×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 18 September 2020

ထူးဆန်းထွေလာ အင်္ဂလိပ်စာ

ထူးဆန်းထွေလာ အင်္ဂလိပ်စာ


(၁) ယုတ္တိတန်သော ဝါကျကလေး
အင်္ဂလိပ်စကားတွင် Put your best foot forward ဟူသော ဝါကျတစ်ကြောင်းကို ကြားဖူးကြပါလိမ့်မယ်။ တစ်ခုခု လုပ်အံ့ဆဲဆဲ လူတစ်ဦးအား အကောင်းဆုံးကြိုးစားရန် အားပေးသော ဝါကျဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝါကျကို အသေအချာ လေ့လာလျှင် ယုတ္တိတန်ပြီး ရယ်စရာကောင်းနေတာကို သတိပြုမိပါလိမ့်မယ်။
လူတစ်ယောက်မှာ ခြေထောက်နှစ်ချောင်းသာရှိပြီး ခြေတစ်ချောင်းက “a good foot” ဖြစ်လျှင် ကျန်တစ်ချောင်းက “a better foot” ဖြစ်လိမ့်မယ်။ အရာနှစ်ခုကို နှိုင်းလျှင် comparative ပုံစံ (ဥပမာ - teller, younger, older) ကိုသာ သုံးပါတယ် နှစ်ခုထက်ပိုသော အရာများ နှိုင်းယှဉ်မှသာ superlative ပုံစံ (ဥပမာ - tallest, youngest, oldest) တို့ကို သုံးပါတယ်။ ယခုအခါ ခြေနှစ်ချောင်းသာရှိသော လူတစ်ယောက်အတွက် Put your best foot forward ဟု သုံးလာသဖြင့် ထိုလူကပင် ခြေသုံးချောင်း ပေါက်ပေးရမယ့်သဘော ဖြစ်နေပါလိမ့်မယ်။

 

(၂) ကြံ့ဖြူသည် အဖြူရောင် ကြံ့မဟုတ်
White Rhino” ဟုခေါ်သော ကြံ့ဖြူမျိုးသည် အမှန်စင်စစ် ၎င်း၏အမည်နှင့် လျော်ညီသော အဖြူရောင်မဟုတ်ပေ။ ညစ်ပေပေ မီးခိုးရောင်ဖြစ်သည်။ White Rhino ဟူသောအမည်မှာ အာဖရိကစကားဖြေစ်သော “Weit” (ဝိုက်သ် အသံထွက်)ကို အဓိပ္ပာယ်မှား၍ အသုံးပြုနေခြင်းဖြစ်သည်။ အာဖရိကစကားအရ “weit” သည် “ကျယ်သော” ဟု အဓိပ္ပာယ်ရသည်။ ကြံ့ဖြူမျိုးသည် လူသိများသော သာမာန်ကြံ့နက်မျိုးထက်ပို၍ ကျယ်သော မျက်နှာနှင့် ခန္ဓာကိုယ်ရှိသောကြောင့် အာဖရိကဘာသာစကားအရ “Weit Rhino” (ကျယ်သောကြံ့မျိုး) ဟုခေါ်ရာမှ “White Rhino” ဟု မှားယွင်းစွာ ခေါ်တွင်လာခြင်းဖြစ်သည်။

 

 

(၃) သမ္မတ ထရူးမင်း၏ အမည်ဆန်း
အင်္ဂလိပ်အမည်အပြည့်အစုံတွင် First Name, Middle Name နှင့် Surname (မိသားစုအမည်) တို့ပါဝင်သည်။ Middle Name ကိုမူ အပြည့်အစုံမရေးဘဲ Initial ခေါ် ထိပ်ဆုံးအက္ခရာကိုသာ ရေးလေ့ရှိသည်း။ (၃၃)ကြိမ်မြောက် အမေရိကန် သမ္မတ Herry S. Truman (ဟယ်ရီ - အက်စ် - ထရူးမင်း) ၏ အမည်ကား အများနှင့်မတူ တမူထူးခြားနေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အလည်အမည်၏ ထိပ်ဆုံးအက္ခရာ “S” သည် အမှန်စင်စစ် မည်သည့်အမည်ကိုမျှ ကိုယ်စားမပြုဘဲ အဖြစ်သဘောဖြင့် တမင်သက်သက် ဖြည့်စွက်ထားခြင်းမျှသာဖြစ်သည်။
ထရူးမင်း၏ အဖိုးနှစ်ဦးတို့၏ အမည်များမှာ Solomon Young နှင့် Shippe Turman တို့ဖြစ်ကြသည်။ ပစိပစပ်များသော သက်ကြီးရွယ်အို အဖိုးများ ကျေနပ်စေရန်အလို့ငှာ အဖိုးအမည်မှ “S” အက္ခရာကိုယူ၍ အသုံးပြုလိုက်ခြင်းသာဖြစ်သည်။

 

(၄) ပေါက်ကရအဖြစ်ဆုံး အင်္ဂလိပ်စာလုံး
အင်္ဂလိပ်စာ လေ့လာလိုက်စားသူ အတော်များများ Jabberwacky (ဂျာဘာဝါးကီး) ဟူသော စာလုံးဖြင့် အကျွမ်းတဝင်ရှိပြီးဖြစ်လိမ့်မည်။ သို့သော် မူရင်းအဓိပ္ပာယ်ကိုကား မသိကြ။ သိရှိမည်လည်းမဟုတ်။ အဘယ်ကြောင့်ဆိုသော် ယင်းစာလုံးသည် အဓိပ္ပာယ်လုံးဝမရှိသော ပေါက်ကရစာလုံးဖြစ်နေသည်။ သို့သော် “ဂျာဘာဝါးကီး” ဟူသော ပေါက်ကရစာလုံးထက် ပို၍ရှည်ပြီး ကမ္ဘာ့အရှည်ဆုံးပေါက်ကရစာလုံး စံချိန်တင်ထားသောစာလုံးကား Walt Disney ကုမ္ပဏီမှ ရိုက်ကူးသော Mary Poppins ဇာတ်ကားတွင် သရုပ်ဆောင်မင်းသမီး Julie Andrews သီဆိုသွားသော စာလုံးဖြစ်သည်။
Julie Andrews သီဆိုသွားသော စာလုံးမှာ “Supercalifragilisticexpialidocious” ဟူ၍ ဖြစ်သည်။

 

(၅) ဘယ်သူပြိုင်လို့ ရှည်ပါတော့နိုင်
ကမ္ဘာ့အရှည်ဆုံးမြစ်၊ ကမ္ဘာ့အရှည်ဆုံးတံတား၊ ကမ္ဘာ့အရှည်ဆုံးသီချင်း၊ ကမ္ဘာ့အရှည်ဆုံးဝါကျ စသည်တို့ကို လူအတော်များများ ဖတ်ဖူး၊ လေ့လာဖူးကြပါလိမ့်မည်။ အရှည်လျားဆုံး အမည်ရှိသော စာအုပ်တစ်အုပ် ထွက်ပေါ်ခဲ့ဖူးပါသည်။ ထိုစာအုပ်မှာ (၁၆၇၇)ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် Roger L’Estrange ဆိုသူ ပြုစုခဲ့သော လန်ဒန်မြို့တော်၏ ပထမဆုံးလမ်းညွှန်စာအုပ်တစ်မျိုးဖြစ်သည်။ စာအုပ်၏အမည်မှာ - “A Collection of the Name of Merchants Living In or About the City of London, Carefully Collected for the Benefit of All Dealers, Directing Them at First Sight of Their Name to the Place of Their Adobe” ဟူ၍ဖြစ်သည်။

 

(၆) နောက်ထပ် ဘယ်သူပြိုင်လို့ ရှည်ပါတော့နိုင်
ကမ္ဘာ့အရှည်ဆုံး စာအုပ်အမည်ကို ပြောလက်စနှင့် ထူးခြားအံ့သြဖွယ်ကောင်းလောက်အောင် ရှည်လျားသည့် အမျိုးသမီးတစ်ဦး၏ အမည်ကို ဖော်ပြလိုက်ပါတယ်။ သူမ၏အမည်မှာ “Maria Sullivan Corbett Fitzsimmons Jeffries Hart Burns Johnson Willard Dempsey Tunney Schmeling Sharkey Carnera Bear Braddock Louis Charles Walcott Marciano Patterson Johansson Liston Clay Frazier Foreman” ဟူ၍ဖြစ်သည်။ သူမ၏ဖခင်သည် (၁၈၈၂) ခုနှစ်မှစ၍ နာမည်ကြီးခဲ့သော ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့အကျော်အမော်များကို “ခရေဇီ” ဖြစ်သောကြောင့် သူတို့၏အမည်များကို ဆွဲယူကာ ယခုလို အသုံးပြုလိုက်ခြင်းဖြစ်သည်။ သူမ၏အမည်ကို မွေးစာရင်းတွင် ဖြည့်စွက်ရာ အလွန်အခက်တွေ့ရ၏။

 

Refer: Top English (Vol9,No.4 – April2001) –Ant Htoo Maung

 

 

ထူးဆန္းေထြလာ အဂၤလိပ္စာ


(၁) ယုတၱိတန္ေသာ ၀ါက်ကေလး
အဂၤလိပ္စကားတြင္ Put your best foot forward ဟူေသာ ၀ါက်တစ္ေၾကာင္းကို ၾကားဖူးၾကပါလိမ့္မယ္။ တစ္ခုခု လုပ္အံ့ဆဲဆဲ လူတစ္ဦးအား အေကာင္းဆံုးႀကိဳးစားရန္ အားေပးေသာ ၀ါက်ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ၀ါက်ကို အေသအခ်ာ ေလ့လာလွ်င္ ယုတၱိတန္ၿပီး ရယ္စရာေကာင္းေနတာကို သတိျပဳမိပါလိမ့္မယ္။
လူတစ္ေယာက္မွာ ေျခေထာက္ႏွစ္ေခ်ာင္းသာရွိၿပီး ေျခတစ္ေခ်ာင္းက “a good foot” ျဖစ္လွ်င္ က်န္တစ္ေခ်ာင္းက “a better foot” ျဖစ္လိမ့္မယ္။ အရာႏွစ္ခုကို ႏိႈင္းလွ်င္ comparative ပံုစံ (ဥပမာ - teller, younger, older) ကိုသာ သံုးပါတယ္ ႏွစ္ခုထက္ပိုေသာ အရာမ်ား ႏိႈင္းယွဥ္မွသာ superlative ပံုစံ (ဥပမာ - tallest, youngest, oldest) တို႔ကို သံုးပါတယ္။ ယခုအခါ ေျခႏွစ္ေခ်ာင္းသာရွိေသာ လူတစ္ေယာက္အတြက္ Put your best foot forward ဟု သံုးလာသျဖင့္ ထိုလူကပင္ ေျခသံုးေခ်ာင္း ေပါက္ေပးရမယ့္သေဘာ ျဖစ္ေနပါလိမ့္မယ္။

 

(၂) ႀကံ႕ျဖဴသည္ အျဖဴေရာင္ ႀကံ႕မဟုတ္
“White Rhino” ဟုေခၚေသာ ႀကံ႕ျဖဴမ်ိဳးသည္ အမွန္စင္စစ္ ၄င္း၏အမည္ႏွင့္ ေလ်ာ္ညီေသာ အျဖဴေရာင္မဟုတ္ေပ။ ညစ္ေပေပ မီးခိုးေရာင္ျဖစ္သည္။ White Rhino ဟူေသာအမည္မွာ အာဖရိကစကားေျဖစ္ေသာ “Weit” (၀ိုက္သ္ အသံထြက္)ကို အဓိပၸာယ္မွား၍ အသံုးျပဳေနျခင္းျဖစ္သည္။ အာဖရိကစကားအရ “weit” သည္ “က်ယ္ေသာ” ဟု အဓိပၸာယ္ရသည္။ ႀကံ႕ျဖဴမ်ိဳးသည္ လူသိမ်ားေသာ သာမာန္ႀကံ႕နက္မ်ိဳးထက္ပို၍ က်ယ္ေသာ မ်က္ႏွာႏွင့္ ခႏၶာကိုယ္ရွိေသာေၾကာင့္ အာဖရိကဘာသာစကားအရ “Weit Rhino” (က်ယ္ေသာႀကံ႕မ်ိဳး) ဟုေခၚရာမွ “White Rhino” ဟု မွားယြင္းစြာ ေခၚတြင္လာျခင္းျဖစ္သည္။

 

(၃) သမၼတ ထရူးမင္း၏ အမည္ဆန္း
အဂၤလိပ္အမည္အျပည့္အစံုတြင္ First Name, Middle Name ႏွင့္ Surname (မိသားစုအမည္) တို႔ပါ၀င္သည္။ Middle Name ကိုမူ အျပည့္အစံုမေရးဘဲ Initial ေခၚ ထိပ္ဆံုးအကၡရာကိုသာ ေရးေလ့ရွိသည္း။ (၃၃)ႀကိမ္ေျမာက္ အေမရိကန္ သမၼတ Herry S. Truman (ဟယ္ရီ - အက္စ္ - ထရူးမင္း) ၏ အမည္ကား အမ်ားႏွင့္မတူ တမူထူးျခားေနသည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူ၏အလည္အမည္၏ ထိပ္ဆံုးအကၡရာ “S” သည္ အမွန္စင္စစ္ မည္သည့္အမည္ကိုမွ် ကိုယ္စားမျပဳဘဲ အျဖစ္သေဘာျဖင့္ တမင္သက္သက္ ျဖည့္စြက္ထားျခင္းမွ်သာျဖစ္သည္။
ထရူးမင္း၏ အဖိုးႏွစ္ဦးတို႔၏ အမည္မ်ားမွာ Solomon Young ႏွင့္ Shippe Turman တို႔ျဖစ္ၾကသည္။ ပစိပစပ္မ်ားေသာ သက္ႀကီးရြယ္အို အဖိုးမ်ား ေက်နပ္ေစရန္အလို႔ငွာ အဖိုးအမည္မွ “S” အကၡရာကိုယူ၍ အသံုးျပဳလိုက္ျခင္းသာျဖစ္သည္။

 

(၄) ေပါက္ကရအျဖစ္ဆံုး အဂၤလိပ္စာလံုး
အဂၤလိပ္စာ ေလ့လာလိုက္စားသူ အေတာ္မ်ားမ်ား Jabberwacky (ဂ်ာဘာ၀ါးကီး) ဟူေသာ စာလံုးျဖင့္ အကၽြမ္းတ၀င္ရွိၿပီးျဖစ္လိမ့္မည္။ သို႔ေသာ္ မူရင္းအဓိပၸာယ္ကိုကား မသိၾက။ သိရွိမည္လည္းမဟုတ္။ အဘယ္ေၾကာင့္ဆိုေသာ္ ယင္းစာလံုးသည္ အဓိပၸာယ္လံုး၀မရွိေသာ ေပါက္ကရစာလံုးျဖစ္ေနသည္။ သို႔ေသာ္ “ဂ်ာဘာ၀ါးကီး” ဟူေသာ ေပါက္ကရစာလံုးထက္ ပို၍ရွည္ၿပီး ကမၻာ့အရွည္ဆံုးေပါက္ကရစာလံုး စံခ်ိန္တင္ထားေသာစာလံုးကား Walt Disney ကုမၸဏီမွ ရိုက္ကူးေသာ Mary Poppins ဇာတ္ကားတြင္ သရုပ္ေဆာင္မင္းသမီး Julie Andrews သီဆိုသြားေသာ စာလံုးျဖစ္သည္။ Julie Andrews သီဆိုသြားေသာ စာလံုးမွာ “Supercalifragilisticexpialidocious” ဟူ၍ ျဖစ္သည္။

 

(၅) ဘယ္သူၿပိဳင္လို႔ ရွည္ပါေတာ့ႏိုင္
ကမၻာ့အရွည္ဆံုးျမစ္၊ ကမၻာ့အရွည္ဆံုးတံတား၊ ကမၻာ့အရွည္ဆံုးသီခ်င္း၊ ကမၻာ့အရွည္ဆံုး၀ါက် စသည္တို႔ကို လူအေတာ္မ်ားမ်ား ဖတ္ဖူး၊ ေလ့လာဖူးၾကပါလိမ့္မည္။ အရွည္လ်ားဆံုး အမည္ရွိေသာ စာအုပ္တစ္အုပ္ ထြက္ေပၚခဲ့ဖူးပါသည္။ ထိုစာအုပ္မွာ (၁၆၇၇)ခုႏွစ္၊ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕ေတာ္တြင္ Roger L’Estrange ဆိုသူ ျပဳစုခဲ့ေသာ လန္ဒန္ၿမိဳ႕ေတာ္၏ ပထမဆံုးလမ္းညႊန္စာအုပ္တစ္မ်ိဳးျဖစ္သည္။ စာအုပ္၏အမည္မွာ - “A Collection of the Name of Merchants Living In or About the City of London, Carefully Collected for the Benefit of All Dealers, Directing Them at First Sight of Their Name to the Place of Their Adobe” ဟူ၍ျဖစ္သည္။

 

(၆) ေနာက္ထပ္ ဘယ္သူၿပိဳင္လို႔ ရွည္ပါေတာ့ႏိုင္
ကမၻာ့အရွည္ဆံုး စာအုပ္အမည္ကို ေျပာလက္စႏွင့္ ထူးျခားအံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ ရွည္လ်ားသည့္ အမ်ိဳးသမီးတစ္ဦး၏ အမည္ကို ေဖာ္ျပလိုက္ပါတယ္။ သူမ၏အမည္မွာ “Maria Sullivan Corbett Fitzsimmons Jeffries Hart Burns Johnson Willard Dempsey Tunney Schmeling Sharkey Carnera Bear Braddock Louis Charles Walcott Marciano Patterson Johansson Liston Clay Frazier Foreman” ဟူ၍ျဖစ္သည္။ သူမ၏ဖခင္သည္ (၁၈၈၂) ခုႏွစ္မွစ၍ နာမည္ႀကီးခဲ့ေသာ ကမၻာ့ဟဲဗီး၀ိတ္ လက္ေ၀ွ႕အေက်ာ္အေမာ္မ်ားကို “ခေရဇီ” ျဖစ္ေသာေၾကာင့္ သူတို႔၏အမည္မ်ားကို ဆြဲယူကာ ယခုလို အသံုးျပဳလိုက္ျခင္းျဖစ္သည္။ သူမ၏အမည္ကို ေမြးစာရင္းတြင္ ျဖည့္စြက္ရာ အလြန္အခက္ေတြ႕ရ၏။

 

 

Refer: Top English (Vol9,No.4 – April2001) –Ant Htoo Maung

Read times
Rate this articles
(0 votes)