×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 14 February 2020

"ေကာ်င္းသားလူငယ္ေတြအေနနဲ႕ ငယ္ရြယ္စဥ္တည္းက တည္ေဆာက္ထားသင့္တဲ့ အရာ (၇) ခု"

"ေကာ်င္းသားလူငယ္ေတြအေနနဲ႕ ငယ္ရြယ္စဥ္တည္းက တည္ေဆာက္ထားသင့္တဲ့ အရာ (၇) ခု" google.com

ေက်ာင္းသားလူငယ္ေတြဆိုတာ အျမဲတမ္းေက်ာင္းသားအျဖစ္နဲ႕ ေနသြားရမွာမဟုတ္ပါဘူး။ အခ်ိန္တစ္ခုေရာက္ရင္ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ျပီး မိမိနဲ႕ ကိုက္ညီတဲ့ လုပ္ငန္းခြင္ကိုေလ်ာက္လွမ္းၾကရမွာျဖစ္ပါတယ္။

ရွင္းရွင္းလင္းလင္းေျပာရရင္ လူၾကီးေနရာေရာက္တယ္ေပါ့။ အခ်ိန္ဆိုတာ ခဏေလးပါပဲ။ ဒါေၾကာင့္ ျဖစ္လာမယ့္ အရာေတြ အတြက္ ခုခ်ိန္ကတည္းက ၾကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။ ဒါေၾကာင့္ ျပင္ဆင္ထားသင့္တဲ့ အေၾကာင္းအရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။


(၁) Communication skills
ဒါကေတာ့ လုပ္ငန္းခြင္ တစ္ခုမွာ အရမ္းအေရးၾကီးတဲ့ အရည္အခ်င္းေတြထဲက တစ္ခုပါ။ လုပ္ေဖာ္ကိုင္ဘက္ေတြ၊ ကိုယ္အထက္လူၾကီးေတြနဲ ့ဆက္ဆံရမွာ ျဖစ္တဲ့ အတြက္ အရမ္းကို အေရး ၾကီးပါတယ္။ sale and marketing သမားေတြဆို ပိုလို႕ေတာင္ အေရးၾကီးပါေသးတယ္။ ဒါေၾကာင့္ အင္တာဗ်ဴး စေျဖတည္းက သင္ဘယ္ေလာက္ ေပါင္းသင္းဆက္ဆံ ေရးေကာင္းေၾကာင္းေဖာ္ျပပါ။ ဒါအျပင္ မိမိ လုပ္ငန္းခြင္တြင္သာမက လုပ္ငန္းခြင္ အျပင္မွာ လည္းေပါင္းသင္း ဆက္ဆံေရးေကာင္းဖို႕အေရးၾကီးပါတယ္။ ကိုယ္ပိုင္စီးပြားေရးလုပ္ခဲ့သည္ရွိေသာ္ ေပါင္းသင္းဆက္ဆံေရးေကာင္းမွ မိမိလုပ္ငန္းကိုခ်ဲ႕ထြင္ရာမွာ အေထာက္အကူျဖစ္ေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ေက်ာင္းသားလူငယ္ဘဝတည္းက Communication ေကာင္းေအာင္ လုပ္ထားသင့္ပါတယ္။

 


(၂) Critical Thinking and Problem Solving Skills
Critical thinking ဆိုတာကေတာ့ စိတ္ခံစာခ်က္မပါပဲ တိက်မွန္ကန္တဲ႔ အခ်က္အလက္ေတြေပၚမွာ မူတည္ျပီးမွ စဥ္းစားေတြးေခၚတတ္တဲ႔ အရည္ အခ်င္းျဖစ္ပါတယ္။ ဒီလို Critical thinking skill ရွိတဲ့ သူေတြမွာ ဘက္လိုက္ျခငး္မရွိၾကပါဘူး။ ဒါေၾကာင့္ ဆံုးျဖတ္ခ်က္ေတာ္ေတာ္မ်ားမ်ားကို မွန္မွန္ကန္ကန္ ဆံုးျဖတ္တတ္ၾကပါတယ္။ problem solvingဆိုတာကေတာ့လုပ္ငန္းခြင္မွာ ကိုယ့္ ဘက္ကမွားတာပဲ ျဖစ္ျဖစ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ေပၚလာတဲ့ အရာေတြကို ရႈေထာင့္ အမ်ိဴးမ်ိဳး ကၾကည့္ျပီး ေျဖရွင္းႏိုင္တဲ့ အရည္အခ်င္းကိုဆို လိုတာပါ။ ဒါဟာလည္း လုပ္ငန္းခြင္ ဝင္မယ့္ မည္သူမဆို ရွိသင့္ရွိထိုက္တဲ့ အရည္အခ်င္းတစ္ခုပါပဲ။ ဒီလိုခက္ခဲတဲ့ ျပႆနာေတြကို ဘယ္လိုလူေတြက ေျဖရ်င္းႏိုင္လဲ ဆိုရင္ေတာ့.. ေခါင္းေဆာင္ေကာင္းေတြ၊ သခ်ာၤေတာ္တဲ့ သူေတြ၊ အေတြးေခၚေကာင္းတဲ့ သူေတြက ေျဖရွင္းႏိုင္ပါတယ္။

 

 

(၃) Self management
Self management မွာ အေရးၾကီးဆံုးကေတာ့ Time management ပါ။ မိမိရဲ႕ အခ်ိန္ေတြကို ဘယ္လိုေကာင္းေကာင္းမြန္မြန္စီမံခန့္ခြဲမလဲ ဆိုတာကိုေပါ့။ ကိုယ္တေန႔တာ လုပ္ရမယ့္ အလုပ္ေတြကို ျပီးေအာင္လုပ္ႏိုင္ရင္တာဝန္ေၾက ရံုနဲ႕မရပါဘူး။ အဲ့ဒါကလည္း မွန္ေတာ့မွန္ေပမယ့္ တကယ္တမ္းမွာ သင့္ရဲ႕ အလုပ္နဲ႔ အခ်ိန္ေတြကို ေကာင္းေကာင္းမြန္မြန္ စီမံခန္႕ခြဲႏိုင္ရင္ သင့္ရဲ႕ အလုပ္မွာ ထိထိေရာက္ေရာက္တိုးတက္မႈရွိတာကို သင္သတိထားမိမွာပါ။ သင့္လုပ္ရမယ့္တာဝန္ေတြနဲ႕ အခ်ိန္ကိုေကာင္းစြာ စီမံခန္႕ခြဲႏိုင္တဲ့ အရည္အခ်င္းကလည္း အလုပ္ရွင္ေတြၾကိဳက္ႏွစ္သက္တဲ့ အရည္အခ်င္းေတြထဲ ကတစ္ခုပါပဲ။ ဒါေၾကာင့္ ေက်ာင္းတက္ေနတဲ့ အခ်ိန္တည္းက မိမိရဲ႕ စာက်က္ခ်ိန္ ေတြကို စီမံခန္႔ခြဲျပီး Time Management ေကာင္းေအာင္ ယခုတည္းက ၾကိဳတင္ျပင္ဆင္ထားပါ။

 


(၄) Technology Skills
နည္းပညာေတြဖြံ႕ျဖိဳး တိူးတက္လာတာႏွင့္အမွ် မိမိကိုယ္တိုင္လည္း ဒီနည္းပညာေရစီးေၾကာင္း ကိုအမွီလိုက္ႏိုင္ဖို႕လဲ အေရးၾကီးပါတယ္။ ဒါေၾကာင့္ ေက်ာင္းသား ဘဝမွာနည္း က နည္းပညာေနာက္ကို လိုက္ပါ။ တစ္ေန႕နဲ႕ တစ္ေနဖြံ႔ျဖိဳးတိုးတက္လာတဲ့ Social Media ေတြကို အသံုးျပဳတတ္ေအာင္ျပဳလုပ္ထားပါ။

 


(၅) Creativity and Innovation
တီထြင္ ဖန္တီးႏိုင္စြမ္းရွိတဲ့ အရည္အခ်င္းျဖစ္ပါတယ္။ တီထြင္ဖန္တီးႏိုင္စြမ္း ရွိသူက တီထြင္ ဖန္တီးႏိုင္စြမ္းမရွိသူထက္ ပိုေအာင္ျမင္ႏိုင္တယ္ဆိုတာ သင္ျငင္းလို႕မရပါဘူး။ မိမိကိုယ္ပိုင္အလုပ္ပဲ လုပ္လုပ္..တျခားသူရဲ႕ လုပ္ငန္းမွာ ဝန္ထမ္းအေနနဲ႕ ပဲ လုပ္လုပ္ Creativity ေကာင္းဖို႕ကအရမ္းကို အေရးၾကီးပါတယ္။ ဒါေၾကာင့္ ငယ္စဥ္ကတည္းက creativity ေကာင္းေအာင္ စာအုပ္မ်ားမ်ားဖတ္ပါ၊ ဗဟုသုတေတြရွာေဖြပါ။

 


(၆) Empathy and Perspective
ဒီအခ်က္ကလည္း အရမ္းကိုအေရးၾကီးတဲ့ အခ်က္ပါပဲ။ ဆိုလိုတာက တျခားသူေတြအေပၚစာနာေထာက္ထားမႈရွိျပီး၊ သူတို႕ေနရာကေနၾကည့္တဲ့ အျမင္နဲ႕ ၾကည့္တတ္ဖို႕ပါပဲ။ ဒါမွမိမိရဲ႕ လုပ္ေဖာ္ကိုင္ဖက္၊ မိမိရဲ႕ လက္ေအာက္ငယ္သားေတြကို နားလည္ႏိုင္စြမ္းရွိမွာျဖစ္ပါတယ္။ သူတို႕ရဲ႕ ခံစားခ်က္ကိုနားလည္ရင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ေပၚလာတဲ့ ကိစၥေတြကို အလြယ္တကူေျဖရွင္းႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ငယ္စဥ္ကတည္းက စာေထာက္ေထာက္ထားတတ္တဲ့စိတ္ကိုေမြးျမဴပါ။

 


(၇) Self-confidence
ဒီအခ်က္ကေတာ့ အရမ္းကိုအေရးၾကီးပါတယ္။ လုပ္ငန္းခြင္မွာ မဟုတ္ပဲ တျခားဘယ္ေနရမွာ မဆို မိမိကုိယ္ မိမိ ယံုၾကည္မႈရွိဖို႕အရမ္းအေရးၾကီးပါတယ္။ သင္ဟာ လူေတြနဲ႔စကားေျပာရတာေၾကာက္ေနမယ္၊ ပြဲထြက္ရတာ ေၾကာက္ေနမယ္ဆိုရင္ေတာ့ လုပ္ငန္းခြင္မွာ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မိမိကိုယ္မိမိ ယံုၾကည္မႈရွိဖို႕အရမ္းအေရးၾကီးပါတယ္။

ေက်ာင္းသားလူငယ္ေတြအေနနဲ႕ အေပၚမွာေျပာျပခဲ့တဲ့ အခ်က္ေတြကို တိုးတက္ေအာင္လုပ္ခ်င္ရင္ေတာ့လြယ္လြယ္ေလးပါ။ ငယ္စဥ္ကတည္းက ေက်ာင္းမွာ Volunteer အျဖစ္ေသာ္လည္းေကာင္း၊ ေက်ာင္းရဲ႕ Activity ေတြမွာ ပါဝင္ေဆာင္ရြက္ ျခင္းျဖင့္ေသာ္လည္ေကာင္း ျပဳလုပ္ျခင္းျဖင့္ အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။

Advanced Excel သင္ၾကားေပးေသာဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-270.html

Sayar Guice banner design 2 2

 

unicode ဖြင့်ဖတ်ရန်
"ကောျင်းသားလူငယ်တွေအနေနဲ့ ငယ်ရွယ်စဉ်တည်းက တည်ဆောက်ထားသင့်တဲ့ အရာ (၇) ခု"
ကျောင်းသားလူငယ်တွေဆိုတာ အမြဲတမ်းကျောင်းသားအဖြစ်နဲ့ နေသွားရမှာမဟုတ်ပါဘူး။ အချိန်တစ်ခုရောက်ရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး မိမိနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင်ကိုလျောက်လှမ်းကြရမှာဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းပြောရရင် လူကြီးနေရာရောက်တယ်ပေါ့။ အချိန်ဆိုတာ ခဏလေးပါပဲ။ ဒါကြောင့် ဖြစ်လာမယ့် အရာတွေ အတွက် ခုချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါကြောင့် ပြင်ဆင်ထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါတယ်။


(၁) Communication skills
ဒါကတော့ လုပ်ငန်းခွင် တစ်ခုမှာ အရမ်းအရေးကြီးတဲ့ အရည်အချင်းတွေထဲက တစ်ခုပါ။ လုပ်ဖော်ကိုင်ဘက်တွေ၊ ကိုယ်အထက်လူကြီးတွေနဲ့ဆက်ဆံရမှာ ဖြစ်တဲ့ အတွက် အရမ်းကို အရေး ကြီးပါတယ်။ sale and marketing သမားတွေဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ ဒါကြောင့် အင်တာဗျူး စဖြေတည်းက သင်ဘယ်လောက် ပေါင်းသင်းဆက်ဆံ ရေးကောင်းကြောင်းဖော်ပြပါ။ ဒါအပြင် မိမိ လုပ်ငန်းခွင်တွင်သာမက လုပ်ငန်းခွင် အပြင်မှာ လည်းပေါင်းသင်း ဆက်ဆံရေးကောင်းဖို့အရေးကြီးပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ခဲ့သည်ရှိသော် ပေါင်းသင်းဆက်ဆံရေးကောင်းမှ မိမိလုပ်ငန်းကိုချဲ့ထွင်ရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားလူငယ်ဘဝတည်းက Communication ကောင်းအောင် လုပ်ထားသင့်ပါတယ်။

 


(၂) Critical Thinking and Problem Solving Skills
Critical thinking ဆိုတာကတော့ စိတ်ခံစာချက်မပါပဲ တိကျမှန်ကန်တဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီးမှ စဉ်းစားတွေးခေါ်တတ်တဲ့ အရည် အချင်းဖြစ်ပါတယ်။ ဒီလို Critical thinking skill ရှိတဲ့ သူတွေမှာ ဘက်လိုက်ခြင်းမရှိကြပါဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်တော်တော်များများကို မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်ကြပါတယ်။ problem solvingဆိုတာကတော့လုပ်ငန်းခွင်မှာ ကိုယ့် ဘက်ကမှားတာပဲ ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့ အရာတွေကို ရှုထောင့် အမျိူးမျိုး ကကြည့်ပြီး ဖြေရှင်းနိုင်တဲ့ အရည်အချင်းကိုဆို လိုတာပါ။ ဒါဟာလည်း လုပ်ငန်းခွင် ဝင်မယ့် မည်သူမဆို ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတစ်ခုပါပဲ။ ဒီလိုခက်ခဲတဲ့ ပြဿနာတွေကို ဘယ်လိုလူတွေက ဖြေရျင်းနိုင်လဲ ဆိုရင်တော့.. ခေါင်းဆောင်ကောင်းတွေ၊ သချာၤတော်တဲ့ သူတွေ၊ အတွေးခေါ်ကောင်းတဲ့ သူတွေက ဖြေရှင်းနိုင်ပါတယ်။

 

 

(၃) Self management
Self management မှာ အရေးကြီးဆုံးကတော့ Time management ပါ။ မိမိရဲ့ အချိန်တွေကို ဘယ်လိုကောင်းကောင်းမွန်မွန်စီမံခန့်ခွဲမလဲ ဆိုတာကိုပေါ့။ ကိုယ်တနေ့တာ လုပ်ရမယ့် အလုပ်တွေကို ပြီးအောင်လုပ်နိုင်ရင်တာဝန်ကြေ ရုံနဲ့မရပါဘူး။ အဲ့ဒါကလည်း မှန်တော့မှန်ပေမယ့် တကယ်တမ်းမှာ သင့်ရဲ့ အလုပ်နဲ့ အချိန်တွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ရင် သင့်ရဲ့ အလုပ်မှာ ထိထိရောက်ရောက်တိုးတက်မှုရှိတာကို သင်သတိထားမိမှာပါ။ သင့်လုပ်ရမယ့်တာဝန်တွေနဲ့ အချိန်ကိုကောင်းစွာ စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကလည်း အလုပ်ရှင်တွေကြိုက်နှစ်သက်တဲ့ အရည်အချင်းတွေထဲ ကတစ်ခုပါပဲ။ ဒါကြောင့် ကျောင်းတက်နေတဲ့ အချိန်တည်းက မိမိရဲ့ စာကျက်ချိန် တွေကို စီမံခန့်ခွဲပြီး Time Management ကောင်းအောင် ယခုတည်းက ကြိုတင်ပြင်ဆင်ထားပါ။

 


(၄) Technology Skills
နည်းပညာတွေဖွံ့ဖြိုး တိူးတက်လာတာနှင့်အမျှ မိမိကိုယ်တိုင်လည်း ဒီနည်းပညာရေစီးကြောင်း ကိုအမှီလိုက်နိုင်ဖို့လဲ အရေးကြီးပါတယ်။ ဒါကြောင့် ကျောင်းသား ဘဝမှာနည်း က နည်းပညာနောက်ကို လိုက်ပါ။ တစ်နေ့နဲ့ တစ်နေဖွံ့ဖြိုးတိုးတက်လာတဲ့ Social Media တွေကို အသုံးပြုတတ်အောင်ပြုလုပ်ထားပါ။

 


(၅) Creativity and Innovation
တီထွင် ဖန်တီးနိုင်စွမ်းရှိတဲ့ အရည်အချင်းဖြစ်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်း ရှိသူက တီထွင် ဖန်တီးနိုင်စွမ်းမရှိသူထက် ပိုအောင်မြင်နိုင်တယ်ဆိုတာ သင်ငြင်းလို့မရပါဘူး။ မိမိကိုယ်ပိုင်အလုပ်ပဲ လုပ်လုပ်..တခြားသူရဲ့ လုပ်ငန်းမှာ ဝန်ထမ်းအနေနဲ့ ပဲ လုပ်လုပ် Creativity ကောင်းဖို့ကအရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက creativity ကောင်းအောင် စာအုပ်များများဖတ်ပါ၊ ဗဟုသုတတွေရှာဖွေပါ။

 


(၆) Empathy and Perspective
ဒီအချက်ကလည်း အရမ်းကိုအရေးကြီးတဲ့ အချက်ပါပဲ။ ဆိုလိုတာက တခြားသူတွေအပေါ်စာနာထောက်ထားမှုရှိပြီး၊ သူတို့နေရာကနေကြည့်တဲ့ အမြင်နဲ့ ကြည့်တတ်ဖို့ပါပဲ။ ဒါမှမိမိရဲ့ လုပ်ဖော်ကိုင်ဖက်၊ မိမိရဲ့ လက်အောက်ငယ်သားတွေကို နားလည်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ သူတို့ရဲ့ ခံစားချက်ကိုနားလည်ရင် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို အလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက စာထောက်ထောက်ထားတတ်တဲ့စိတ်ကိုမွေးမြူပါ။

 


(၇) Self-confidence
ဒီအချက်ကတော့ အရမ်းကိုအရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာ မဟုတ်ပဲ တခြားဘယ်နေရမှာ မဆို မိမိကိုယ် မိမိ ယုံကြည်မှုရှိဖို့အရမ်းအရေးကြီးပါတယ်။ သင်ဟာ လူတွေနဲ့စကားပြောရတာကြောက်နေမယ်၊ ပွဲထွက်ရတာ ကြောက်နေမယ်ဆိုရင်တော့ လုပ်ငန်းခွင်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိဖို့အရမ်းအရေးကြီးပါတယ်။

ကျောင်းသားလူငယ်တွေအနေနဲ့ အပေါ်မှာပြောပြခဲ့တဲ့ အချက်တွေကို တိုးတက်အောင်လုပ်ချင်ရင်တော့လွယ်လွယ်လေးပါ။ ငယ်စဉ်ကတည်းက ကျောင်းမှာ Volunteer အဖြစ်သော်လည်းကောင်း၊ ကျောင်းရဲ့ Activity တွေမှာ ပါဝင်ဆောင်ရွက် ခြင်းဖြင့်သော်လည်ကောင်း ပြုလုပ်ခြင်းဖြင့် အထောက်အကူဖြစ်စေနိုင်ပါတယ်။

 

sayar.com.mm

ADVANCED EXCEL

Read times
Rate this articles
(0 votes)