×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 10 December 2020

Zumba မကစားခင် သိထားရမယ့် အချက်လေးတွေ

Zumba မကစားခင် သိထားရမယ့် အချက်လေးတွေ

ခုနောက်ပိုင်းမှာ နာမည်ကြီးလာတဲ့ Fitness Program တစ်ခုကတော့ Zumba ဖြစ်ပါတယ်။ Zumba က ခန္ဓာကိုယ်အတွက်ရော စိတ်ဓာတ်အတွက်ပါ အကျိုးကျေးဇူးအများကြီးပေးတာကြောင့် တဖြည်းဖြည်းနာမည်ကြီးလာတာဖြစ်ပါတယ်။ အကယ်၍သင်က Zumba ဆော့ဖို့စိတ်ကူးထားသူဆိုရင်တော့ Zumba မကစားခင် ဒီအချက်လေးတွေကို သတိထားနော်။

 

( ၁ ) သက်သောင့်သက်သာဖြစ်မယ့်အဝတ်အစား ကို ရွေးချယ်ပါ။
လှုပ်ရှားရအဆင်ပြေမယ့်အဝတ်အစားကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။ ဒါမှ ခုန်ချင်တိုင်းခုန်၊ လှုပ်ချင်တိုင်းလှုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ပါးတဲ့အဝတ်အစားတွေဆိုပိုကောင်းပါတယ်။ နောက်ပြီး Zumba ကစားဖို့သွားတဲ့အခါ သဘက်နဲ့ ရေဘူးယူသွားဖို့မမေ့ပါနဲ့နော်။

 

( ၂ ) ကြိုးတွေများတဲ့ဖိနပ်စီးတာရှောင်ပါ။
တတ်နိုင်ရင် စွပ်ရတဲ့ဖိနပ်ပဲစီးပါ။ ကြိုးတွေပါတဲ့ဖိနပ်တွေစီးတဲ့အခါ တက်နင်းမိတာတွေဖြစ်နိုင်တာမို့ မစီးပါနဲ့နော်။

>>> Zumba သင်ကြားပေးသည့် ဆရာ/ဆရာများကို ရှာဖွေလိုပါလျှင် <<<

 

( ၃ ) အချိန်သေချာပေးပါ။
Zumba က တစ်ပတ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ်ထိ ကစားမှ ထိရောက်တာမို့ အချိန်သေချာပေးနိုင်အောင်ပြင်ဆင်ပါ။ အစမှာ တစ်ပတ် နှစ်ကြိမ်၊သုံးကြိမ် ကစားရင်း နောက်ဆို အကြိမ်ရေ ပိုတိုးပြီးဆော့နိုင်ရင် ပိုကောင်းပါတယ်။

 

( ၄ ) မကစားရင် အစာနည်းနည်းစားထားပါ။
Zumba မကစားခင် အသီးတစ်ခုခုသော်လည်းကောင်း၊ snack နည်းနည်းသော်လည်းကောင်း စားထားဖို့လိုပါတယ်။ ခန္ဓာကိုယ် ရဲ့ အားအကုန်သုံးပြီးကစားရတာမို့ သင့်ကျန်းမာရေးအတွက် ဒါကအရေးကြီးပါတယ်။

 


( ၅ ) မိနစ် ၂၀ ခြားတစ်ခါရေသောက်ပါ။
ခန္ဓာကိုယ်ရေဓာတ်ပြည့်နေဖို့က အဓိကကျပေမဲ့ အတန်းစတည်းက ရေသောက်ထားတာတော့မလုပ်သင့်ပါဘူး။ မိနစ် ၂၀ ကစားပြီးမှ ရေသောက်တာက အသင့်တော်ဆုံးပါ။

 

 



 





 

( ၃ ) အချိန်သေချာပေးပါ။





Read times
Rate this articles
(0 votes)