×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 24 April 2020

စိတ် နေမကောင်းဖြစ်တဲ့အခါ ….

စိတ် နေမကောင်းဖြစ်တဲ့အခါ ….

မနေ့က အရမ်းပျော်ရွှင်တက်ကြွနေပြီး ဒီနေ့မှာ စိတ်ဓါတ်ကျတာမျိူး ဖြစ်ဖူး ပါသလား။ အလုပ်တစ်ခုမလုပ်ခင်မှာ အားအင်အပြည့်နဲ့ တက်ကြွနေပြီး လုပ်နေတုန်း အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့လိုက်လို့ စိတ်ဓါတ်ကျပြီး မလုပ်ချင်တဲ့အထိဖြစ်ဖူးပါသလား။ကိုယ့်ရဲ့ ချစ်သူ၊ ခင်သူတွေနဲ့အဆင်မပြေဖြစ်ပြီး တစ်ယောက်တည်း အားငယ်ဝမ်းနည်း နေတာမျိူးဖြစ်ဖူးပါသလား။

 

လူတိုင်းလူတိုင်းဟာ အလုပ်မလုပ်ချင် မကိုင်ချင်ဖြစ်ပြီး စိတ်ဓါတ်ကျတာတွေ၊ စိတ်အားငယ်တာတွေ စတဲ့ စိတ်နေမကောင်းဖြစ်တာမျိူးတွေကို ဘဝမှာ အနည်းဆုံးတစ်ကြိမ်တစ်ခါတော့ကြုံဖူးကြပါတယ်။ သင့်မှာ ဒီလိုမျိူးစိတ်နေမကောင်း ဖြစ်နေပြီဆိုရင်ပထမဦးဆုံးအနေနဲ့လူတိုင်းကပျော်ရွှင်နေပြီး ဒီလိုမျိူး ခံစားဖူးတာသင်တစ်ယောက်တည်းလို့ မထင်လိုက်ပါနဲ့။ အပေါ်မှာပြောခဲ့တဲ့အတိုင်း လူတိုင်း လူတိုင်း စိတ်နေ မကောင်းဖြစ်ဖူးကြတယ်ဆိုတာကိုသတိရပါ ။ဒီလိုစိတ်နေမကောင်းဖြစ်တာကိုကုသနိုင်တာက လည်းကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်ဆို တာကိုလည်း သတိပြုပါ။

 

ကိုယ့်ကိုယ်ကိုယ်စိတ်နေမကောင်း ဖြစ်နေတယ်ဆိုတာကို သိပြီဆိုရင် ဒုတိယ အဆင့်အနေနဲ့ ဘာကြောင့်ဖြစ် တာလဲဆိုတာကိုစဉ်းစားပါ။ ကျန်းမာ ရေးမကောင်းလို့လား။ ဝင်ငွေနည်းသွားလို့လား။ အလုပ်မှာ အထက်လူကြီးနဲ့ အဆင်မပြေလို့လား။ ချစ်သူနဲ့အဆင်မပြေလို့လား။စသည်အားဖြင့် စိတ်နေမကောင်းဖြစ်ရတဲ့ အကြောင်းအရင်း ဇစ်မြစ်ကို သိအောင် အရင် ရှာပါ။ အဓိကဇစ်မြစ်ကိုသိပြီဆိုရင်ဘယ်လိုကုသရမလဲဆိုတာကို တတိယအဆင့် အနေနဲ့ စဉ်းစားရပါမယ်။

စိတ်နေမကောင်းဖြစ်ရတဲ့အဓိက အကြောင်းအရင်းက ကိုယ့်မှာရှိတဲ့ မကောင်းတဲ့အချက်တွေကိုပဲ မြင်လာ တတ်ခြင်းကြောင့်ဖြစ်ပါတယ်။လူတိုင်း မှာအဆိုးနဲ့အကောင်း ဒွန်တွဲနေတတ်ပါတယ်။ စိတ်နေမကောင်းဖြစ်နေတဲ့ အချိန်မှာ လူတိုင်းဟာ အကောင်းထက်စာရင် အဆိုးကိုသာ ပိုမြင်ပြီး အဆိုးတွေကိုပဲ ပိုတွေးတတ်ကြပြီးကိုယ်လိုချင်၊ရောက်ချင်တဲ့နေရာတစ်ခုကို ပျောက်သွားတတ်ကြပါတယ်။

 

ဒါကြောင့်မို့လို့ပထမဆုံးအနေနဲ့ ကိုယ့်မှာမရှိတဲ့အရာ(ဝါ)အားနည်းချက်တွေအစားအားသာချက်တွေကိုမြင်အောင်ကြည့်ပါ။ဒီအားသာချက်တွေကို ပိုပြီးကောင်းအောင်ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ဖြစ်နိုင်ခြေရှိတဲ့အစီအစဉ်တွေဆွဲ ပါ။ဒီအစီအစဉ်တွေအတိုင်းတစ်သွေမ တိမ်းလိုက်နာပါ။ကိုယ်ဆွဲလိုက်တဲ့အစီ အစဉ်တွေက ကိုယ့်ဘဝအတွက်ကော င်းမွန်တဲ့အကျိူးသက်ရောက်မှုရှိပါစေ။

ဥပမာ - ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက် ဆိုင်ရဲ့ရောင်းအား(ဝါ)ဝင်ငွေနည်းသွားလို့ စိတ်ဓါတ်ကျတယ်ဆိုပါစို့ဝင်ငွေက ဘာကြောင့်နည်းသွားတာလဲ။သူ့ဆိုင်ကိုဈေးဝယ်သူတွေဘာကြောင့်မလာ တော့တာလဲဆိုတာကိုအရင်စဉ်းစားပါ။

- ပြောဆိုဆက်ဆံရေးအဆင်မပြေလို့လား။
- ကုန်ပစ္စည်းအရည်အသွေးကောင်းတွေမတင်နိုင်လို့လား။
- မတန်တဆဈေးတွေတင်ထားမိလို့လား။ စတဲ့အကြောင်းအရင်းဇစ်မြစ်ကို အရင်ရှာပါ။
ပြောဆိုဆက်ဆံရေး အဆင်မပြေလို့ ဆိုတဲ့အကြောင်းအရင်းကိုရှာတွေ့ပြီ ဆိုရင်တော့ဈေးဝယ်သူလာရင် အပြုံးလေးနဲ့ကြိုဆိုတာမျိူး၊ ကျေးဇူးတင် စကားပြောတာမျိူးစတဲ့ဆိုင်ရဲ့ ရောင်း အားကိုပြန်လည်တိုးတက်စေနိုင်တဲ့နည်းစနစ်တွေကိုစဉ်းစားပြီး လိုက်နာ ကျင့်သုံးပါ။ရောင်းအားကျလို့ဆိုပြီး စိတ်ဓါတ်ကျကာအရက်သောက်ပြီး
တခြား အပျော်အပါးတွေ လိုက်စားနေ မယ်ဆိုရင် ငွေကုန်ကြေးကျပိုများကာ ပိုပြီး စိတ်နေမကောင်း ဖြစ်မှာပါ။

ဒါကြောင့်မို့လို့ စိတ်နေမကောင်း ဖြစ်ပြီဆိုရင်ဘာကြောင့်ဖြစ်တာလဲ၊ကောင်းကောင်းမွန်တဲ့နည်းလမ်းနဲ့ဘယ် လိုမျိူးကုစားရမလဲဆိုတာကစဉ်းစားပြီးု ကိုယ်ချမှတ်ထားတဲ့ ကောင်းမွန်တဲ့ နည်းလမ်းတွေအတိုင်း လိုက်နာကျင့်သုံး ရ င်း နဲ့ပေ်ရွှင်တ က်ကြွ သူများ ဖြစ်နိုင်ကြပါစေ။


Credit : Tr. Nway

 

 

စိတ္ ေနမေကာင္းျဖစ္တဲ့အခါ ….

မေန့က အရမ္းေပ်ာ္ရႊင္တက္ၾကြေနျပီး ဒီေန ့မွာ စိတ္ဓါတ္က်တာမ်ဴိး ျဖစ္ဖူး ပါသလား။ အလုပ္တစ္ခုမလုပ္ခင္မွာ အားအင္အျပည့္နဲ့ တက္ၾကြေနျပီး လုပ္ေနတုန္း အခက္အခဲတစ္ခုခုနဲ့ ၾကံဳေတြ ့လိုက္လို႕ စိတ္ဓါတ္က်ျပီး မလုပ္ခ်င္တဲ့အထိျဖစ္ဖူးပါသလား။ကိုယ့္ရဲ့ ခ်စ္သူ၊ ခင္သူေတြနဲ့အဆင္မေျပျဖစ္ျပီး တစ္ေယာက္တည္း အားငယ္၀မ္းနည္း ေနတာမ်ဴိးျဖစ္ဖူးပါသလား။

 

လူတိုင္းလူတိုင္းဟာ အလုပ္မလုပ္ခ်င္ မကိုင္ခ်င္ျဖစ္ျပီး စိတ္ဓါတ္က်တာေတြ၊ စိတ္အားငယ္တာေတြ စတဲ့ စိတ္ေနမေကာင္းျဖစ္တာမ်ဴိးေတြကို ဘ၀မွာ အနည္းဆံုးတစ္ၾကိမ္တစ္ခါေတာ့ၾကံဳဖူးၾကပါတယ္။ သင့္မွာ ဒီလိုမ်ဴိးစိတ္ေနမေကာင္း ျဖစ္ေနျပီဆိုရင္ပထမဦးဆံုးအေနနဲ့လူတိုင္းကေပ်ာ္ရႊင္ေနျပီး ဒီလိုမ်ဴိး ခံစားဖူးတာသင္တစ္ေယာက္တည္းလို႔ မထင္လိုက္ပါနဲ့။ အေပၚမွာေျပာခဲ့တဲ့အတိုင္း လူတိုင္း လူတိုင္း စိတ္ေန မေကာင္းျဖစ္ဖူးၾကတယ္ဆိုတာကိုသတိရပါ ။ဒီလိုစိတ္ေနမေကာင္းျဖစ္တာကိုကုသႏိုင္တာက လည္းကိုယ္ကိုယ္တိုင္ပဲျဖစ္တယ္ဆို တာကိုလည္း သတိျပဳပါ။ကိုယ့္ကိုယ္ကိုယ္စိတ္ေနမေကာင္း ျဖစ္ေနတယ္ဆိုတာကို သိျပီဆိုရင္ ဒုတိယ အဆင့္အေနနဲ့ ဘာေၾကာင့္ျဖစ္ တာလဲဆိုတာကိုစဥ္းစားပါ။ က်န္းမာ ေရးမေကာင္းလု့ိလား။ ၀င္ေငြနည္းသြားလို႔လား။ အလုပ္မွာ အထက္လူၾကီးနဲ႔ အဆင္မေျပလို ့လား။ ခ်စ္သူနဲ ့အဆင္မေျပလို ့လား။စသည္အားျဖင့္ စိတ္ေနမေကာင္းျဖစ္ရတဲ့ အေၾကာင္းအရင္း ဇစ္ျမစ္ကို သိေအာင္ အရင္ ရွာပါ။ အဓိကဇစ္ျမစ္ကိုသိျပီဆိုရင္ဘယ္လိုကုသရမလဲဆိုတာကို တတိယအဆင့္ အေနနဲ့ စဥ္းစားရပါမယ္။

စိတ္ေနမေကာင္းျဖစ္ရတဲ့အဓိက အေၾကာင္းအရင္းက ကိုယ့္မွာရွိတဲ႕ မေကာင္းတဲ့အခ်က္ေတြကိုပဲ ျမင္လာ တတ္ျခင္းေၾကာင့္ျဖစ္ပါတယ္။လူတိုင္း မွာအဆိုးနဲ့အေကာင္း ဒြန္တြဲေနတတ္ပါတယ္။ စိတ္ေနမေကာင္းျဖစ္ေနတဲ့ အခ်ိန္မွာ လူတိုင္းဟာ အေကာင္းထက္စာရင္ အဆိုးကိုသာ ပိုျမင္ျပီး အဆိုးေတြကိုပဲ ပိုေတြးတတ္ၾကျပီးကိုယ္လိုခ်င္၊ေရာက္ခ်င္တဲ့ေနရာတစ္ခုကို ေပ်ာက္သြားတတ္ၾကပါတယ္။

 

ဒါေၾကာင့္မို ့လို ့ပထမဆံုးအေနနဲ့ ကိုယ့္မွာမရွိတဲ့အရာ(၀ါ)အားနည္းခ်က္ေတြအစားအားသာခ်က္ေတြကိုျမင္ေ အာင္ၾကည့္ပါ။ဒီအားသာခ်က္ေတြကို ပိုျပီးေကာင္းေအာင္ဘယ္လိုလုပ္ရမလဲ ဆိုတဲ့ျဖစ္ႏိုင္ေျခရွိတဲ့အစီအစဥ္ေတြဆြဲ ပါ။ဒီအစီအစဥ္ေတြအတိုင္းတစ္ေသြမ တိမ္းလိုက္နာပါ။ကိုယ္ဆြဲလုိက္တဲ့အစီ အစဥ္ေတြက ကိုယ့္ဘ၀အတြက္ေကာ င္းမြန္တဲ့အက်ဴိးသက္ေရာက္မွုရွိပါေစ။

 

ဥပမာ - ကုန္စံုဆိုင္ပိုင္ရွင္တစ္ေယာက္ ဆိုင္ရဲ ့ေရာင္းအား(၀ါ)၀င္ေငြနည္းသြားလို ့ စိတ္ဓါတ္က်တယ္ဆိုပါစို႕ဝင္ေငြက ဘာေၾကာင့္နည္းသြားတာလဲ။သူ႕ဆိုင္ကိုေစ်း၀ယ္သူေတြဘာေၾကာင့္မလာ ေတာ့တာလဲဆိုတာကိုအရင္စဥ္းစားပါ။

- ေျပာဆိုဆက္ဆံေရးအဆင္မေျပလို႕လား။
- ကုန္ပစၥည္းအရည္အေသြးေကာင္းေတြမတင္ႏိုင္လုိ့လား။
- မတန္တဆေစ်းေတြတင္ထားမိလို ့လား။ စတဲ့အေၾကာင္းအရင္းဇစ္ျမစ္ကို အရင္ရွာပါ။
ေျပာဆိုဆက္ဆံေရး အဆင္မေျပလို ့ ဆိုတဲ့အေၾကာင္းအရင္းကိုရွာေတြ ့ျပီ ဆိုရင္ေတာ့ေစ်း၀ယ္သူလာရင္ အျပံဳး ေလးနဲ့ၾကိဳဆိုတာမ်ဴိး၊ ေက်းဇူးတင္ စကားေျပာတာမ်ဴိးစတဲ့ဆိုင္ရဲ ႕ ေရာင္း အားကိုျပန္လည္တိုးတက္ေစႏိုင္တဲ႕ နည္းစနစ္ေတြကိုစဥ္းစားျပီး လုိက္နာ က်င့္သံုးပါ။ေရာင္းအားက်လုိ ့ဆိုျပီး စိတ္ဓါတ္က်ကာအရက္ေသာက္ျပီး
တျခား အေပ်ာ္အပါးေတြ လိုက္စားေန မယ္ဆိုရင္ ေငြကုန္ေၾကးက်ပိုမ်ားကာ ပိုျပီး စိတ္ေနမေကာင္း ျဖစ္မွာပါ။

ဒါေၾကာင့္မို့လို ့ စိတ္ေနမေကာင္း ျဖစ္ျပီဆိုရင္ဘာေၾကာင့္ျဖစ္တာလဲ၊ေ ကာင္းေကာင္းမြန္တဲ့နည္းလမ္းနဲ့ဘယ္ လိုမ်ဴိးကုစားရမလဲဆိုတာကစဥ္းစားျပီးု ကိုယ္ခ်မွတ္ထားတဲ့ ေကာင္းမြန္တဲ့ နည္းလမ္းေတြအတိုင္း လိုက္နာက်င့္ သံုး ရ င္း နဲ့ေ ပ်ာ္ရႊင္တ က္ၾ ကြ သူမ်ား ျဖစ္ႏိုင္ၾကပါေစ။


Credit : Tr. Nway

Read times
Rate this articles
(0 votes)