×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 07 February 2020

“Audio Engineer ဖြစ်ချင်တဲ့ လူငယ်တွေ အတွက် အကြံပြုချက် (၇) ချက်"

“Audio Engineer ဖြစ်ချင်တဲ့ လူငယ်တွေ အတွက် အကြံပြုချက် (၇) ချက်" freepick

တေးဂီတဟာ လူသားတို့ရဲ့ တန်ဖိုးအရှိဆုံးတီထွင်မှုလို့ ပညာရှင်တွေက တင်စားခေါ်ဝေါ်ကြပါတယ်။

ဂီတခေတ်ကို Gramophone ဖြင့်စတင်ခဲ့ပြီး ယခုခေတ်မှတော့ Bluetooth Stereo စနစ်များ ဖြင့်အစားထိုးလိုက်ပါတယ်။ ဒီစနစ်အားလုံးမှာ Audio Engineer တစ်ယောက်ရဲ့ အရေးပါမှုဟာ တော်တော်လေး့မြင့်မားနေပါတယ်။
နည်းပညာပိုင်း ဆိုင်ရာ အရ ပြောရရင် Audio Engineer ဆိုတာ အသံသွင်းခြင်း၊ ကွဲပြားသော အသံသက်ရောက်မှုများ၊ အသံရောစပ်ခြင်း၊ အသံစနစ်အားဖြည့်ခြင်း၊ ကိုင်တွယ်ခြင်း စသည်တွေကို ဖန်တီးပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ Audio Engineerတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တာ့ လွယ်တော့ မလွယ်ပါဘူး ..ခက်ခက်ခဲခဲကြိုးစားရမှာဖြစ်ပါတယ်။ ဒါကြောင့် Audio Engineer ကိုစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အသုံးဝင်မယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။


(၁) Audio Engineering နဲ့ပက်သက်တဲ့သင်တန်းတွေတက်ပါ
ဒီသင်တန်းတွေ စတက်တဲ့ သူတော်တော်များများကတော့ အစကနေစသင်ကြရတာများပါတယ်။ သင်တန်းတွေမှာ ဆရာတွေက Audio နဲ့ ပက်သက်တဲ့ ကိရိယာတစ်ခုချင်းစီ ကို ဘယ်လိုကိုင်တွယ် အသုံးပြုရမလဲဆိုတာ သင်ကြားပေးပါလိမ့်မယ်။ တကယ်လို့သင်ဟာ ဒီနယ်ပယ်ကို စိတ်ဝင်တစား သင်ယူမှုရှိတဲ့အတွက် လေ့လာသင်ကြားမှုလျင်မြန်သူတစ်ယောက်ဆိုရင် ဒီအရာတွေကို ဆရာတွေမပါ ပဲ ကိုယ့်ဘာကိုယ် လေ့လာနေလို့ရပါတယ်။ ဒါပေမဲ့ ပုံမှန်သင်တန်း တက်ချိန်တွေထက် အချိန်တော့ ပိုလိုတာပေါ့။

 


(၂) အင်တာနက် ကနေ လေ့လာပါ
မိမိသိလိုသမျှ၊ သင်ယူလိုသမျှကို အင်တာနက်မှာ ရှာဖွေပြီးလေ့လာနေလို့ရနေတဲ့ ခေတ်ကြီးမှာ သင်စိတ်ဝင်စား ဝါသနာပါတဲ့ Audio Engineering ကိုလည်း အင်တာနက်ကနေ ရှာဖွေလေ့လာပါ။

 


(၃) စီနီယာတွေ ဆီကနေ လေ့လာသင်ယူပါ
ဂီတနယ်ပယ်မှာ သင်စိတ်ဝင်စားတဲ့ music တွေကို ဖန်တီးနေတဲ့ စီနီယာတွေ၊ ပညာရှင်တွေ အများကြီးရှိပါတယ်။ သူတို့ဆီကအကူညီတောင်းပါ။ Audio Engineerကောင်းတစ်ယောက်ဖြစ်ဖို့အတွက် သင်တန်းတွေ တက်လိုက်ရုံနဲ့ မပြီးပါဘူး။ ဒါကြောင့် ပညာရှင်တွေ၊ စီနီယာတွေတဆီကနေ အကူညီတောင်းပြီး သူတို့ဆီကနေ လေ့လာ သင်ယူပါ။

 


(၄) အကောင်းဆုံးတစ်ခုကို စတင်ဖန်တီးပါ
သင်တန်းတွေ တက်၊ တခြားသူတွေဆီက သင်ယူလေ့လာပြီးပြီး ဆိုရင်တော့ သင်ကိုယ်တိုင် အသံတွေကို စတင်ဖန်တီးရတော့မှာဖြစ်ပါတယ်။ ဒီအချိန်မှာ သင်သိထားသမျှ၊ သင်လေ့လာထားသမျှ အရာတွေကို အသုံးချရမှာဖြစ်ပါတယ်။ သင့်ရဲ့ Audio နဲ့ပက်သက်တဲ့ စတင်ဖန်တီးမှုကို သင့်ရဲ့ အကောင်းဆုံးတွေထဲက တစ်ခုဖြစ်အောင်ကြိုးစားပါ။

 


(၅) အလိုက်သင့်ပြောင်းလွယ် ပြင်လွယ်ရှိပါ
Audio Engineer တော်တော်များများဟာ များသောအားဖြင့် မတူညီတဲ့ Music type တွေကို အကြောင်းအမျိုးမျိုးကြောင့်ဖန်တီး ကြရပါတယ်။ ဒါကြောင့် သင်လျောက်နေတဲ့ music type ကနေ နောက် တခြားဟာတစ်ခုကို ပြောင်းလဲ ဖန်တီး ဖို့ အကြောင်းဖန်လာတဲ့အခါ အဲ့ဒီအတွက် အမြဲ အဆင်သင့်ဖြစ်နေရမှာဖြစ်ပါတယ်။ ဒါကြောင့်ပြောင်းလွယ် ပြင်လွယ်ရှိရမယ်လို့ပြောခြင်းဖြစ်ပါတယ်။ အခြေအနေအမျိုးမျိုးအောက်မှာသင်အလုပ်လုပ်နိုင်စွမ်းရှိတဲ့အတွက် သင့်ရဲ့ခက်ခဲတဲ့စိတ်အားထက်သန်မှုကိုပြသတဲ့အတွက်သင့်ရဲ့အလိုက်သင့်ပြောင်းလဲနိုင်မှုကိုလည်းတန်ဖိုးထားပါလိမ့်မယ်။

 


(၆) အာရုံစူးစိုက်မှုကို ဘယ်တော့မှ မလျော့ချပါနဲ့
ဒီနယ်ပယ်မှ မဟုတ်ပါဘူး ဘယ်နယ်ပယ်၊ ဘယ်ပညာမဆို ဇွဲ၊ လုံ့လ၊ ဝီရိယ တို့နဲ့ ကြိုးစာမှသာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာမှာပါ။ ဒါကြောင့် သင်ဖန်တီးတဲ့ ဂီတတွေအပေါ်မှာ အားရုံစူးစိုက်မှုရှိပြီး ကြိုးကြိုး စားစား ဖန်တီးပါ။ ကွဲပြားခြားနားသောတေးဂီတကိုအရည်အသွေးမထိခိုက်စေဘဲအကောင်းဆုံး output ကိုယူဆောင်လာနိုင်မည့်နည်းအမျိုးမျိုးဖြင့် မဟာဗျူဟာများဖြင့်လုပ်ဆောင်ရန်လည်းလိုအပ်ပါတယ်။

 


(၇) သေချာဆုံးဖြတ်ပါ
တကယ်လို့သင်ဟာ ဒီလမ်း ကို လျောက်တော့မယ်လို့မဆုံးဖြတ်ခင်မှာ ..သင်ဒီအရာကို တကယ်ဝါသနာပါရဲ့လား၊ ဘယ်လိုအရာတွက သင့်ကိုတားဆီးနိုင်လဲ၊ ဘယ်လိုစိန်ခေါ်မှုတွေရှိနိုင်လဲဆိုတာ တွေကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ဒီလမ်းကို လျောက်တော့မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ သင်အကောင်းဆုံး ကြိုးစားဖို့သာ လိုအပ်ပါတော့တယ်။

Audio Engineering သင်ကြားပေးသော ဆရာ၊ ဆရာမများ >>>  https://www.sayar.com.mm/subjects/all-teachers/subject-479.html

 

Zawgyi ျဖင့္ဖတ္ရန္

“Audio Engineer ျဖစ္ခ်င္တဲ့ လူငယ္ေတြ အတြက္ အၾကံျပဳခ်က္ (၇) ခ်က္"
ေတးဂီတဟာ လူသားတို႕ရဲ႕ တန္ဖိုးအရွိဆံုးတီထြင္မႈလို႕ ပညာရွင္ေတြက တင္စားေခၚေဝၚၾကပါတယ္။ ဂီတေခတ္ကို Gramophone ျဖင့္စတင္ခဲ့ျပီး ယခုေခတ္မွေတာ့ Bluetooth Stereo စနစ္မ်ား ျဖင့္အစားထိုးလိုက္ပါတယ္။ ဒီစနစ္အားလံုးမွာ Audio Engineer တစ္ေယာက္ရဲ႕ အေရးပါမႈဟာ ေတာ္ေတာ္ေလး့ျမင့္မားေနပါတယ္။
နည္းပညာပိုင္း ဆိုင္ရာ အရ ေျပာရရင္ Audio Engineer ဆိုတာ အသံသြင္းျခင္း၊ ကြဲဲျပားေသာ အသံသက္ေရာက္မႈမ်ား၊ အသံေရာစပ္ျခင္း၊ အသံစနစ္အားျဖည့္ျခင္း၊ ကိုင္တြယ္ျခင္း စသည္ေတြကို ဖန္တီးျပဳလုပ္ရတာ ျဖစ္ပါတယ္။ ဒီနယ္ပယ္မွာ ကၽြမ္းက်င္တဲ့ Audio Engineerတစ္ေယာက္ ျဖစ္ခ်င္တယ္ဆိုရင္တာ့ လြယ္ေတာ့ မလြယ္ပါဘူး ..ခက္ခက္ခဲခဲၾကိဳးစားရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ Audio Engineer ကိုစိတ္ဝင္စားတဲ့ လူငယ္ေတြအတြက္ အသံုးဝင္မယ့္ အခ်က္ေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။


(၁) Audio Engineering နဲ႕ပက္သက္တဲ့သင္တန္းေတြတက္ပါ
ဒီသင္တန္းေတြ စတက္တဲ့ သူေတာ္ေတာ္မ်ားမ်ားကေတာ့ အစကေနစသင္ၾကရတာမ်ားပါတယ္။ သင္တန္းေတြမွာ ဆရာေတြက Audio နဲ႕ ပက္သက္တဲ့ ကိရိယာတစ္ခုခ်င္းစီ ကို ဘယ္လိုကိုင္တြယ္ အသံုးျပဳရမလဲဆိုတာ သင္ၾကားေပးပါလိမ့္မယ္။ တကယ္လို႕သင္ဟာ ဒီနယ္ပယ္ကို စိတ္ဝင္တစား သင္ယူမႈရွိတဲ့အတြက္ ေလ့လာသင္ၾကားမႈလ်င္ျမန္သူတစ္ေယာက္ဆိုရင္ ဒီအရာေတြကို ဆရာေတြမပါ ပဲ ကိုယ့္ဘာကိုယ္ ေလ့လာေနလို႕ရပါတယ္။ ဒါေပမဲ့ ပံုမွန္သင္တန္း တက္ခ်ိန္ေတြထက္ အခ်ိန္ေတာ့ ပိုလိုတာေပါ့။

 


(၂) အင္တာနက္ ကေန ေလ့လာပါ
မိမိသိလိုသမွ်၊ သင္ယူလိုသမွ်ကို အင္တာနက္မွာ ရွာေဖြျပီးေလ့လာေနလို႔ရေနတဲ့ ေခတ္ၾကီးမွာ သင္စိတ္ဝင္စား ဝါသနာပါတဲ့ Audio Engineering ကုိလည္း အင္တာနက္ကေန ရွာေဖြေလ့လာပါ။

 


(၃) စီနီယာေတြ ဆီကေန ေလ့လာသင္ယူပါ
ဂီတနယ္ပယ္မွာ သင္စိတ္ဝင္စားတဲ့ music ေတြကို ဖန္တီးေနတဲ့ စီနီယာေတြ၊ ပညာရွင္ေတြ အမ်ားၾကီးရွိပါတယ္။ သူတို႔ဆီကအကူညီေတာင္းပါ။ Audio Engineerေကာင္းတစ္ေယာက္ျဖစ္ဖို႕အတြက္ သင္တန္းေတြ တက္လိုက္ရံုနဲ႕ မျပီးပါဘူး။ ဒါေၾကာင့္ ပညာရွင္ေတြ၊ စီနီယာေတြတဆီကေန အကူညီေတာင္းျပီး သူတို႕ဆီကေန ေလ့လာ သင္ယူပါ။

 


(၄) အေကာင္းဆံုးတစ္ခုကို စတင္ဖန္တီးပါ
သင္တန္းေတြ တက္၊ တျခားသူေတြဆီက သင္ယူေလ့လာျပီးျပီး ဆိုရင္ေတာ့ သင္ကိုယ္တိုင္ အသံေတြကို စတင္ဖန္တီးရေတာ့မွာျဖစ္ပါတယ္။ ဒီအခ်ိန္မွာ သင္သိထားသမွ်၊ သင္ေလ့လာထားသမွ် အရာေတြကို အသံုးခ်ရမွာျဖစ္ပါတယ္။ သင့္ရဲ႕ Audio နဲ႕ပက္သက္တဲ့ စတင္ဖန္တီးမႈကို သင့္ရဲ႕ အေကာင္းဆံုးေတြထဲက တစ္ခုျဖစ္ေအာင္ၾကိဳးစားပါ။

 


(၅) အလိုက္သင့္ေျပာင္းလြယ္ ျပင္လြယ္ရွိပါ
Audio Engineer ေတာ္ေတာ္မ်ားမ်ားဟာ မ်ားေသာအားျဖင့္ မတူညီတဲ့ Music type ေတြကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ဖန္တီး ၾကရပါတယ္။ ဒါေၾကာင့္ သင္ေလ်ာက္ေနတဲ့ music type ကေန ေနာက္ တျခားဟာတစ္ခုကို ေျပာင္းလဲ ဖန္တီး ဖို႕ အေၾကာင္းဖန္လာတဲ့အခါ အဲ့ဒီအတြက္ အျမဲ အဆင္သင့္ျဖစ္ေနရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ေျပာင္းလြယ္ ျပင္လြယ္ရွိရမယ္လို႔ေျပာျခင္းျဖစ္ပါတယ္။ အေျခအေနအမ်ိဳးမ်ိဳးေအာက္မွာသင္အလုပ္လုပ္ႏိုင္စြမ္းရွိတဲ့အတြက္ သင့္ရဲ႕ခက္ခဲတဲ့စိတ္အားထက္သန္မႈကိုျပသတဲ့အတြက္သင့္ရဲ႕အလိုက္သင့္ေျပာင္းလဲႏိုင္မႈကိုလည္းတန္ဖိုးထားပါလိမ့္မယ္။

 


(၆) အာရံုစူးစိုက္မႈကို ဘယ္ေတာ့မွ မေလ်ာ႔ခ်ပါနဲ႕
ဒီနယ္ပယ္မွ မဟုတ္ပါဘူး ဘယ္နယ္ပယ္၊ ဘယ္ပညာမဆို ဇြဲ၊ လံု႕လ၊ ဝီရိယ တို႕နဲ႕ ၾကိဳးစာမွသာ ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္လာမွာပါ။ ဒါေၾကာင့္ သင္ဖန္တီးတဲ့ ဂီတေတြအေပၚမွာ အားရံုစူးစိုက္မႈရွိျပီး ၾကိဳးၾကိဳး စားစား ဖန္တီးပါ။ ကြဲျပားျခားနားေသာေတးဂီတကိုအရည္အေသြးမထိခိုက္ေစဘဲအေကာင္းဆုံး output ကိုယူေဆာင္လာႏိုင္မည့္နည္းအမ်ိဳးမ်ိဳးျဖင့္ မဟာဗ်ဴဟာမ်ားျဖင့္လုပ္ေဆာင္ရန္လည္းလိုအပ္ပါတယ္။

 


(၇) ေသခ်ာဆံုးျဖတ္ပါ
တကယ္လို႕သင္ဟာ ဒီလမ္း ကို ေလ်ာက္ေတာ့မယ္လို႔မဆံုးျဖတ္ခင္မွာ ..သင္ဒီအရာကို တကယ္ဝါသနာပါရဲ႕လား၊ ဘယ္လိုအရာတြက သင့္ကိုတားဆီးႏိုင္လဲ၊ ဘယ္လိုစိန္ေခၚမႈေတြရွိႏိုင္လဲဆိုတာ ေတြကို ေသခ်ာစဥ္းစားျပီးမွ ဆံုးျဖတ္ပါ။ ဒီလမ္းကို ေလ်ာက္ေတာ့မယ္လို႕ ဆံုးျဖတ္ျပီးရင္ေတာ့ သင္အေကာင္းဆံုး ၾကိဳးစားဖို႕သာ လိုအပ္ပါေတာ့တယ္။

Audio Engineering သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>>  https://www.sayar.com.mm/subjects/all-teachers/subject-479.html

 

sayar.com.mm

Read times
Rate this articles
(0 votes)