×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 24 January 2019

ဘာကြောင့် လူတွေရဲ့နာမည်တွေကို မှတ်မိသင့်လဲဆိုတဲ့ သိပ္ပံနည်းကျအကြောင်းအရင်း

ကျွန်ုပ်တို့သိတဲ့သူတစ်ယောက်ကို မြင်လိုက်တဲ့အခါ သူတို့ရဲ့နာမည်ကို မမှတ်မိတဲ့အခြေအနေမျိုးလေးတွေ ကျွန်ုပ်တို့သေချာပေါက် တွေ့ကြုံရမယ်ထင်ပါတယ်။

တကယ်တော့ ဒီအခြေအနေမျိုးက ဟာသတစ်ခုတော့မဟုတ်ပါဘူး။ မမှတ်တဲ့သူကော၊ အမေ့ခံရတဲ့သူ နှစ်ယောက်လုံးအတွက် ကိုးရိုးကားရားနိုင်ပြီး ရှက်စရာကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်။

နာမည်တွေကို မှတ်မိခြင်းက ရှက်စရာကောင်းတဲ့အခြေအနေကနေ ရှောင်ထွက်ဖို့အတွက် အရေးကြီးသလို သိပ္ပံနည်းကျတဲ့ရည်ရွယ်တစ်ခုအတွက်လဲ အရေးကြီးပါတယ်။ ထိုအခြေအနေနဲ့ပတ်သတ်ပြီး လေ့လာတွေ့ရှိချက်တွေကို ဖတ်ကြည့်လိုက်ကြရအောင်။

လေ့လာတွေ့ရှိချက်

နှစ်ပတ်တာကာလမှာ အချိန်တိုင်း တစ်စုံတစ်ယောက်က မမှတ်မိတဲ့ သူတို့နာမည်တွေကို မှတ်တမ်းတင်ခဲ့တဲ့ ကျောင်းသား၅၂ယောက်ပါဝင်တဲ့ လေ့လာစမ်းသပ်ချက်အသေးစားလေးကို ပြုလုပ်ခဲ့ကြပါတယ်။ အံ့အားသင့်စရာကောင်းတာက အခြားတစ်ယောက်နဲ့အမှတ်မှားတာ၊ နာမည်မှားခေါ်တာ၊ နာမည်တွေ မေ့သွားတဲ့ လူတွေအများကြီးရှိပါတယ်။ ဒီအခြေအနေအမျိုးအစားတွေက ကျွန်ုပ်တို့ကို အရည်အသွေးကျသွားစေပါတယ်။

ရလဒ်

တစ်စုံတစ်ယောက်ရဲ့နာမည်ကို မေ့ခြင်းက ကမ္ဘာပေါ်တွင် ပိုင်ဆိုင်ခြင်း၊ အဓိပ္ပာယ်ရှိခြင်းဆိုတဲ့ အာရုံခံစားမှုတွေကို လျော့ပါးသွားစေပါတယ်။ ဒါအပြင့် နာမည်တွေကို မှတ်မိခြင်းက လူတစ်ယောက်နဲ့ဆက်ဆံရေးကိုလဲ ပျက်စီးစေပါတယ်။ အခြားလူက သင် သူကိုဂရုမစိုက်ဘူးလို့ ထင်သွားစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

နာမည်တွေကို မှတ်မိစေတဲ့နည်းလမ်းများ

သူတို့က သင်ကို နာမည်ပြောပြတဲ့အခါ လူတွေရဲ့နာမည်ကို အာရုံစိုက်ထားပါ။ ထပ်ခါထပ်ခါ နာမည်ထွက်ကြည့်ပြီး သူတို့နာမည်နဲ့ ဆက်စပ်ဖို့အတွက် သူတို့ရဲ့မျက်နှာပုံသဏ္ဍာန်ကို ရှာကြည့်ပါ။
တစ်စုံတစ်ယောက်ရဲ့နာမည်ကို မှတ်မိတော့တဲ့ အခြေအနေမျိုးမှာ ဆိုရင် သူတို့ကို မေးခွန်းတစ်ခုမေးပြီး စကားပြောခိုင်းလိုက်ပါ။ ဒါက သူတို့နာမည်ကို သင်ပြန်မှတ်မိလာဖို့အတွက် အချိန်ပေးတာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်နဲ့တွေ့ဆုံတဲ့အခါ နာမည်မှတ်မိတော့ဘူးဆိုရင် ကိုယ့်အကြောင်းကို ပြောဖို့လုပ်လိုက်ပါ။ သူတို့ကို ပြောဖို့အခွင့်အရေးပေးလိုက်ခြင်းက ကိုးရိုးကားယားနိုင်တဲ့အခြေအနေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

Credit: MM

Read times Last modified on Thursday, 30 January 2020 15:00
Rate this articles
(1 Vote)