါတယ္။ သူငယ္ခ်င္းေကာင္းဆိုတာဘယ္လို၊ လူေကာင္းဆိုတာဘယ္လိုကေလးကို သြန္သင္ေပးႏိုင္ပါတယ္။ အဲဒါမွ အျခားသူေတြရဲ႕တုံ႔ျပန္မႈအေပၚမွာ သင္ခန္းစာယူႏိုင္ပါတယ္။ တဖက္ကေလးက မေကာင္းတဲ့အျပဳအမူမ်ိဳးတုံ႔ျပန္လာခဲ့ရင္ ကေလးက ဘယ္လိုမ်ိဳး တုံ႔ျပန္သလဲဆိုတာမ်ိဳးစဥ္းစားမိေစတာက ကေလးအတြက္ အ႐ြယ္ေရာက္လာတဲ့အခါ ပိုၿပီးအျခားသူေတြထက္ ဉာဏ္ေကာင္းေစပါတယ္။

 

(၉) ကေလးရဲ႕စူးစမ္းခ်င္စိတ္ကို အားေပးပါ
ကေလးရဲ႕သဘာဝကိုက စူးစမ္းခ်င္စိတ္ ရွိပါတယ္။ ထိုသိခ်င္စိတ္၊ စူးစမ္းခ်င္စိတ္ကို လႈံ႕ေဆာ္ေပးပါ။ ကေလးကသိခ်င္လို႔ေမးျမန္းတာမ်ိဳးကို မိဘက စိတ္ရွည္စြာနဲ႔ ကေလးနားလည္ေအာင္ ေျဖေပးပါ။ အဲဒါမွ ကေလးကလည္း ဆက္ၿပီး သူသိခ်င္တာေတြကို မိဘကို ေမးမွာျဖစ္ပါတယ္။ အဲလိုမဟုတ္ရင္ေတာ့ ကေလးကို စိတ္ရွည္စြာအေျဖမေပးဘဲ ေအာ္ေငါက္ ဟန႔္တားလိုက္ျခင္းက ကေလးကို ေနာက္ထပ္သိခ်င္စိတ္ေတြကို သတ္ပစ္လိုက္သလိုျဖစ္ေစပါတယ္။ ကေလးက အသစ္အဆန္းေတြလုပ္ေနတဲ့အခါမ်ိဳး၊ သူ႔အသိစိတ္ေလးနဲ႔ အသစ္ေတြဖန္တီးေနတဲ့အခါမ်ိဳးမွာ ကေလးကို အားေပးပါ။ ခ်ီးက်ဴးေပးပါ။

 

(၁၀) နည္းပညာဆိုင္ရာပစၥည္းေတြနဲ႔ ထိေတြ႕ခ်ိန္ကို နည္းႏိုင္သမွ်နည္းပါေစ
ကေလးငယ္ေလးေတြကို နည္းပညာဆိုင္ရာပစၥည္းေတြနဲ႔ ထိေတြ႕ေစျခင္းက ကေလးရဲ႕ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ကေလးအတြက္ ေပးသင့္တဲ့အခ်ိန္ပမာဏေလာက္သာ ၾကည့္ခြင့္ေပးသင့္ပါတယ္။ ကိုယ္လက္လႈပ္ရွားျခင္း၊ ေျပးလႊားေဆာ့ကစားျခင္းမ်ိဳးကသာ ကေလးကို ႀကီးထြားသန္မာေစတာျဖစ္ၿပီး နည္းပညာပစၥည္းေတြနဲ႔အခ်ိန္ကုန္ျခင္းက ကေလးကို မက်န္းမာေစပါဘူး။ ကေလးရဲ႕ဦးေႏွာက္ဖြံ႕ၿဖိဳးမႈျပႆနာ၊ အျမင္အာ႐ုံျပႆနာမ်ိဳးျဖစ္ေစပါတယ္။

မိမိတို ့ရဲ ့ကေလးေတြကို ဂီတနဲ  ့ပက္သက္တာေတြသင္ေပးခ်င္ရင္ေတာ့ ဤလင့္ခ္ https://www.sayar.com.mm/subjects.html မွာ ဂီတသင္တန္းဆရာမ်ား ရွိပါသည္။ မိမိစိတ္ၾကိဳက္ဆရာ၊ ဆရာမမ်ားကိုအခမဲ့ဝင္ေရာက္ရွာေဖြႏိုင္ပါသည္။

 

Sources : Bawa 101

 

UNICODE

“Smart ဘေဘီလေးတွေဖြစ်ပြီးဉာဏ်ကောင်းအောင် လူကြီးမိဘတွေအနေနဲ့ ဘာတွေလုပ်ပေးရမလဲ"
ကလေးရဲ့မွေးစကနေအသက် ၅နှစ်ထိ အစောပိုင်းကာလတွေကကလေးရဲ့ပညာရေးမှာထူးချွန်မှု၊ ဉာဏ်ရေးဉာဏ်သွေတိုးတက်မှု၊ စဉ်းစားတွေးခေါ်နိုင်စွမ်းကောင်းမှု စတဲ့အရာတွေကိုပျိုးထောင်ပေးဖို့ အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကိုလှုံ့ဆော်ပေးတာမျိုးလုပ်ပေးခြင်းကကလေးရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုထက်မြက်လာအောင် လုပ်ယူနိုင်ပါတယ်။ အဲဒါကြောင့် သင့်ကလေးရဲ့ဉာဏ်ရည်ကိုဘယ်လိုမြင့်တင်ပေးနိုင်မလဲဆိုတဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။

 

(၁) ကလေးနဲ့စကားပြောပေးပါ
ကလေးရဲ့ဉာဏ်ကောင်းခြင်းအတွက် ဆက်ဆံရေးကအဓိကကျတဲ့စွမ်းရည်ဖြစ်ပါတယ်။ သင့်ကလေးနဲ့သင့်ကြားယုံကြည်မှု၊ တန်ဖိုးထားမှုစတာတွေကိုပိုပြီးဖြစ်ပေါ်စေပါတယ်။ ကလေးရဲ့ပြောဆိုဆက်ဆံရေးကိုတိုးတက်လာအောင် သင်ကြားပေးခြင်းကကလေးနဲ့စကားများများပြောပေးဖို့ပါပဲ။ “သားဘာတွေလုပ်နေတာလဲ” “ဒီနေ့အဆင်ပြေရဲ့လား” “သားကဘာလိုချင်လို့လဲ” စသဖြင့် ကလေးကိုအဖက်လုပ်စကားပြောပေးပါ။ အဲဒီလိုစကားများများပြောပေးတဲ့အခါ ကလေးကလည်းစကားပြန်ပြောဖို့ ကြိုးစားပါလိမ့်မယ်။ ဘာသာစကားစွမ်းရည်ကကလေးရဲ့ဉာဏ်ကောင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ အဲဒါကြောင့် သင့်ကလေးကိုစကားများများပြောပေးသင့်ပါတယ်။

 

(၂) ကလေးကိုချစ်ခင်မှုပြသပါ
ကလေးက “ဖေဖေမေမေက ငါ့ကိုအချစ်ဆုံး” ဆိုတဲ့စိတ်ကလေးကကလေးကိုလုံခြုံမှုဖြစ်စေပါတယ်။ အဲဒါကြောင့် ဘဝမှာကြုံရတဲ့စိန်ခေါ်မှုတွေကိုလည်း ပိုပြီးခံနိုင်ရည်ရှိစေပါတယ်။ ကလေးကိုမှန်ကန်တဲ့နည်းလမ်းနဲ့ စိတ်လုံခြုံမှုခံစားရ့ပါစေ။ အိမ်မှာ ပျော်စရာကောင်းတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။ အရေပြားခြင်းထိတွေ့မှုကကလေးနဲ့သင့်ကိုပိုပြီးရင်းနှီးစေပါတယ်။

 

(၃) အသက်အရွယ်အလိုသင့်လျှော်တဲ့အရုပ်လေးတွေနဲ့ လှုံ့ဆော်ပေးပါ
မွေးစကတည်းကနေအသက်အရွယ်အလိုက် ကလေးရဲ့ဦးနှောက်ကိုလှုံ့ဆော်ပေးတဲ့ကစားစရာလေးတွေရှိပါတယ်။ အားလုံးကိုလိုက်ဝယ်စရာမလိုဘဲ ကလေးရဲ့အသက်အရွယ်အလိုလှုံ့ဆော်ပေးနိုင်တဲ့ ကိုယ်နဲ့လည်းအဆင်ပြေလောက်တဲ့အရုပ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အသက်အရွယ်အလိုက်အမှန်ကန်တဲ့အရုပ်ရွေးချယ်ခြင်းကသာကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှု၊ လက်ချောင်းလေးတွေသန်စွမ်းမှု၊ ဉာဏ်ရည်တိုးတက်မှု အတွက်အကျိုးရှိတာဖြစ်ပါတယ်။ ကစားစရာလည်းဖြစ်ပြီးeducational toolsလည်း ဖြစ်ပါတယ်။

 

(၄) သင့်ကလေးနဲ့အတူဆော့ကစားပေးပါ
သင့်ကလေးကိုဘေးကနေအတူဆော့ကစားပေးခြင်းကသူ့အတွက် အခွင့်အရေးအသစ်တွေရစေပြီးနားလည်လွယ်စေပါတယ်။ ပုံမုန်လိုသင့်ကလေးကိုအချိန်လေးသတ်မှတ်ပေးပြီးဆော့ကစားပေးသင့်ပါတယ်။ သူနားလည်လောက်မယ့်စကားမျိုးနဲ့ ကလေးကိုကလေးလိုမျိုးအတူဆော့ကစားပေးပါ။ ဥပမာ ။ သူက ပါဝါရိန်းဂါးအနီကောင်ဆို ကိုယ်က ပါဝါရိန်းဂျားပန်းရောင်ပါဆိုတာမျိုးပေါ့။ ကစားနည်းအသစ်အဆန်းတွေ တဖြေးဖြေးချင်းအတူသတ်မှတ်ကြတာ၊ အတူအသစ်ထွင်ကြတာမျိုးကလည်းကလေးရဲ့ဦးနှောက်ကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ ကလေးနဲ့အတူပြိုင်ပွဲလုပ်တာမျိုး၊ ကလေးကိုပုံမုန်ကစားနည်းနဲ့ခွဲထွက်ပြီးကစားဖို့ စဉ်းစားခိုင်းတာမျိုးပေါ့။

Recommended For You >>> "ကလေးမာျးအတွက် ထိရောက်သော အင်္ဂလိပ်စာ သင်ကြားနည်းများ"


(၅) ပုံပြင်တွေ စာအုပ်တွေအတူဖတ်ပြပေးပါ
သင့်ကလေးရဲ့စိတ်ကူးပုံဖော်နိုင်စွမ်းကိုလှုံ့ဆော်ပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းကစာဖတ်ခြင်းပါပဲ။ သင့်ကလေးနဲ့အတူပုံပြင်ပြောပြတာ၊ စာဖတ်တာမျိုးနေ့တိုင်းလုပ်သင့်ပါတယ်။ စာအုပ်ဖတ်မယ်ဆိုရင်တော့ အရောင်တောက်ပတဲ့စာအုပ်မျိုးကိုပိုပြီးရွေးချယ်သင့်ပါတယ်။ ရိုးရှင်းပြီးကလေးနားလည်လွယ်တဲ့စာအုပ်မျိုးဖြစ်မှ ကလေးက စိတ်ဝင်စားမှာဖြစ်ပါတယ်။ သင့်ကလေးကရုပ်ပုံလေးတွေ၊ စာလုံးလေးတွေ၊ စကားလုံးအသစ်တွေနဲ့ရင်းနှီးသွားတဲ့အခါ အရွယ်ရောက်ချိန်မှာတစ်ယောက်ထဲလည်းစာဖတ်ဖို့ အားသန်လာပါလိမ့်မ
ယ်။

 

(၆) ပတ်ဝန်းကျင်ကအရာတွေနဲ့ကလေးကိုထိတွေ့ခွင့်ပေးပါ
ကလေးမသိသေးတဲ့ ပတ်ဝန်းကျင်အသစ်နဲ့ ကလေးကို ထိတွေ့ခွင့်ပေးပါ။ ကလေးကိုပတ်ဝန်းကျင်ကအရာတွေကို သင်ပြပေးပါ၊ ရှင်းပြပေးပါ။ ကလေးနဲ့အတူဈေးသွားဝယ်ရင် းလမ်းတလျှောက်မှာ မြင်သမျှကို ကလေးကိုပြောပြသွားတာမျိုးပေါ့။

 

(၇) ကိန်းကဂဏန်းတွေနဲ့ နံပါတ်တွေကို စောစီးစွာသင်ပြပေးပါ
ကလေးရဲ့ကျောင်းတက်မယ့်အရွယ်ထိ မစောင့်ဘဲ ကိန်းဂဏန်းလေးတွေနဲ့ နံပါတ်လေးတွေကို ကလေးစကားပြောတတ်စ ၂နှစ်လောက်ကတည်းက စတင်သင်ပေးပါ။ အိမ်မှာ ကလေးရဲ့ကစားစရာတွေကို ရေတွက်ပြတာမျိုး၊ ဂဏန်းတွေကို မှတ်မိအောင် သင်ပေးတာမျိုးလုပ်ပေးပါ။ ကိန်းဂဏန်းတွေစတင်သင်ကြားရတဲ့ကလေးက ပိုပြီး မှတ်ဉာဏ်အားကောင်းစေပါတယ်။ ကျောင်းစာသင်သလို နေ့မနားညမနားသင်ခိုင်းတာမဟုတ်ပါဘူးနော်။ ဆော့ကစားရင် တလုံးရရ နှစ်လုံးရရ ကလေးကို ပြောသွားမှတ်သွားခိုင်းတာမျိုးပါ။

 

(၈) အခြားသောကလေးတွေနဲ့ ဆက်ဆံခွင့် ဆော့ကစားခွင့်ပေးပါ
လူမှုဆက်ဆံရေးက ကလေးကို အတွေ့အကြုံအသစ်တွေရစေပါတယ်။ စိန်ခေါ်မှုတွေကြောင့် ကလေးက သူ့ကိုယ်သူ အရွယ်ရောက်လာစေတယ်လို့ ခံစားလာရစေပါတယ်။ သူ့ရဲ့အသက်အရွယ်အလိုက် အခြားသော ကလေးတွေနဲ့အတူဆော့ကစားခွင့်ကိုပေးသင့်ပါတယ်။ ပန်းခြံထဲဆော့ကစားတာ၊ ကစားကွင်းသွားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ကလေးရဲ့ တုံ့ပြန်မှုကို မိဘက သတိထားစောင့်ကြည့်ပေးနိုင်ပါတယ်။ ကလေးမှားနေတာတွေရှိရင် ကလေးကို နူးညံ့စွာပြန်လည်ပြုပြင်ပေးသင့်ပါတယ်။ သူငယ်ချင်းကောင်းဆိုတာဘယ်လို၊ လူကောင်းဆိုတာဘယ်လိုကလေးကို သွန်သင်ပေးနိုင်ပါတယ်။ အဲဒါမှ အခြားသူတွေရဲ့တုံ့ပြန်မှုအပေါ်မှာ သင်ခန်းစာယူနိုင်ပါတယ်။ တဖက်ကလေးက မကောင်းတဲ့အပြုအမူမျိုးတုံ့ပြန်လာခဲ့ရင် ကလေးက ဘယ်လိုမျိုး တုံ့ပြန်သလဲဆိုတာမျိုးစဉ်းစားမိစေတာက ကလေးအတွက် အရွယ်ရောက်လာတဲ့အခါ ပိုပြီးအခြားသူတွေထက် ဉာဏ်ကောင်းစေပါတယ်။

 

(၉) ကလေးရဲ့စူးစမ်းချင်စိတ်ကို အားပေးပါ
ကလေးရဲ့သဘာဝကိုက စူးစမ်းချင်စိတ် ရှိပါတယ်။ ထိုသိချင်စိတ်၊ စူးစမ်းချင်စိတ်ကို လှုံ့ဆော်ပေးပါ။ ကလေးကသိချင်လို့မေးမြန်းတာမျိုးကို မိဘက စိတ်ရှည်စွာနဲ့ ကလေးနားလည်အောင် ဖြေပေးပါ။ အဲဒါမှ ကလေးကလည်း ဆက်ပြီး သူသိချင်တာတွေကို မိဘကို မေးမှာဖြစ်ပါတယ်။ အဲလိုမဟုတ်ရင်တော့ ကလေးကို စိတ်ရှည်စွာအဖြေမပေးဘဲ အော်ငေါက် ဟန့်တားလိုက်ခြင်းက ကလေးကို နောက်ထပ်သိချင်စိတ်တွေကို သတ်ပစ်လိုက်သလိုဖြစ်စေပါတယ်။ ကလေးက အသစ်အဆန်းတွေလုပ်နေတဲ့အခါမျိုး၊ သူ့အသိစိတ်လေးနဲ့ အသစ်တွေဖန်တီးနေတဲ့အခါမျိုးမှာ ကလေးကို အားပေးပါ။ ချီးကျူးပေးပါ။

 

(၁၀) နည်းပညာဆိုင်ရာပစ္စည်းတွေနဲ့ ထိတွေ့ချိန်ကို နည်းနိုင်သမျှနည်းပါစေ
ကလေးငယ်လေးတွေကို နည်းပညာဆိုင်ရာပစ္စည်းတွေနဲ့ ထိတွေ့စေခြင်းက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကလေးအတွက် ပေးသင့်တဲ့အချိန်ပမာဏလောက်သာ ကြည့်ခွင့်ပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်း၊ ပြေးလွှားဆော့ကစားခြင်းမျိုးကသာ ကလေးကို ကြီးထွားသန်မာစေတာဖြစ်ပြီး နည်းပညာပစ္စည်းတွေနဲ့အချိန်ကုန်ခြင်းက ကလေးကို မကျန်းမာစေပါဘူး။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုပြဿနာ၊ အမြင်အာရုံပြဿနာမျိုးဖြစ်စေပါတယ်။

မိမိတို ႔ရဲ့ကလေးတွေကို ဂီတနဲ ့ပက်သက်တာတွေသင်ပေးချင်ရင်တော့ ဤလင့်ခ် https://www.sayar.com.mm/subjects.html မှာ ဂီတသင်တန်းဆရာများ ရှိပါသည်။ မိမိစိတ်ကြိုက်ဆရာ၊ ဆရာမများကိုအခမဲ့ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

 

sayar.com.mm

Sources : Bawa 101

Read times Last modified on Monday, 30 December 2019 17:19
Rate this articles
(0 votes)