×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Thursday, 14 September 2017

လိုက္ဖက္ညီတဲ့စံုတြဲေတြမွာ ဒီလိုတူညီတဲ့ အခ်က္ေလးေတြ ရွိတယ္ေနာ္

လိုက္ဖက္ညီတဲ့စံုတြဲေတြမွာ ဒီလိုတူညီတဲ့ အခ်က္ေလးေတြ ရွိတယ္ေနာ္ google.com

လူႏွစ္ေယာက္က ထပ္တူက်ျပီးတူညီနိုင္ဖို႔ဆိုတာ မလြယ္ပါဘူး။ ျဖစ္နိုင္ဖို႔ကလည္း ရာႏွဳန္းနည္းပါတယ္။ ဒါေပမယ့္ လံုးဝမျဖစ္နိုင္တာေတာ့ မဟုတ္ပါဘူး။

ခ်စ္သူႏွစ္ေယာက္ဆိုရင္ေတာ့ သက္တမ္းၾကာလာတာနဲ႕ အမွ်တစ္ေယာက္စိတ္ကို တစ္ေယာက္နားလည္လာျပီး ဖြင့္မေျပာေပမယ့္လည္း ခံစားခ်က္ေတြ အက်င့္ေတြ အျပဳအမူေတြ ထပ္တူက်လာတတ္ပါတယ္။

၁. ပထမဦးဆံုးလူ ျဖစ္ေစျခင္း

တစ္ခုခုဆံုးျဖတ္စရာ တိုင္ပင္စရာကိစၥၾကံဳလာတဲ့အခါ တျခားသူေတြထက္ သင့္ကို ပထမဆံုးအသိေပးျပီး ေဆြးေႏြးတိုင္ပင္တတ္ ပါတယ္။

ေပ်ာ္ရႊင္စရာကိစၥၾကံဳလာတဲ့အခါမွာလည္း ကိုယ့္ရဲ႕ခ်စ္သူကို အရင္ဆံုးေျပာျပ တတ္ၾကပါတယ္။ ကိုယ့္ခ်စ္သူရဲ႕ အၾကံျပဳခ်က္ ေဝဖန္ခ်က္ ခ်ီးမြမ္းစကားေတြကို ပထမဆံုးၾကားခ်င္လို႔ ျဖစ္တဲ့အတြက္ပါ။

RECOMMENDED FOR YOU - စားဖိုမွဴးျဖစ္ခ်င္သူေတြအတြက္ နည္းလမ္းေကာင္းမ်ား

၂. ႏွစ္ဦးအတူတူရယ္ေမာျခင္း      

တခ်ဳိ႕ဇာတ္ကားေတြက အူေၾကာင္ေၾကာင္ကိစၥမ်ား၊ ရယ္စရာဟာသမ်ားေတြ႕တိုင္း သင့္ကိုယ္သင္ ရယ္မိေနတယ္ဆိုတာ သတိမထားမိေအာင္ ျဖစ္ေလ့ျဖစ္ထ ရွိပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ တိုင္ပင္မထားဘဲ သူမရယ္သံေတြနဲ႔ အၿပိဳင္အတူတူ လိုက္ရယ္မိေနလို႔ပါပဲ ျဖစ္ပါတယ္။

၃. ခြန္အားျဖစ္ေစျခင္း

တစ္ေယာက္နဲ႔တစ္ေယာက္ အရာရာကို နားလည္နိုင္ေနျပီျဖစ္တဲ့အတြက္ တစ္ေယာက္ရဲ႕အားနည္းခ်က္ အားသာခ်က္ေတြကလည္း တစ္ေယာက္အတြက္ အျပန္အလွန္ ခြန္အားေတြျဖစ္ေစပါလိမ့္မယ္။

သင္နားမလည္တာရွိရင္ သူ႔ဘက္က အေျဖထုတ္ၿပီးသားျဖစ္သလို သူ႔ဘက္က လိုအပ္ခ်က္ေတြရွိရင္လည္း သင့္ဘက္ကျဖည့္ဆည္းၿပီးသားျဖစ္ေနတာမ်ိဳးကို ဆိုလိုျခင္းျဖစ္ပါတယ္။

RECOMMENDED FOR YOU - ရပါတယ္

၄. ခ်စ္လားလို႔ တဖြဖြေမးေနစရာ မလိုျခင္း။

ခ်စ္သူျဖစ္ခါကာစေတာ့ ခ်စ္လား ခ်စ္လားလို႔ ခနခနေမးေနတတ္ပါတယ္ ဒါေပမယ့္သက္တမ္း ၾကာလာတဲ့အခါ တစ္ေယာက္နဲ႕တစ္ေယာက္ နားလည္မွဳနဲ႕ တည္ေဆာက္လာတဲ့ relationship ျဖစ္လာတဲ့တြက္ နားလည္မွဳေတြ ျပည့္လာတဲ့အခါ ေမးစရာမလိုပဲ ေျဖစရာမလိုပဲ စိတ္ကို အလိုလိုနားလည္ လာပါတယ္။

၅. သေဘာတူျခင္း

မ်ားေသာအားျဖင့္ ဒီလိုေရွ႕သြားေနာက္လိုက္ညီၿပီး လိုက္ဖက္တဲ့စံုတြဲမ်ိဳးက တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္ ေလးစားတန္ဖိုးထားၾကတာ မ်ားပါတယ္။

ႏွစ္ေယာက္လံုးအဆင္ေျပေစမယ့္ မွ်တတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ အေလွ်ာ့အတင္းေလးေတြနဲ႔ ထိန္းညိွၿပီး ေနရင္ေတာ့ ပိုေကာင္းပါလိမ့္မယ္။

ကဲ RS ေလးေတြ လက္ရွိအခ်စ္ေရးကို ဒီလိုပံုစံနဲ႔ျဖတ္သန္းေနတယ္ဆိုရင္ေတာ့ သင္တို႔ဟာ လိုက္ဖက္ညီတဲ့ စံုတြဲတစ္တြဲ ျဖစ္တယ္ဆိုတာ ေသခ်ာေပါက္ ေျပာလို႔ရပါတယ္။

Unicode

လူနှစ်ယောက်က ထပ်တူကျပြီးတူညီနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဖြစ်နိုင်ဖို့ကလည်း ရာနှုန်းနည်းပါတယ်။ ဒါပေမယ့် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ချစ်သူနှစ်ယောက်ဆိုရင်တော့ သက်တမ်းကြာလာတာနဲ့ အမျှတစ်ယောက်စိတ်ကို တစ်ယောက်နားလည်လာပြီး ဖွင့်မပြောပေမယ့်လည်း ခံစားချက်တွေ အကျင့်တွေ အပြုအမူတွေ ထပ်တူကျလာတတ်ပါတယ်။
၁. ပထမဦးဆုံးလူ ဖြစ်စေခြင်း
တစ်ခုခုဆုံးဖြတ်စရာ တိုင်ပင်စရာကိစ္စကြုံလာတဲ့အခါ တခြားသူတွေထက် သင့်ကို ပထမဆုံးအသိပေးပြီး ဆွေးနွေးတိုင်ပင်တတ် ပါတယ်။
ပျော်ရွှင်စရာကိစ္စကြံုလာတဲ့အခါမှာလည်း ကိုယ့်ရဲ့ချစ်သူကို အရင်ဆုံးပြောပြ တတ်ကြပါတယ်။ ကိုယ့်ချစ်သူရဲ့ အကြံပြုချက် ဝေဖန်ချက် ချီးမွမ်းစကားတွေကို ပထမဆုံးကြားချင်လို့ ဖြစ်တဲ့အတွက်ပါ။
၂. နှစ်ဦးအတူတူရယ်မောခြင်း    
တချို့ဇာတ်ကားတွေက အူကြောင်ကြောင်ကိစ္စများ၊ ရယ်စရာဟာသများတွေ့တိုင်း သင့်ကိုယ်သင် ရယ်မိနေတယ်ဆိုတာ သတိမထားမိအောင် ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ တိုင်ပင်မထားဘဲ သူမရယ်သံတွေနဲ့ အပြိုင်အတူတူ လိုက်ရယ်မိနေလို့ပါပဲ ဖြစ်ပါတယ်။
၃. ခွန်အားဖြစ်စေခြင်း
တစ်ယောက်နဲ့တစ်ယောက် အရာရာကို နားလည်နိုင်နေပြီဖြစ်တဲ့အတွက် တစ်ယောက်ရဲ့အားနည်းချက် အားသာချက်တွေကလည်း တစ်ယောက်အတွက် အပြန်အလှန် ခွန်အားတွေဖြစ်စေပါလိမ့်မယ်။
သင်နားမလည်တာရှိရင် သူ့ဘက်က အဖြေထုတ်ပြီးသားဖြစ်သလို သူ့ဘက်က လိုအပ်ချက်တွေရှိရင်လည်း သင့်ဘက်ကဖြည့်ဆည်းပြီးသားဖြစ်နေတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။
၄. ချစ်လားလို့ တဖွဖွမေးနေစရာ မလိုခြင်း။
ချစ်သူဖြစ်ခါကာစတော့ ချစ်လား ချစ်လားလို့ ခနခနမေးနေတတ်ပါတယ် ဒါပေမယ့်သက်တမ်း ကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ တည်ဆောက်လာတဲ့ relationship ဖြစ်လာတဲ့တွက် နားလည်မှုတွေ ပြည့်လာတဲ့အခါ မေးစရာမလိုပဲ ဖြေစရာမလိုပဲ စိတ်ကို အလိုလိုနားလည် လာပါတယ်။  
၅. သဘောတူခြင်း
များသောအားဖြင့် ဒီလိုရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်တဲ့စုံတွဲမျိုးက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားတန်ဖိုးထားကြတာ များပါတယ်။
နှစ်ယောက်လုံးအဆင်ပြေစေမယ့် မျှတတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အလျှော့အတင်းလေးတွေနဲ့ ထိန်းညှိပြီး နေရင်တော့ ပိုကောင်းပါလိမ့်မယ်။
ကဲ RS လေးတွေ လက်ရှိအချစ်ရေးကို  ဒီလိုပုံစံနဲ့ဖြတ်သန်းနေတယ်ဆိုရင်တော့ သင်တို့ဟာ လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲ ဖြစ်တယ်ဆိုတာ သေချာပေါက် ပြောလို့ရပါတယ်။

Read times Last modified on Friday, 27 December 2019 15:56
Rate this articles
(2 votes)