×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 13 December 2019

“Programming ကိုစတင္ေလ့လာသူေတြ အေနနဲ ့မွားေလ့ရွိတဲ့အမွားမ်ား"

“Programming ကိုစတင္ေလ့လာသူေတြ အေနနဲ ့မွားေလ့ရွိတဲ့အမွားမ်ား" freepick

Coding and Development ထဲကို အခုမွစၿပီး ဝင္မယ့္သူေတြမွာ အနည္းနဲ႔အမ်ား စိုးရိမ္ေၾကာက္႐ြံ႕မႈေတြ ရွိတတ္ၾကပါတယ္။ အဲဒီလို ေၾကာက္တာ သဘာဝပါပဲ။

ဒါေပမယ့္ အဲဒီလို ေၾကာက္တာကေန ဆင္ေျခေတြနဲ႔ ကာမျပစ္ေစဖို႔ လိုအပ္ပါတယ္။ အခုမွ စၿပီး ကုဒ္မယ့္သူေတြအေနနဲ႔ အနည္းနဲ႔အမ်ား ဒီလိုလကၡဏာေတြ ရွိတတ္ၾကပါတယ္။

 

(၁) စသင္ဖို႔ သိပ္ခက္တယ္လို႔ ထင္တတ္ၾကတယ္
Programming ကို စသင္ဖို႔ ခက္တယ္ဆိုတာ Assembly Language လို Low-level Programming Language ေတြမွာေတာ့ ဟုတ္ခ်င္ ဟုတ္ပါလိမ့္မယ္။ ေခတ္ေပၚ Programming Language တိုင္းမွာေတာ့ အဲဒီလို မဟုတ္ေတာ့ပါဘူး။ သူမ်ားႏိုင္ငံေတြမွာဆိုရင္ ကေလးဘဝကတည္းက Programming ကို သင္ၾကရပါတယ္။ ကေလးေတြေတာင္ သင္ေနတာဆိုေတာ့ လြယ္လို႔ေပါ့။ ဒါေပမယ့္ အခုမွ သင္မယ့္သူေတြအတြက္ေတာ့ ခက္ေကာင္းခက္ေနႏိုင္ပါတယ္။ အဲဒီလို ဘာေၾကာင့္ခက္ေနလဲဆိုရင္ (၁) အာ႐ုံမစိုက္ႏိုင္တာ (၂) တစ္ျခား နယ္ပယ္ေတြနဲ႔ ယွဥ္ၾကည့္ေနတာ (၃) Programming ကို အလြတ္က်က္ဖို႔ ႀကိဳးစားေနတာ စသည္ျဖင့္ ျဖစ္ႏိုင္ပါတယ္။

 

(၂) ဆက္တိုက္ခ်ိတ္ဆက္ စဥ္းစားတတ္တဲ့ အေလ့အက်င့္ နည္းေနတာ
Programming ဆိုတာ က်က္ထားတဲ့ စာေတြ ျပန္႐ြတ္သလို ေရးရတာ မဟုတ္ပါဘူး။ ကြန္ပ်ဴတာကို ခိုင္းမယ့္ အစီအစဥ္ေတြကို နည္းလမ္းမ်ိဳးစုံသုံးၿပီး ေရးၾကရပါတယ္။ အဲဒီအတြက္ ေခါင္းက ေတာက္ဝွီး အလုပ္လုပ္ေနဖို႔ လိုပါတယ္။ စဥ္းစားၿပီဆိုတာနဲ႔ ေခါင္းေတြ ပူလာတာ၊ စိတ္ေတြရႈပ္လာတာ၊ တစ္ခုခုအေၾကာင္းျပ ထြက္ေျပးခ်င္တာ စသည္ျဖင့္ ေတြးဖို႔ေၾကာက္ေနရင္ Programming ေရးဖို႔ ခက္ပါတယ္။ တကယ္တန္း Program ေရးတဲ့သူဟာ စိန္ေခၚမႈကို လက္ခံရဲတဲ့သူ ျဖစ္ပါတယ္။ ျပႆနာကို စိန္ေခၚမႈလို႔ ျမင္တတ္သူ ျဖစ္ပါတယ္။ အေျဖမထြက္မခ်င္း မရရေအာင္ စဥ္းစားေရးသား ေျဖရွင္းတတ္ဖို႔ လိုအပ္ပါတယ္။

 

(၃) ေယာင္ေျခာက္ဆယ္
Programming ဆိုတာ တကယ္ေယာင္လို႔ ေကာင္းပါတယ္။ နယ္ပယ္ကလဲ အမ်ားႀကီးဆိုေတာ့ ဟိုဟာေလး တို႔စိ တို႔စိ၊ ဒီဟာေလး နည္းနည္းနဲ႔ ေလွ်ာက္လုပ္ေနလို႔ ရပါတယ္။ အဲဒီမွာ ဟိုဟာေလး နည္းနည္းသိ၊ ဒီဟာေလး နည္းနည္းသိၿပီး လူေရွ႕သူေရွ႕ၾကရင္ ႐ြီးလို႔ရပါတယ္။ အဲဒါေလးနဲ႔ ေပ်ာ္ေနၿပီး Development အပိုင္းမွာ ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္ မလုပ္ႏိုင္ပဲ ေယာင္ေျခာက္ဆယ္ ျဖစ္ေနတတ္ပါတယ္။

 

(၄) ဆင္ေျခေပးတာ
တစ္ခုခုကို ေခါင္းပူေအာင္ လုပ္ရေတာ့မယ္ဆိုတာနဲ႔ ဆင္ေျခေလးေတြ လိုက္ရွာေပးၿပီး ေရွာင္ထြက္ေနတတ္ပါတယ္။ ဆင္ေျခေပးတတ္တဲ့ အေလ့အက်င့္ဟာ မိဘအိမ္မွာဆိုရင္ ျပႆနာ သိပ္မရွိေပမယ့္ ကိုယ္ေျခေထာက္ေပၚ ကိုယ္ရပ္ရေတာ့မယ့္ အခ်ိန္မွာ အႀကီးအက်ယ္ ထိခိုက္ေစပါတယ္။ ဆင္ေျခေပးတတ္တဲ့ ပါးစပ္ ထမင္းငတ္တတ္တယ္ဆိုတာ တကယ္ပါ။

- Programming Languages ေပါင္းစံုကို မိမိ အိမ္မွာပဲ ကိုယ္ပိုင္ဆရာ၊ ဆရာမေတြ ေခၚယူျပီးသင္ၾကားခ်င္ရင္ေတာ့ sayar.com.mm မွာ Programming languagesေပါင္းစံုကိုသင္ၾကားေပးေသာ Study Guide ဆရာ၊ ဆရာမမ်ားရွိပါသည္။
- ဤလင့္ခ္တြင္ https://www.sayar.com.mm/subjects/all-teachers/subject-380.html အခမဲ့ဝင္ေရာက္ရွာေဖြလို ့ရႏိုင္ပါတယ္။

 

(၅) ဘာတစ္ခုမွ ေသခ်ာမေလ့လာပဲ Resource ေတြ လိုက္စုတာ
ဒါကလဲ အခုမွ စေလ့လာမယ့္သူေတြ ႀကဳံတတ္တဲ့ အေလ့အက်င့္တစ္ခုပါပဲ။ ဟိုလူက ဟိုစာအုပ္ေလး ေကာင္းတယ္ဆိုတာ အြန္လိုင္းမွာ လိုက္ရွာေဒါင္း၊ ဟိုလူက ဒီဗီဒီယိုေလး ေကာင္းတယ္ဆို စုထားလိုက္၊ ဟိုဟာေလး ေကာင္းတယ္ဆို ယူထားလိုက္၊ ဒီဟာေလး ေကာင္းတယ္ဆို ယူထားလိုက္နဲ႔ ဘာတစ္ခုမွာ အစအဆုံး မေျပာနဲ႔ Intro ေတာင္ မေလ့လာပဲ စုေနတတ္တဲ့ အေလ့အက်င့္ေလး ရွိတတ္ပါတယ္။ အဲဒီလို စုရင္း စုရင္း အမ်ားႀကီး ျဖစ္လာၿပီး ဘယ္ဟာက စေလ့လာရမွန္းကို မသိေတာ့တဲ့ အေနအထား ျဖစ္သြားတတ္ပါတယ္။ ကိုယ္စုထားတဲ့ HDD ေလး ပ်က္သြားေတာ့ အစကေန ျပန္စုၿပီး သံသယာ လည္တတ္ပါတယ္။

 

(၆) သင္ယူဖို႔ သိပ္ေနာက္က်ေနၿပီလို႔ ထင္တတ္ၾကတာ
ဒါလဲ တကယ့္ျပႆနာ တစ္ခုပါပဲ။ Computational Thinking ဆိုတာ Programmatic Thinking ဆိုတာ နယ္ပယ္စုံ ေနရာတကာ အသုံးဝင္တဲ့ စဥ္းစားေတြးေခၚနည္း ျဖစ္ပါတယ္။ သင္ထားရင္ ဘယ္ေတာ့မွ မမွားႏိုင္တဲ့ အသိပညာျဖစ္ပါတယ္။ အဲဒီေတာ့ ေနာက္က်တယ္ဆိုတာ ဘယ္ေတာ့မွ မရွိပါဘူး။ ေစာေစာ ေလ့လာေလာ ေစာေစာ အက်ိဳးရွိေလ ျဖစ္ပါတယ္။

 

(၇) အခ်ိန္မေပးႏိုင္တာ (သို႔) အျမန္လိုေနတာ
တစ္ခ်ိဳ႕ေတြရွိတတ္ပါတယ္။ အခုမွ စသင္မယ္ႀကံခါရွိေသးတယ္။ ဘယ္ေတာ့ အလုပ္ရမွာလဲ စဥ္းစားေနတာမ်ိဳး၊ Programming တစ္ေၾကာင္းမွ မေရးရေသးဘူး၊ ကုဒ္ေရးၿပီး ဘီလီယံနာ ျဖစ္ခ်င္ေနတာမ်ိဳး။ တစ္ျခား အလုပ္ေတြနဲ႔ ရႈပ္ၿပီး မကုဒ္ႏိုင္တာေတြရွိတတ္ပါတယ္။

 

 

Sources : Thiha Tech

 

UNICODE

“Programming ကိုစတင်လေ့လာသူတွေ အနေနဲ့မှားလေ့ရှိတဲ့အမှားများ"

Coding and Development ထဲကို အခုမှစပြီး ဝင်မယ့်သူတွေမှာ အနည်းနဲ့အများ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိတတ်ကြပါတယ်။ အဲဒီလို ကြောက်တာ သဘာဝပါပဲ။ ဒါပေမယ့် အဲဒီလို ကြောက်တာကနေ ဆင်ခြေတွေနဲ့ ကာမပြစ်စေဖို့ လိုအပ်ပါတယ်။ အခုမှ စပြီး ကုဒ်မယ့်သူတွေအနေနဲ့ အနည်းနဲ့အများ ဒီလိုလက္ခဏာတွေ ရှိတတ်ကြပါတယ်။

 

(၁) စသင်ဖို့ သိပ်ခက်တယ်လို့ ထင်တတ်ကြတယ်
Programming ကို စသင်ဖို့ ခက်တယ်ဆိုတာ Assembly Language လို Low-level Programming Language တွေမှာတော့ ဟုတ်ချင် ဟုတ်ပါလိမ့်မယ်။ ခေတ်ပေါ် Programming Language တိုင်းမှာတော့ အဲဒီလို မဟုတ်တော့ပါဘူး။ သူများနိုင်ငံတွေမှာဆိုရင် ကလေးဘဝကတည်းက Programming ကို သင်ကြရပါတယ်။ ကလေးတွေတောင် သင်နေတာဆိုတော့ လွယ်လို့ပေါ့။ ဒါပေမယ့် အခုမှ သင်မယ့်သူတွေအတွက်တော့ ခက်ကောင်းခက်နေနိုင်ပါတယ်။ အဲဒီလို ဘာကြောင့်ခက်နေလဲဆိုရင် (၁) အာရုံမစိုက်နိုင်တာ (၂) တစ်ခြား နယ်ပယ်တွေနဲ့ ယှဉ်ကြည့်နေတာ (၃) Programming ကို အလွတ်ကျက်ဖို့ ကြိုးစားနေတာ စသည်ဖြင့် ဖြစ်နိုင်ပါတယ်။

 

(၂) ဆက်တိုက်ချိတ်ဆက် စဉ်းစားတတ်တဲ့ အလေ့အကျင့် နည်းနေတာ
Programming ဆိုတာ ကျက်ထားတဲ့ စာတွေ ပြန်ရွတ်သလို ရေးရတာ မဟုတ်ပါဘူး။ ကွန်ပျူတာကို ခိုင်းမယ့် အစီအစဉ်တွေကို နည်းလမ်းမျိုးစုံသုံးပြီး ရေးကြရပါတယ်။ အဲဒီအတွက် ခေါင်းက တောက်ဝှီး အလုပ်လုပ်နေဖို့ လိုပါတယ်။ စဉ်းစားပြီဆိုတာနဲ့ ခေါင်းတွေ ပူလာတာ၊ စိတ်တွေရှုပ်လာတာ၊ တစ်ခုခုအကြောင်းပြ ထွက်ပြေးချင်တာ စသည်ဖြင့် တွေးဖို့ကြောက်နေရင် Programming ရေးဖို့ ခက်ပါတယ်။ တကယ်တန်း Program ရေးတဲ့သူဟာ စိန်ခေါ်မှုကို လက်ခံရဲတဲ့သူ ဖြစ်ပါတယ်။ ပြဿနာကို စိန်ခေါ်မှုလို့ မြင်တတ်သူ ဖြစ်ပါတယ်။ အဖြေမထွက်မချင်း မရရအောင် စဉ်းစားရေးသား ဖြေရှင်းတတ်ဖို့ လိုအပ်ပါတယ်။

 

(၃) ယောင်ခြောက်ဆယ်
Programming ဆိုတာ တကယ်ယောင်လို့ ကောင်းပါတယ်။ နယ်ပယ်ကလဲ အများကြီးဆိုတော့ ဟိုဟာလေး တို့စိ တို့စိ၊ ဒီဟာလေး နည်းနည်းနဲ့ လျှောက်လုပ်နေလို့ ရပါတယ်။ အဲဒီမှာ ဟိုဟာလေး နည်းနည်းသိ၊ ဒီဟာလေး နည်းနည်းသိပြီး လူရှေ့သူရှေ့ကြရင် ရွီးလို့ရပါတယ်။ အဲဒါလေးနဲ့ ပျော်နေပြီး Development အပိုင်းမှာ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ပဲ ယောင်ခြောက်ဆယ် ဖြစ်နေတတ်ပါတယ်။

 

(၄) ဆင်ခြေပေးတာ
တစ်ခုခုကို ခေါင်းပူအောင် လုပ်ရတော့မယ်ဆိုတာနဲ့ ဆင်ခြေလေးတွေ လိုက်ရှာပေးပြီး ရှောင်ထွက်နေတတ်ပါတယ်။ ဆင်ခြေပေးတတ်တဲ့ အလေ့အကျင့်ဟာ မိဘအိမ်မှာဆိုရင် ပြဿနာ သိပ်မရှိပေမယ့် ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ရတော့မယ့် အချိန်မှာ အကြီးအကျယ် ထိခိုက်စေပါတယ်။ ဆင်ခြေပေးတတ်တဲ့ ပါးစပ် ထမင်းငတ်တတ်တယ်ဆိုတာ တကယ်ပါ။

- Programming Languages ပေါင်းစုံကို မိမိ အိမ်မှာပဲ ကိုယ်ပိုင်ဆရာ၊ ဆရာမတွေ ခေါ်ယူပြီးသင်ကြားချင်ရင်တော့ sayar.com.mm မှာ Programming languagesပေါင်းစုံကိုသင်ကြားပေးသော Study Guide ဆရာ၊ ဆရာမများရှိပါသည်။
- ဤလင့်ခ်https://www.sayar.com.mm/subjects/all-teachers/subject-380.html တွင် အခမဲ့ဝင်ရောက်ရှာဖွေလို့ရနိုင်ပါတယ်။

 

(၅) ဘာတစ်ခုမှ သေချာမလေ့လာပဲ Resource တွေ လိုက်စုတာ
ဒါကလဲ အခုမှ စလေ့လာမယ့်သူတွေ ကြုံတတ်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ဟိုလူက ဟိုစာအုပ်လေး ကောင်းတယ်ဆိုတာ အွန်လိုင်းမှာ လိုက်ရှာဒေါင်း၊ ဟိုလူက ဒီဗီဒီယိုလေး ကောင်းတယ်ဆို စုထားလိုက်၊ ဟိုဟာလေး ကောင်းတယ်ဆို ယူထားလိုက်၊ ဒီဟာလေး ကောင်းတယ်ဆို ယူထားလိုက်နဲ့ ဘာတစ်ခုမှာ အစအဆုံး မပြောနဲ့ Intro တောင် မလေ့လာပဲ စုနေတတ်တဲ့ အလေ့အကျင့်လေး ရှိတတ်ပါတယ်။ အဲဒီလို စုရင်း စုရင်း အများကြီး ဖြစ်လာပြီး ဘယ်ဟာက စလေ့လာရမှန်းကို မသိတော့တဲ့ အနေအထား ဖြစ်သွားတတ်ပါတယ်။ ကိုယ်စုထားတဲ့ HDD လေး ပျက်သွားတော့ အစကနေ ပြန်စုပြီး သံသယာ လည်တတ်ပါတယ်။

 

(၆) သင်ယူဖို့ သိပ်နောက်ကျနေပြီလို့ ထင်တတ်ကြတာ
ဒါလဲ တကယ့်ပြဿနာ တစ်ခုပါပဲ။ Computational Thinking ဆိုတာ Programmatic Thinking ဆိုတာ နယ်ပယ်စုံ နေရာတကာ အသုံးဝင်တဲ့ စဉ်းစားတွေးခေါ်နည်း ဖြစ်ပါတယ်။ သင်ထားရင် ဘယ်တော့မှ မမှားနိုင်တဲ့ အသိပညာဖြစ်ပါတယ်။ အဲဒီတော့ နောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ စောစော လေ့လာလော စောစော အကျိုးရှိလေ ဖြစ်ပါတယ်။

 

(၇) အချိန်မပေးနိုင်တာ (သို့) အမြန်လိုနေတာ
တစ်ချို့တွေရှိတတ်ပါတယ်။ အခုမှ စသင်မယ်ကြံခါရှိသေးတယ်။ ဘယ်တော့ အလုပ်ရမှာလဲ စဉ်းစားနေတာမျိုး၊ Programming တစ်ကြောင်းမှ မရေးရသေးဘူး၊ ကုဒ်ရေးပြီး ဘီလီယံနာ ဖြစ်ချင်နေတာမျိုး။ တစ်ခြား အလုပ်တွေနဲ့ ရှုပ်ပြီး မကုဒ်နိုင်တာတွေရှိတတ်ပါတယ်။

 

sayar.com.mm

Sources : Thiha Tech

 

Read times Last modified on Monday, 30 December 2019 16:55
Rate this articles
(0 votes)