×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 24 February 2020

"အဂၤလိပ္ Listening တိုးတက္ဖို႕ အေထာက္အကူျဖစ္ေစတဲ့ Podcast Website (၅) ခု"

"အဂၤလိပ္ Listening တိုးတက္ဖို႕ အေထာက္အကူျဖစ္ေစတဲ့ Podcast Website (၅) ခု" freepick

အင်္ဂလိပ်စာတိုးတက်ဖို့ သင်တန်းတွေတက်တယ် စာအုပ်တွေဖတ်တယ် လေ့ကျင့်တယ်…အဓိက က အပြောနဲ့ အရေးစွမ်းရည်ကို ပိုပြီး ဦးစားပေးလုပ်ဆောင်ဖြစ်ကြပါတယ်။


နားထောင်တဲ့စွမ်းရည်အတွက် လေ့ကျင့်ရတာ လွယ်ကူတယ်လို့ထင်တဲ့အတွက် သိပ်မလုပ်ဖြစ်ကြတာများပါတယ်။ ဒါကြောင့် အကြားစွမ်းရည် လေ့ကျင့်ဖို့အတွက် ဗြိတိသျှကောင်စီရဲ့ Teaching English blog ဆုရှင် Aoife McLoughin က အကြံပြုထားတဲ့ podcast များရနိုင်တဲ့ website ငါးခုကို ဖော်ပြပေးလိုက်ပါတယ်။


၁. Englishclass101.com (https://www.englishclass101.com/)
ဒါကတော့ podcast တစ်ခုထက်ကို သာလွန်နေပါတယ်။ ဒီအထဲမှာ ကျောင်းသားတွေအတွက် ပျော်စရာကောင်းပြီး၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာ အသံဖိုင်တွေ၊ ဗွီဒီယိုသင်ခန်းစာတွေကို subject area ခေါင်းစဉ်ပေါင်း မြောက်များစွာခွဲပြီး တင်ဆက်ထားပေးပါတယ်။ အသင်းဝင်ဖြစ်ဖို့ကလည်း အဆင့် ၃ ဆင့်ခွဲထားပါတယ်။ premium အဆင့်ကို ဝင်ဖို့ လမ်းညွှန်လိုပါတယ်။ အဲ့ဒီအဆင့်မှာ အခမဲ့အသင်းဝင်အဖြစ်နဲ့ site ရဲ့အရည်အသွေးကို မြည်းစမ်းခွင့်ရပြီး နောက်အဆင့်တွေမှာ အသင်းဝင်ဖြစ်ဖို့အတွက် ဆုံးဖြတ်လို့ရပါတယ်။ မိမိရဲ့ အကြားစွမ်းရည်အတွက် လေ့ကျင့်ဖို့ ဒီဆိုက်က အရမ်းကောင်းမွန်လှပါတယ်။

TOEFL သင်ကြားပေးသော Guide ဆရာ၊ ဆရာမများ >>>> https://www.sayar.com.mm/subjects/all-teachers/subject-474.html

 

၂. TED audio podcast (https://podcasts.apple.com)
TED talk ကို တစ်ချိန်မဟုတ်တစ်ချိန်မှာ ဝင်ကြည့်ခဲ့ဘူးကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီအထဲက အမျိုးစုံလင် လှတဲ့ ဗွီဒီယိုသင်ခန်းစာတွေကို စာသင်ခန်းတွေမှာ အကြိမ်ကြိမ်အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် TED audio podcast တွေကိုတော့ ကျောင်းသားတွေ သိပ်ဂရုမပြုမိကြပါဘူး။ ဒီ podcast တွေကတော့ နားထောင်ဖို့ အကြောင်းအရာ စုံလင်လှသလို ရွေးချယ်စရာ ခေါင်းစဉ် အမြောက်အများကိုလည်း ပေးထားကာ အသင်းဝင်စရာမလိုပဲ နားထောင်နိုင်ပါတယ်။ ဆရာများအနေနဲ့လည်း အတန်းထဲမှာ ဆွေးနွေးပွဲပုံစံမျိုး လေ့ကျင့်ခန်းလုပ်ဖို့၊ စကားရည်လုပွဲ (debate) လုပ်ဖို့ စတာတွေအတွက် အကြောင်းအရာ အစပျိုးပေးဖို့အတွက် အဲ့ဒီ podcast ခေါင်းစဉ်တစ်ခုခုထဲက talk တစ်ခုခုကို ကျောင်းသားတွေအတွက် အိမ်စာပုံစံလုပ်ခဲ့ဖို့ ကြိုတင်နားထောင်ခိုင်းလို့ ရပါတယ်။

 


၃. Podcastsinenglish.com (https://podcastsinenglish.com/)
ဒီ website မှာကတော့ စိတ်ဝင်စားဖွယ်ကောင်းပြီး ဖြစ်ရပ်မှန် (real life topic) ခေါင်းစဉ်တွေမျိုးစုံကို အင်္ဂလိပ်စာ ကျွမ်းကျင်မှု level အဆင့်အမျိုးမျိုးအတွက် podcast တွေတင်ပေးထားပါတယ်။ နားထောင်ဖို့အတွက် podcast တွေကတော့ အခမဲ့ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့အတွက် ဆရာလက်စွဲ စာရွက်စာတမ်းတွေနဲ့ လေ့ကျင့်ခန်း စာရွက်တွေအတွက်ကတော့ မှတ်ပုံတင်ကြေးနဲ့ စာရင်းသွင်းကာ အသင်းဝင်ရပါမယ်။ အချို့ audio အသံဖိုင်တွေက ဗွီဒီယိုဖိုင်ပါတွဲပြီး ပါပါတယ်။

 

 

၄. IELTSpodcast.com (https://www.ieltspodcast.com/)
IELTS စာမေးပွဲအတွက် ပြင်ဆင်နေသူတွေအတွက် မဖြစ်မနေ နားထောင်သင့်တဲ့ ဆိုဒ်ဖြစ်ပါတယ်။ဒီ podcast မှာတော့ စာမေးပွဲဖြေဆိုမယ့် သူတွေအတွက် လမ်းညွှန်ချက်တွေ၊ စာမေးပွဲဗျူဟာတွေအပြင် ကျောင်းသားတွေအတွက် စာမေးပွဲဖြေဆိုပုံနည်းလမ်း အသွယ်သွယ်ကို ဘယ်လိုဖွိ့ဖြိုးတိုးတက်အောင် လုပ်ရမလဲဆိုတာတွေပါ အကြံပေးထားပါတယ်။

Sayar Guice banner design 2 3


၅. Downtobusinessenglish.com (https://www.ieltspodcast.com/)
ဒီဆိုဒ်ကတော့ ကျောင်းသား၊သူတွေအတွက် တိုက်ရိုက်ဝင်ရောက် နားထောင်လေ့လာလို့ရတဲ့ အင်္ဂလိပ်စာ သင်ခန်းစာတွေကို နောက်ဆုံးရသတင်း ဖြစ်ရပ်များနှင့် ဝေဝေဆာဆာ တင်ဆက်ထားပါတယ်။ podcast တစ်ခုချင်းစီမှာ နောက်ဆုံးဖြစ်ပျက်နေတဲ့ နိုင်ငံတကာ သတင်းခေါင်းစဉ်တွေကို တင်ဆက်ပြီး သတင်းပြောဆိုသူတွေရဲ့ ဖြစ်ရပ်အပေါ် ဆွေးနွေးခန်းတွေ၊ သုံးသပ်ချက်တွေကို ထည့်သွင်းထားတဲ့အပြင် သက်ဆိုင်ရာ အကြောင်းအရာနဲ့ပက်သက်တဲ့ စကားလုံးအသစ်တွေ၊ စကားတွဲတွေကိုလည်း ပူးတွဲ သင်ကြားပေးတာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အဆင့်မြင့်သူ ကျောင်းသား၊သူတွေအတွက် အကြားစွမ်းရည်ကို တိုးတက်အောင် လုပ်ရင်း တစ်ဖက်က နိုင်ငံတကာ သတင်းဖြစ်ရပ်တွေ၊ စီးပွါးရေးသတင်းတွေ၊ ထုတ်ကုန်တွေ အကြောင်း စတာတွေကို လတ်လတ်ဆက်ဆက် သိရှိပြီး ဗဟုသုတကြွယ်ဝအောင် လုပ်လို့ရပါတယ်။



Zawgyi ျဖင့္ဖတ္ရန္

"အဂၤလိပ္ Listening တိုးတက္ဖို႕ အေထာက္အကူျဖစ္ေစတဲ့ Podcast Website (၅) ခု"
အဂၤလိပ္စာတိုးတက္ဖို႔ သင္တန္းေတြတက္တယ္ စာအုပ္ေတြဖတ္တယ္ ေလ့က်င့္တယ္…အဓိက က အေျပာနဲ႕ အေရးစြမ္းရည္ကုိ ပိုျပီး ဦးစားေပးလုပ္ေဆာင္ျဖစ္ၾကပါတယ္။
နားေထာင္တဲ့စြမ္းရည္အတြက္ ေလ့က်င့္ရတာ လြယ္ကူတယ္လို႔ထင္တဲ့အတြက္ သိပ္မလုပ္ျဖစ္ၾကတာမ်ားပါတယ္။ ဒါေၾကာင့္ အၾကားစြမ္းရည္ ေလ့က်င့္ဖို႔အတြက္ ျဗိတိသွ်ေကာင္စီရဲ႕ Teaching English blog ဆုရွင္ Aoife McLoughin က အၾကံျပဳထားတဲ့ podcast မ်ားရႏိုင္တဲ့ website ငါးခုကို ေဖာ္ျပေပးလိုက္ပါတယ္။


၁. Englishclass101.com (https://www.englishclass101.com/)
ဒါကေတာ့ podcast တစ္ခုထက္ကို သာလြန္ေနပါတယ္။ ဒီအထဲမွာ ေက်ာင္းသားေတြအတြက္ ေပ်ာ္စရာေကာင္းျပီး၊ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ အေၾကာင္းအရာ အသံဖိုင္ေတြ၊ ဗြီဒီယိုသင္ခန္းစာေတြကို subject area ေခါင္းစဥ္ေပါင္း ေျမာက္မ်ားစြာခြဲျပီး တင္ဆက္ထားေပးပါတယ္။ အသင္းဝင္ျဖစ္ဖို႔ကလည္း အဆင့္ ၃ ဆင့္ခြဲထားပါတယ္။ premium အဆင့္ကို ဝင္ဖို႔ လမ္းညႊန္လိုပါတယ္။ အဲ့ဒီအဆင့္မွာ အခမဲ့အသင္းဝင္အျဖစ္နဲ႕ site ရဲ႕အရည္အေသြးကို ျမည္းစမ္းခြင့္ရျပီး ေနာက္အဆင့္ေတြမွာ အသင္းဝင္ျဖစ္ဖို႔အတြက္ ဆံုးျဖတ္လို႔ရပါတယ္။ မိမိရဲ႕ အၾကားစြမး္ရည္အတြက္ ေလ့က်င့္ဖို႔ ဒီဆိုက္က အရမ္းေကာင္းမြန္လွပါတယ္။

TOEFL သင္ၾကားေပးေသာ Guide ဆရာ၊ ဆရာမမ်ား >>>> https://www.sayar.com.mm/subjects/all-teachers/subject-474.html

 

၂. TED audio podcast (https://podcasts.apple.com)
TED talk ကုိ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္မွာ ဝင္ၾကည့္ခဲ့ဘူးၾကမယ္လို႔ ထင္ပါတယ္။ အဲ့ဒီအထဲက အမ်ိဳးစံုလင္ လွတဲ့ ဗြီဒီယိုသင္ခန္းစာေတြကို စာသင္ခန္းေတြမွာ အၾကိမ္ၾကိမ္အသံုးျပဳခဲ့ၾကပါတယ္။ ဒါေပမယ့္ TED audio podcast ေတြကိုေတာ့ ေက်ာင္းသားေတြ သိပ္ဂရုမျပဳမိၾကပါဘူး။ ဒီ podcast ေတြကေတာ့ နားေထာင္ဖို႔ အေၾကာင္းအရာ စံုလင္လွသလို ေရြးခ်ယ္စရာ ေခါင္းစဥ္ အေျမာက္အမ်ားကိုလည္း ေပးထားကာ အသင္းဝင္စရာမလိုပဲ နားေထာင္နိုင္ပါတယ္။ ဆရာမ်ားအေနနဲ႕လည္း အတန္းထဲမွာ ေဆြးေႏြးပြဲပံုစံမ်ိဳး ေလ့က်င့္ခန္းလုပ္ဖို႔၊ စကားရည္လုပြဲ (debate) လုပ္ဖို႕ စတာေတြအတြက္ အေၾကာင္းအရာ အစပ်ိဳးေပးဖို႕အတြက္ အဲ့ဒီ podcast ေခါင္းစဥ္တစ္ခုခုထဲက talk တစ္ခုခုကုိ ေက်ာင္းသားေတြအတြက္ အိမ္စာပံုစံလုပ္ခဲ့ဖို႕ ၾကိဳတင္နားေထာင္ခိုင္းလို႔ ရပါတယ္။

 


၃. Podcastsinenglish.com
ဒီ website မွာကေတာ့ စိတ္ဝင္စားဖြယ္ေကာင္းျပီး ျဖစ္ရပ္မွန္ (real life topic) ေခါင္းစဥ္ေတြမ်ိဳးစံုကို အဂၤလိပ္စာ ကြ်မ္းက်င္မွဳ level အဆင့္အမ်ိဳးမ်ိဳးအတြက္ podcast ေတြတင္ေပးထားပါတယ္။ နားေထာင္ဖို႔အတြက္ podcast ေတြကေတာ့ အခမဲ့ ျဖစ္ပါတယ္။ ေလ့က်င့္ခန္းလုပ္ဖို႔အတြက္ ဆရာလက္စြဲ စာရြက္စာတမ္းေတြနဲ႕ ေလ့က်င့္ခန္း စာရြက္ေတြအတြက္ကေတာ့ မွတ္ပံုတင္ေၾကးနဲ႕ စာရင္းသြင္းကာ အသင္းဝင္ရပါမယ္။ အခ်ိဳ႕ audio အသံဖိုင္ေတြက ဗြီဒီယိုဖိုင္ပါတြဲျပီး ပါပါတယ္။

 

 

၄. IELTSpodcast.com (https://www.ieltspodcast.com/)
IELTS စာေမးပြဲအတြက္ ျပင္ဆင္ေနသူေတြအတြက္ မျဖစ္မေန နားေထာင္သင့္တဲ့ ဆိုဒ္ျဖစ္ပါတယ္။ဒီ podcast မွာေတာ့ စာေမးပြဲေျဖဆိုမယ့္ သူေတြအတြက္ လမ္းညႊန္ခ်က္ေတြ၊ စာေမးပြဲဗ်ဴဟာေတြအျပင္ ေက်ာင္းသားေတြအတြက္ စာေမးပြဲေျဖဆိုပံုနည္းလမ္း အသြယ္သြယ္ကို ဘယ္လိုဖြိ႕ျဖိဳးတိုးတက္ေအာင္ လုပ္ရမလဲဆိုတာေတြပါ အၾကံေပးထားပါတယ္။

Sayar Guice banner design 2 3

 


၅. Downtobusinessenglish.com (https://www.ieltspodcast.com/)
ဒီဆိုဒ္ကေတာ့ ေက်ာင္းသား၊သူေတြအတြက္ တိုက္ရိုက္ဝင္ေရာက္ နားေထာင္ေလ့လာလို႔ရတဲ့ အဂၤလိပ္စာ သင္ခန္းစာေတြကို ေနာက္ဆံုးရသတင္း ျဖစ္ရပ္မ်ားႏွင့္ ေဝေဝဆာဆာ တင္ဆက္ထားပါတယ္။ podcast တစ္ခုခ်င္းစီမွာ ေနာက္ဆံုးျဖစ္ပ်က္ေနတဲ့ နိုင္ငံတကာ သတင္းေခါင္းစဥ္ေတြကို တင္ဆက္ျပီး သတင္းေျပာဆိုသူေတြရဲ႕ ျဖစ္ရပ္အေပၚ ေဆြးေႏြးခန္းေတြ၊ သံုးသပ္ခ်က္ေတြကို ထည့္သြင္းထားတဲ့အျပင္ သက္ဆိုင္ရာ အေၾကာင္းအရာနဲ႕ပက္သက္တဲ့ စကားလံုးအသစ္ေတြ၊ စကားတြဲေတြကိုလည္း ပူးတြဲ သင္ၾကားေပးတာ ျဖစ္ပါတယ္။ အဂၤလိပ္စာ အဆင့္ျမင့္သူ ေက်ာင္းသား၊သူေတြအတြက္ အၾကားစြမး္ရည္ကို တိုးတက္ေအာင္ လုပ္ရင္း တစ္ဖက္က နိုင္ငံတကာ သတင္းျဖစ္ရပ္ေတြ၊ စီးပြါးေရးသတင္းေတြ၊ ထုတ္ကုန္ေတြ အေၾကာင္း စတာေတြကို လတ္လတ္ဆက္ဆက္ သိရွိျပီး ဗဟုသုတၾကြယ္ဝေအာင္ လုပ္လုိ႔ရပါတယ္။

 


Credit: Myanmar-network

Read times
Rate this articles
(0 votes)