×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 26 March 2020

Jack ma (ဂျက်မား) ပြောတဲ့သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့ အရာ (၆) ခု

Jack ma (ဂျက်မား) ပြောတဲ့သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့ အရာ (၆) ခု google

Jack ma (ဂျက်မား) ပြောတဲ့သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့ အရာ (၆) ခု

Alibaba ကုမ္ပဏီပိုင်ရှင် တရုတ်သန်းကြွယ်တစ်ယောက်ဖြစ်တဲ့ Jack ma ရဲ့ခေါင်းထဲကထုတ်ပစ်သင့်တဲ့ အဆိုအမိတ်(၆) ခုကိုဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်ကိုဂရုမစိုက်တဲ့သူ တွေကိုသင်ဂရုစိုက် စရာမလိုပါဘူး

တချို့လူတွေက သင်သူတို့ကို ဂရုစိုက်လေလေ သင့်ကို ပစ်ထားလေပါပဲ။ ဒီတော့ သူ့ကိုဂရုစိုက်နေမှာ ထက်သင့်ကိုယ်သင် ပိုဂရုစိုက်ပါ။

(၂) အဆိုးမြင် ဝါဒရှိတဲ့သူတွေကိုရှောင်ရှားပါ

တချို့လူတွေက တခြားလူဘာလုပ်လုပ်အမြဲအပြစ်ပြောတတ် ပါတယ်။ သူများဘာလုပ်လုပ် အမြဲမကောင်းပြောတတ်ကြတယ်။ ဒီလိုအဆိုးမြင် တတ်တဲ့စိတ်ရှိသူကို ရှောင်ရှားပါ။ ဒီအဆိုးမြင်တဲ့ စိတ်ဓာတ်ကသင့်ကိုပါ ကူးစက်စေနိုင်တဲ့ အတွက်ကြောင့် အဲ့လိုလူမျိုးတွေနဲ့ မပေါင်းသင့်ပါဘူး။

(၃) တစ်ခုခု ကိုအမြဲသင်ယူလေ့လာနေပါ

ပညာလို အိုသည်မရှိ ဆိုသလိုပဲဘယ်အတတ်ပညာ မဆိုသင်ယူဖို့ ဝန်မလေးပါနဲ့။ ငယ်သေးလို့ သင်ယူမလေ့သင့်သေးဘူးဆိုတာရယ်၊ အသက်ကြီးပြီဖြစ်လို့ လေ့လာလို့မရတော့ဘူးဆိုပြီးမရှိပါဘူး။ သင်ယူမှုတွေဟာ ပြီးဆုံးသွားတယ်ဆိုတာမရှိပါဘူး။ လေ့လာသင်ယူလေလေ အသိပညာဗဟုသုတ ပိုများလေလေ ဖြစ်ပါတယ်။

(၄) အတိတ်ကအကြောင်းတွေ ကိုအရမ်းမတွေးပါနဲ့

အတိတ်မှာ အမှတ်ရစရာတွေ၊ အမှားလုပ်မိတာတွေအများကြီးရှိမှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။ ဒါကြောင့်အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ စတ်မညစ်နေပဲ နောက်ထပ်ဖြစ်လာမဲ့ အတိတ် တွေကိုပဲ လှပအောင်ကြိုးစားပါ။

(၅) ကိုယ့်ကိုယ် ကိုတန်ဖိုးထားပါ

ကိုယ့်ကျင့်တရားကောင်းတဲ့ သူကလောကမှာတန်ဖိုး အရှိဆုံးပါ။ ကိုယ့်ကိုယ် ကိုတိုးတတ်အောင်အမြဲကြိုးစားနေသင့်ပြီးစိတ်ကောင်းကောင်းထားပါ။

(၆) သူများတွေ ရဲ့ထင်မြင်ချက်တွေကိုဂရုမစိုက်ပါနဲ့

လူအမျိုးမျိုး စိတ်အထွေထွရှိတယ်ဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထားတာတွေ၊ ထင်မြင်ချက်တွေနဲ့ ခံယူချက်တွေ မတူညီကြပါဘူး။ ဒါကြောင့် သင်မှန်တယ်ထင်တဲ့ ကိစ္စတွေကို ရဲရဲသာ လုပ်ပါ။ တခြားသူတွေဘယ်လိုထင်ကျလဲ ဆိုတာဂရုစိုက်မနေပါနဲ့။

(Zaw gyi)

register















https://www.sayar.com.mm/

Read times Last modified on Thursday, 26 March 2020 13:33
Rate this articles
(7 votes)