×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 17 December 2018

လုပ်ငန်းခွင်မှာ ဘာတွေလိုမလဲ

သွက်လက်တက်ကြွခြင်း


ပျင်းရိ၊ လေးလ၊ံ ထိုင်းမှိုင်း၊ မှိုင်တွေနေသူကို မည်သည့်အထက်လူကြီးမှ သဘောကျနှစ်ခြိုက်မှာ မဟုတ်ပါဘူး။

သွက်သွက်လက်လက်တက်တက်ကြွကြွနေခြင်းဟာ ကိုယ့်ကိုယ်တိုင်ကိုလည်း ရွှင်လန်းစေသလို၊ လုပ်ငန်းခွင်မှ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပါ ကူးစက်စေပြီး သူတို့ကိုပါ စိတ်ဓါတ်တက်ကြွစေမှာဖြစ်တယ်။

တခါတလေ စိတ်ညစ်ညူးစရာတွေနဲ့ကြုံတွေ့နိုင်သော်လည်း ကိုယ့်ရဲ့အကြည်ဓါတ်လေးကို အကြာကြီး မပျောက်ဆုံးစေပါစေနဲ့။

အချိန်လေးစားခြင်း
အချိန်အကြောင်းပြောရင် မြန်မာလူမျိုးတွေပါလာရလိမ့်မယ်။” မြန်မာစံတော်ချိန်ဆိုတာ” သတ်မှတ်ထားတဲ့ သဘောတူထားတဲ့ အချိန်ထက်နောက်ကျနေတာမျိုးလား။ စာသင်ခန်းထဲ အချိန်မီမရောက်ခြင်း၊ စာသင်ချိန်စတာ နောက်ကျခြင်း၊ အစည်းအဝေးကို နောက်ကျမှရောက်ခြင်း၊ ချိန်းဆိုထားတဲ့ နေရာဆုံရပ်ကို နောက်ကျမှရောက်ခြင်း စတာတွေဟာ ကျွန်မတို့ရဲ့ အချိန်စီမံခန့်ခွဲမှု လိုအပ်နေသည်ကို ပြသနေတာပါ။

အခုခေတ်မှာတော့ ကားလမ်းပိတ်ခြင်းက နောက်ကျရခြင်းရဲ့ ရိုးရာအကြောင်းပြချက် တစ်ခုဖြစ်နေပြီ။ ကားလမ်းပိတ်ချိန်တွေကိုပါ ထည့်တွက်ကြဖို့ လိုနေပါပြီ။ ကိုယ်နောက်ကျခြင်းဟာ အချိန်မီအရောက်လာကြတဲ့ သူတွေကိုမလေးစားရာရောက်သလို သူများအချိန်ကို မလေးစားရာလည်းကျပါတယ်။

ကိုယ်နဲ့ဆက်စပ်ပတ်သက်နေတဲ့ နိုင်ငံခြားသားတွေကို အရာခပ်သိမ်းမှာ လေးစားတာမဟုတ်ပေမယ့် သူတို့တွေ အချိန်ကိုတန်ဖိုးထားမှုကိုတော့ ကျွန်မတကယ်လေးစားမိတယ်။

ရင့်ကျက်ခြင်း
အလုပ်ခွင်ဝင်နေကြသူတွေဟာ အနည်းဆုံးတော့ အသက်၁၈ နှစ်ပြည့် အရွယ်ရောက်ပြီးသားသူတွေပါ။

အရွယ်ရောက်လို့ လုပ်ငန်းခွင်ထဲရောက်နေသူတွေရဲ့ စိတ်သဘောထား ရင့်ကျက်မှုဟာ အရမ်းအရေးကြီးပါတယ်။ စိတ်ထင်တိုင်း မလုပ်ဖို့ မပြောဖို့ စောင့်ထိန်းစရာရှိတာတွေကို စောင့်ထိန်းဖို့ လိုအပ်ပါတယ်။

ရင့်ကျက်ခြင်းဟာ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေပေါ် ကိုယ့်ရဲ့သဘောထားခံယူချက်၊ အကောင်းမြင်စိတ် အပေါ်မှာ အများကြီးမူ
တည်ပါတယ်။

အဆိုးလောကဓံကို ကြံ့ကြံ့ခံနိုင်ခြင်း
လုပ်ငန်းခွင်မှာ ဝေဖန်ခံရမှု၊  အပြစ်ပြောဆိုခံရမှု၊ အသိအမှတ်ပြုမခံရခြင်း၊ ဘက်လိုက်မှုရှိခြင်းစတာတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။

လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင်မှာ ဒါမျိုးတွေနဲ့ ကြုံတွေ့ရတာ မဆန်းပါဘူး။ ဒါမျိုး အဆိုးလောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ ကိုယ့်စိတ်ဓါတ်ကိုပြင်ဆင်ထားဖို့တော့လိုပါတယ်။

အကောင်းအဆိုး လောကဓံတွေဟာ လူတိုင်းကြုံတွေ့နိုင်တဲ့ အရာတွေလို့ ခံယူရမှာ။ ဒါမျိုးတွေနဲ့ကြုံတွေ့လာတဲ့အခါ နှလုံသွင်းမမှန်၊ စိတ်ဖိစီးမှုများလာရင် အလုပ်လုပ်ရတာ မပျော်တော့ဘဲ နောက်ဆုံးကျန်းမာရေးကို ထိခိုက်လာနိုင်တော့ ကိုယ်ရဲ့ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ထားမှ တော်ကာကျပါလိမ့်မယ်။


ဘာသာစကားနဲ့နည်းပညာကျွမ်းကျင်မှု
မျက်မှောက်ခေတ်မှာ ကိုယ့်ရဲ့မိခင်ဘာသာစကားအပြင် လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။

ဘာသာစကားအမျိုးမျိုးထဲမှ အင်္ဂလိပ်ဘာသာစကားဟာ လူသုံးများတွင်ကျယ်တဲ့ ဘာသာစကားတစ်ခုပါ။ ဒီဘာသာစကားကို တတ်မြောက်ကျွမ်းကျင်ထားမယ်ဆို ကျွမ်မတို့ရဲ့ career မှာ များစွာအထောက်အကူပြုမှာဖြစ်တယ်။

ဒီခေတ်မှာ လုပ်ငန်းတော်တော်များများမှာ လုပ်ငန်းသဘောနားလည်သည်သာမက ဘာသာစကားကို ကျွမ်းကျင်စွာနဲ့ ပြော
ဆိုရေးသားနိုင်သူတွေကို အလိုရှိနေကြတာပါ။

ဘာသာစကားကျွမ်းကျင်အောင် ပြင်ဆင်လေ့ကျင့်ထားခြင်းဟာ ဘယ်တော့မှ အချည်းနှီးမဖြစ်သလို ကိုယ့်ရဲ့အား
သာချက်တစ်ခုဖြစ်လာမှာ။

ဒါ့အပြင် ခေတ်သစ်လုပ်ငန်းခွင်တွေမှာ နေ့စဉ် ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နေကြရတာမို့ အိုင်တီနည်းပညာတွေနဲ့ အကျွမ်းတဝင်ရှိ
ဖို့လိုသလို ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးချလုပ်ကိုင်တတ်ဖို့လည်း လိုပါတယ်။

အလုပ်ကြိုးစားခြင်း
အလုပ်ရေသာခိုသူနဲ့ အလုပ်ကြိုးစားလုပ်သူဟာ အချိန်ကာလတစ်ခုမှာ လုံးဝအပြတ်အသတ်ကွားခြားသွားတာပါ။

အလုပ်ကြိုးစားခြင်းက သူများက ကိုယ့်ကိုသဘောကျခြင်းထက် ကိုယ့်ကိုယ်ကိုယ် လေးစားမှုပိုရပါတယ်။ လစာယူပြီး အလုပ်ကိုရေသာခိုသူဟာ သူများပိုက်ဆံကို ခိုးယူနေခြင်းလို့ ဆရာတစ်ယောက်က ကျွန်မတို့ကို သတိပေးဖူးတယ်။ ခိုးယူထားတဲ့အရာတွေဟာ လက်ထဲမမြဲ လွယ်လွယ်နဲ့ ဆုံးရှုံးရတတ်တယ်။

အလုပ်နဲ့ဘဝ အချိုးမျှတအောင်စီမံနေထိုင်ခြင်း
ဒီခေတ်ကြီးမှာ အလုပ်နဲ့ဘဝ အချိုးမျှတအောင် (work- life balance)ဖြစ်အောင် စီမံရတာမလွယ်လှပါဘူး။ ယူထားရတဲ့ တာဝန်တွေ များတဲ့သူတွေဆို ပိုခက်ခဲမှာပါ။

တာဝန်တွေအမျိုးမျိုးကြား နေ့စဉ်ဘဝထဲရုန်းကန်ရင်း ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေလျော့နည်းလာနိုင်သလို၊ ကိုယ်ဝါသနာပါရာတွေကို လုပ်ဖို့လည်း အချိန်ရှားလာနိုင်တယ်။

အလုပ်တာဝန်တွေနဲ့ နေရောညပါ ပိတ်မိနေသူတွေ၊ အားလပ်ရက်မရှိသူတွေရဲ့ ဘဝတွေမှာ တခါတခါ မွန်းကျပ်စရာကောင်းလာမှာပါ။ အလုပ်တာဝန်တွေများလာရင် စိတ်ဖိစီးမှုတွေများတတ်သလို၊ အလုပ်လက်မဲ့ဖြစ်နေရင်လည်း စိတ်ကျဝေဒနာဖြစ်တတ်ပြန်တယ်။

မည်သို့ပင်ဆိုစေကာမူ (အဓိက ရာထူးကြီးသူတွေ၊ ကြီးလေးတဲ့တာဝန်တွေယူထားရသူတွေ) အလုပ်နဲ့ဘဝ မျှတအောင် နေနိုင်မှ ဘဝဟာ အသက်ရှင်နေစဉ်ကာလမှာ နေပျော်စရာကောင်းမှာပါ။ ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြမှာပါ။

 

Source: Myanmar Network

Read times Last modified on Wednesday, 29 January 2020 10:16
Rate this articles
(1 Vote)